< Exodus 32 >

1 Now when the people saw that Moses was delayed in coming down from the mountain, they gathered around Aaron and said, “Come, make us gods who will go before us. As for this Moses who brought us up out of the land of Egypt, we do not know what has happened to him!”
မောရှေ သည် တောင် ပေါ်မှာ ကြာမြင့် စွာ ရှိနေကြောင်းကို လူ များတို့သည် သိမြင် သောအခါ ၊ အာရုန် ထံသို့စည်းဝေး ကြ၍ ၊ ထ ပါ။ ငါ တို့ရှေ့ မှာ သွား ရသော ဘုရား တို့ကို ငါ တို့အဘို့ လုပ် ပါ။ ငါ တို့ကို အဲဂုတ္တု ပြည် မှ နှုတ် ဆောင်သော ထို မောရှေ ၌ အဘယ်သို့ ဖြစ် သည်ကို ငါတို့မ သိ ပါဟု ပြော ဆိုကြ၏။
2 So Aaron told them, “Take off the gold earrings that are on your wives and sons and daughters, and bring them to me.”
အာရုန် ကလည်း ၊ သင် တို့မယား သား သမီး များ၏ နား ၌ ဆင်သော ရွှေ နားတောင်း များကို ချွတ် ၍ ၊ ငါ့ ထံသို့ ဆောင် ခဲ့ကြဟုဆို လျှင်၊
3 Then all the people took off their gold earrings and brought them to Aaron.
လူ အပေါင်း တို့သည် မိမိ တို့နား ၌ ဆင်သော ရွှေ နားတောင်း များကို ချွတ် ၍ ၊ အာရုန် ထံသို့ ဆောင် ခဲ့ကြ၏။
4 He took the gold from their hands, and with an engraving tool he fashioned it into a molten calf. And they said, “These, O Israel, are your gods, who brought you up out of the land of Egypt!”
အာရုန်သည်လည်း လက်ခံ ၍ ၊ နွား သငယ်ရုပ်ပုံသဏ္ဌာန်ကို ကညစ် နှင့် ရေးသား ပြီးလျှင် သွန်း လေ၏။ လူများတို့ကလည်း အို ဣသရေလ အမျိုး၊ ဤ ဘုရားသည် သင့်ကို အဲဂုတ္တု ပြည် မှ နှုတ် ဆောင်သောသင် ၏ ဘုရား ဖြစ်တော်မူသည်ဟု ဆို ကြ၏။
5 When Aaron saw this, he built an altar before the calf and proclaimed: “Tomorrow shall be a feast to the LORD.”
အာရုန် သည် ထိုအမှုကို သိမြင် လျှင် ၊ ရုပ်တု ရှေ့ မှာ ယဇ်ပလ္လင် ကို တည် ၍ ၊ နက်ဖြန် နေ့သည် ထာဝရဘုရား အဘို့ ပွဲခံ ရသောနေ့ဖြစ်သည်ဟု တပ်ကိုလည်၍ ကြော်ငြာ စေ၏။
6 So the next day they arose, offered burnt offerings, and presented peace offerings. And the people sat down to eat and drink, and got up to indulge in revelry.
နက်ဖြန် နံနက်စောစော လူ တို့သည် ထ၍ ၊ မီးရှို့ ရာယဇ်၊ မိဿဟာယ ယဇ်တို့ကို ပူဇော် ပြီးမှ ၊ စား သောက် လျက် ထိုင် နေကြ၏။ နောက်တဖန် ကခုန် မြူးထူးခြင်းငှါ ထ ကြ၏။
7 Then the LORD said to Moses, “Go down at once, for your people, whom you brought up out of the land of Egypt, have corrupted themselves.
ထာဝရဘုရား က၊ သင်သည် ဆင်း သွား လော့။ အဲဂုတ္တု ပြည် မှ သင်နှုတ် ဆောင်ခဲ့သော သင် ၏ လူ တို့သည် ဖေါက်ပြန် ကြပြီ။
8 How quickly they have turned aside from the way that I commanded them! They have made for themselves a molten calf and have bowed down to it. They have sacrificed to it and said, ‘These, O Israel, are your gods, who brought you up out of the land of Egypt.’”
ငါမှာ ထားသော လမ်း မှ အလျင်အမြန် လွှဲ သွား၍၊ နွားသငယ် ရုပ် ကို သွန်း ပြီးလျှင် ၊ အို ဣသရေလ အမျိုး၊ ဤ ဘုရားသည် သင့် ကို အဲဂုတ္တု ပြည် မှ နှုတ် ဆောင်ခဲ့သော ဘုရား ဖြစ်တော်မူ၏ဟု ဆို လျက် ၊ ရုပ်တု ရှေ့ မှာ ယဇ်ပူဇော် ကိုးကွယ် ကြပြီဟူ၍၎င်း၊
9 The LORD also said to Moses, “I have seen this people, and they are indeed a stiff-necked people.
ဤ လူမျိုး ကို ငါကြည့် မြင်ပြီ။ လည်ပင်း ခိုင်မာ သောအမျိုး ဖြစ်၏။
10 Now leave Me alone, so that My anger may burn against them and consume them. Then I will make you into a great nation.”
