< Ezekiel 30 >

1 Again the word of the LORD came to me, saying,
တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
2 “Son of man, prophesy and declare that this is what the Lord GOD says: Wail, ‘Alas for that day!’
အချင်းလူသား ၊ သင်သည် ပရောဖက်ပြု လျက် ၊ အရှင် ထာဝရဘုရား ၏အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ ရောက်ရသောနေ့ သည် အမင်္ဂလာ ရှိသည်ဟု အော်ဟစ် ကြလော့။
3 For the day is near, the Day of the LORD is near. It will be a day of clouds, a time of doom for the nations.
ထိုနေ့ နီး ပြီ။ ထာဝရဘုရား ၏နေ့ ၊ မိုဃ်းအုံ့ သောနေ့ ၊ တပါး အမျိုးသားဘို့ ချိန်းချက်သော အချိန် နီး ပြီ။
4 A sword will come against Egypt, and there will be anguish in Cush when the slain fall in Egypt, its wealth is taken away, and its foundations are torn down.
ထား ဘေးသည် အဲဂုတ္တု ပြည်သို့ ရောက် သဖြင့် ၊ သူရဲ တို့သည် လဲ ၍သေကြသောအခါ ၊ အဲသယောပိ ပြည် သည် ပူပန် လိမ့်မည်။ အလုံးအရင်း ကို ပယ်ရှား ၍ မူလ အမြစ်ကို ဖြိုဖျက် ကြလိမ့်မည်။
5 Cush, Put, and Lud, and all the various peoples, as well as Libya and the men of the covenant land, will fall with Egypt by the sword.
အဲသယောပိ ပြည်သား၊ ဖုတ ပြည်သား၊ လုဒ ပြည်သား၊ အမျိုး မစစ်သော လူရှိသမျှ ၊ ခုဘ အမျိုးသား၊ မိဿဟာယ ဖွဲ့သော ပြည်သား တို့သည်၊ အဲဂုတ္တု ပြည်သားတို့နှင့်တကွ ထား ဖြင့် လဲ ၍သေကြလိမ့်မည်။
6 For this is what the LORD says: The allies of Egypt will fall, and her proud strength will collapse. From Migdol to Syene they will fall by the sword within her,
အဲဂုတ္တု ပြည်ကို ထောက်မ သောသူတို့သည် လဲ ၍သေကြသဖြင့် ၊ အဲဂုတ္တု အစွမ်းသတ္တိ ၏ ဂုဏ်အသရေသည် ဆုံး လိမ့်မည်။ မိဂဒေါလ မြို့မှစ၍ သုဏေ မြို့ တိုင်အောင်အဲဂုတ္တုပြည်သားတို့သည် ထား ဖြင့် လဲ ၍ သေကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
7 They will be desolate among desolate lands, and their cities will lie among ruined cities.
ပျက်စီး သော ပြည် တို့တွင် ပျက်စီး လျက်ရှိကြ၍ ၊ လူဆိတ်ညံ သော မြို့ တို့တွင် အဲဂုတ္တုမြို့တို့သည် ပါဝင် ကြ လိမ့်မည်။
8 Then they will know that I am the LORD when I set fire to Egypt and all her helpers are shattered.
ငါသည် အဲဂုတ္တု ပြည်၌ မီးညှိ ၍ ထိုပြည်ကို မစ သမျှ သောသူတို့ သည် ပျက်စီး ကြသောအခါ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်။
9 On that day messengers will go out from Me in ships to frighten Cush out of complacency. Anguish will come upon them on the day of Egypt’s doom. For it is indeed coming.
ထိုအခါစိုးရိမ် ခြင်းမရှိသော အဲသယောပိ ပြည်သားတို့ကို ကြောက် စေခြင်းငှါ၊ ငါစေလွှတ်သော တမန် တို့ သည် သင်္ဘော စီး၍ သွား ကြသဖြင့်၊ အဲဂုတ္တု ပြည်၏ အချိန် ၌ သူတို့သည်လည်း အလွန်ဆင်းရဲ ခြင်းသို့ ရောက် ရကြ လိမ့်မည်။ ထိုအချိန်လည်းနီး ပြီဟု မိန့်တော်မူ၏။
10 This is what the Lord GOD says: I will put an end to the hordes of Egypt by the hand of Nebuchadnezzar king of Babylon.
