< 2 Samuel 13 >

1 After some time, David’s son Amnon fell in love with Tamar, the beautiful sister of David’s son Absalom.
ဒါဝိဒ် ၏သား အဗရှလုံ ၌ တာမာ အမည် ရှိသောအဆင်း လှသော နှမ တယောက်ရှိ ၏။ ဒါဝိဒ် ၏သား အာမနုန် သည် ထိုနှမ ကို ချစ် လေ၏။
2 Amnon was sick with frustration over his sister Tamar, for she was a virgin, and it seemed implausible for him to do anything to her.
ချစ်အားကြီးသောကြောင့်နာ ၍နေ၏။ နှမတော်သည် အပျို ကညာဖြစ်၏။ သူ ၌ အဘယ်သို့အလို ပြည့်စုံမည်ကို အာမနုန် သည် ကြံ၍မရနိုင်။
3 Now Amnon had a friend named Jonadab, the son of David’s brother Shimeah. Jonadab was a very shrewd man,
ဒါဝိဒ် အစ်ကို ရှိမာ သား ယောနဒပ် သည် အာမနုန် ၏ အဆွေ ခင်ပွန်းဖြစ်၏။ ထိုယောနဒပ် သည် လိမ္မာ သောသူဖြစ်၏။
4 so he asked Amnon, “Why are you, the son of the king, so depressed morning after morning? Won’t you tell me?” Amnon replied, “I am in love with Tamar, my brother Absalom’s sister.”
ကိုယ်တော် သည် ရှင်ဘုရင် ၏ သား တော်ဖြစ်လျက် အဘယ်ကြောင့် တနေ့ထက်တနေ့ပိန်ချုံး တော်မူသနည်း။ ကျွန်တော် ကို မ ပြော ချင်သလော ဟုမေး လျှင် ၊ အာမနုန် က၊ ငါ့ ညီ အဗရှလုံ ၏ နှမ တာမာ ကို တပ်သောစိတ် ရှိသည်ဟု ပြန်ပြော ၏။
5 Jonadab told him, “Lie down on your bed and pretend you are ill. When your father comes to see you, say to him, ‘Please let my sister Tamar come and give me something to eat. Let her prepare it in my sight so I may watch her and eat it from her hand.’”
ယောနဒပ် ကလည်း ၊ ခုတင် ပေါ် မှာ တုံးလုံး နေ၍ နာ ဟန်ဆောင်ပါ။ ခမည်းတော် သည် အကြည့်အရှု ကြွလာ တော်မူသောအခါ ၊ အကျွန်ုပ် နှမ တာမာ လာ ၍ ကျွေးမွေး ပါစေ။ သူချက်သော စားစရာကို အကျွန်ုပ်သည် မြင် ၍ သူ လက် ၌ စား ရမည်အကြောင်း၊ အကျွန်ုပ် ရှေ့ မှာ ချက် ပါစေဟု အခွင့်တောင်း ရမည်ဟု အကြံပေးသည် အတိုင်း၊
6 So Amnon lay down and feigned illness. When the king came to see him, Amnon said, “Please let my sister Tamar come and make a couple of cakes in my sight, so that I may eat from her hand.”
အာမနုန် သည် တုံးလုံး နေ၍ နာ ဟန်ပြု၏။ ရှင် ဘုရင်သည် အကြည့်အရှု ကြွလာ တော်မူသောအခါ ၊ အာမနုန် က၊ အကျွန်ုပ် နှမ တာမာ လာ ပါစေ။ သူ လက် ၌ အကျွန်ုပ်သည် စား ရမည်အကြောင်း ၊ အကျွန်ုပ် ရှေ့ မှာ မုန့်ပြား နှစ် ပြားကို လုပ် ပါစေဟု ရှင်ဘုရင် အား အခွင့်တောင်း လေ၏။
7 Then David sent word to Tamar at the palace: “Please go to the house of Amnon your brother and prepare a meal for him.”
