< Ezekiel 12 >
1 Then the word of the LORD came to me, saying,
၁တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍၊
2 “Son of man, you are living in a rebellious house. They have eyes to see but do not see, and ears to hear but do not hear, for they are a rebellious house.
၂အချင်းလူသား ၊ သင် သည်ပုန်ကန် တတ်သော အမျိုး ထဲမှာ နေ ၏။ သူ တို့သည် မြင် ရသောမျက်စိ ရှိသော်လည်း မ မြင် တတ်။ ကြား ရသောနား ရှိသော်လည်း မ ကြား တတ်။ ပုန်ကန် တတ်သော အမျိုး ဖြစ်ကြ၏။
3 Therefore, son of man, pack your bags for exile. In broad daylight, set out from your place and go to another as they watch. Perhaps they will understand, though they are a rebellious house.
၃သို့ဖြစ်၍ ၊ အချင်းလူသား ၊ အခြားသို့ ပြောင်း သွားခြင်းငှါ ဥစ္စာ ပရိကံများကို ပြင်ဆင် ၍ ၊ နေ့ အချိန်၌ သူ တို့မျက်မှောက် တွင် ပြောင်း သွားလော့။ သူ တို့မျက်မှောက် တွင် အခြား တပါးသို့ နေရာ ပြောင်း လော့။ ပုန်ကန် တတ်သော အမျိုး ဖြစ်သော်လည်း ၊ သတိရ ကောင်းရကြ လိမ့်မည်။
4 Bring out your baggage for exile by day, as they watch. Then in the evening, as they watch, go out like those who go into exile.
၄နေရာပြောင်းစရာဘို့ ပြင်ဆင်သော ဥစ္စာ ပရိကံ များကဲ့သို့ ၊ သင် ၏ ဥစ္စာပရိကံများကို နေ့ အချိန်၌ သူ တို့ မျက်မှောက် တွင် ထုတ် ရမည်။ သိမ်းသွားခြင်းကို ခံရသောသူကဲ့သို့ ၊ ည အချိန်၌ သူ တို့မျက်မှောက် တွင် ထွက်သွား ရမည်။
5 As they watch, dig through the wall and carry your belongings out through it.
၅သူ တို့မျက်မှောက် ၌ အုတ်ရိုး ကိုတူးဖောက် ၍ ၊ ဥစ္စာ ပရိကံများကို ထုတ် သွားလော့။
6 And as they watch, lift your bags to your shoulder and take them out at dusk; cover your face so that you cannot see the land. For I have made you a sign to the house of Israel.”
၆ညဦးယံ အချိန်၌ သူ တို့မျက်မှောက် တွင် ပခုံး ပေါ် မှာထမ်း ၍ ထုတ် ရမည်။ မြေ ကိုမ မြင် ရအောင် မျက်နှာ ကိုဖုံး ရမည်။ အကြောင်း မူကား၊ သင့် ကို ဣသရေလ အမျိုး အား နိမိတ် လက္ခဏာဖြစ်စေခြင်းငှါ ငါခန့်ထား ပြီဟု မိန့်တော်မူသည်အတိုင်း၊
7 So I did as I was commanded. I brought out my bags for exile by day, and in the evening I dug through the wall by hand. I took my belongings out at dusk, carrying them on my shoulder as they watched.
၇ငါသည် သိမ်းသွားခြင်းကို ခံရသောသူ၏ ဥစ္စာပရိကံများကဲ့သို့ ၊ ငါ ၏ ဥစ္စာပရိကံများကို နေ့ အချိန်၌ ထုတ် ၍ ၊ ည အချိန်၌ အုတ်ရိုး ကို ကိုယ်လက် နှင့် တူးဖော် ပြီးမှ၊ ညဦးယံ အချိန်၌ သူ တို့မျက်မှောက် တွင် ပခုံး ပေါ် မှာ ထမ်း သွား၏။
8 And in the morning the word of the LORD came to me, saying,
၈နံနက် အချိန်၌ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍ ၊
9 “Son of man, hasn’t the rebellious house of Israel asked you, ‘What are you doing?’
၉အချင်းလူသား ၊ ပုန်ကန် တတ်သော ဣသရေလ အမျိုး က၊ သင် သည်အဘယ် သို့ပြု သနည်းဟု သင့် အား မေး သည်ရှိသော်၊
10 Tell them that this is what the Lord GOD says: ‘This burden concerns the prince in Jerusalem and all the house of Israel who are there.’
