< 2 Corinthians 7 >
1 Therefore, beloved, since we have these promises, let us cleanse ourselves from everything that defiles body and spirit, perfecting holiness in the fear of God.
၁ထိုကြောင့် ချစ်သူ တို့၊ ထို ဂတိ တော်များနှင့် ငါတို့သည်ဆိုင်ကြသည်ဖြစ်၍၊ ကိုယ်ခန္ဓါ ၏ အညစ်အကြေး ၊ စိတ်ဝိညာဉ် ၏အညစ်အကြေးရှိသမျှ တို့နှင့် ကိုယ်ကိုကိုယ် ကင်းစင် စေလျက်၊ ဘုရားသခင် ကို ကြောက်ရွံ့ ၍ သန့်ရှင်း ခြင်းပါရမီနှင့် ပြည့်စုံ ကြကုန်အံ့။
2 Make room for us in your hearts. We have wronged no one, we have corrupted no one, we have exploited no one.
၂ငါ တို့ကိုလက်ခံ ကြလော့။ ငါတို့သည် အဘယ်သူ ကိုမျှမပြစ်မှား ။ အဘယ်သူ ကိုမျှမယိုယွင်း စေ၊ အဘယ်သူ ၏ဥစ္စာကိုမျှပရိယာယ် အားဖြင့်မယူ။
3 I do not say this to condemn you. I have said before that you so occupy our hearts that we live and die together with you.
၃သင်တို့ကိုအပြစ်တင် ၍ ဤသို့ငါ ဆိုသည်မ ဟုတ်။ သင်တို့နှင့်အတူအသက် ရှင်ခြင်းငှာ၎င်း ၊ သေ ခြင်းငှာ၎င်း၊ အလိုရှိသည်တိုင်အောင် ၊ ငါ တို့သည် သင်တို့ကိုချစ်ကြ၏ဟု အထက်ကငါပြော ခဲ့ပြီ။
4 Great is my confidence in you; great is my pride in you; I am filled with encouragement; in all our troubles my joy overflows.
၄သင် တို့ကြောင့် အလွန် ရဲရင့်ခြင်း ရှိ၏။ သင် တို့ကြောင့် အလွန် ကြွားဝါ ခြင်းရှိရ၏။ သက်သာ ခြင်းနှင့် ပြည့်စုံ ၏။ ညှင်းဆဲ ခြင်းကို ခံလေရာရာ ၌ အတိုင်း ထက် အလွန်ဝမ်းမြောက် ခြင်းရှိ၏။
5 For when we arrived in Macedonia, our bodies had no rest, but we were pressed from every direction—conflicts on the outside, fears within.
၅ငါ တို့သည် မာကေဒေါနိ ပြည်သို့ ရောက် သောအခါ ၊ ကိုယ် ကာယငြိမ်ဝပ် ခြင်း အလျှင်း မ ရှိ၊ အရာရာ ၌ ညှဉ်းဆဲ ခြင်းကို ခံကြရ၏။ ပြင် ၌ ကား တိုက်လှန် ခြင်းရှိ၏။ အတွင်း ၌ကားစိုးရိမ် ခြင်းရှိ၏။
6 But God, who comforts the downcast, comforted us by the arrival of Titus,
၆သို့သော်လည်း နှိမ့်ချ လျက်ရှိသော သူတို့ ကို သက်သာ စေတော်မူတတ်သော ဘုရားသခင် သည်၊ တိတု ရောက်လာ သောအားဖြင့် ငါ တို့ကို သက်သာ စေတော်မူ၏။
7 and not only by his arrival, but also by the comfort he had received from you. He told us about your longing, your mourning, and your zeal for me, so that I rejoiced all the more.
၇တိတု ရောက်လာ ခြင်းအားဖြင့် သာ သက်သာစေတော်မူသည်မ ဟုတ်။ တိတု သည် သင် တို့ဆီမှ ရသောသက်သာ ခြင်းအားဖြင့် လည်း သက်သာ စေတော်မူ၏။ အဘယ်သို့နည်းဟူမူကား၊ သင် တို့၏တောင့်တ ခြင်း၊ ညည်းတွား ခြင်း၊ ငါ ၏အကျိုးအလို့ငှာ စေတနာ စိတ်အားကြီးခြင်း အကြောင်းအရာများကို သူသည်ငါ တို့အား ကြားပြော ၏။ ထိုကြောင့် ငါ သည်သာ၍ ဝမ်းမြောက် ခြင်းရှိ၏။
8 Even if I caused you sorrow by my letter, I do not regret it. Although I did regret it, I now see that my letter caused you sorrow, but only for a short time.
၈အထက်ကပေးလိုက်သောစာ အားဖြင့် သင် တို့ကို ဝမ်းနည်း စေသောကြောင့် ၊ ငါသည်ယခင်အခါ၌ နောင်တ ရှိသော်လည်း ယခုအခါ၌ မ ရှိ။ အကြောင်းမူကား ၊ ထို စာ သည်သင် တို့ကို ခဏ သာ ဝမ်းနည်း စေသည် ကို ငါမြင် ၏။
9 And now I rejoice, not because you were made sorrowful, but because your sorrow led you to repentance. For you felt the sorrow that God had intended, and so were not harmed in any way by us.