၁၀အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ အားဖြင့် အဲဂုတ္တု ပြည် ၏ အလုံးအရင်း ကို ငါဖြတ် မည်။
11 He and his people with him, the most ruthless of the nations, will be brought in to destroy the land. They will draw their swords against Egypt and fill the land with the slain.
၁၁ထိုရှင်ဘုရင် နှင့်တကွ သူ ၏လူ များ၊ ကြောက်မက် ဘွယ်သော လူမျိုး များတို့သည် အဲဂုတ္တုပြည် ကို ဖျက်ဆီး ခြင်းငှါ လာ ၍ ၊ ထား ကိုင် လျက် တပြည်လုံး ကို သူရဲ တို့နှင့် ပြည့် စေကြလိမ့်မည်။
12 I will make the streams dry up and sell the land to the wicked. By the hands of foreigners I will bring desolation upon the land and everything in it.
၁၂မြစ် တို့ကို ငါခန်းခြောက် စေ၍ ၊ အဓမ္မ လူတို့အား ပြည် ကို ရောင်း လိုက်မည်။ တကျွန်း တနိုင်ငံသားတို့ လက် ဖြင့် ပြည် နှင့်တကွ ပြည် ၌ ပါသမျှ ကို ငါဖျက်ဆီး မည်။ ငါ ထာဝရဘုရား ပြော ပြီ။
13 This is what the Lord GOD says: I will destroy the idols and put an end to the images in Memphis. There will no longer be a prince in Egypt, and I will instill fear in that land.
၁၃အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ရုပ်တု တို့ကို ငါဖျက်ဆီး ၍ ၊ နောဖ ပြည်၌ ဆင်းတု တို့ကိုလည်း ပယ်ဖြတ် မည်။ နောက် တဖန် အဲဂုတ္တု မင်း မျိုးမ ရှိ ရ။ အဲဂုတ္တု ပြည် သည် ကြောက်ရွံ့ မည်အကြောင်းကို ငါပြု မည်။
14 I will lay waste Pathros, set fire to Zoan, and execute judgment on Thebes.
၁၄ပါသရု ပြည်ကို ငါဖျက် မည်။ ဇောန မြို့ကိုလည်း မီး ရှို့မည်။ နော မြို့ကိုလည်း အပြစ်ဒဏ် စီရင် မည်။
15 I will pour out My wrath on Pelusium, the stronghold of Egypt, and cut off the crowds of Thebes.
၁၅အဲဂုတ္တု ပြည်၏ အစွမ်းသတ္တိ ဖြစ်သော သိန် မြို့ အပေါ်သို့ ငါသည် အမျက် ကို သွန်းလောင်း ၍ ၊ နော မြို့သားအလုံးအရင်း ကို ပယ်ဖြတ် မည်။
16 I will set fire to Egypt, Pelusium will writhe in anguish, Thebes will be split open, and Memphis will face daily distress.
၁၆အဲဂုတ္တု ပြည်၌ မီးညှိ ၍ သိန် မြို့သည် တုန်လှုပ် ခြင်း၊ နော မြို့ရိုးသည် ပြို ပေါက်ခြင်း၊ နောဖ မြို့သည် နေ့ အချိန်၌ပင် စစ်တိုက် ခြင်းကိုခံရ လိမ့်မည်။
17 The young men of On and Pi-beseth will fall by the sword, and those cities will go into captivity.
၁၇အာဝင် မြို့၊ ဖိဗေသက် မြို့သားလုလင် တို့သည် ထား ဖြင့် လဲ ၍ သေကြသဖြင့်၊ မိန်းမတို့သည် သိမ်း သွား ခြင်းကိုခံရ ကြလိမ့်မည်။
18 The day will be darkened in Tahpanhes when I break the yoke of Egypt and her proud strength comes to an end. A cloud will cover her, and her daughters will go into captivity.
