< Exodus 35 >
1 Then Moses assembled the whole congregation of Israel and said to them, “These are the things that the LORD has commanded you to do:
၁မောရှေ သည်၊ ဣသရေလ အမျိုး ပရိသတ် အပေါင်း ကို စည်းဝေး စေ၍ ၊ ထာဝရဘုရား မိန့် တော်မူသော သင်တို့ကျင့်ဝတ်တရားဟူမူကား၊
2 For six days work may be done, but the seventh day shall be your holy day, a Sabbath of complete rest to the LORD. Whoever does any work on that day must be put to death.
၂ခြောက် ရက် ပတ်လုံးအလုပ် လုပ် ရမည်။ သတ္တမ နေ့ ရက်သည် သင် တို့၌ သန့်ရှင်း သောနေ့၊ ထာဝရဘုရား အဘို့ ငြိမ်ဝပ် စွာ နေရသော ဥပုသ် နေ့ဖြစ် ၏။ ထိုနေ့ ၌ အလုပ် လုပ် သော သူ မည်သည်ကား အသေ ခံရမည်။
3 Do not light a fire in any of your dwellings on the Sabbath day.”
၃သင် တို့နေရာ အရပ်၌ ဥပုသ် နေ့ မှာ မီး ကို မ မွေး ရဟု ဆင့်ဆို ၏။
4 Moses also told the whole congregation of Israel, “This is what the LORD has commanded:
၄တဖန် မောရှေ သည်၊ ဣသရေလ အမျိုးသား ပရိသတ် အလယ်၌ ထာဝရဘုရား ၏အမိန့် တော်ကို ဆင့်ဆို သည်ကား၊
5 Take from among you an offering to the LORD. Let everyone whose heart is willing bring an offering to the LORD: gold, silver, and bronze;
၅သင် တို့တွင် ထာဝရဘုရား အား လှူသော အလှူ ကို ပြင်ဆင် ကြလော့။ ကြည်ညို သော စေတနာစိတ် ရှိသမျှ သောသူတို့ သည်၊ ရွှေ ၊ ငွေ ၊ ကြေးဝါ၊
6 blue, purple, and scarlet yarn; fine linen and goat hair;
၆ပြာ သော အထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော ၊ ဆိတ် မွေး၊
7 ram skins dyed red and fine leather; acacia wood;
၇အနီ ဆိုးသောသိုး ရေ ၊ တဟာရှ သားရေ ၊ အကာရှ သစ် သား၊
8 olive oil for the light; spices for the anointing oil and for the fragrant incense;
၈လိမ်း ရန် ဆီ ဘော်ဘို့ ၊ မီးရှို့ရာနံ့သာ ပေါင်း မွှေး ဘော်ဘို့ ရာနံ့သာ မျိုး၊ မီး ထွန်းစရာဆီ ၊
9 and onyx stones and gemstones to be mounted on the ephod and breastpiece.
၉ရှဟံ ကျောက် ၊ ယဇ်ပုရောဟိတ်သင်တိုင်း နှင့် ရင်ဖွဲ့ ၌ စီ စရာကျောက် မြတ်တည်းဟူသောထာဝရဘုရား အား လှူ သောအလှူကို ဆောင် ခဲ့ကြလော့။
10 Let every skilled craftsman among you come and make everything that the LORD has commanded:
၁၀သင် တို့တွင် လိမ္မာ သောသူ ရှိသမျှ တို့သည်လာ ၍ ၊
11 the tabernacle with its tent and covering, its clasps and frames, its crossbars, posts, and bases;
၁၁တဲ တော်နှင့် အပေါ်တဲ ၊ အပေါ်တဲအဖုံး ၊ ရွှေချောင်း ၊ ပျဉ်ပြား ၊ ကန့်လန့်ကျင် ၊ တိုင် ၊ ခြေစွပ် တို့ကို၎င်း၊
12 the ark with its poles and mercy seat, and the veil to shield it;
၁၂သေတ္တာ နှင့် သူ ၏ထမ်းဘိုး ၊ သေတ္တာအဖုံး ၊ ကာ ရသော ကုလားကာ ကို၎င်း၊
13 the table with its poles, all its utensils, and the Bread of the Presence;
၁၃စားပွဲ နှင့် သူ ၏ထမ်းဘိုး ၊ သူ ၏တန်ဆာ ရှိသမျှ နှင့် ရှေ့ တော်မုန့် ကို၎င်း၊
14 the lampstand for light with its accessories and lamps and oil for the light;
၁၄မီး ထွန်းစရာဘို့ မီးခုံ နှင့် သူ ၏တန်ဆာ ၊ မီးခွက် များ၊ မီး ထွန်းစရာဆီ ကို၎င်း ၊
