< Exodus 25 >
1 Then the LORD said to Moses,
၁ထာဝရဘုရားသည်မောရှေအား အောက်ပါ ပညတ်ချက်များကိုမိန့်မြွက်တော်မူ၏။-
2 “Tell the Israelites to bring Me an offering. You are to receive My offering from every man whose heart compels him.
၂``ဣသရေလအမျိုးသားတို့သည် ငါ့အား လှူဖွယ်ပစ္စည်းတို့ကိုဆက်သရမည်ဟူ၍ ပြောကြားလော့။ သင်သည်အမျိုးသားတိုင်း ထံမှစေတနာအလျောက် ပေးလှူသမျှ ပစ္စည်းတို့ကိုလက်ခံရမည်။-
3 This is the offering you are to accept from them: gold, silver, and bronze;
၃သင်လက်ခံရမည့်လှူဖွယ်ပစ္စည်းများသည် ကား ရွှေ၊ ငွေ၊ ကြေးဝါ၊-
4 blue, purple, and scarlet yarn; fine linen and goat hair;
၄ပိတ်ချော၊ သိုးမွေးအပြာရောင်၊ ခရမ်းရောင်၊ အနီရောင်၊ ဆိတ်မွေးအထည်၊-
5 ram skins dyed red and fine leather; acacia wood;
၅အနီဆိုးသောသိုးထီးသားရေ၊ သားရေချော၊ အကာရှသစ်သား၊-
6 olive oil for the light; spices for the anointing oil and for the fragrant incense;
၆မီးထွန်းရန်ဆီ၊ ဘိသိက်သွန်းရန်ဆီနှင့်မီးရှို့ ရာနံ့သာပေါင်းအတွက်အမွှေးအကြိုင်၊-
7 and onyx stones and gemstones to be mounted on the ephod and breastpiece.
၇ယဇ်ပုရောဟိတ်မင်း၏သင်တိုင်း နှင့်ရင်ဖုံးတို့တွင်စီချယ်သည့်မဟူရာကျောက် နှင့် အခြားသောကျောက်မျက်ရတနာများ ဖြစ်၏။-
8 And they are to make a sanctuary for Me, so that I may dwell among them.
၈ငါသည်သူတို့နှင့်အတူနေနိုင်ရန် ငါ့အတွက် တဲတော်ကိုတည်ဆောက်ရကြမည်။-
9 You must make the tabernacle and design all its furnishings according to the pattern I show you.
၉တဲတော်နှင့်အသုံးအဆောင်ရှိသမျှတို့ကို ငါပြမည့်ပုံစံအတိုင်းပြုလုပ်ရမည်။
10 And they are to construct an ark of acacia wood, two and a half cubits long, a cubit and a half wide, and a cubit and a half high.
၁၀``အလျားလေးဆယ့်ငါးလက်မ၊ အနံနှစ်ဆယ့် ခုနစ်လက်မ၊ အမြင့်နှစ်ဆယ့်ခုနစ်လက်မရှိ သောသေတ္တာတစ်လုံးကိုအကာရှသစ်သား ဖြင့်ပြုလုပ်လော့။-
11 Overlay it with pure gold both inside and out, and make a gold molding around it.
၁၁သေတ္တာအတွင်းအပြင်ကိုရွှေချ၍အနားပတ် လည်ကိုရွှေကွပ်ထားရမည်။-
12 Cast four gold rings for it and fasten them to its four feet, two rings on one side and two on the other.
၁၂သေတ္တာကိုသယ်ဆောင်ရန်ရွှေကွင်းလေးကွင်းကို သွန်းလုပ်၍၊ ခြေလေးထောင့်တွင်တစ်ဘက်လျှင် နှစ်ကွင်းစီတပ်ထားရမည်။-
13 And make poles of acacia wood and overlay them with gold.
၁၃အကာရှသစ်သားဖြင့်ထမ်းပိုးများပြုလုပ်၍ ရွှေချထားရမည်။-
14 Insert the poles into the rings on the sides of the ark, in order to carry it.
၁၄သေတ္တာကိုသယ်ဆောင်ရန်ထမ်းပိုးများကိုသေတ္တာ တစ်ဘက်တစ်ချက်ရှိကွင်းများတွင်လျှိုထား ရမည်။-