၁၈တာပနက် မြို့၌ အဲဂုတ္တု လှံတံ တို့ကို ငါ ချိုး ၍ ၊ သူ့ အစွမ်းသတ္တိ ၏ ဂုဏ် အသရေဆုံး သောအခါ နေ့ အချိန် ၌ အလင်းကွယ် လိမ့်မည်။ မိုဃ်းအုံ ၍ မြို့ သမီး တို့သည် သိမ်း သွားခြင်းကိုခံရ ကြလိမ့်မည်။
19 So I will execute judgment on Egypt, and they will know that I am the LORD.”
၁၉ထိုသို့ အဲဂုတ္တု ပြည်၌ ငါသည် အပြစ်ဒဏ် စီရင် ၍ ၊ ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
20 In the eleventh year, on the seventh day of the first month, the word of the LORD came to me, saying,
၂၀သက္ကရာဇ် တဆယ် တခု ၊ ပဌမ လ ခုနစ် ရက်နေ့ တွင် ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
21 “Son of man, I have broken the arm of Pharaoh king of Egypt. See, it has not been bound up for healing, or splinted for strength to hold the sword.
၂၁အချင်းလူသား ၊ အဲဂုတ္တု ရှင်ဘုရင် ဖာရော မင်း၏ လက်ရုံး ကို ငါချိုး ပြီ။ ဆေးကု ၍မ ထုပ် ရ။ ထား ကိုင် စေ ဘို့ ပကတိခွန်အား ရှိစေခြင်းငှါအဝတ် နှင့်မစည်းရ။
22 Therefore this is what the Lord GOD says: Behold, I am against Pharaoh king of Egypt. I will break his arms, both the strong one and the one already broken, and will make the sword fall from his hand.
၂၂ဤ အမှု၌ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ ငါ သည် အဲဂုတ္တု ရှင်ဘုရင် ဖာရော မင်းတဘက် ၌ နေသဖြင့် ၊ သူ ၏လက်ရုံး တည်းဟူသော၊ ခိုင်မာ သော လက်ရုံးနှင့် အရင်ချိုး သောလက်ရုံးကို ငါချိုး ၍ ထား ကို သူ့ လက် မှ ကျ စေမည်။
23 I will disperse the Egyptians among the nations and scatter them throughout the lands.
၂၃အဲဂုတ္တု လူတို့ကို အတိုင်းတိုင်း အပြည်ပြည် တို့ တွင် ကွဲပြား ပြန့်လွင့် စေမည်။
24 I will strengthen the arms of Babylon’s king and place My sword in his hand, but I will break the arms of Pharaoh, who will groan before him like a mortally wounded man.
၂၄ဗာဗုလုန် ရှင်ဘုရင် ကို ငါခိုင်မာ စေ၍ ၊ ငါ့ ထား ကို သူ့ လက် ၌ အပ် မည်။ ဖာရော မင်း၏ လက်ရုံး တို့ကို ငါချိုး သဖြင့် ၊ သူသည် အသေ သတ်ခြင်းကို ခံရသောသူ အော်ဟစ် သကဲ့သို့၊ ဗာဗုလုန် ရှင်ဘုရင်ရှေ့မှာ အော်ဟစ် ရလိမ့်မည်။
25 I will strengthen the arms of Babylon’s king, but Pharaoh’s arms will fall limp. Then they will know that I am the LORD, when I place My sword in the hand of Babylon’s king, and he wields it against the land of Egypt.
၂၅ဗာဗုလုန် ရှင်ဘုရင် ၏ လက်ရုံး တို့ကို ငါခိုင်မာ စေမည် ။ ဖာရော ဘုရင်၏ လက် မူကား ၊ အောက်သို့ကျ လိမ့်မည်။ ငါ့ ထား ကို ဗာဗုလုန် ရှင်ဘုရင် လက် ၌ ငါ အပ် ၍၊ သူသည် အဲဂုတ္တ ပြည် ကို ထိုထားနှင့်ခုတ် သောအခါ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့ သိ ရကြလိမ့်မည်။
26 I will disperse the Egyptians among the nations and scatter them throughout the lands. Then they will know that I am the LORD.”
၂၆ထိုသို့ အဲဂုတ္တု လူတို့ကို အတိုင်းတိုင်း အပြည်ပြည် တို့၌ ငါကွဲပြား ပြန့်လွင့် စေမည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။

< Ezekiel 30 >