15 the altar of incense with its poles; the anointing oil and fragrant incense; the curtain for the doorway at the entrance to the tabernacle;
၁၅နံ့သာ ပေါင်းရှို့သော ပလ္လင် နှင့် သူ ၏ထမ်းဘိုး ၊ လိမ်း ရန်ဆီ ၊ မွှေး သော နံ့သာ ပေါင်း၊ တဲ တော်တံခါး ဝ ကာရန် ကုလားကာ ကို၎င်း၊
16 the altar of burnt offering with its bronze grate, its poles, and all its utensils; the basin with its stand;
၁၆မီးရှို့ ရာယဇ်ပူဇော်သော ပလ္လင် နှင့် ကြေးဝါ ဆန်ခါ ၊ ထမ်းဘိုး ၊ တန်ဆာ ရှိသမျှ ၊ အင်တုံ နှင့် ခြေထောက် ကို၎င်း၊
17 the curtains of the courtyard with its posts and bases, and the curtain for the gate of the courtyard;
၁၇တဲတော်ဝင်း ကုလားကာ ၊ တိုင် ၊ ခြေစွပ် ၊ ဝင်း တံခါးဝ ကာစရာ ကုလားကာ ကို၎င်း၊
18 the tent pegs for the tabernacle and for the courtyard, along with their ropes;
၁၈တဲ တော်တံသင် ၊ ဝင်း တံသင် ကြိုး များကို၎င်း၊
19 and the woven garments for ministering in the holy place—both the holy garments for Aaron the priest and the garments for his sons to serve as priests.”
၁၉သန့်ရှင်း ရာဌာန၌ အမှုတော်ကို ထမ်း စရာအဝတ် ၊ ယဇ် ပုရောဟိတ်အမှုကို ဆောင်သောအခါ၊ ယဇ်ပုရောဟိတ် အာရုန် နှင့် သူ ၏သား ဝတ်၍ သန့်ရှင်း သော အဝတ် ကို၎င်း၊ ထာဝရဘုရား မှာ ထားတော်မူသမျှ အတိုင်း လုပ် ရကြမည်ဟု ဆင့်ဆို ၏။
20 Then the whole congregation of Israel withdrew from the presence of Moses.
၂၀ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့သည်၊ မောရှေ ထံ မှ ထွက်သွား ကြ၍ ၊
21 And everyone whose heart stirred him and whose spirit prompted him came and brought an offering to the LORD for the work on the Tent of Meeting, for all its services, and for the holy garments.
၂၁မိမိ စိတ်နှလုံး နှိုးဆော် သော သူ ၊ ကြည်ညိုသောစေတနာစိတ် သဘောရှိသော သူ အပေါင်း တို့သည် ပရိသတ်စည်းဝေး ရာ တဲ တော်လုပ် ဘို့ ၎င်း ၊ အမှု တော်ထမ်းစရာဘို့ ၎င်း၊ သန့်ရှင်း သောအဝတ် ကို၎င်း၊ ထာဝရဘုရား အား လှူသောအလှူ ကို ဆောင် လျက် လာကြ၏။
22 So all who had willing hearts, both men and women, came and brought brooches and earrings, rings and necklaces, and all kinds of gold jewelry. And they all presented their gold as a wave offering to the LORD.
၂၂ကြည်ညိုသော စေတနာ စိတ် ရှိသောယောက်ျား မိန်းမ တို့သည်၊ လက်ကောက် ၊ နားတောင်း ၊ လက်စွပ် ၊ နှာခေါင်းဘူး၊ ရွှေ တန်ဆာ ရှိသမျှ ကို ဆောင် ခဲ့သဖြင့် ၊ လှူ သောသူ အသီးအသီး တို့သည်၊ ထာဝရဘုရား အား ရွှေ ကို လှူကြ၏။
23 Everyone who had blue, purple, or scarlet yarn, or fine linen, goat hair, ram skins dyed red, or articles of fine leather, brought them.
၂၃ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော ၊ ဆိတ် မွေး၊ အနီ ဆိုးသောသိုး ရေ ၊ တဟာရှ သားရေ ရှိ သော သူ တိုင်း ဆောင် ခဲ့၏။
24 And all who could present an offering of silver or bronze brought it as a contribution to the LORD. Also, everyone who had acacia wood for any part of the service brought it.