၁၀သို့ဖြစ်၍ ငါ့ ကို ရှိ စေတော့။ ငါသည် အမျက် ပြင်းစွာထွက်၍ သူ တို့ကို ဖျက်ဆီး မည်။ သင့် ကိုကား ကြီး သော အမျိုး ဖြစ် စေမည်ဟူ၍၎င်း၊ မောရှေ အား မိန့် တော်မူ၏။
11 But Moses sought the favor of the LORD his God, saying, “O LORD, why does Your anger burn against Your people, whom You brought out of the land of Egypt with great power and a mighty hand?
၁၁မောရှေ ကလည်း ၊ အို ထာဝရဘုရား ၊ ကိုယ်တော်သည် မဟာ တန်ခိုး အားကြီး သော လက် နှင့် အဲဂုတ္တု ပြည် မှ နှုတ် ဆောင်ခဲ့သော ကိုယ်တော် ၏ လူ တို့ကို ၊ အဘယ် ကြောင့်အမျက် ပြင်းစွာထွက်တော်မူသနည်း။
12 Why should the Egyptians declare, ‘He brought them out with evil intent, to kill them in the mountains and wipe them from the face of the earth’? Turn from Your fierce anger and relent from doing harm to Your people.
၁၂အဲဂုတ္တု လူတို့ကလည်း၊ ဘုရားသခင် သည် မကောင်း သော အကြံရှိသဖြင့်၊ သူ တို့ကို တောတောင် များ၌ သတ် ၍ မြေကြီး ပေါ် က သုတ်သင် ပယ်ရှင်းခြင်း အလိုငှါ သာ၊ နှုတ် ဆောင်လေသည်ဟု အဘယ်ကြောင့် ဆို ဘွယ်အကြောင်းရှိရပါမည်နည်း။ ပြင်းစွာ သော အမျက် တော်ကို ပယ် တော်မူပါ။ ကိုယ်တော် ၏ လူ တို့၌ ဤသို့အပြစ် ပေးမည်အကြံကို နောင်တရ တော်မူပါ။
13 Remember Your servants Abraham, Isaac, and Israel, to whom You swore by Your very self when You declared, ‘I will make your descendants as numerous as the stars in the sky, and I will give your descendants all this land that I have promised, and it shall be their inheritance forever.’”
၁၃ကိုယ်တော်က သင် တို့အမျိုးအနွယ် ကို ကောင်းကင် ကြယ် ကဲ့သို့ ငါများပြား စေမည်။ ငါပြော ခဲ့သော ဤ မြေ ရှိသမျှ ကို သင် တို့အမျိုးအနွယ် အား ငါပေး သဖြင့် ၊ သူတို့သည် အစဉ်အမြဲ အမွေခံ ရကြလိမ့်မည်ဟု ကိုယ် ကို ကိုယ်တိုင်တည် ၍ ကျိန်ဆို တော်မူသောစကားကိုခံ ခဲ့ပြီးသော ကိုယ်တော် ၏ ကျွန် အာဗြဟံ ၊ ဣဇာက် ၊ ဣသရေလ တို့ကို အောက်မေ့ တော်မူပါဟု မိမိ ဘုရား သခင် ထာဝရဘုရား ရှေ့ တော်၌ တောင်းပန် လေ၏။
14 So the LORD relented from the calamity He had threatened to bring on His people.
၁၄ထာဝရဘုရား သည် မိမိ လူ တို့အား အပြစ် ပေးမည်အကြံကို နောင်တရ တော်မူ၏။
15 Then Moses turned and went down the mountain with the two tablets of the Testimony in his hands. They were inscribed on both sides, front and back.
၁၅မောရှေ သည် သက်သေခံ ချက် ကျောက် ပြားနှစ် ပြားကို ကိုင် ယူလျက်၊ လှည့် ၍ တောင် ပေါ်က ဆင်း သွားလေ၏။ ထို ကျောက်ပြားနှစ် မျက်နှာ ၌ အက္ခရာတင် လျက် ရှိ၏။
16 The tablets were the work of God, and the writing was the writing of God, engraved on the tablets.
၁၆ထိုကျောက်ပြားတို့သည် ဘုရား သခင် ဖန်ဆင်း တော်မူသောကျောက် ပြား၊ စာ သည်လည်း ဘုရား သခင်အက္ခရာ တင်တော်မူသောစာဖြစ်သတည်း။