ဒါဝိဒ် သည်လည်း တာမာ အိမ် သို့ လူကို စေလွှတ်၍၊ သင် ၏မောင် အာမနုန် အိမ် သို့ သွား ပြီးလျှင် စားစရာ ကို ချက် ပေးပါဟု မှာလိုက် သည်အတိုင်း၊
8 So Tamar went to the house of her brother Amnon, who was lying down. She took some dough, kneaded it, made cakes in his sight, and baked them.
တာမာ သည် မောင် အာမနုန် အိမ် သို့ သွား ၍ အာမနုန်သည် တုံးလုံး နေ၏။ တာမာသည် မုန့်ညက် ကို ယူ ၍ နယ် ပြီးမှ ၊ မောင်ရှေ့ မှာ မုန့်ပြား တို့ကို လုပ် ၍ ဖုတ် လေ၏။
9 Then she brought the pan and set it down before him, but he refused to eat. “Send everyone away!” said Amnon. And everyone went out.
ပုကန်ပြား ကိုလည်း ယူ ၍ အာမနုန်ရှေ့ မှာ လောင်း ထားသော်လည်း သူသည်မ စားဘဲ လူ အပေါင်း တို့ကို ငါ့ ထံမှ ထွက်သွား စေဟုဆို သဖြင့် ၊ လူ အပေါင်း တို့သည် ထွက်သွား ကြ၏။
10 Then Amnon said to Tamar, “Bring the food into the bedroom, so that I may eat it from your hand.” Tamar took the cakes she had made and went to her brother Amnon’s bedroom.
၁၀တာမာ အား လည်း ၊ သင့် လက် ၌ ငါစား ရအောင် အခန်း ထဲသို့ ယူ ခဲ့လော့ဟုဆို သည်အတိုင်း ၊ တာမာ သည် မိမိလုပ် သော မုန့်ပြား တို့ကို ယူ ၍ မောင် အာမနုန် ရှိရာအခန်း ထဲသို့ ဝင် လေ၏။
11 And when she had brought them to him to eat, he took hold of her and said, “Come lie with me, my sister!”
၁၁ထိုသို့အာမနုန်စားစရာဘို့ ယူ ခဲ့သောအခါ ၊ သူသည် နှမလက်ကို ဆွဲ ၍၊ ငါ့ နှမ ၊ ငါ နှင့် အိပ် ပါဟု ဆို ၏။
12 “No, my brother!” she cried. “Do not humiliate me, for such a thing should never be done in Israel. Do not do this disgraceful thing!
၁၂တာမာကလည်းမ ပြုပါနှင့် ငါ့ မောင်။ ငါ့ ကိုမ ရှုတ်ချ ပါနှင့်။ ဣသရေလ အမျိုး၌ ဤသို့ သောအမှုကို မ ပြု သင့်၊ ဤ အမှု ဆိုးကို မ ပြု ပါနှင့်။
13 Where could I ever take my shame? And you would be like one of the fools in Israel! Please speak to the king, for he will not withhold me from you.”
၁၃ပြုလျှင်ငါ သည် ရှက် ခြင်းနှင့် အဘယ် သို့ကင်းလွတ် မည်နည်း။ သင် သည်လည်း ဣသရေလ အမျိုး၌ လူမိုက် ကဲ့သို့ ဖြစ် လိမ့်မည်။ သို့ဖြစ်၍ ရှင်ဘုရင် ကို လျှောက် ပါလော့။ လျှောက်လျှင်မ ပေးစားဘဲ နေတော် မ မူပါဟု ပြောဆို သော်လည်း၊
14 But Amnon refused to listen to her, and being stronger, he violated her and lay with her.
၁၄အာမနုန်သည် နား မ ထောင်။ နှမ ထက် အားကြီး သဖြင့် အနိုင် ပြု၍ အိပ် လေ၏။
15 Then Amnon hated Tamar with such intensity that his hatred was greater than the love he previously had. “Get up!” he said to her. “Be gone!”
၁၅တဖန် အာမနုန် သည် နှမကိုအလွန် မုန်း ပြန်၏။ အရင်ချစ် အားကြီး သည်ထက် မုန်း အားသာ၍ကြီး သဖြင့် ၊ သင်ထ ၍သွား တော့ဟုဆို ၏။
16 “No,” she replied, “sending me away is worse than this great wrong you have already done to me!” But he refused to listen to her.
