< 2 Timothy 4 >

1 I charge you in the presence of God and of Christ Jesus, who will judge the living and the dead, and in view of His appearing and His kingdom:
ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​၌​လည်း​ကောင်း သေ​သူ​ရှင်​သူ​တို့​ကို​တ​ရား​စီ​ရင်​တော်​မူ​မည့် ခ​ရစ်​တော်​ယေ​ရှု​၏​ရှေ့​တော်​မှောက်​၌​လည်း ကောင်း ကိုယ်​တော်​သည်​အုပ်​စိုး​ရန်​ဘု​ရင်​အ​ဖြစ် ကြွ​လာ​မည်​ဖြစ်​၍​သင့်​အား​ငါ​သစ္စာ​ပေး​၏။-
2 Preach the word; be prepared in season and out of season; reprove, rebuke, and encourage with every form of patient instruction.
(အ​ချိန်​အ​ခါ​သင့်​သည်​ဖြစ်​စေ၊ မ​သင့်​သည် ဖြစ်​စေ) တ​ရား​တော်​ကို​ဟော​ပြော​ကြေ​ညာ လော့။ ကြား​နာ​သူ​တို့​အား​နား​လည်​သ​ဘော ပေါက်​စေ​လော့။ ဆုံး​မ​လော့။ အား​ပေး​တိုက်​တွန်း လော့။ စိတ်​ရှည်​စွာ​သွန်​သင်​လော့။-
3 For the time will come when men will not tolerate sound doctrine, but with itching ears they will gather around themselves teachers to suit their own desires.
လူ​တို့​သည်​မှန်​ကန်​သည့်​သြ​ဝါ​ဒ​ကို​နား​မ ထောင်​ဘဲ​ကိုယ့်​အ​လို​ဆန္ဒ​များ​ကို​လိုက်​၍ မိ​မိ တို့​ကြား​နာ​လို​သည့်​စ​ကား​များ​ပြော​ဆို​မည့် ဆ​ရာ​သ​မား​များ​ကို​ရှာ​ဖွေ​ကြ​မည့်​အ​ချိန် ကာ​လ​ရောက်​လိမ့်​မည်။-
4 So they will turn their ears away from the truth and turn aside to myths.
သူ​တို့​သည်​သမ္မာ​တ​ရား​ကို​နား​မ​ထောင်​ဘဲ​ဒဏ္ဍာ ရီ​စ​ကား​များ​ကို​သာ​နား​ထောင်​ကြ​လိမ့်​မည်။-
5 But you, be sober in all things, endure hardship, do the work of an evangelist, fulfill your ministry.
သင်​မူ​ကား​အ​ဘယ်​အ​မှု​မျိုး​နှင့်​ကြုံ​တွေ့​ရ သည်​မ​ဆို​သမ္မာ​သ​တိ​ရှိ​စေ​လော့။ ဆင်း​ရဲ​ဒုက္ခ​ခံ လော့။ သ​တင်း​ကောင်း​ကို​ကြေ​ညာ​သည့်​အ​လုပ် ကို​ဆောင်​ရွက်​လော့။ ဘု​ရား​သ​ခင်​၏​အစေ​ခံ အ​နေ​ဖြင့်​သင်​၏​တာ​ဝန်​ရှိ​သ​မျှ​ကို​ထမ်း ဆောင်​လော့။
6 For I am already being poured out like a drink offering, and the time of my departure is at hand.
ငါ​သည်​မိ​မိ​အ​သက်​ကို​ပူ​ဇော်​ရ​မည့်​အ​ချိန် ကျ​ရောက်​လာ​ပြီ။ ဤ​လော​က​မှ​ထွက်​ခွာ​ရ​မည့် အ​ချိန်​နီး​ကပ်​လာ​ပြီ။-
7 I have fought the good fight, I have finished the race, I have kept the faith.
ငါ​သည်​ပြေး​ပွဲ​တွင်​အ​စွမ်း​ကုန်​ကြိုး​စား​ခဲ့​ပြီ။ တာ​အ​ဆုံး​တိုင်​အောင်​ပြေး​ခဲ့​ပြီ။ ယုံ​ကြည်​ခြင်း တ​ရား​ကို​စောင့်​ထိန်း​ခဲ့​ပြီ။-
8 From now on there is laid up for me the crown of righteousness, which the Lord, the righteous Judge, will award to me on that day—and not only to me, but to all who crave His appearing.
