< Acts 1 >

1 In my first book, O Theophilus, I wrote about all that Jesus began to do and to teach,
အို သော်ဖိလု ၊ ယေရှု သည် ရွေးကောက် တော်မူသော တမန်တော် တို့ကို ဝိညာဉ် တော်အားဖြင့် မှာထား ပြီးမှ၊
2 until the day He was taken up to heaven, after giving instructions through the Holy Spirit to the apostles He had chosen.
အထက် သို့ဆောင်ယူခြင်းကို ခံတော်မူသောနေ့ မ ရောက်မှီကာလတွင်၊ ပြုမူ သွန်သင် တော်မူသမျှ တို့ကိုထုတ်ဘော်၍၊ အထက် ကျမ်းစာ ကို ငါ စီရင်ရေးထားပါပြီ။
3 After His suffering, He presented Himself to them with many convincing proofs that He was alive. He appeared to them over a span of forty days and spoke about the kingdom of God.
အသေခံ တော်မူပြီးလျှင် ၊ တမန်တော် တို့အား အရက် လေးဆယ် ပတ်လုံး ကိုယ်ကိုပြ ၍ ဘုရားသခင် ၏ နိုင်ငံ တော်နှင့်စပ်ဆိုင် သောအရာ တို့ကို မိန့်မြွက် တော်မူလျက် ၊ မိမိ အသက်ရှင် သည်အကြောင်းကို ခိုင်ခံ့ သော သက်သေအများ အားဖြင့် ပြ တော်မူ၏။
4 And while they were gathered together, He commanded them: “Do not leave Jerusalem, but wait for the gift the Father promised, which you have heard Me discuss.
ထိုတမန်တော် တို့ကို စုဝေး စေတော်မူပြီးလျှင် ၊ ယေရုရှလင် မြို့မှ မ ထွက် မသွားဘဲ ခမည်းတော် ၏ ဂတိ ကိုငံ့ နေမည်အကြောင်း မှာ တော်မူ၍၊ ထိုဂတိတော်ကို ငါ ဟောပြောသဖြင့် သင်တို့သည်ကြားသိ ရကြပြီ။
5 For John baptized with water, but in a few days you will be baptized with the Holy Spirit.”
ဂတိတော်အချက်ဟူမူကား၊ ယောဟန် သည်ရေ ၌ဗတ္တိဇံ ကိုပေး၏။ သင် တို့သည် မ ကြာမမြင့်မှီ သန့်ရှင်း သောဝိညာဉ် တော်၌ ဗတ္တိဇံ ကိုခံရကြလိမ့်မည် ဟုမိန့်တော်မူ၏။
6 So when they came together, they asked Him, “Lord, will You at this time restore the kingdom to Israel?”
ထိုတမန်တော် တို့သည်လည်းစုဝေး ၍ ၊ သခင် ဘုရား၊ ယခု အခါ ကိုယ်တော်သည် ဣသရေလ အမျိုးသားတို့အား နိုင်ငံ ကိုပြန်ပေး တော်မူမည်လောဟု မေး လျှောက် ကြလျှင်၊
7 Jesus replied, “It is not for you to know times or seasons that the Father has fixed by His own authority.
သခင်ဘုရားက၊ ခမည်းတော် ၏ တန်ခိုးအားဖြင့် စီရင် တော်မူသောအချိန် ကာလ ကို သိ ရသောအခွင့် သည် သင် တို့၌မ ရှိ ။
8 But you will receive power when the Holy Spirit comes upon you, and you will be My witnesses in Jerusalem, and in all Judea and Samaria, and to the ends of the earth.”
ထိုသို့မရှိသော်လည်း ၊ သင် တို့အပေါ်သို့ သန့်ရှင်း သောဝိညာဉ် တော်ဆင်းသက် သောအခါသင်တို့သည် တန်ခိုး ကိုခံရ ၍ ယေရုရှလင် မြို့မှစသော ယုဒ ပြည်၊ ရှမာရိ ပြည်၊ မြေကြီး စွန်း တိုင်အောင် ငါ ၏သက်သေ ဖြစ် ကြ လိမ့်မည် ဟု မိန့် တော်မူ၏။