၂၄ငွေ နှင့် ကြေးဝါ ကို လှူ သောသူတိုင်း ထာဝရဘုရား အား လှူ လေ၏။ အမှုတော်နှင့်ယှဉ်သော အလုပ် လုပ်စရာဘို့ အကာရှ သစ် သားရှိ သော သူတိုင်း လည်း ဆောင် ခဲ့လေ၏။
25 Every skilled woman spun with her hands and brought what she had spun: blue, purple, or scarlet yarn, or fine linen.
၂၅ရက်ကန်းတတ် သော မိန်းမ အပေါင်း တို့လည်း ၊ ကိုယ် လက် နှင့် ရက် ၍ ၊ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော ရက် သမျှကို ဆောင် ခဲ့ကြ၏။
26 And all the skilled women whose hearts were stirred spun the goat hair.
၂၆မိမိ ဉာဏ် နှိုးဆော် သော မိန်းမ အပေါင်း တို့သည် ဆိတ် မွေးကို ရက် ကြ၏။
27 The leaders brought onyx stones and gemstones to mount on the ephod and breastpiece,
၂၇သူကြီး တို့သည်လည်း ၊ ရှဟံ ကျောက် ၊ ယဇ်ပုရောဟိတ်သင်တိုင်း နှင့် ရင်ဖွဲ့ ၌ စီ စရာကျောက် ကို၎င်း၊
28 as well as spices and olive oil for the light, for the anointing oil, and for the fragrant incense.
၂၈မီး ထွန်းစရာဘို့ လိမ်း ရန် ဆီ ဘော်ဘို့ မီးရှို့ရာ နံ့သာ ပေါင်းမွှေး ဘော်ဘို့ ရာနံ့သာ မျိုးနှင့် ဆီ ကို၎င်း ဆောင်ခဲ့ကြ၏။
29 So all the men and women of the Israelites whose hearts prompted them brought a freewill offering to the LORD for all the work that the LORD through Moses had commanded them to do.
၂၉ထိုသို့ ထာဝရဘုရား သည် မောရှေ အားဖြင့် မှာ ထားတော်မူသော အလုပ် အမျိုးမျိုး ရှိသမျှအဘို့ ၊ ဣသရေလ အမျိုးသား တို့တွင် ကြည်ညိုသော စေတနာစိတ် နှိုးဆော် သော ယောက်ျား မိန်းမ အပေါင်း တို့သည်၊ ထာဝရဘုရား အား ကြည်ညို သောစိတ် နှင့် လှူ ကြ၏။
30 Then Moses said to the Israelites, “See, the LORD has called by name Bezalel son of Uri, the son of Hur, of the tribe of Judah.
၃၀တဖန် မောရှေ က၊ နားထောင် ကြလော့။ ထာဝရဘုရား သည် ယုဒ အမျိုးသား ဟုရ ၏သား ဖြစ်သော ဥရိ ၏သား ဗေဇလေလ ကို အမည် ဖြင့် ခန့် ထားတော်မူပြီ။
31 And He has filled him with the Spirit of God, with skill, ability, and knowledge in all kinds of craftsmanship,
၃၁သူသည် ရွှေ ငွေ ကြေးဝါ ကိုလုပ် သောအတတ် ၊ ကျောက် ကိုသွေး ၍စီ သောအတတ်၊ သစ်သား ကိုထုလုပ် သောအတတ်နှင့်အမျိုးမျိုး သောအလုပ်ကို ထူးဆန်းစွာလုပ်တတ်မည်အကြောင်း၊ ဉာဏ်ပညာ နှင့်တကွသိပ္ပံ အတတ်အမျိုးမျိုး ကိုပေး၍၊ ဘုရားသခင် ၏ဝိညာဉ် တော်နှင့်ပြည့်စုံ စေတော်မူပြီ။
32 to design artistic works in gold, silver, and bronze,
၃၂
33 to cut gemstones for settings, and to carve wood, so that he may be a master of every artistic craft.
၃၃
34 And the LORD has given both him and Oholiab son of Ahisamach, of the tribe of Dan, the ability to teach others.
၃၄သူ နှင့် ဒန် အမျိုးသား အဟိသမက် ၏သား အဟောလျဘ သည်၊ သူတပါးအား အတတ်သင် ပေးနိုင် မည်အကြောင်း ၊ ဉာဏ် ကိုပေး တော်မူပြီ။
35 He has filled them with skill to do all kinds of work as engravers, designers, embroiderers in blue, purple, and scarlet yarn and fine linen, and as weavers—as artistic designers of every kind of craft.
၃၅ထိုသူ တို့သည် ထုလုပ်တတ်သောသူ၏ အလုပ်၊ ဆန်းပြားသောလက်သမား၏ အလုပ်၊ ပြာ သော အထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော ကို ချယ်လှယ် တတ်သောသူ ၏အလုပ်၊ ရက် တတ်သောသူ၏အလုပ်၊ အနည်းနည်းလုပ်တတ်သောသူ၏အလုပ် ၊ ထူးဆန်းစွာကြံစည်တတ်သောသူ၏အလုပ်အမျိုးမျိုးရှိသမျှ တို့ကို လုပ် တတ်မည် အကြောင်း ၊ ဉာဏ် ပညာနှင့် ပြည့်စုံ တော်မူပြီ။