ယ​ခု​အ​ခါ​၌​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ ဆက်​ဆံ​သူ​အား​ပေး​အပ်​သည့်​အောင်​ဆု​သည် ငါ့​အ​တွက်​အ​သင့်​ရှိ​နေ​ပြီ။ ဖြောင့်​မတ်​စွာ တ​ရား​စီ​ရင်​တော်​မူ​သော​တ​ရား​သူ​ကြီး တည်း​ဟူ​သော​သ​ခင်​ဘု​ရား​သည် ထို​ဆု​ကို တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌​ငါ့​အား​ပေး အပ်​တော်​မူ​လိမ့်​မည်။ ငါ့​ကို​သာ​မ​က​ဤ လော​က​သို့​နောက်​တစ်​ဖန်​ကိုယ်​တော်​ပေါ် ထွန်း​တော်​မူ​မည်​ကို​တောင့်​တ​စောင့်​မျှော်​သူ အ​ပေါင်း​တို့​အား​လည်း​ပေး​တော်​မူ​လိမ့်​မည်။
9 Make every effort to come to me quickly,
ငါ့​ထံ​သို့​အ​မြန်​လာ​ရန်​အ​စွမ်း​ကုန်​ကြိုး​စား​လော့။-
10 because Demas, in his love of this world, has deserted me and gone to Thessalonica. Crescens has gone to Galatia, and Titus to Dalmatia. (aiōn g165)
၁၀ဒေ​မ​သည်​ဤ​လော​က​ကို​စွဲ​လမ်း​သ​ဖြင့်​ငါ့​ကို စွန့်​ခွာ​၍​သက်​သာ​လော​နိတ်​မြို့​သို့​ထွက်​ခွာ​သွား လေ​သည်။ က​ရက္ကေ​သည်​ဂ​လာ​တိ​ပြည်​သို့​လည်း ကောင်း၊ တိ​တု​သည်​ဒါ​လ​မာ​တိ​ပြည်​သို့​လည်း ကောင်း​သွား​ပြီ။- (aiōn g165)
11 Only Luke is with me. Get Mark and bring him with you, because he is useful to me in the ministry.
၁၁လု​ကာ​တစ်​ဦး​တည်း​သာ​လျှင်​ငါ​နှင့်​အ​တူ​ရှိ တော့​၏။ မာ​ကု​ကို​ရှာ​၍​သင်​နှင့်​အ​တူ​ခေါ်​ခဲ့ လော့။ သူ​သည်​ငါ​၏​လုပ်​ငန်း​တွင်​ကူ​ညီ​နိုင်​သူ ဖြစ်​ပေ​သည်။-
12 Tychicus, however, I have sent to Ephesus.
၁၂ငါ​သည်​တု​ခိတ်​ကို​ဧ​ဖက်​မြို့​သို့​စေ​လွှတ်​လိုက်​၏။-
13 When you come, bring the cloak that I left with Carpus at Troas, and my scrolls, especially the parchments.
၁၃သင်​လာ​သော​အ​ခါ​တ​ရော​မြို့​တွင်​ကာ​ပု​လက်​၌ ငါ​အပ်​ထား​ခဲ့​သည့်​ဝတ်​လုံ​နှင့်​စာ​စောင်​များ၊ အ​ထူး​သ​ဖြင့်​သား​ရေ​စာ​စောင်​များ​ကို​ယူ​ခဲ့ လော့။
14 Alexander the coppersmith did great harm to me. The Lord will repay him according to his deeds.
၁၄ကြေး​ပန်း​ထိမ်​ဆ​ရာ​အာ​လေ​ဇန္ဒြု​သည်​ငါ့​အား များ​စွာ​မ​ကောင်း​ကျိုး​ပေး​ခဲ့​၏။ သူ​ပြု​သည့်​အ​မှု အ​တွက်​သ​ခင်​ဘု​ရား​သည်​သူ့​အား​အ​ပြစ်​ဒဏ် စီ​ရင်​တော်​မူ​လိမ့်​မည်။-
15 You too should beware of him, for he has vigorously opposed our message.
၁၅သင်​ကိုယ်​တိုင်​သူ့​ကို​သ​တိ​ပြု​လော့။ သူ​သည်​ငါ​တို့ ဟော​ပြော​သော​တ​ရား​တော်​ကို​ပြင်း​ပြင်း​ထန်​ထန် ဆန့်​ကျင်​ပြော​ဆို​သူ​ဖြစ်​သည်။