၁၀အရှင် ထာဝရ ဘုရား၏ အမိန့် တော်ကို ဆင့်ဆို ရ မည်။ ဤဗျာဒိတ်တော်သည် ယေရုရှလင် မြို့ကို အစိုးရ သော မင်း မှစ၍၊ ထိုမြို့၌ရှိသောဣသရေလ အမျိုးသား အပေါင်း တို့နှင့် ဆိုင်ပေ၏။
11 You are to say, ‘I am a sign to you.’ Just as it happened here, so will it be done to them; they will go into exile as captives.
၁၁ငါ သည်သင် တို့၏ နိမိတ် လက္ခဏာဖြစ်၏။ ငါပြု သကဲ့သို့ သင်တို့သည် ပြု ရကြလိမ့်မည်။ နေရာပြောင်း၍ သိမ်းသွားခြင်းကိုခံရကြလိမ့်မည်။
12 And at dusk the prince among them will lift his bags to his shoulder and go out. They will dig through the wall to bring him out. He will cover his face so he cannot see the land.
၁၂သင်တို့၏ မင်း သည်လည်း ၊ မိမိ ပခုံး ၌ ထမ်း ၍ ညဦးယံ အချိန်၌ ထုတ် သွားရလိမ့်မည်။ ထုတ် သွားစရာဘို့ အုတ်ရိုး ကို တူးဖော် ရလိမ့်မည်။ မြေ ကိုမ မြင် ရအောင် မျက်နှာ ကိုဖုံး ရလိမ့်မည်။
13 But I will spread My net over him, and he will be caught in My snare. I will bring him to Babylon, the land of the Chaldeans; yet he will not see it, and there he will die.
၁၃ထိုမင်း ကိုလည်း ငါ ၏ပိုက်ကွန် နှင့် အုပ် ၍ ၊ ငါ ၏ ကျော့ကွင်း ၌ ကျော့မိ စေသည်။ ခါလဒဲ ပြည် ဗာဗုလုန် မြို့သို့ ဆောင်သွား မည်။ ထို မြို့၌ သေ ရသော်လည်း မြို့ ကို မ မြင် ရ။
14 And I will scatter to every wind all the attendants around him and all his troops, and I will draw a sword to chase after them.
၁၄သူ့ ကိုမစ ခြင်းငှါဝိုင်း သောသူ တို့နှင့် တပ်သား အပေါင်း တို့ကို အရပ်ရပ် သို့ ဖြန့်ကြဲ မည်။ သူ တို့နောက် ၌ လည်း ထား ကို လွှတ် လိုက်မည်။
15 And they will know that I am the LORD, when I disperse them among the nations and scatter them throughout the countries.
၁၅လူ အမျိုးမျိုးတို့တွင် ကွဲပြား စေ၍ ၊ အတိုင်းတိုင်း အပြည်ပြည်သို့ ဖြန့်ကြဲ သောအခါ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့သိရ ကြလိမ့်မည်။
16 But I will spare a few of them from sword and famine and plague, so that in the nations to which they go, they can recount all their abominations. Then they will know that I am the LORD.”
၁၆သို့ရာတွင် ၊ ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ ကာလနာ ဘေးတို့နှင့် လွတ်၍၊ ငါကျန်ကြွင်း စေသော သူ အချို့ တို့သည် မိမိ တို့ပြုဘူးသော စက်ဆုပ် ရွံ့ရှာဘွယ်အမှုရှိသမျှ တို့ကို၊ နောက်ရောက်သော တပါး အမျိုးသားနေရာပြည်တို့၌ ဘော်ပြ ကြလိမ့်မည်။ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့သိရ ကြလိမ့်မည်ဟု မိန့်တော်မူ ၏။
17 Moreover, the word of the LORD came to me, saying,
၁၇တဖန်ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍ ၊
18 “Son of man, eat your bread with trembling, and drink your water with quivering and anxiety.
၁၈အချင်းလူသား ၊ တုန်လှုပ် လျက် အစာ ကို စား လော့။ တုန်လှုပ် လျက် ၊ သတိ ပြုလျက် ရေ ကိုသောက် လော့။
19 Then tell the people of the land that this is what the Lord GOD says about those living in Jerusalem and in the land of Israel: ‘They will eat their bread with anxiety and drink their water in dread, for their land will be stripped of everything in it because of the violence of all who dwell in it.