17 When Joshua heard the sound of the people shouting, he said to Moses, “The sound of war is in the camp.”
၁၇လူ များ ကြွေးကြော် သံ ကို ယောရှု သည်ကြား လျှင် ၊ တပ် ၌ စစ်တိုက် သံ ကို ကြားပါသည်ဟု မောရှေ အား ဆို ၏။
18 But Moses replied: “It is neither the cry of victory nor the cry of defeat; I hear the sound of singing!”
၁၈မောရှေကလည်း၊ ငါ ကြား သော အသံသည် အောင် ၍ ကြွေးကြော် သံ မဟုတ် ၊ ရှုံး ၍ ငိုကြွေး သံ လည်း မဟုတ် ၊ သီချင်းဆို သံ ဖြစ်သတည်းဟု ပြန်ပြော ၏။
19 As Moses approached the camp and saw the calf and the dancing, he burned with anger and threw the tablets out of his hands, shattering them at the base of the mountain.
၁၉တပ် အနီးသို့ ရောက် သောအခါ ၊ နွား သငယ်ကို၎င်း ၊ ကခုန် ခြင်းကို၎င်းမြင် လျှင် ၊ မောရှေ သည် အမျက် ထွက် သဖြင့် ကျောက် ပြားတို့ကို ချ ၍ တောင် ခြေရင်း ၌ ချိုးဖဲ့ ၏။
20 Then he took the calf they had made, burned it in the fire, ground it to powder, and scattered the powder over the face of the water. Then he forced the Israelites to drink it.
၂၀သူတို့လုပ် သော နွား သငယ်ကိုလည်း ယူ ၍ အရည်ကျို ၏။ ညက်ညက်ခြေ ပြီးမှ ရေ ပေါ် မှာ ဖြူး ၍ ဣသရေလ အမျိုးသား တို့ကို သောက် စေ၏။
21 “What did this people do to you,” Moses asked Aaron, “that you have led them into so great a sin?”
၂၁အာရုန် ကို လည်း ခေါ်၍၊ သင်သည် သူတို့၌ ဤမျှလောက်ကြီး သော အပြစ် ကို ရောက် စေခြင်းငှါ သူ တို့သည် သင် ၌ အဘယ်သို့ ပြု သနည်းဟုမေး လျှင်၊
22 “Do not be enraged, my lord,” Aaron replied. “You yourself know that the people are intent on evil.
၂၂အာရုန် က၊ သခင် ၊ အမျက် မ ထွက် ပါနှင့်။ ဤလူ တို့သည် မကောင်း သော အကြံရှိကြောင်းကို ကိုယ်တော်သိ ပါ၏။
23 They told me, ‘Make us gods who will go before us. As for this Moses who brought us up out of the land of Egypt, we do not know what has happened to him!’
၂၃သူတို့ကလည်း ၊ ငါ တို့ရှေ့ မှာ သွား ရသော ဘုရား တို့ကို ငါ တို့အဘို့ လုပ် ပါ။ ငါ တို့ကို အဲဂုတ္တု ပြည် မှ နှုတ် ဆောင်ခဲ့သောသူ ၊ ထို မောရှေ ၌ အဘယ်သို့ ဖြစ် သည်ကို ငါတို့မ သိ ပါဟု အကျွန်ုပ် အား ပြော ဆိုကြလျှင်၊
24 So I said to them, ‘Whoever has gold, let him take it off,’ and they gave it to me. And when I threw it into the fire, out came this calf!”
၂၄အကျွန်ုပ်က၊ ရွှေ ရှိသောသူ သည် ချွတ် စေဟုဆို သည်နှင့် အညီ၊ သူတို့ပေးသော ရွှေ ကို အကျွန်ုပ်သည် မီး ထဲ၌ ထည့် လျှင် ၊ ဤ နွား သငယ်ထွက် လာပါသည်ဟု ပြန်ပြော ၏။
25 Moses saw that the people were out of control, for Aaron had let them run wild and become a laughingstock to their enemies.
၂၅ထိုသို့ အာရုန် သည် လူ များကို ရန်သူတို့ ရှေ့မှောက်၌ အဝတ်တန်ဆာကို ချွတ် စေသည်ဖြစ်၍ ၊ အဝတ်တန်ဆာအချည်းစည်း ရှိကြကြောင်း ကို မောရှေ မြင် သောအခါ၊
26 So Moses stood at the entrance to the camp and said, “Whoever is for the LORD, come to me.” And all the Levites gathered around him.
၂၆တပ် တံခါးဝ မှာ ရပ် လျက် ၊ ထာဝရဘုရား ဘက် ၌ အဘယ်သူ နေသနည်း။ ငါ့ ထံသို့ လာစေဟုဆို လျှင် ၊ လေဝိ အမျိုးသား အပေါင်း တို့သည် သူ့ ထံ ၌ စည်းဝေး ကြ၏။
27 He told them, “This is what the LORD, the God of Israel, says: ‘Each of you men is to fasten his sword to his side, go back and forth through the camp from gate to gate, and slay his brother, his friend, and his neighbor.’”
