< Exodus 18 >

1 Now Moses’ father-in-law Jethro, the priest of Midian, heard about all that God had done for Moses and His people Israel, and how the LORD had brought Israel out of Egypt.
ဘုရား သခင်သည် မောရှေ မှစ၍ ကိုယ်တော် ၏လူ ဣသရေလ အမျိုးအဘို့ ပြု တော်မူသမျှ ကို ၎င်း၊ ထာဝရဘုရား သည် ဣသရေလ အမျိုးကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင် တော်မူကြောင်းကို၎င်း၊ မိဒျန် ယဇ် ပုရောဟိတ်ဖြစ်သောမောရှေ ၏ယောက္ခမ ယေသရော ကြား သည်ရှိသော်၊
2 After Moses had sent back his wife Zipporah, his father-in-law Jethro had received her,
မောရှေလွှတ်ခဲ့သောမယားနှင့်
3 along with her two sons. One son was named Gershom, for Moses had said, “I have been a foreigner in a foreign land.”
သူ ၏သား နှစ် ယောက်ကို ယူ၍ သွားလေ၏။ သားတယောက် ကား၊ ဂေရရှုံ အမည် ရှိ၏။ အကြောင်းမူကား ၊ ငါသည် တကျွန်း တနိုင်ငံ၌ ဧည့်သည် အာဂန္တုဖြစ် ရပြီဟု အဘဆို သတည်း။
4 The other son was named Eliezer, for Moses had said, “The God of my father was my helper and delivered me from the sword of Pharaoh.”
သားတယောက်ကား၊ ဧလျေဇာ အမည် ရှိ၏။ အကြောင်း မူကား၊ ငါ့ ဘိုးဘေး တို့၏ ဘုရားသခင် သည် ငါ့ ကို မစ ၍ ဖာရော ဘုရင်၏ ထား မှ ကယ်လွှတ် တော်မူပြီဟု ဆိုသတည်း။
5 Moses’ father-in-law Jethro, along with Moses’ wife and sons, came to him in the desert, where he was encamped at the mountain of God.
မောရှေ ၏ ယောက္ခမ ယေသရော သည် မောရှေ မယား နှင့် သား တို့ကို ယူ၍၊ တော ၌ ဘုရား သခင်၏ တောင် တော်နား၊ မောရှေ တပ်ချ ရာအရပ်သို့ ရောက် လာလျှင် ၊
6 He sent word to Moses, “I, your father-in-law Jethro, am coming to you with your wife and her two sons.”
ကိုယ်တော် ၏ယောက္ခမ ယေသရော နှင့် ကိုယ်တော် ၏ မယား ၊ သား နှစ် ယောက်တို့သည် ကိုယ်တော် ထံ သို့ရောက် လာပါပြီဟု မောရှေ အား ကြား ပြောသော် ၊
7 So Moses went out to meet his father-in-law and bowed down and kissed him. They greeted each other and went into the tent.
မောရှေ သည် ယောက္ခမ ကို ခရီးဦးကြိုပြု ခြင်းငှာ ထွက် ၍ ဦးချ နမ်း ရှုပ်လျက် ၊ ကျန်းမာ ကြောင်း ကို တ ယောက်နှင့်တယောက် မေးမြန်း လျက် တဲ သို့ ဝင် ကြ၏။
8 Then Moses recounted to his father-in-law all that the LORD had done to Pharaoh and the Egyptians for Israel’s sake, all the hardships they had encountered along the way, and how the LORD had delivered them.
ထာဝရဘုရား သည် ဣသရေလ အမျိုးအတွက် ဖာရော ဘုရင်နှင့် အဲဂုတ္တု လူတို့၌ ပြု တော်မူသမျှ ကို ၎င်း၊ လမ်းခရီး တွင် ခံ ရသောဆင်းရဲ ဒုက္ခအလုံးစုံ ကို၎င်း၊ ထိုဆင်းရဲဒုက္ခမှ ထာဝရဘုရား ကယ်လွှတ် တော်မူကြောင်းကို၎င်း၊ မောရှေ သည် ယောက္ခမ အား ကြားပြော လေ၏။
9 And Jethro rejoiced over all the good things the LORD had done for Israel, whom He had rescued from the hand of the Egyptians.
ထာဝရဘုရား သည် ဣသရေလ အမျိုးကို အဲဂုတ္တု လူတို့လက် မှ ကယ်နှုတ် ၍၊ ပြု တော်မူသောကျေးဇူး ကြောင့် ယေသရော သည် ဝမ်းမြောက် လျက် ၊
10 Jethro declared, “Blessed be the LORD, who has delivered you from the hand of the Egyptians and of Pharaoh, and who has delivered the people from the hand of the Egyptians.
