< 2 Kings 19 >

1 On hearing this report, King Hezekiah tore his clothes, put on sackcloth, and entered the house of the LORD.
ထိုစကားကို ဟေဇကိ မင်းကြီး သည် ကြား လျှင် ၊ မိမိ အဝတ် ကို ဆုတ် ၍ လျှော်တေ အဝတ်ကို ခြုံ လျက် ဗိမာန် တော်သို့သွား လေ၏
2 And he sent Eliakim the palace administrator, Shebna the scribe, and the leading priests, all wearing sackcloth, to the prophet Isaiah son of Amoz
လျှော်တေ အဝတ်ကို ဝတ် လျက်ရှိသောနန်းတော် အုပ် ဧလျာကိမ် ၊ စာရေး တော်ကြီးရှေဗန ၊ အသက်ကြီး သော ယဇ် ပုရောဟိတ်တို့ကို အာမုတ် သား ပရောဖက် ဟေရှာယ ထံသို့ စေလွှတ် လေ၏
3 to tell him, “This is what Hezekiah says: Today is a day of distress, rebuke, and disgrace; for children have come to the point of birth, but there is no strength to deliver them.
ဟေဇကိ မင်းမှာ ထားသော စကားဟူမူကား ၊ ယနေ့ သည် ဒုက္ခ နေ့၊ ဆုံးမ သောနေ့ ၊ ကဲ့ရဲ့ ခြင်းကိုခံရသောနေ့ ဖြစ်၏။ သားဘွား ချိန်ရောက် ၍ သား ကို ဘွား နိုင် အောင် ခွန်အား မ ရှိ
4 Perhaps the LORD your God will hear all the words of the Rabshakeh, whom his master the king of Assyria has sent to defy the living God, and He will rebuke him for the words that the LORD your God has heard. Therefore lift up a prayer for the remnant that still survives.”
အသက်ရှင် တော်မူသောဘုရား သခင်ကို ကဲ့ရဲ့ စေခြင်းငှါ အာရှုရိ ရှင်ဘုရင် စေလွှတ် သော မိမိကျွန်ရာဗရှာခ စကား ကို သင် ၏ဘုရား သခင်ထာဝရဘုရား ကြား တော်မူပါစေသော။ သင် ၏ဘုရား သခင်ထာဝရဘုရား သည် ကိုယ်တော်တိုင်ကြား သော စကား ကို ချေတော်မူပါစေသော။ သင်သည်လည်းကျန်ကြွင်း သော လူတို့အဘို့ ဆုတောင်း ပဌနာပြုပါဟု ပြောစေခြင်းငှါ၊”
5 So the servants of King Hezekiah went to Isaiah,
ဟေဇကိ မင်း စေလွှတ်သော ကျွန် တို့သည် ဟေရှာယ ထံသို့ ရောက် လာကြ၏
6 who replied, “Tell your master that this is what the LORD says: ‘Do not be afraid of the words you have heard, with which the servants of the king of Assyria have blasphemed Me.
ဟေရှာယ ကလည်း၊ ထာဝရဘုရား မိန့် တော်မူသည် ကား ၊ အာရှုရိ ရှင်ဘုရင် ၏ ကျွန် တို့သည် ငါ့ ကိုကဲ့ရဲ့ ၍ သင်သည်ကြား ရသော စကား ကြောင့် မ ကြောက် နှင့်
7 Behold, I will put a spirit in him so that he will hear a rumor and return to his own land, where I will cause him to fall by the sword.’”
ထိုမင်း ၌ အခြားသောစိတ် သဘောကို ငါ သွင်း ပေးမည်။ သူသည် သိတင်း ကြား ၍ မိမိ ပြည် သို့ ပြန် သွား လိမ့်မည်။ ထို ပြည် ၌ ထား ဖြင့် ငါဆုံး စေမည်ဟူသောစကားတော်ကို သင် တို့၏ သခင် အား ပြန်ကြား ကြလော့ဟုပြော ဆို၏
8 When the Rabshakeh heard that the king of Assyria had left Lachish, he withdrew and found the king fighting against Libnah.