၁၆နှမကလည်း အကြောင်း မ ရှိပါ။ ငါ ၌ ပြု ဘူးသော အပြစ်ထက် ယခု နှင်ထုတ် သော အပြစ် သာ၍ကြီး သည် ဟု ဆို သော်လည်း ၊ အာမနုန်သည် နား မ ထောင်။
17 Instead, he called to his attendant and said, “Throw this woman out and bolt the door behind her!”
၁၇အစေခံ ကျွန် တယောက်ကို ခေါ် ၍ ဤ မိန်းမကို နှင်ထုတ် လော့။ သူ နောက် မှာ တံခါးကျင် ထိုးလော့ဟု စီရင် ၏။
18 So Amnon’s attendant threw her out and bolted the door behind her. Now Tamar was wearing a robe of many colors, because this is what the king’s virgin daughters wore.
၁၈အပျို ကညာဖြစ်သော ရှင်ဘုရင် ၏ သမီး တော် ဝတ် တတ်သည်အတိုင်း၊ အဆင်း အရောင်ထူးခြားသော အဝတ် ကိုဝတ်လျက်ရှိသောတာမာကို အစေခံ ကျွန်သည် နှင်ထုတ် ၍ သူ နောက် မှာ တံခါးကျင် ထိုးလေ၏။
19 And Tamar put ashes on her head and tore her robe. And putting her hand on her head, she went away crying bitterly.
၁၉တာမာ သည်လည်း ခေါင်း ပေါ် မှာ ပြာ ကိုတင် ၍ အဆင်း အရောင်ထူးခြားသော အဝတ် ကိုဆုတ် ပြီးမှ ၊ ခေါင်း ပေါ် ၌ လက် တင် ၍ ငိုကြွေး လျက် ပြန် သွား၏။
20 Her brother Absalom said to her, “Has your brother Amnon been with you? Be quiet for now, my sister. He is your brother. Do not take this thing to heart.” So Tamar lived as a desolate woman in the house of her brother Absalom.
၂၀မောင်ရင်း အဗရှလုံ ကလည်း ၊ ငါ့အစ်ကို အာမနုန် သည် သင် နှင့်အတူ ရှိ ပြီလော။ သို့သော်လည်း ငါ့ နှမ တိတ်ဆိတ် စွာ နေလော့။ သူ သည် သင် ၏မောင် ဖြစ်၏။ ဤ အမှု ကို မ မှတ် နှင့်ဟုဆို သော်၊ တာမာ သည် မိမိ မောင် အဗရှလုံ အိမ် ၌ ဆိတ်ညံ စွာနေ၏။
21 When King David heard all this, he was furious.
၂၁ဒါဝိဒ် မင်းကြီး သည် ထို အမှု အလုံးစုံ ကို ကြားသိ သောအခါ ၊ အလွန် အမျက် ထွက်၏။
22 And Absalom never said a word to Amnon, either good or bad, because he hated Amnon for disgracing his sister Tamar.
၂၂အဗရှလုံ သည် အစ်ကိုအာမနုန် အား ကောင်း သောစကား၊ မကောင်း သောစကားကိုမ ပြော။ သို့ရာတွင်နှမ တာမာ ကို ရှုတ်ချ သောကြောင့် အငြိုး ထား၏။
23 Two years later, when Absalom’s sheepshearers were at Baal-hazor near Ephraim, he invited all the sons of the king.
၂၃ထိုနောက် နှစ် နှစ်စေ့သောအခါ အဗရှလုံ သည် ဧဖရိမ် မြို့အနား ၊ ဗာလဟာဇော် ရွာမှာ သိုးမွေး ညှပ်ပွဲကို ခံ၍ ရှင်ဘုရင် ၏သား တော်အပေါင်း တို့ကို ခေါ်ဘိတ် လေ၏။
24 And he went to the king and said, “Your servant has just hired shearers. Will the king and his servants please come with me?”