၁၀အဲဂုတ္တု လူတို့လက် မှ၎င်း ၊ ဖာရော ဘုရင်လက် မှ ၎င်း၊ သင့် ကို ကယ်နှုတ် တော်မူထသော ၊ လူ များတို့ကို အဲဂုတ္တု လူတို့လက် မှ ကယ်နှုတ် တော်မူသော ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေသတည်း။
11 Now I know that the LORD is greater than all other gods, for He did this when they treated Israel with arrogance.”
၁၁ထာဝရဘုရားသည် အခြားသောဘုရား ရှိသမျှ တို့ထက် သာ၍ကြီးမြတ် တော်မူကြောင်းကို ယခု ငါသိ ၏။ အကြောင်း မူကား၊ လူတို့သည် မာန ထောင်လွှားသော အမှု အရာတွင်၊ ထာဝရဘုရားနိုင်တော်မူ၏ဟု ဆိုပြီးမှ ၊
12 Then Moses’ father-in-law Jethro brought a burnt offering and sacrifices to God, and Aaron came with all the elders of Israel to eat bread with Moses’ father-in-law in the presence of God.
၁၂မောရှေ ၏ ယောက္ခမ ယေသရော သည်၊ မီးရှို့ စရာယဇ်နှင့် ဘုရား သခင်အဘို့ ယဇ် များကို ဆောင် ခဲ့၍ ၊ အာရုန် နှင့် ဣသရေလ အမျိုး အသက်ကြီး သူအပေါင်း တို့သည်၊ မောရှေ ၏ ယောက္ခမ နှင့် အတူဘုရား သခင့်ရှေ့ တော်၌ အစာ စား ခြင်းငှာ လာ ကြ၏။
13 The next day Moses took his seat to judge the people, and they stood around him from morning until evening.
၁၃နက်ဖြန် နေ့၌ မောရှေ သည်၊ လူ များကို တရား စီရင်ခြင်းငှာ ထိုင် လေ၏။ နံနက် မှစ၍ ညဦး တိုင်အောင် ၊ လူ များတို့သည် မောရှေ ရှေ့ မှာ နေ ကြ၏။
14 When his father-in-law saw all that Moses was doing for the people, he asked, “What is this that you are doing for the people? Why do you sit alone as judge, with all the people standing around you from morning till evening?”
၁၄မောရှေ သည် လူ များတို့အား ပြု သမျှ ကို ယောက္ခမ မြင် လျှင် ၊ ဤ လူ များတို့အား ပြု သောအမှု အဘယ် သို့နည်း။ သင် သည် တယောက်တည်းထိုင် လျက် ၊ လူ အပေါင်း တို့သည် နံနက် မှစ၍ ညဦး တိုင်အောင် သင့် ရှေ့ မှာ အဘယ် ကြောင့်နေ ရကြသနည်းဟု ဆို ၏။
15 “Because the people come to me to inquire of God,” Moses replied.
၁၅မောရှေ ကလည်း ၊ ဤသူတို့သည် ဘုရား သခင်၏ အယူ တော်ကိုခံ လို၍ ကျွန်ုပ် ထံ သို့လာ သောကြောင့် ဤသို့ဖြစ်၏။
16 “Whenever they have a dispute, it is brought to me to judge between one man and another, and I make known to them the statutes and laws of God.”
၁၆သူ တို့သည် အမှု ရှိ လျှင် အကျွန်ုပ် ထံ သို့လာ ၍ သူတို့၏အမှုကို ကျွန်ုပ်ဆုံးဖြတ် ရ၏။ ဘုရား သခင်၏ ပညတ် တရား များကို သင် ချရ၏ဟု ယောက္ခမ အား ပြော လျှင် ၊
17 But Moses’ father-in-law said to him, “What you are doing is not good.
၁၇ယောက္ခမ က၊ သင် ပြု သော အမှု သည် မ တော် မသင့်ဖြစ်၏။
18 Surely you and these people with you will wear yourselves out, because the task is too heavy for you. You cannot handle it alone.
၁၈သင် မှစ၍ သင် ၌ ပါသော ဤ လူ များတို့သည် အမှန် အားလျော့ ကြလိမ့်မည်။ ဤအမှုသည် သင်၌ အလွန် လေး၏။ တယောက်တည်း မ တတ် နိုင်သောအမှု ဖြစ်၏။
19 Now listen to me; I will give you some advice, and may God be with you. You must be the people’s representative before God and bring their causes to Him.
