< Exodus 10 >

1 Then the LORD said to Moses, “Go to Pharaoh, for I have hardened his heart and the hearts of his officials, that I may perform these miraculous signs of Mine among them,
ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​အား``သင် သည်​ဘု​ရင်​ထံ​သို့​သွား​လော့။ ငါ​သည်​အံ့​ဖွယ် သော​အ​မှု​တို့​ကို အီ​ဂျစ်​အ​မျိုး​သား​တို့​တွင် ပြ​ခြင်း​ငှာ​လည်း​ကောင်း၊ သူ​တို့​အား​ပြ​သည့် အံ့​ဖွယ်​သော​အ​မှု​များ​အ​ကြောင်း​ကို သင် တို့​၏​သား​မြေး​တို့​အား​ပြော​ပြ​နိုင်​ခြင်း ငှာ​လည်း​ကောင်း ငါ​သည်​ဘု​ရင်​နှင့်​သူ​၏ မှူး​မတ်​တို့​ကို​ခေါင်း​မာ​စေ​၏။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို​သင်​တို့ အား​လုံး​သိ​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
2 and that you may tell your children and grandchildren how severely I dealt with the Egyptians when I performed miraculous signs among them, so that all of you may know that I am the LORD.”
3 So Moses and Aaron went to Pharaoh and told him, “This is what the LORD, the God of the Hebrews, says: ‘How long will you refuse to humble yourself before Me? Let My people go, so that they may worship Me.
မော​ရှေ​နှင့်​အာ​ရုန်​တို့​သည် ဘု​ရင်​ထံ​သို့​သွား ၍ ``သင်​သည်​ငါ​၏​အ​မိန့်​ကို​မည်​မျှ​ကြာ​အောင် မ​နာ​ခံ​ဘဲ​နေ​မည်​နည်း။ ငါ​၏​လူ​မျိုး​တော် သည်​ငါ့​အား​ဝတ်​ပြု​နိုင်​ရန်​သူ​တို့​ကို​သွား ခွင့်​ပြု​လော့။-
4 But if you refuse to let My people go, I will bring locusts into your territory tomorrow.
သင်​သည်​ငါ​၏​လူ​မျိုး​တော်​တို့​အား​သွား​ခွင့် မ​ပေး​လျှင် နက်​ဖြန်​နေ့​၌​ငါ​သည်​သင်​၏​တိုင်း ပြည်​တွင်​ကျိုင်း​ကောင်​များ​ရောက်​ရှိ​လာ​စေ မည်။-
5 They will cover the face of the land so that no one can see it. They will devour whatever is left after the hail and eat every tree that grows in your fields.
ထို​ကျိုင်း​ကောင်​တို့​သည်​မြေ​တစ်​ပြင်​လုံး​ကို ဖုံး​လွှမ်း​မည်။ ယင်း​တို့​သည်​မိုး​သီး​ဒဏ်​ကြောင့် မ​ပျက်​စီး​ဘဲ​ကျန်​ရှိ​သ​မျှ​ကို​ကိုက်​စား ကြ​လိမ့်​မည်။ အ​ပင်​ရှိ​သ​မျှ​တို့​ကို​လည်း စား​ပစ်​ကြ​လိမ့်​မည်။-
6 They will fill your houses and the houses of all your officials and every Egyptian—something neither your fathers nor your grandfathers have seen since the day they came into this land.’” Then Moses turned and left Pharaoh’s presence.
သင်​၏​နန်း​အ​ဆောင်​များ၊ မှူး​မတ်​တို့​၏​အိမ် များ၊ ပြည်​သူ​အ​ပေါင်း​တို့​၏​အိမ်​များ​ထဲ​သို့ ကျိုင်း​ကောင်​အုပ်​များ​ဝင်​ရောက်​လိမ့်​မည်။ အီ​ဂျစ် နိုင်​ငံ​သ​မိုင်း​တစ်​လျှောက်​တွင် ဤ​မျှ​လောက် ဆိုး​ရွား​သော​ကပ်​မျိုး​ကို​လူ​တို့​တစ်​ခါ​မျှ မ​တွေ့​ကြုံ​ခဲ့​ရ​သေး' ဟု​ဟေ​ဗြဲ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​၏'' ဟု​ဆို​လေ​၏။ ထို​နောက်​မော​ရှေ​သည် ဘု​ရင်​ထံ​မှ​ထွက်​သွား​လေ​၏။
7 Pharaoh’s officials asked him, “How long will this man be a snare to us? Let the people go, so that they may worship the LORD their God. Do you not yet realize that Egypt is in ruins?”