16 At my first defense, no one stood with me, but everyone deserted me. May it not be charged against them.
၁၆ငါ​၏​အ​မှု​ကို​ပ​ထ​မ​အ​ကြိမ်​စစ်​ဆေး​ရာ​တွင် ငါ့ ကို​ထောက်​ခံ​ရန်​အ​ဘယ်​သူ​မျှ​မ​လာ​ကြ။ လူ​တိုင်း ပင်​ငါ့​ကို​စွန့်​ပစ်​သွား​ကြ​၏။ ထို​သူ​တို့​ဤ​သို့​ပြု ကြ​သည်​ကို​သ​ခင်​ဘု​ရား​သည်​သူ​တို့​၏​အ​ပြစ် ကို​မှတ်​တော်​မ​မူ​ပါ​စေ​နှင့်။-
17 But the Lord stood by me and strengthened me, so that through me the message would be fully proclaimed, and all the Gentiles would hear it. So I was delivered from the mouth of the lion.
၁၇သ​ခင်​ဘု​ရား​သည်​ငါ​နှင့်​အ​တူ​ရှိ​တော်​မူ​၍​ငါ့​ကို ခွန်​အား​ပေး​တော်​မူ​သ​ဖြင့် ငါ​သည်​လူ​မျိုး​ခြား အ​ပေါင်း​တို့​အား​တ​ရား​တော်​ကို​အ​ကုန်​အ​စင် ဟော​ပြော​နိုင်​၏။ ကိုယ်​တော်​ကယ်​တော်​မူ​သ​ဖြင့် ငါ​သည်​သေ​ဒဏ်​ခံ​ရ​ခြင်း​မှ​ကင်း​လွတ်​ခွင့်​ကို လည်း​ရ​ရှိ​၏။-
18 And the Lord will rescue me from every evil action and bring me safely into His heavenly kingdom. To Him be the glory forever and ever. Amen. (aiōn g165)
၁၈သ​ခင်​ဘု​ရား​သည်​ငါ့​အား​ဘေး​အန္တ​ရာယ် အ​ပေါင်း​တို့​မှ​ကယ်​နုတ်​တော်​မူ​၍​မိ​မိ​၏ ကောင်း​ကင်​နိုင်​ငံ​တော်​သို့​လုံ​ခြုံ​စွာ​ပို့​ဆောင် တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​ကမ္ဘာ​အ​ဆက် ဆက်​ဘုန်း​အ​သ​ရေ​ထွန်း​တောက်​တော်​မူ​ပါ စေ​သ​တည်း။ အာ​မင်။ (aiōn g165)
19 Greet Prisca and Aquila, as well as the household of Onesiphorus.
၁၉ပြစ်​ကိ​လ​နှင့်​အာ​ကု​လ​မှ​စ​၍​သြ​နေ​သိ​ဖော် ၏​အိမ်​ထောင်​စု​အား​နှုတ်​ဆက်​လိုက်​၏။-
20 Erastus has remained at Corinth, and Trophimus I left sick in Miletus.
၂၀ဧ​ရတ္တု​သည်​ကော​ရိန္သု​မြို့​တွင်​နေ​ရစ်​၏။ တ​ရော​ဖိမ် သည်​ဖျား​နာ​နေ​သ​ဖြင့်​သူ့​အား​မိ​လက်​မြို့​တွင် ငါ​ထား​ခဲ့​၏။-
21 Make every effort to come to me before winter. Eubulus sends you greetings, as do Pudens, Linus, Claudia, and all the brothers.
၂၁ဆောင်း​ဥ​တု​မ​ကျ​မီ​သင်​လာ​နိုင်​ရန်​အ​စွမ်း​ကုန် ကြိုး​စား​လော့။ ဥ​ဗု​လု၊ ပု​ဒေ၊ လိ​နု၊ က​လော​ဒိ​မှ​စ​၍​ခ​ရစ်​ယာန် ညီ​အစ်​ကို​အ​ပေါင်း​တို့​က​နှုတ်​ဆက်​လိုက်​ကြ​၏။
22 The Lord be with your spirit. Grace be with you all.
၂၂သ​ခင်​ဘု​ရား​သည်​သင်​နှင့်​အ​တူ​ရှိ​တော်​မူ ပါ​စေ​သော။ သင်​တို့​အ​ပေါင်း​သည်​ဘု​ရား​သ​ခင် ၏​ကျေးဇူး​တော်​ကို​ခံ​စား​ရ​ကြ​ပါ​စေ​သော။ တိ​မော​သေ​သြ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင်​ပြီး​၏။

< 2 Timothy 4 >