15 The poles are to remain in the rings of the ark; they must not be removed.
၁၅ထမ်းပိုးများကိုကွင်းများမှမထုတ်ရ။ အမြဲလျှိုသွင်းထားရမည်။-
16 And place inside the ark the Testimony, which I will give you.
၁၆ပညတ်တော်များကိုအက္ခရာတင်ထားသည့် ကျောက်ပြားနှစ်ပြားကိုငါပေးမည်။ ထိုကျောက် ပြားများကိုသေတ္တာထဲ၌ထည့်ထားရမည်။
17 And you are to construct a mercy seat of pure gold, two and a half cubits long and a cubit and a half wide.
၁၇``အလျားလေးဆယ့်ငါးလက်မနှင့် အနံနှစ်ဆယ့် ခုနစ်လက်မရှိသောသေတ္တာအဖုံးကိုရွှေစင်ဖြင့် ပြုလုပ်ရမည်။-
18 Make two cherubim of hammered gold at the ends of the mercy seat,
၁၈အဖုံးအစွန်းတစ်ဘက်စီတွင်ရွှေခေရုဗိမ် နှစ်ပါးကိုရွှေစင်ဖြင့်ထုလုပ်ရမည်။ ထိုခေရု ဗိမ်ရုပ်တုများသည် အဖုံးနှင့်တစ်သားတည်း ရှိစေရမည်။-
19 one cherub on one end and one on the other, all made from one piece of gold.
၁၉
20 And the cherubim are to have wings that spread upward, overshadowing the mercy seat. The cherubim are to face each other, looking toward the mercy seat.
၂၀ခေရုဗိမ်များ၏ဖြန့်ထားသောအတောင်များ သည် သေတ္တာအဖုံးကိုဖြန့်မိုးထားစေရမည်။ သူတို့သည်မျက်နှာချင်းဆိုင်၍သေတ္တာဖုံးကို ကြည့်နေစေရမည်။-
21 Set the mercy seat atop the ark, and put the Testimony that I will give you into the ark.
၂၁သေတ္တာထဲတွင်ကျောက်ပြားနှစ်ပြားကိုထည့်၍ သေတ္တာဖုံးဖြင့်ဖုံးအုပ်ထားရမည်။-
22 And I will meet with you there above the mercy seat, between the two cherubim that are over the ark of the Testimony; I will speak with you about all that I command you regarding the Israelites.
၂၂ထိုနေရာ၌ငါသည်သင်တို့နှင့်တွေ့ဆုံမည်။ ငါ သည်ခေရုဗိမ်နှစ်ပါးအကြားအဖုံးပေါ်မှနေ တော်မူ၍ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရန်ရှိသမျှကိုသင့်အားငါမြွက် ဆိုမည်။
23 You are also to make a table of acacia wood two cubits long, a cubit wide, and a cubit and a half high.
၂၃``အလျားသုံးဆယ့်ခြောက်လက်မ၊ အနံ တစ်ဆယ့်ရှစ်လက်မ၊ အမြင့်နှစ်ဆယ့်ခုနစ် လက်မရှိသောစားပွဲတစ်လုံးကိုအကာရှ သစ်သားဖြင့်ပြုလုပ်လော့။-
24 Overlay it with pure gold and make a gold molding around it.
၂၄စားပွဲကိုရွှေချ၍အနားကိုရွှေကွပ်ထားရမည်။-
25 And make a rim around it a handbreadth wide and put a gold molding on the rim.
၂၅စားပွဲပတ်လည်တွင်သုံးလက်မဗြက်ရှိသော ဘောင်တပ်၍အနားကိုရွှေကွပ်ရမည်။-
26 Make four gold rings for the table and fasten them to the four corners at its four legs.
၂၆စားပွဲခြေလေးထောင့်တွင်စားပွဲကိုသယ်ယူ ရန် ရွှေကွင်းလေးကွင်းတပ်ထားရမည်။-
27 The rings are to be close to the rim, to serve as holders for the poles used to carry the table.
၂၇ထမ်းပိုးလျှိုရန်ကွင်းများကိုဘောင်အနီး၌ ကပ်၍တပ်ဆင်ရမည်။-
28 Make the poles of acacia wood and overlay them with gold, so that the table may be carried with them.
၂၈ထမ်းပိုးများကိုအကာရှသစ်သားဖြင့်ပြု လုပ်၍ရွှေချထားရမည်။-
29 You are also to make the plates and dishes, as well as the pitchers and bowls for pouring drink offerings. Make them out of pure gold.