မှူး​မတ်​တို့​က​ဘု​ရင်​အား``ဤ​သူ​တို့​သည် အ​ကျွန်ုပ်​တို့​ကို​မည်​မျှ​ကြာ​အောင်​ဒုက္ခ​ရောက် စေ​ပါ​မည်​နည်း။ ထို​သူ​တို့​သည်​သူ​တို့​၏​ဘု​ရား ဖြစ်​သော​ထာ​ဝ​ရ​ဘု​ရား​အား ဝတ်​ပြု​နိုင်​ရန် သွား​ခွင့်​ပေး​တော်​မူ​ပါ။ အ​ရှင်​မင်း​ကြီး၊ ယ​ခု ပင်​အီ​ဂျစ်​ပြည်​ပျက်​စီး​နေ​ပြီ​မ​ဟုတ်​ပါ လော'' ဟု​လျှောက်​ကြ​၏။
8 So Moses and Aaron were brought back to Pharaoh. “Go, worship the LORD your God,” he said. “But who exactly will be going?”
ထို့​ကြောင့်​ဘု​ရင်​သည် မော​ရှေ​နှင့်​အာ​ရုန်​တို့ အား​ပြန်​ခေါ်​လျက်``သင်​တို့​ဘု​ရား​ဖြစ်​သော ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ရန်​သွား​ကြ လော့။ သို့​သော်​မည်​သူ​တို့​သွား​ကြ​မည်​နည်း'' ဟု​မေး​လေ​၏။
9 “We will go with our young and old,” Moses replied. “We will go with our sons and daughters, and with our flocks and herds, for we must hold a feast to the LORD.”
ထို​အ​ခါ​မော​ရှေ​က``ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ပွဲ​ကို​ကျင်း​ပ​ရ​မည်​ဖြစ်​သော​ကြောင့် ကျွန်ုပ်​တို့​၏​လူ​ကြီး၊ က​လေး၊ သား​သ​မီး၊ သိုး နွား​မှ​စ​၍​အား​လုံး​ကို​ခေါ်​ဆောင်​သွား​ရ ကြ​ပါ​မည်'' ဟု​လျှောက်​လေ​၏။
10 Then Pharaoh told them, “May the LORD be with you if I ever let you go with your little ones. Clearly you are bent on evil.
၁၀ဘု​ရင်​က``သင်​တို့​၏​အ​မျိုး​သ​မီး​များ​နှင့် က​လေး​များ​ကို ခေါ်​ဆောင်​သွား​ခွင့်​မ​ပြု​နိုင် ဟု​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​ငါ​ဆို​၏။ ပုန်​ကန်​ရန်​ကြံ​စည်​နေ​ကြောင်း​ထင်​ရှား​၏။-
11 No, only the men may go and worship the LORD, since that is what you have been requesting.” And Moses and Aaron were driven from Pharaoh’s presence.
၁၁သင်​တို့​၏​အ​လို​ပြည့်​မည်​ဆို​လျှင်​အ​မျိုး သား​များ​သာ​သွား​၍ ထာ​ဝ​ရ​ဘု​ရား​အား ဝတ်​ပြု​ကိုး​ကွယ်​ကြ​စေ'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​အ​ထံ​တော်​မှ​သူ​တို့​ကို​နှင်​ထုတ် လေ​၏။
12 Then the LORD said to Moses, “Stretch out your hand over the land of Egypt, so that the locusts may swarm over it and devour every plant in the land—everything that the hail has left behind.”
၁၂ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``အီ ဂျစ်​ပြည်​သို့​ကျိုင်း​ကောင်​များ​ရောက်​ရှိ​လာ​စေ ရန်​သင်​၏​လက်​ကို​ဆန့်​လော့။ ကျိုင်း​ကောင်​များ သည်​ရောက်​လာ​၍​မိုး​သီး​ဒဏ်​ကြောင့်​မ​ပျက် စီး​ဘဲ ကျန်​ရှိ​နေ​သ​မျှ​သော​အ​ပင်​တို့​ကို စား​ပစ်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။-
13 So Moses stretched out his staff over the land of Egypt, and throughout that day and night the LORD sent an east wind across the land. By morning the east wind had brought the locusts.
၁၃သို့​ဖြစ်​၍​မော​ရှေ​သည်​မိ​မိ​၏​တောင်​ဝှေး ကို​ကိုင်​လျက် လက်​ကို​ဆန့်​လိုက်​ရာ​ထာ​ဝ​ရ ဘု​ရား​သည် ထို​နေ့​နှင့်​တစ်​ည​ပတ်​လုံး​အရှေ့ ဘက်​မှ​လေ​ပြင်း​တိုက်​ခတ်​စေ​တော်​မူ​၏။ နံ​နက်​ရောက်​သော်​ထို​အ​ရှေ့​လေ​ဖြင့် ကျိုင်း​ကောင်​များ​ရောက်​ရှိ​လာ​ကြ​၏။-
14 The locusts swarmed across the land and settled over the entire territory of Egypt. Never before had there been so many locusts, and never again will there be.