ထိုအခါ အာရှိုရိ ရှင် ဘုရင်သည် လာခိရှ မြို့မှ ထွက်သွား ကြောင်း ကို ရာဗရှာခ ကြား လျှင် ပြန် သွား၍ လိဗန မြို့ကို ရှင်ဘုရင်တိုက် နေသည်ကို တွေ့ လေ၏
9 Now Sennacherib had been warned about Tirhakah king of Cush: “Look, he has set out to fight against you.” So Sennacherib again sent messengers to Hezekiah, saying,
နောက်တဖန်ကုရှ မင်းကြီး တိရက္က သည် စစ်ချီ ၍ လာ ပြီဟု သိတင်းကြား သောအခါ ၊ ဟေဇကိ မင်းထံသို့ တမန် တို့ကို စေလွှတ် ပြန်၍၊ “
10 “Give this message to Hezekiah king of Judah: ‘Do not let your God, in whom you trust, deceive you by saying that Jerusalem will not be delivered into the hand of the king of Assyria.
၁၀သင် တို့သည် ယုဒ မင်းကြီး ဟေဇကိ ကို ပြော ရ သော စကားဟူမူကား ၊ သင် ကိုးစား သော ဘုရားသခင် က၊ ယေရုရှလင် မြို့သည် အာရှုရိ ရှင်ဘုရင် လက် သို့ မ ရောက် ရဟူ၍သင့် ကို မ လှည့်စား စေနှင့်
11 Surely you have heard what the kings of Assyria have done to all the other countries, devoting them to destruction. Will you then be spared?
၁၁အာရှုရိ ရှင် ဘုရင်တို့သည် ခပ်သိမ်း သော ပြည် တို့ကို လုပ်ကြံ ၍ ရှင်းရှင်းဖျက်ဆီးကြောင်း ကို သင် သည် ကြား ရပြီ။ ကိုယ်တိုင်လွတ် လိမ့်မည်လော
12 Did the gods of the nations destroyed by my fathers rescue those nations—the gods of Gozan, Haran, and Rezeph, and of the people of Eden in Telassar?
၁၂ငါ့ ဘိုးဘေး တို့သည် ဖျက်ဆီး သော အမျိုးသား ၊ ဂေါဇန် အမျိုးသား၊ ခါရန် အမျိုးသား၊ ရေဇပ် အမျိုးသား၊ တေလသာ မြို့၌ ရှိသောဧဒင် အမျိုးသား တို့ကို သူ တို့၏ ဘုရား များတို့သည် ကယ်ယူ ကြပြီလော။
13 Where are the kings of Hamath, Arpad, Sepharvaim, Hena, and Ivvah?’”
၁၃ဟာမတ် မင်းကြီး ၊ အာပဒ် မင်းကြီး နှင့် သေဖရဝိမ် မြို့၊ ဟေန မြို့၊ ဣဝါ မြို့ကိုစိုးစံသော မင်းကြီးတို့သည် အဘယ်မှာရှိကြသနည်းဟု မှာလိုက်လေ၏
14 So Hezekiah received the letter from the messengers, read it, and went up to the house of the LORD and spread it out before the LORD.
၁၄ထိုမှာစာ ကို ဟေဇကိ မင်းသည် သံတမန် လက် မှ ခံ ယူ၍ ကြည့် ပြီးလျှင် ဗိမာန် တော်သို့သွား ၍ ထာဝရဘုရား ရှေ့ တော်၌ ဖြန့် ထားလေ၏
15 And Hezekiah prayed before the LORD: “O LORD, God of Israel, enthroned between the cherubim, You alone are God over all the kingdoms of the earth. You made the heavens and the earth.
၁၅ထိုအခါ ဟေဇကိ မင်းသည် ထာဝရဘုရား ရှေ့ တော်၌ လျှောက် ဆိုသည်ကား၊ ခေရုဗိမ် ပေါ်မှာ ထိုင် တော်မူသောဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော် သည် ဘုရား သခင်ဖြစ်တော်မူ ၏။ ကိုယ်တော်တပါးတည်းသာလျှင်မြေကြီး ပေါ် မှာ ရှိသမျှ သော အတိုင်းတိုင်း အပြည်ပြည်တို့၏ ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော် သည် ကောင်းကင် နှင့် မြေကြီး ကို ဖန်ဆင်း တော်မူ၏
16 Incline Your ear, O LORD, and hear; open Your eyes, O LORD, and see. Listen to the words that Sennacherib has sent to defy the living God.