၂၉စားပွဲနှင့်ဆိုင်သောလင်ပန်း၊ ခွက်၊ ခရားနှင့်စပျစ် ရည်ဖလားများကိုရွှေဖြင့်ပြုလုပ်ရမည်။-
30 And place the Bread of the Presence on the table before Me at all times.
၃၀ပဋိညာဉ်သေတ္တာ၏အရှေ့တွင်စားပွဲကိုထား ရမည်။ ထိုစားပွဲပေါ်မှာရှေ့တော်တင်မုန့်အမြဲ ရှိစေရမည်။
31 Then you are to make a lampstand of pure, hammered gold. It shall be made of one piece, including its base and shaft, its cups, and its buds and petals.
၃၁``ဆီမီးခုံကိုရွှေဖြင့်ပြုလုပ်လော့။ ဆီမီးခုံ တိုင်နှင့်အောက်ခံခုံတို့ကိုရွှေဖြင့်ထုလုပ်လော့။ ဆီမီးခုံတိုင်တွင်ပွင့်ဖူး၊ ပွင့်ချပ်အစရှိသော အလှပန်းများသည် ဆီမီးခုံတိုင်နှင့်တစ်သား တည်းရှိစေရမည်။-
32 Six branches are to extend from the sides of the lampstand—three on one side and three on the other.
၃၂ဆီမီးခုံတိုင်တစ်ဘက်တစ်ချက်မှအလက် သုံးလက်စီ၊ ပေါင်းခြောက်လက်ဖြာထွက်စေ ရမည်။-
33 There are to be three cups shaped like almond blossoms on the first branch, each with buds and petals, three on the next branch, and the same for all six branches that extend from the lampstand.
၃၃အလက်ခြောက်လက်မှတစ်လက်စီတွင်ပွင့်ဖူး၊ ပွင့်ချပ်ပါရှိသောဗာဒံပွင့်ပုံအလှပန်းသုံး ပွင့်ရှိစေရမည်။-
34 And on the lampstand there shall be four cups shaped like almond blossoms with buds and petals.
၃၄ဆီမီးခုံတိုင်တွင်ပွင့်ဖူး၊ ပွင့်ချပ်များပါရှိ သောဗာဒံပွင့်ပုံပန်းလေးပွင့်ရှိစေရမည်။-
35 For the six branches that extend from the lampstand, a bud must be under the first pair of branches, a bud under the second pair, and a bud under the third pair.
၃၅အလက်သုံးစုံတွင်တစ်စုံစီကြား၌ပွင့်ဖူး တစ်ဖူးရှိစေရမည်။-
36 The buds and branches are to be all of one piece with the lampstand, hammered out of pure gold.
၃၆ပွင့်ဖူးအလက်နှင့်ဆီမီးခုံတိုင်တို့ကိုရွှေ ဖြင့်တစ်သားတည်းထုလုပ်ရမည်။-
37 Make seven lamps and set them up on the lampstand so that they illuminate the area in front of it.
၃၇ဆီမီးခုံအတွက်မီးခွက်ခုနစ်လုံးကိုပြုလုပ် လော့။ ထိုမီးခွက်များမှရှေ့သို့အလင်းရောင် ထွက်လာစေရန်စီမံလော့။-
38 The wick trimmers and their trays must be of pure gold.
၃၈မီးညှပ်နှင့်မီးခံခွက်တို့ကိုလည်းရွှေဖြင့်ပြုလုပ် ရမည်။-
39 The lampstand and all these utensils shall be made from a talent of pure gold.
၃၉ဆီမီးတိုင်နှင့်ကိရိယာတန်ဆာရှိသမျှတို့ ကိုရွှေခုနစ်ဆယ့်ငါးပေါင်အချိန်ဖြင့်ပြု လုပ်ရမည်။-
40 See to it that you make everything according to the pattern shown you on the mountain.
၄၀တောင်ပေါ်တွင်သင့်အားငါပြသောပုံစံနှင့် အညီပြုလုပ်ရန်သတိပြုလော့။