၂၇မောရှေကလည်း၊ လူတိုင်း ထား လွယ် လျက် တပ် တမျက်နှာတံခါးမှ တမျက်နှာတံခါးတိုင်အောင်ထုတ်ချင်းခပ်သွား ၍ ၊ အသီးအသီး မိမိ ညီအစ်ကို ၊ မိမိ အပေါင်း အဘော်၊ မိမိ အိမ်နီးချင်း ကိုသတ် စေဟု ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား အမိန့် ရှိတော်မူသည်ဟု၊
28 The Levites did as Moses commanded, and that day about three thousand of the people fell dead.
၂၈မောရှေ စီရင် သည်အတိုင်း ၊ လေဝိ အမျိုးသား တို့သည် ပြု ၍ ၊ ထိုနေ့ ၌ လူ သုံး ထောင် လောက် သေ ကြ၏။
29 Afterward, Moses said, “Today you have been ordained for service to the LORD, since each man went against his son and his brother; so the LORD has bestowed a blessing on you this day.”
၂၉တဖန် မောရှေ က၊ ထာဝရဘုရား သည် ယနေ့ ကောင်းကြီး ပေး တော်မူစေခြင်းငှါ ၊ သင်တို့သည် အသီးအသီး ကိုယ်သား ၊ ကိုယ် ညီအစ်ကို ကို ထိခိုက်သောအားဖြင့်၊ သင်တို့ သည် ယနေ့ ကိုယ်ကို ချီးမြှောက် ကြ ပြီးဟု ဆို လေ၏။
30 The next day Moses said to the people, “You have committed a great sin. Now I will go up to the LORD; perhaps I can make atonement for your sin.”
၃၀နက်ဖြန် နေ့၌ လည်း ၊ သင် တို့ပြစ်မှား သော အပြစ် ကြီး လှ၏။ ယခု မှာ ထာဝရဘုရား အထံ တော်သို့ ငါတက် သွား၍၊ သင်တို့ အပြစ် ဖြေ နိုင်လျှင် ဖြေစေခြင်းငှါ ပြုမည်ဟု မောရှေ သည် လူ များတို့အား ဆို ပြီးမှ၊
31 So Moses returned to the LORD and said, “Oh, what a great sin these people have committed! They have made gods of gold for themselves.
၃၁ထာဝရဘုရား အထံ တော်သို့ ပြန် သွား၍ ၊ အို ဘုရားသခင်၊ ဤ လူ တို့သည် ပြစ်မှား သော အပြစ် ကြီး လှပါ၏။ မိမိ တို့အဘို့ ရွှေ ဘုရား ကို လုပ် ပါပြီ။
32 Yet now, if You would only forgive their sin.... But if not, please blot me out of the book that You have written.”
၃၂သို့ သော်လည်းသူ တို့အပြစ် ကို လွှတ်ခြင်းငှါအလို တော်ရှိလျှင် လွှတ် တော်မူပါ။ သို့မဟုတ် ၊ ကိုယ်တော် စီရင် တော်မူသော စာရင်း ၌ အကျွန်ုပ် နာမကို ချေ တော်မူပါ။ အကျွန်ုပ် တောင်းပန်ပါ၏ဟု လျှောက်လျှင်၊
33 The LORD replied to Moses, “Whoever has sinned against Me, I will blot out of My book.
၃၃ထာဝရဘုရား က၊ အကြင်သူ သည် ငါ့ ကို ပြစ်မှား ၏၊ ထိုသူ ၏ နာမကို ငါ့ စာရင်း ၌ ငါချေ မည်။
34 Now go, lead the people to the place I described. Behold, My angel shall go before you. But on the day I settle accounts, I will punish them for their sin.”
၃၄သို့ဖြစ်၍ငါမှာ ထားသောအရပ် သို့ သူ တို့ကို ယခု သွား ၍ ပို့ဆောင် လော့။ ငါ့ တမန် သည် သင့် ရှေ့ မှာ သွား လိမ့်မည်။ သို့ သော်လည်းငါ သည် အကြည့် အရှုကြွလာသောအခါ ၊ သူ တို့၌ အပြစ် ပေးလျက် ကြွလာမည်ကို မိန့် တော်မူ၏။
35 And the LORD sent a plague on the people because of what they had done with the calf that Aaron had made.
၃၅အာရုန် နှင့် လူများ တို့သည် နွားသငယ် ကို လုပ် ကြသောကြောင့် သူ တို့ကို ဒဏ်ခတ်တော်မူ ၏။

< Exodus 32 >