၁၆အိုထာဝရဘုရား ၊ နား တော်ကို လှည့် ၍ နားထောင် တော်မူပါ။ အိုထာဝရဘုရား ၊ မျက်စိ တော်ကိုဖွင့် ၍ ကြည့်ရှု တော်မူပါ။ သနာခရိပ် မင်းသည် အသက်ရှင် တော်မူ သောဘုရား သခင်ကို ကဲ့ရဲ့ ၍ပြောစေသော စကား အလုံးစုံတို့ကို မှတ် တော်မူပါ
17 Truly, O LORD, the kings of Assyria have laid waste these nations and their lands.
၁၇အိုထာဝရဘုရား ၊ အကယ်စင်စစ်အာရှုရိ ရှင် ဘုရင်တို့သည် အတိုင်းတိုင်းအပြည်ပြည်တို့ကို ဖျက်ဆီး ၍၊ “
18 They have cast their gods into the fire and destroyed them, for they were not gods, but only wood and stone—the work of human hands.
၁၈သူ တို့၏ဘုရား များကို မီး ထဲသို့ ချ ပစ်ကြပါပြီ။ ထို ဘုရားတို့သည် ဘုရား မ ဟုတ်၊ လူ လက် ဖြင့်လုပ် သော သစ်သား နှင့် ကျောက် ဖြစ်သောကြောင့် ပျက်စီး ခြင်းသို့ ရောက်ကြပါပြီ
19 And now, O LORD our God, please save us from his hand, so that all the kingdoms of the earth may know that You alone, O LORD, are God.”
၁၉အိုအကျွန်ုပ် တို့ ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော် ထာဝရဘုရား တပါးသာ ဘုရား သခင်ဖြစ်တော်မူသည်ကို မြေကြီး ပေါ်မှာရှိသမျှ သော တိုင်း နိုင်ငံတို့သည် သိ မည်အကြောင်း ၊ အကျွန်ုပ် တို့ကို ထိုမင်း လက် မှ ယခု ကယ် တော်မူပါ။ အကျွန်ုပ်တောင်းပန်ပါသည်ဟု ပဌနာပြုလေ၏
20 Then Isaiah son of Amoz sent a message to Hezekiah: “This is what the LORD, the God of Israel, says: I have heard your prayer concerning Sennacherib king of Assyria.
၂၀ထိုအခါ အာမုတ် သား ဟေရှာယ သည် ဟေဇကိ မင်းထံသို့ စေလွှတ် ၍ ၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်သည်အာရှုရိ ရှင်ဘုရင် သနာခရိပ် အကြောင်း ကြောင့် ငါ့ ရှေ့ မှာ ပြု သောပဌနာစကားကို ငါကြား ရပြီ
21 This is the word that the LORD has spoken against him: ‘The Virgin Daughter of Zion despises you and mocks you; the Daughter of Jerusalem shakes her head behind you.
၂၁ထိုမင်း၏အမှုမှာ ထာဝရဘုရား မိန့် တော်မူသော စကား ဟူမူကား ၊ ဇိအုန် သတို့သမီး ကညာ သည် သင့် ကို မထီမဲ့မြင် ပြု၍ ပြက်ယယ် ၏။ ယေရုရှလင် သတို့သမီး သည် သင့် နောက် ၌ ခေါင်း ညှိတ် ၏
22 Whom have you taunted and blasphemed? Against whom have you raised your voice and lifted your eyes in pride? Against the Holy One of Israel!
၂၂သင်သည် အဘယ်သူ ကိုကဲ့ရဲ့ ဆဲရေး သနည်း။ အဘယ်သူ ကို အော်ဟစ် ၍ မျက်နှာ ထောင်လွှား သနည်း။ ဣသရေလ အမျိုး၏ သန့်ရှင်း သောဘုရားကို ပင် ပြု ပါ သည်တကား
23 Through your servants you have taunted the Lord, and you have said: “With my many chariots I have ascended to the heights of the mountains, to the remote peaks of Lebanon. I have cut down its tallest cedars, the finest of its cypresses. I have reached its farthest outposts, the densest of its forests.