၁၉အရှင် ထာဝရဘုရား သည် ဣသရေလ ပြည် ၊ ယေရုရှလင် မြို့သား တို့ကို ရည်မှတ်၍ မိန့်တော်မူသောစကားကို ဆင့်ဆိုရမည်မှာ၊ သူတို့သည် သတိပြုလျက် အစာကို စား ရကြမည်။ မိန်းမော တွေဝေလျက် ရေ ကို သောက် ရကြမည်။ ထိုသို့ သောအားဖြင့်၊ ပြည်သူ ပြည်သားအပေါင်း တို့ပြုသောအဓမ္မအမှုကြောင့်၊ ဣသရေလပြည် သည် မိမိ ပြည့်စုံခြင်းနှင့် ကင်းလွတ်ရလိမ့်မည်။
20 The inhabited cities will be laid waste, and the land will become desolate. Then you will know that I am the LORD.’”
၂၀လူနေ သောမြို့ တို့သည်လည်း ပျက်စီး ၍ ၊ တပြည်လုံး ဆိတ်ညံ လျက် ရှိ ရလိမ့်မည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိရ ကြလိမ့်မည်ဟု မိန့်တော်မူ ၏။
21 Again the word of the LORD came to me, saying,
၂၁တဖန်ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍ ၊
22 “Son of man, what is this proverb that you have in the land of Israel: ‘The days go by, and every vision fails’?
၂၂အချင်းလူသား ၊ နေ့ရက်ကာလရွေ့လျက်ရှိ၍၊ ခပ်သိမ်းသော ဗျာဒိတ်ရူပါရုံလည်း ပျက်ကြပြီဟု၊ ဣသရေလ ပြည် ၌ သုံး တတ်သော စကားပုံ ကား အဘယ် သို့နည်း။
23 Therefore tell them that this is what the Lord GOD says: ‘I will put an end to this proverb, and in Israel they will no longer recite it.’ But say to them: ‘The days are at hand when every vision will be fulfilled.
၂၃သို့ဖြစ်၍ ၊ အရှင် ထာဝရ ဘုရား၏ အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ ထို စကားပုံ ကို ငါပျောက် စေမည်။ နောက် တဖန် ဣသရေလ အမျိုး၌ မသုံးရကြ။ နေ့ရက်ကာလနီးပြီ။ ခပ်သိမ်း သော ဗျာဒိတ် ရူပါရုံလည်း ပြည့်စုံ ကြလိမ့်မည်ဟု ပြောလော့။
24 For there will be no more false visions or flattering divinations within the house of Israel,
၂၄နောက် တဖန် ဣသရေလ အမျိုး ၌ အချည်းနှီး သောရူပါရုံ မ ရှိ ရ။ ချော့မော့ စွာ ပရောဖက် ပြုခြင်းလည်း မရှိရ။
25 because I, the LORD, will speak whatever word I speak, and it will be fulfilled without delay. For in your days, O rebellious house, I will speak a message and bring it to pass, declares the Lord GOD.’”
၂၅ငါ သည် ထာဝရဘုရား ဖြစ်၏။ ငါပြော လျှင် ၊ ပြော သည်အတိုင်း ပြည့်စုံ လိမ့်မည်။ ပြည့်စုံ ချိန်လည်း မ ရွေ့ရ။ အချင်းပုန်ကန် တတ်သောအမျိုး ၊ သင် တို့လက်ထက် ၌ ငါပြော မည်။ ပြော သည်အတိုင်းလည်း ပြည့်စုံ စေမည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
26 Furthermore, the word of the LORD came to me, saying,
၂၆တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍၊
27 “Son of man, take note that the house of Israel is saying, ‘The vision that he sees is for many years from now; he prophesies about the distant future.’
၂၇အချင်းလူသား ၊ ဣသရေလ အမျိုးသား တို့က၊ သူ မြင် သော ဗျာဒိတ် ရူပါရုံသည် ဝေးသေး၏။ ဝေး သေး သောကာလ ကို ရည်မှတ်၍ ဟော တတ်သည်ဟု ပြောဆို ကြ၏။
28 Therefore tell them that this is what the Lord GOD says: ‘None of My words will be delayed any longer. The message I speak will be fulfilled, declares the Lord GOD.’”
၂၈သို့ဖြစ်၍ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆိုရမည်မှာ၊ ငါ ၏စကား ပြည့်စုံချိန်မ ရွှေ့ရ။ ငါပြော သည်အတိုင်း လည်း ပြည့်စုံ စေမည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။