< Ecclesiastes 4 >

1 Again I looked, and I considered all the oppression taking place under the sun. I saw the tears of the oppressed, and they had no comforter; the power lay in the hands of their oppressors, and there was no comforter.
တဖန်တုံ ၊ နေ အောက် မှာ ပြု သမျှ သော ညှဉ်းဆဲ ခြင်း တို့ကို ငါ ထပ်၍ဆင်ခြင် ၏။ ညှဉ်းဆဲ ခြင်းကို ခံရသောသူတို့ သည် ငိုကြွေး သော်လည်း ၊ ချမ်းသာ ပေးနိုင်သော သူမ ရှိ။ ညှဉ်းဆဲ တတ်သောသူတို့ သည် တန်ခိုး ရှိသဖြင့် ချမ်းသာ ပေးနိုင်သောသူမ ရှိ။
2 So I admired the dead, who had already died, above the living, who are still alive.
သို့ဖြစ်၍ ၊ သေ လွန်ပြီး သော လူ သေသည် အသက်ရှင် သေးသော လူ ရှင်ထက် သာ၍မင်္ဂလာရှိသည် ဟု ငါ ဆို ရ၏။
3 But better than both is he who has not yet existed, who has not seen the evil that is done under the sun.
သို့ရာတွင် တခါမျှ မ ဖြစ်သေး သောသူ ၊ နေ အောက် မှာ ပြု သောဒုစရိုက် ကိုမ မြင် သေးသောသူသည် ထို နှစ်ဦး ထက် သာ၍မင်္ဂလာရှိ ၏။
4 I saw that all labor and success spring from a man’s envy of his neighbor. This too is futile and a pursuit of the wind.
တဖန် ကြိုးစား အားထုတ်ခြင်းအမှုနှင့် ၊ ကောင်းမွန် စွာ ပြီးစီးသောအမှု အလုံးစုံ တို့ကို၎င်း၊ ထိုသို့ သော အမှု တို့ကြောင့် သူတပါး ငြူစူ ကြောင်းကို၎င်းငါဆင်ခြင် ၏။ ထို အမှုအရာသည် အနတ္တ အမှု၊ လေ ကို ကျက်စား သောအမှုဖြစ်၏။
5 The fool folds his hands and consumes his own flesh.
မိုက် သောသူသည် မိမိ လက်ချင်း ပိုက် ထား၍ ၊ မိမိ အသား ကို စား တတ်၏။
6 Better one handful with tranquility than two handfuls with toil and pursuit of the wind.
ငြိမ်သက်ခြင်းနှင့် ယှဉ်လျက်၊ လက်တဆုပ် တည်းသောဥစ္စာသည် ပင်ပန်းစွာလုပ်ခြင်း၊ လေ ကို ကျက်စား ခြင်းနှင့် ယှဉ်လျက်၊ လက်နှစ်ဘက်၌ ပြည့်သော ဥစ္စာထက် သာ၍ကောင်း ၏။
7 Again, I saw futility under the sun.
တဖန် ငါ ထပ်၍ ၊ နေ အောက် မှာအနတ္တ အမှုကို ဆင်ခြင် သောအရာဟူမူကား၊
8 There is a man all alone, without even a son or brother. And though there is no end to his labor, his eyes are still not content with his wealth: “For whom do I toil and bereave my soul of enjoyment?” This too is futile—a miserable task.
လူ သည်အဘော် အဘက်၊ သားသမီး ၊ ညီအစ်ကို မ ရှိ၊ တယောက်တည်းဖြစ်သော်လည်း၊ ကြိုးစား အားထုတ်၍ မ ကုန်နိုင်။ မိမိစည်းစိမ် ကိုမြင် ၍ မ ရောင့်ရဲ နိုင်။ ငါ သည် ကိုယ်ကို ညှဉ်းဆဲ ၍ ၊ အဘယ်သူ အဘို့ ကြိုးစားအားထုတ်သနည်းဟု မမေးတတ်။ ဤ အမှုအရာသည် လည်း အနတ္တ အမှု၊ အလွန် ပင်ပန်းစေသောအမှုဖြစ်၏။
9 Two are better than one, because they have a good return for their labor.
လူသည်တယောက် တည်းထက် နှစ် ယောက် သာ၍ကောင်း ၏။ ကြိုးစား အားထုတ်လျှင် ၊ ကောင်း သော အကျိုး ကို ရ တတ်၏။
10 For if one falls down, his companion can lift him up; but pity the one who falls without another to help him up!
၁၀တယောက် လဲ လျှင် တယောက်ထူ လိမ့်မည်။ တယောက် တည်းသောသူ လဲ လျှင်မူကား အကျိုးနည်း ပြီ။ ထူ သော သူမ ရှိ။
11 Again, if two lie down together, they will keep warm; but how can one keep warm alone?
၁၁လူသည် နှစ် ယောက်အတူအိပ် လျှင် နွေး တတ် ၏။ တယောက် တည်းသောသူမူကား၊ အဘယ် သို့နွေး နိုင် သနည်း။
12 And though one may be overpowered, two can resist. Moreover, a cord of three strands is not quickly broken.
၁၂လူတယောက် သည် တယောက်ကိုနိုင် လျှင် ထို လူကိုနှစ် ယောက် ဆီးတား နိုင်၏။ သုံး လွန်းတင်သော ကြိုး သည်လည်း အလွယ် တကူမ ပြတ် တတ်။
13 Better is a poor but wise youth than an old but foolish king who no longer knows how to take a warning.
၁၃ဆုံးမ ခြင်းကို မ ခံ ၊ အသက်ကြီး ၍ မိုက် သော ရှင်ဘုရင် ထက်၊ ပညာ ရှိသောဆင်းရဲသား သူငယ် သည် သာ၍ မြတ် ၏။
14 For the youth has come from the prison to the kingship, though he was born poor in his own kingdom.
၁၄ထိုသို့သော သူငယ်သည် ထောင် ထဲကထွက်၍၊ နန်းတော် ပေါ် သို့ရောက် တတ်၏။ ထိုသို့သောရှင် ဘုရင်မူကား ၊ အဘ အရိပ်အရာနှင့် နန်းထိုင်သော်လည်း ၊ ဆင်းရဲ ခြင်းသို့ ရောက် တတ်၏။
15 I saw that all who lived and walked under the sun followed this second one, the youth who succeeded the king.
၁၅နေ အောက် မှာ ကျင်လည် သော သတ္တဝါ အပေါင်း တို့သည် မင်းအရိပ်အရာကိုခံရသောထိုဒုတိယ သူ ဘက် ၌ နေ တတ်ကြသည်ကို ငါဆင်ခြင် ၏။
16 There is no limit to all the people who were before them. Yet the successor will not be celebrated by those who come even later. This too is futile and a pursuit of the wind.
၁၆ထိုမင်းအုပ်စိုးသော သူ အပေါင်း တို့ကို ရေတွက် ၍ မကုန်နိုင်။ နောက် လာသောသူတို့သည်လည်း ၊ ထိုမင်း ကို အား မ ရဘဲနေကြလိမ့်မည်။ အကယ် စင်စစ်ထို အမှုအရာသည်လည်း အနတ္တ အမှု၊ လေ ကို ကျက်စား သောအမှုဖြစ်၏။

< Ecclesiastes 4 >