၂၃သင် သည် တမန် များအားဖြင့် ထာဝရ ဘုရားကို ကဲ့ရဲ့ ၍ ၊ ငါ သည် ရထား များပြား သဖြင့် တောင် ထိပ် သို့ ၎င်း၊ လေဗနုန် တောင် အထွဋ် သို့၎င်း တက် လာပြီ။ အရပ် မြင့် သောအာရဇ် ပင်နှင့် အကောင်းဆုံး သော ထင်ရူး ပင် တို့ကို ငါခုတ်လှဲ ပြီ။ အဝေး ဆုံးသော ခိုလှုံ ရာအသီး များ သော တော ထဲသို့ ငါဝင် ပြီ
24 I have dug wells and drunk foreign waters. With the soles of my feet I have dried up all the streams of Egypt.”
၂၄ငါ သည် တွင်း တူး၍ မ မြည်းဘူးသော ရေ ကို သောက် ရပြီ။ ငါ ၏ ခြေဘဝါး အားဖြင့် အဲဂုတ္တု မြစ် လက်ကြားရေရှိသမျှ ကို ခန်းခြောက် စေပြီဟု သင်ဆို မိပြီ တကား
25 Have you not heard? Long ago I ordained it; in days of old I planned it. Now I have brought it to pass, that you should crush fortified cities into piles of rubble.
၂၅ငါသည်အထက်ကဤအမှုကို စီရင်ကြောင်းနှင့် ရှေး ကာလ ၌ ပြုပြင်ကြောင်းကို သင်သည် မ ကြား သလော။ ယခုမှာလည်း သင်သည် ခိုင်ခံ့” သော မြို့ တို့ကို ဖျက်ဆီး ၍၊ ကျောက် ပုံဖြစ်စေ သောသူဖြစ် မည်အကြောင်း ငါစီရင် ခန့်ထားလေပြီ
26 Therefore their inhabitants, devoid of power, are dismayed and ashamed. They are like plants in the field, tender green shoots, grass on the rooftops, scorched before it is grown.
၂၆ထိုကြောင့် မြို့သား တို့သည် အားနည်း ကြ၏။ မှိုင်တွေ ၍ စိတ်ပျက် လျက်ရှိကြ၏။ တော မြက်ပင် နှင့် စိမ်း သော စပါးပင်ကဲ့သို့၎င်း၊ အိမ်မိုး ပေါ်မှာ ပေါက်သော မြက်ပင်နှင့် မ ကြီး မှီညှိုးနွမ်း သော စပါးပင်ကဲ့သို့၎င်း ဖြစ် ကြ၏
27 But I know your sitting down, your going out and coming in, and your raging against Me.
၂၇သင် ၏နေထိုင် ခြင်း၊ ထွက် ဝင် ခြင်း၊ ငါ ၌ အမျက် ဟုန်းခြင်းတို့ကို ငါသိ ၏
28 Because your rage and arrogance against Me have reached My ears, I will put My hook in your nose and My bit in your mouth; I will send you back the way you came.’
၂၈ငါ၌သင်၏အမျက်ဟုန်းခြင်း၊ စော်ကားခြင်းကို ငါကြားရသောကြောင့်၊ သင့်ကိုနှာရှုတ်တပ်၍ ဇက်ခွံ့ပြီးမှ၊ သင်လာသောလမ်းဖြင့် ပြန်စေမည်
29 And this will be a sign to you, O Hezekiah: This year you will eat what grows on its own, and in the second year what springs from the same. But in the third year you will sow and reap; you will plant vineyards and eat their fruit.