9 After He had said this, they watched as He was taken up, and a cloud hid Him from their sight.
တမန်တော် တို့သည် ကြည့်ရှု လျက်နေကြစဉ်၊ သခင်ဘုရားသည် အထက် သို့ဆောင်ယူခြင်းကို ခံတော်မူ၍၊ မိုဃ်းတိမ် သည် ကိုယ်တော် ကိုမျက်ကွယ်အောင် ခံယူ လေ၏။
10 They were looking intently into the sky as He was going, when suddenly two men dressed in white stood beside them.
၁၀ထိုသို့ ကြွ တော်မူသည်ကို တမန်တော်တို့သည် ကောင်းကင် သို့ စေ့စေ့ ကြည့်မျှော်လျက် နေ ကြစဉ် တွင်၊ လူ နှစ် ယောက်တို့သည် ဖြူစင် သောအဝတ်ကို ဝတ်ဆင် လျက် တမန်တော် တို့အနားမှာပေါ်လာ ၍ ၊
11 “Men of Galilee,” they said, “why do you stand here looking into the sky? This same Jesus, who has been taken from you into heaven, will come back in the same way you have seen Him go into heaven.”
၁၁အိုဂါလိလဲ လူ တို့၊ အဘယ်ကြောင့် ကောင်းကင် သို့ ကြည့်မျှော် လျက်နေ ကြသနည်း။ သင် တို့နှင့်ခွာ၍ ကောင်းကင် သို့ ဆောင်ယူ ခြင်းကို ခံတော်မူသောထို ယေရှု သည် သင်တို့မျက်မှောက် ၌ ကောင်းကင် သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာ တော်မူလတံ့ ဟုပြောဆို ၏။
12 Then they returned to Jerusalem from the Mount of Olives, which is near the city, a Sabbath day’s journey away.
၁၂ထိုအခါ ယေရုရှလင် မြို့နှင့်ဥပုသ်နေ့ တစ်နေ့ခရီး သာကွာ ၍ သံလွင် အမည်ရှိသောတောင် မှ ယေရုရှလင် မြို့သို့ တမန်တော်တို့သည် ပြန် ကြ၏။
13 When they arrived, they went to the upper room where they were staying: Peter and John, James and Andrew, Philip and Thomas, Bartholomew and Matthew, James son of Alphaeus, Simon the Zealot, and Judas son of James.
၁၃ရောက် ကြလျှင် ၊ ပေတရု ၊ ယာကုပ် ၊ ယောဟန် ၊ အန္ဒြေ ၊ ဖိလိပ္ပု ၊ သောမ ၊ ဗာသောလမဲ ၊ မဿဲ ၊ အာလဖဲ ၏သားယာကုပ် ၊ ရှိမုန် ဇေလုတ် ၊ ယာကုပ် ညီ ယုဒ တို့သည် တည်း နေရာ အိမ်အထက် ခန်းသို့ တက် ကြ၏။
14 With one accord they all continued in prayer, along with the women and Mary the mother of Jesus, and with His brothers.
၁၄ထိုသူ အပေါင်း တို့သည် ယေရှု ၏မယ်တော် မာရိ မှစ၍ မိန်းမ တို့နှင့် ၎င်း ၊ ညီ တော်တို့နှင့်၎င်း၊ တစ် ညီတစ်ညွတ်တည်းကြိုးစား ၍ ဆုတောင်း ပဌနာပြုလျက် နေ ကြ၏။
15 In those days Peter stood up among the brothers (a gathering of about a hundred and twenty) and said,
၁၅ထို အခါ အရေအတွက်အားဖြင့်တရာ နှစ်ဆယ် သောတပည့် တော်တို့၏အလယ် ၌ ပေတရု သည်ထ ၍၊
16 “Brothers, the Scripture had to be fulfilled which the Holy Spirit foretold through the mouth of David concerning Judas, who became a guide for those who arrested Jesus.
၁၆ညီအစ်ကို တို့၊ ယေရှု ကိုဘမ်းဆီး သောသူ တို့အား လမ်းပြ သောယုဒ ရှကာရုတ်ကို ရည်မှတ် ၍ သန့်ရှင်း သောဝိညာဉ် တော်သည်ဒါဝိဒ် မင်း၏နှုတ် ဖြင့် ဗျာဒိတ် ထားတော်မူနှင့် သောကျမ်းစာ ချက်အတိုင်း မပြည့်စုံ ဘဲ မနေရ။
17 He was one of our number and shared in this ministry.”
၁၇ထိုသူ သည် ငါ တို့နှင့် ရေတွက် ဝင်ခြင်းသို့ရောက်၍ ဓမ္မဆရာ ၏အရာ ကိုခံရ ပြီ။
18 (Now with the reward for his wickedness Judas bought a field; there he fell headlong and burst open in the middle, and all his intestines spilled out.