၂၄အဗရှလုံ သည်လည်း ရှင်ဘုရင် ထံ တော်သို့သွား ၍ ၊ ကိုယ်တော် ကျွန် သည် သိုးမွေး ညှပ်ပွဲကို ခံပါ၏။ ကျွန် များ တို့ကို ခေါ်၍ကိုယ်တော် ကျွန် နှင့်အတူ ကိုယ်တော်တိုင် ကြွ တော်မူပါဟု လျှောက်လျှင်၊
25 “No, my son,” the king replied, “we should not all go, or we would be a burden to you.” Although Absalom urged him, he was not willing to go, but gave him his blessing.
၂၅ရှင် ဘုရင်ကမ သွား သင့်ငါ့ သား ၊ လူအပေါင်း တို့ကို မသွားစေနှင့်။ စရိတ်များမည်ကို စိုးရိမ်စရာရှိသည်ဟု ဆို သဖြင့် ၊ အဗရှလုံသွေးဆောင် သော်လည်း ကိုယ်တော်တိုင် မ လိုက် ဘဲ ကောင်းကြီး ပေး၏။
26 “If not,” said Absalom, “please let my brother Amnon go with us.” “Why should he go with you?” the king asked.
၂၆အဗရှလုံ ကလည်း ၊ လိုက်တော်မ မူလျှင် ၊ နောင်တော် အာမနုန် လိုက် ရသောအခွင့်ကိုပေး တော်မူပါဟု လျှောက် ပြန်သော် ၊ ရှင် ဘုရင်က အဘယ်ကြောင့် လိုက် စေရမည်နည်းဟု ဆို သော်လည်း၊
27 But Absalom urged him, so the king sent Amnon and the rest of his sons.
၂၇အဗရှလုံ ပူဆာ သောကြောင့် အာမနုန် မှစ၍ သား တော်ရှိသမျှ လိုက်ရသောအခွင့်ကိုပေး တော်မူ၏။
28 Now Absalom had ordered his young men, “Watch Amnon until his heart is merry with wine, and when I order you to strike Amnon down, you are to kill him. Do not be afraid. Have I not commanded you? Be courageous and valiant!”
၂၈အဗရှလုံ ကလည်း ၊ အာမနုန် သည် စပျစ်ရည် ကို သောက်၍ ရွှင်လန်း သောအခါ စောင့်နေကြ။ အာမနုန် ကို ထိုး ခုတ်ကြဟု ငါဆို သောအခါ ၊ သေ အောင်လုပ်ကြံကြ။ မ စိုးရိမ် ကြနှင့်။ ငါ စီရင် သည်မ ဟုတ်လော။ အားယူ ၍ ရဲရင့် ခြင်းရှိ ကြလော့ဟု မိမိ ကျွန် တို့အား မှာ ထားနှင့်သည် အတိုင်း၊
29 So Absalom’s young men did to Amnon just as Absalom had ordered. Then all the other sons of the king got up, and each one fled on his mule.
၂၉သူတို့သည် အာမနုန် ကို ပြု ကြ၏။ ထိုအခါ ရှင်ဘုရင် ၏ သား တော်အပေါင်း တို့သည် ထ ၍ လား ကို စီး လျက် ပြေး သွားကြ၏။
30 While they were on the way, a report reached David: “Absalom has struck down all the sons of the king; not one of them is left!”
၃၀သူ တို့မရောက်မှီအခြားသူလာ ၍၊ အဗရှလုံ သည် အရှင်မင်းကြီး ၏သား တော်အပေါင်း တို့ကိုသတ် ပါပြီ။ တယောက် မျှမ ကျန်ကြွင်း ပါဟု နားတော်လျှောက် လေ၏။
31 Then the king stood up, tore his clothes, and lay down on the ground; and all his servants stood by with their clothes torn.