၂၉သင်မှတ်ရသောနိမိတ်လက္ခဏာဟူမူကား၊ ယခု နှစ်တွင် အလိုလိုကြီးရင့်သော အသီးအနှံကို၎င်း၊ ဒုတိယ နှစ်တွင် ထိုအတူပေါက်သော အရာများကို၎င်းသင်တို့သည် စားရမည်။ တတိယနှစ်တွင် မျိုးစေ့ကိုကြဲ၍ စပါးကိုရိတ် ကြလော့။ စပျစ်ဥယျာဉ်ကိုလည်းစိုက်၍ အသီးကို စားကြလော့
30 And the surviving remnant of the house of Judah will again take root below and bear fruit above.
၃၀ဘေးလွတ်၍ ကျန်ကြွင်းသော ယုဒအမျိုးသားတို့သည် တဖန် အောက်မှာအမြစ်စွဲ၍ အထက်မှာ အသီးသီးကြလိမ့်မည်
31 For a remnant will go forth from Jerusalem, and survivors from Mount Zion. The zeal of the LORD of Hosts will accomplish this.
၃၁ကျန်ကြွင်း သောသူတို့သည် ယေရုရှလင် မြို့ထဲက ၎င်း ၊ ဘေးလွတ် သောသူတို့သည် ဇိအုန် တောင် ပေါ်က ၎င်း ပေါ် လာကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား သည် အလိုတော် အားကြီး၍ ထို အမှုကို စီရင် တော်မူလိမ့်မည်
32 So this is what the LORD says about the king of Assyria: ‘He will not enter this city or shoot an arrow into it. He will not come before it with a shield or build up a siege ramp against it.
၃၂သို့ဖြစ်၍ ထာဝရဘုရား သည် အာရှုရိ ရှင်ဘုရင် ကို ရည်မှတ်၍ မိန့် တော်မူသည်ကား ၊ သူသည် ဤ မြို့ သို့ မ ဝင် ရ။ မြို့ထဲသို့မြှား ကိုမ ပစ် ရ။ မြို့ရှေ့မှာ ဒိုင်း လွှားကို မ ပြ ရ။ မြို့ပြင်မှာ မြေရိုး ကို မ ဖို့ ရ
33 He will go back the way he came, and he will not enter this city,’
၃၃လာ သော လမ်း ဖြင့် ပြန် သွားရမည်။ ဤ မြို့ ထဲသို့ မ ဝင် ရ
34 ‘I will defend this city and save it for My own sake and for the sake of My servant David.’”
၃၄ငါသည် ကိုယ်မျက်နှာကို၎င်း၊ ငါ့ ကျွန် ဒါဝိဒ် ၏ မျက်နှာကို၎င်း ထောက် ၍ ဤ မြို့ ကို ကယ်တင် ခြင်းငှါ စောင့်မ မည်ဟု ထာဝရဘုရား မိန့် တော်မူ၏
35 And that very night the angel of the LORD went out and struck down 185,000 men in the camp of the Assyrians. When the people got up the next morning, there were all the dead bodies!
၃၅ထိုညဉ့် တွင် ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ထွက် ၍ အာရှုရိ တပ် တွင် လူ တသိန်း ရှစ် သောင်းငါး ထောင် တို့ကို ဒဏ်ခတ် လေ၏။ နံနက် စောစောထ ချိန် ရောက်သောအခါ ၊ ထိုသူ အပေါင်း တို့သည် အသေ ကောင်ဖြစ်ကြ၏
36 So Sennacherib king of Assyria broke camp and withdrew. He returned to Nineveh and stayed there.
၃၆အာရှုရိ ရှင်ဘုရင် သနာခရိပ် သည်လည်း ထိုအရပ် မှ ထွက် ၍ ပြန် သွားပြီးလျှင် နိနေဝေ မြို့၌ နေ လေ၏
37 One day, while he was worshiping in the temple of his god Nisroch, his sons Adrammelech and Sharezer put him to the sword and escaped to the land of Ararat. And his son Esar-haddon reigned in his place.
၃၇နောက် တဖန်သူ သည် မိမိ ဘုရား နိသရုတ် ၏ ဗိမာန် ၌ ကိုးကွယ် စဉ်တွင်၊ သား တော်အာဒြမ္မေလက် နှင့် ရှရေဇာ သည်ခမည်းတော် ကို ထား နှင့် သတ် ပြီးလျှင် ၊ အာရမနိ ပြည် သို့ ပြေး ကြ၏။ သား တော်ဧသရဟဒ္ဒုန် သည်လည်း ခမည်းတော် အရာ ၌ နန်းထိုင် ၏

< 2 Kings 19 >