၁၈ထိုသူ သည် မတရား သောအမှုအတွက်ဖြင့်ရ သောအခ နှင့် မြေ တစ်ကွက်ကိုဝယ် ပြီးမှ၊ မှောက် လျက်ကျလဲ၍ ဝမ်း ကွဲ သဖြင့် အ အူများပေါက် လေပြီ။
19 This became known to all who lived in Jerusalem, so they called that field in their own language Akeldama, that is, Field of Blood.)
၁၉ထိုအကြောင်းအရာကို ယေရုရှလင် မြို့၌နေ သော သူ အပေါင်း တို့သည်သိ ၍ မိမိ တို့ဘာသာ အားဖြင့်ထို မြေ ကို အကေလဒ ဟုခေါ်တွင် ကြ၏။ အနက်ကားသွေး မြေ ဟု ဆိုလို သတည်း။
20 “For it is written in the book of Psalms: ‘May his place be deserted; let there be no one to dwell in it,’ and, ‘May another take his position.’
၂၀ဆာလံ ကျမ်းစာ ၌ လာ သည်ကား၊ သူ ၏နေရာ အရပ်သည် လူဆိတ်ညံ ရာအရပ်ဖြစ် ပါစေ။ နေ သောသူ မ ရှိ ပါစေနှင့်။ သူ ၏အရာ ကိုလည်းအခြား သူရ ပါစေဟု ရေးမှတ်သတည်း။
21 Therefore it is necessary to choose one of the men who have accompanied us the whole time the Lord Jesus went in and out among us,
၂၁ထိုကြောင့် ယောဟန် သည် ဗတ္တိဇံ ကို ပေးသည်ကာလ မှစ၍ ၊
22 beginning from John’s baptism until the day Jesus was taken up from us. For one of these must become a witness with us of His resurrection.”
၂၂သခင် ယေရှု သည် ငါ တို့နှင့်ခွာ၍အထက် သို့ဆောင်ယူခြင်းကို ခံတော်မူသည့်နေ့ရက် တိုင်အောင် ၊ တပည့် တော်တို့နှင့်အတူထွက် ဝင် သွားလာတော်မူသောကာလ ပတ်လုံး ငါ တို့နှင့်ပေါင်းဖော် ၍နေသောသူ တစ်စုံတစ်ယောက် သည်၊ ထိုသခင် ထမြောက် တော်မူသည် အကြောင်းကိုဟောပြော၍ ငါ တို့နှင့်အတူ သက်သေခံ ဖြစ် ရမည် ဟု ပေတရုပြောဆို၏။
23 So they proposed two men: Joseph called Barsabbas (also known as Justus) and Matthias.
၂၃ဗာရှဗ ဟု ခေါ်ဝေါ် ၍ ယုတ္တု အမည် သစ်ကိုရသော ယောသပ် နှင့် မဿိ ကိုခန့်ထား၍ ၊
24 And they prayed, “Lord, You know everyone’s heart. Show us which of these two You have chosen
၂၄ဤသို့ဆုတောင်း ကြ၏။
25 to take up this ministry and apostleship, which Judas abandoned to go to his rightful place.”
၂၅လူအပေါင်း တို့၏ စိတ် နှလုံးကိုသိတော်မူသောသခင် ဘုရား၊ ယုဒ ရှကာရုတ်သည် မိမိ နေရာ အရပ်သို့ သွား အံ့သောငှာဓမ္မဆရာ ၏အရာ၊ တမန်တော် ၏အရာမှ ရွေ့လျော့ ဖောက်ပြန်သည်ဖြစ်၍၊ ထိုအရာကိုခံ စေခြင်းငှာဤ သူနှစ် ယောက်တို့တွင် ရွေးကောက် တော်မူသောသူ ကို ပြညွှန် တော်မူပါဟု ဆုတောင်းပြီးမှ၊
26 Then they cast lots, and the lot fell to Matthias; so he was added to the eleven apostles.
၂၆စာရေးတံ ချ ကြသဖြင့် မဿိ သည်စာရေးတံ ကိုရ ၍ ၊ တစ်ကျိပ် တစ်ပါးသောတမန်တော် တို့နှင့် ရေတွက် ဝင် ခြင်းသို့ရောက်လေ၏။

< Acts 1 >