၃၁ရှင် ဘုရင်သည်ထ ၍ အဝတ် တော်ကို ဆုတ် လျက် မြေ ပေါ် မှာ တုံးလုံး နေ၏။ ကျွန် တော်အပေါင်း တို့ သည်လည်း၊ မိမိတို့အဝတ် ကို ဆုတ် လျက် အနား တော်၌ နေကြ၏။
32 But Jonadab, the son of David’s brother Shimeah, spoke up: “My lord must not think they have killed all the sons of the king, for only Amnon is dead. In fact, Absalom has planned this since the day Amnon violated his sister Tamar.
၃၂ဒါဝိဒ် အစ်ကို ရှိမာ ၏ သား ယောနဒပ် က၊ အရှင်မင်းကြီး ၏ သား တော်အပေါင်း တို့ကိုသတ် လေပြီဟူသောစကားကို ယုံ တော်မ မူပါနှင့်။ အာမနုန် တယောက်တည်းသာ သေ ပါပြီ။ အဗရှလုံနှမ တာမာ ကို အာမနုန်သည် ရှုတ်ချ သောနေ့ မှစ၍ ဤအမှုကိုသူ၏ မောင်စီရင် ပါပြီ။
33 So now, my lord the king, do not take to heart the report that all the sons of the king are dead. Only Amnon is dead.”
၃၃ယခု မှာ ကျွန်တော် သခင် အရှင်မင်းကြီး ၏ သား တော်အပေါင်း တို့သည် သေ ကြပြီဟုထင်လျက် စိတ် ညှိုးငယ်တော် မ မူပါနှင့်။ အာမနုန် တယောက်တည်းသာ သေ ၍ အဗရှလုံ လည်း ပြေး ပါလိမ့်မည်ဟု လျှောက် လေ ၏။
34 Meanwhile, Absalom had fled. When the young man standing watch looked up, he saw many people coming down the road west of him, along the side of the hill. And the watchman went and reported to the king, “I see men coming from the direction of Horonaim, along the side of the hill.”
၃၄ထိုအခါ ကင်းစောင့် လုလင် သည် မြော် ကြည့် ၍ ၊ မိမိ နောက် ၌ တောင် ခြေရင်း လမ်း မှာ လူ များ လာ သည်ကို မြင် ၏။
35 So Jonadab said to the king, “Look, the sons of the king have arrived! It is just as your servant said.”
၃၅ယောနဒပ် ကလည်း ၊ အရှင်မင်းကြီး ၏သား တော်တို့သည် လာ ကြပါပြီ။ ကိုယ်တော် ကျွန် ပြောသောစကား မှန် ပါ၏ဟု လျှောက် သည် အဆုံး ၌၊
36 And as he finished speaking, the sons of the king came in, wailing loudly. Then the king and all his servants also wept very bitterly.
၃၆ရှင်ဘုရင် ၏သား တော်တို့သည် ရောက် လာ၍ အသံ ကိုလွှင့် လျက် ငိုကြွေး ကြ၏။ ရှင်ဘုရင် နှင့် ကျွန် တော်အပေါင်း တို့သည် ပြင်းစွာ ငိုကြွေး ကြ၏။
37 Now Absalom fled and went to Talmai son of Ammihud, the king of Geshur. But David mourned for his son every day.
၃၇အဗရှလုံ သည် ပြေး ၍ ဂေရှုရ မင်းကြီး အမိဟုဒ် သား တာလမဲ ထံသို့ သွား ၏။ ဒါဝိဒ်သည် မိမိ သား ကြောင့် နေ့ တိုင်းငိုကြွေး မြည်တမ်းလေ၏။
38 After Absalom had fled and gone to Geshur, he stayed there three years.
၃၈အဗရှလုံ သည် ဂေရှုရ မြို့သို့ ပြေး ပြီးမှ သုံး နှစ် နေ ၏။
39 And King David longed to go to Absalom, for he had been consoled over Amnon’s death.
၃၉တဖန် ဒါဝိဒ် မင်းကြီး သည် အာမနုန် သေ သောကြောင့် ၊ ထိုသူကို အောက်မေ့ သောစိတ်အားလျော့ သဖြင့် အဗရှလုံ ကို လွမ်းဆွတ် လျက်နေ၏။

< 2 Samuel 13 >