၁၉ငါ့ စကား ကို နားထောင် လော့။ ငါအကြံ ပေးမည်။ ဘုရား သခင်သည်လည်း သင့် ဘက်၌ ရှိ တော်မူလိမ့်မည်။ သင် သည် ဘုရား သခင်နှင့်ဆိုင် သော အမှု ၌ လူများတို့၏ အမှုကို စောင့်လျက် ဘုရား သခင်အထံ တော်သို့ ဝင်၍ လျှောက်ရမည်။
20 Teach them the statutes and laws, and show them the way to live and the work they must do.
၂၀သူ တို့အားလည်း ပညတ် တရား တော်များကို သင် ချရမည်။ သူ တို့သွား ရာလမ်း ၊ ပြု ရသော အမှု ကိုလည်း ပြ ရမည်။
21 Furthermore, select capable men from among the people—God-fearing, trustworthy men who are averse to dishonest gain. Appoint them over the people as leaders of thousands, of hundreds, of fifties, and of tens.
၂၁ထိုမှတပါး ဘုရား သခင်ကို ကြောက်ရွံ့ လျက်၊ သစ္စာ နှင့်ပြည့်စုံလျက်၊ လောဘ ကို ရွံရှာ လျက် ၊ တတ်စွမ်း နိုင်သောသူ တို့ကို လူ အပေါင်း တို့အထဲ က ရွေးကောက် ၍၊ တထောင် အုပ် ၊ တရာ အုပ် ၊ ငါးဆယ် အုပ် ၊ တဆယ် အုပ် အရာ၌ ခန့် ထားရမည်။
22 Have these men judge the people at all times. Then they can bring you any major issue, but all minor cases they can judge on their own, so that your load may be lightened as they share it with you.
၂၂ထိုသူတို့သည် ခပ်သိမ်း သောအချိန် ၌ လူ များတို့ကို တရား စီရင်ကြစေ။ ကြီး သောအမှု ၌ သင် ၏အယူ ကို ခံကြစေ။ ငယ် သောအမှု ကို အလိုလို စီရင် ကြစေ။ သို့ဖြစ်လျှင် သူတို့သည် ဝိုင်းညီ၍ အမှုထမ်း သဖြင့် သင် သည် သက်သာ လိမ့်မည်။
23 If you follow this advice and God so directs you, then you will be able to endure, and all these people can go home in peace.”
၂၃ထိုသို့ ဘုရား သခင်အခွင့် နှင့် ပြု လျှင် သင်သည် ခိုင်ခံ့ လိမ့်မည်။ ဤ လူ အပေါင်း တို့သည် မိမိ နေရာ ပြည် သို့ ငြိမ်ဝပ် စွာ သွား ကြလိမ့်မည်ဟု ပြော ဆို၏။
24 Moses listened to his father-in-law and did everything he said.
၂၄မောရှေ သည်လည်း ယောက္ခမ ၏စကား ကို နားထောင် ၍ စကား ရှိသည်အတိုင်း ပြု လျက်၊
25 So Moses chose capable men from all Israel and made them heads over the people as leaders of thousands, of hundreds, of fifties, and of tens.
၂၅တတ်စွမ်း နိုင်သောသူ တို့ကို ဣသရေလ အမျိုးထဲက ရွေးကောက် ၍ လူတထောင် အုပ် ၊ တရာ အုပ် ၊ ငါးဆယ် အုပ် ၊ တဆယ် အုပ် အသီးအသီးခေါင်း အရာ၌ ခန့် ထားလေ၏။
26 And they judged the people at all times; they would bring the difficult cases to Moses, but any minor issue they would judge themselves.
၂၆ထိုသူတို့သည် ခပ်သိမ်း သောအချိန် ၌ လူ တို့ကို တရား စီရင်ကြ၏။ ခက် သောအမှု ၌ မောရှေ ၏အယူ ကို ခံကြ၏။ လွယ် သောအမှု ကို အလိုလို စီရင် ကြ၏။
27 Then Moses sent his father-in-law on his way, and Jethro returned to his own land.
၂၇ထိုနောက် မောရှေ သည် ယောက္ခမ သွားရသောအခွင့် ကိုပေး ၍ ၊ သူသည် မိမိ နေရာ သို့ သွား လေ၏။

< Exodus 18 >