၁၄ကျိုင်း​ကောင်​တို့​သည်​အုပ်​လိုက်​ရောက်​ရှိ​လာ ၍ တစ်​ပြည်​လုံး​ပေါ်​သို့​ရောက်​လေ​၏။ ထို​မျှ လောက်​များ​ပြား​သော​ကျိုင်း​ကောင်​အုပ်​များ သည်​ရှေး​ကာ​လ​က​မ​ပေါ်​စ​ဖူး၊ နောင် အ​ခါ​၌​လည်း​ပေါ်​မည်​မ​ဟုတ်။-
15 They covered the face of all the land until it was black, and they consumed all the plants on the ground and all the fruit on the trees that the hail had left behind. Nothing green was left on any tree or plant in all the land of Egypt.
၁၅ကျိုင်း​ကောင်​များ​သည်​မြေ​တစ်​ပြင်​လုံး​ကို ဖုံး​လွှမ်း​သ​ဖြင့် မြေ​ပြင်​သည်​ကျိုင်း​ကောင်​များ ဖြင့်​မည်း​နက်​လျက်​ရှိ​၏။ ယင်း​တို့​သည်​တိုင်း ပြည်​၌​မိုး​သီး​ဒဏ်​ကြောင့်​မ​ပျက်​စီး​ဘဲ ကျန် ကြွင်း​သ​မျှ​သော​အ​ပင်​နှင့်​သစ်​သီး​တို့​ကို စား​ကြ​၏။ အီ​ဂျစ်​ပြည်​တစ်​လျှောက်​လုံး​တွင် အ​ပင်​ကြီး​ငယ်​တို့​၌​အ​ရွက်​စိမ်း​ဟူ​၍ မ​ကျန်​တော့​ချေ။
16 Pharaoh quickly summoned Moses and Aaron and said, “I have sinned against the LORD your God and against you.
၁၆ထို​အ​ခါ​ဘု​ရင်​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့ ကို အ​လျင်​အ​မြန်​ခေါ်​၍``ငါ​သည်​သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နှင့်​သင်​တို့ ကို​ပြစ်​မှား​မိ​ပါ​ပြီ။-
17 Now please forgive my sin once more and appeal to the LORD your God, that He may remove this death from me.”
၁၇ယ​ခု​တစ်​ကြိမ်​ငါ​၏​အ​ပြစ်​ကို​လွှတ်​၍ ဤ​ကပ်​ဆိုး​ကြီး​ကို​ဖယ်​ရှား​ပေး​ရန် သင်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ​ဆု တောင်း​ပတ္ထ​နာ​ပြု​ပါ​လော့'' ဟု​ဆို​လေ​၏။-
18 So Moses left Pharaoh’s presence and appealed to the LORD.
၁၈မော​ရှေ​သည်​ဘု​ရင်​ထံ​မှ​ထွက်​ခဲ့​၍ ထာ​ဝ​ရ ဘု​ရား​ထံ​ဆု​တောင်း​ပတ္ထ​နာ​ပြု​လေ​၏။-
19 And the LORD changed the wind to a very strong west wind that carried off the locusts and blew them into the Red Sea. Not a single locust remained anywhere in Egypt.
၁၉ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှေ့​လေ​ကို​အ​နောက် လေ​ပြင်း​အ​ဖြစ်​သို့​ပြောင်း​လဲ​တိုက်​ခတ်​စေ သ​ဖြင့် ကျိုင်း​ကောင်​တို့​ကို​လေ​နှင့်​ဆောင်​ယူ​ပြီး လျှင်​ပင်​လယ်​နီ​ထဲ​သို့​ကျ​စေ​၏။ အီ​ဂျစ်​ပြည် တစ်​လျှောက်​လုံး​တွင်​ကျိုင်း​ကောင်​တစ်​ကောင် မျှ​မ​ကျန်​တော့​ချေ။-
20 But the LORD hardened Pharaoh’s heart, and he would not let the Israelites go.
၂၀သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရင်​ကို ခေါင်း​မာ​စေ​သ​ဖြင့် သူ​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​သွား​ခွင့်​မ​ပြု​ဘဲ​နေ လေ​၏။
21 Then the LORD said to Moses, “Stretch out your hand toward heaven, so that darkness may spread over the land of Egypt—a palpable darkness.”
၂၁ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``အီ ဂျစ်​ပြည်​တွင်​အ​လွန်​ထူ​ထပ်​သော​အ​မှောင်​ထု ဖုံး​လွှမ်း​စေ​ရန် သင်​၏​လက်​ကို​ကောင်း​ကင်​သို့ ဆန့်​လော့'' ဟု​မိန့်​တော်​မူ​၏။-
22 So Moses stretched out his hand toward heaven, and total darkness covered all the land of Egypt for three days.
၂၂မော​ရှေ​သည်​မိ​မိ​လက်​ကို​ကောင်း​ကင်​သို့​ဆန့် သ​ဖြင့် အီ​ဂျစ်​ပြည်​တစ်​လျှောက်​လုံး​တွင်​သုံး ရက်​မျှ​မှောင်​အ​တိ​လွှမ်း​လေ​၏။-
23 No one could see anyone else, and for three days no one left his place. Yet all the Israelites had light in their dwellings.
၂၃အီ​ဂျစ်​အ​မျိုး​သား​တို့​သည်​အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက်​မ​မြင်​နိုင်​ကြ သ​ဖြင့် သုံး​ရက်​ပတ်​လုံး​မည်​သူ​မျှ​မိ​မိ နေ​အိမ်​မှ​မ​ထွက်​ချေ။ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​နေ​ထိုင်​ရာ​အ​ရပ်​၌​မူ​ကား အ​လင်း​ရောင်​ရှိ​၏။
24 Then Pharaoh summoned Moses and said, “Go, worship the LORD. Even your little ones may go with you; only your flocks and herds must stay behind.”
၂၄ထို​အ​ခါ​ဘု​ရင်​သည်​မော​ရှေ​ကို​ခေါ်​၍``ထာ​ဝ​ရ ဘု​ရား​အား​ဝတ်​ပြု​ရန်​သွား​ကြ​လော့။ သင်​တို့ ၏​အ​မျိုး​သ​မီး​များ​နှင့်​က​လေး​များ​ကို​လည်း သင်​တို့​နှင့်​အ​တူ​သွား​ကြ​စေ။ သင်​တို့​၏ သိုး၊ ဆိတ်၊ နွား​များ​ကို​သာ​ထား​ခဲ့​ကြ​လော့'' ဟု ဆို​လေ​၏။
25 But Moses replied, “You must also provide us with sacrifices and burnt offerings to present to the LORD our God.
၂၅မော​ရှေ​က``ကျွန်ုပ်​တို့​၏​ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ရန်​ယဇ်​ကောင်​များ​ရှိ​ရ​ပါ​မည်။-
26 Even our livestock must go with us; not a hoof will be left behind, for we will need some of them to worship the LORD our God, and we will not know how we are to worship the LORD until we arrive.”
၂၆ထို့​ကြောင့်​ကျွန်ုပ်​တို့​၏​တိရစ္ဆာန်​များ​ကို တစ်​ကောင် မ​ကျန်​ယူ​ဆောင်​သွား​ရ​ပါ​မည်။ ကျွန်ုပ်​တို့​သည် တိ​ရစ္ဆာန်​များ​ကို​ရွေး​၍ ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ရ​ပါ​မည်။ သို့​ရာ​တွင်​ထို​အ​ရပ်​သို့​ရောက် မှ​မည်​သည့်​အ​ကောင်​ကို​ရွေး​၍ ပူ​ဇော်​ရ​မည် ကို​သိ​နိုင်​ပါ​မည်'' ဟု​လျှောက်​လေ​၏။
27 But the LORD hardened Pharaoh’s heart, and he was unwilling to let them go.
၂၇ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရင်​အား​ခေါင်း​မာ​စေ သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​သွား ခွင့်​မ​ပြု​ဘဲ​နေ​ပြန်​၏။-
28 “Depart from me!” Pharaoh said to Moses. “Make sure you never see my face again, for on the day you see my face, you will die.”
၂၈ဘု​ရင်​က​မော​ရှေ​အား``ငါ့​ထံ​မှ​ထွက်​သွား လော့။ သင့်​မျက်​နှာ​ကို​ငါ​နောက်​တစ်​ဖန်​မ​တွေ့ လို။ အ​ကယ်​၍​တွေ့​ခဲ့​လျှင်​သင်​သေ​ရ​မည်'' ဟု​ဆို​လေ​၏။
29 “As you say,” Moses replied, “I will never see your face again.”
၂၉ထို​အ​ခါ​မော​ရှေ​က``ကိုယ်​တော်​မိန့်​တော်​မူ​သည် အ​တိုင်း ကျွန်ုပ်​သည်​ကိုယ်​တော်​ထံ​သို့​နောက်​တစ် ဖန်​မ​လာ​တော့​ပါ'' ဟု​လျှောက်​လေ​၏။

< Exodus 10 >