၉သင်တို့ဝမ်းနည်း စေသောကြောင့် ငါဝမ်းမြောက်သည်မ ဟုတ်။ ဝမ်းနည်း စေ၍ နောင်တရ သောကြောင့် ငါဝမ်းမြောက်ခြင်းရှိ ၏။ ငါ တို့အားဖြင့် သင်တို့၏ အကျိုး အလျှင်း မပျက်ရမည်အကြောင်း ၊ ဘုရားသခင် ၏ အလို တော်နှင့်အညီ ဝမ်းနည်း စေကြ၏။
10 Godly sorrow brings repentance that leads to salvation without regret, but worldly sorrow brings death.
၁၀အဘယ်သို့နည်းဟူမူကား၊ ဘုရားသခင် ၏ အလို တော်နှင့် ညီသော ဝမ်းနည်း ခြင်းသည် ကယ်တင် ခြင်းနှင့် ယှဉ်သောနောင်တ စိတ် တည်းဟူသော၊ မ ပြောင်းလဲနိုင်သောနောင်တစိတ်ကို ပြုပြင် တတ်၏။ လောကီ ဝမ်းနည်း ခြင်းမူကား ၊ သေ ခြင်းကိုပြုပြင် တတ်၏။
11 Consider what this godly sorrow has produced in you: what earnestness, what eagerness to clear yourselves, what indignation, what alarm, what longing, what zeal, what vindication! In every way you have proved yourselves to be innocent in this matter.
၁၁ဘုရားသခင် ၏အလိုတော်နှင့် ညီသော သင်တို့၏ ဝမ်းနည်း ခြင်းသည် သင် တို့၌ အဘယ်သို့ သော သတိပြု ခြင်း၊ ကိုယ်အပြစ်ကိုဖြေ ခြင်း၊ အမျက်ထွက် ခြင်း၊ ကြောက်ရွံ့ ခြင်း၊ အလွန်တောင့်တ ခြင်း၊ ငါ၏အကျိုး အလို့ငှာ စိတ် အားကြီးခြင်း၊ တရားသဖြင့် ဒဏ်စီရင်ခြင်း တို့ကို ပြုပြင် သည်ကို ကြည့်ရှု ကြလော့။ သင် တို့သည် ဤအမှု ၌ အပြစ်ကင်း သည်ကို အရာရာ အားဖြင့် ထင်ရှား ပြကြပြီ။
12 So even though I wrote to you, it was not on account of the one who did wrong or the one who was harmed, but rather that your earnestness on our behalf would be made clear to you in the sight of God.
၁၂ထိုသို့နှင့်အညီ၊ ငါသည်သင် တို့အား ရေး ၍ ပေးလိုက်သောအခါ ၊ ပြစ်မှား သောသူ နှင့် ပြစ်မှား ခြင်း ခံရသောသူ ကိုသာ ထောက်၍ ရေး သည်မဟုတ်။ သင် တို့အကျိုးကိုငါ တို့သည် ဘုရားသခင် ရှေ့ တော်၌ ပြုစု ချင်သောစေတနာစိတ်ရှိကြောင်း ကိုသင် တို့အား ထင်ရှား စေခြင်းငှာရေးသတည်း။
13 On account of this, we are encouraged. In addition to our own encouragement, we were even more delighted by the joy of Titus. For his spirit has been refreshed by all of you.
၁၃ထိုကြောင့် သင်တို့၏ သက်သာ ခြင်းအကြောင်း အားဖြင့်၊ ငါတို့သည်လည်း သက်သာ ခြင်းသို့ရောက်သည် သာမက ၊ တိတု ၏ဝမ်းမြောက် ခြင်းအကြောင်း အားဖြင့်သာ၍အလွန် ဝမ်းမြောက် ကြ၏။ သင် တို့ရှိသမျှ သည် ထိုသူ ၏စိတ်နှလုံး ကို သက်သာ ဝမ်းမြောက်စေကြသည် ဖြစ်၍ ၊
14 Indeed, I was not embarrassed by anything I had boasted to him about you. But just as everything we said to you was true, so our boasting to Titus has proved to be true as well.
၁၄အထက် ကငါသည် သင် တို့ကိုအကြောင်း ပြု၍ ဝါကြွား သော စကားကိုထိုသူ အားပြောပြီးလျှင် ၊ ယခု ရှက်ကြောက် ခြင်းမ ရှိ။ ငါတို့သည် အရာရာ ၌ သင် တို့အား ဟုတ်မှန် စွာပြော သည်နည်းတူ ၊ တိတု ရှေ့ ၌ ငါ ဝါကြွား သောစကားသည်လည်း မှန် သောစကားဖြစ် ကြောင်း ထင်ရှား ၏။
15 And his affection for you is even greater when he remembers that you were all obedient as you welcomed him with fear and trembling.
၁၅သင်တို့သည် ကြောက်ရွံ့ တုန်လှုပ် ခြင်းနှင့် သူ တို့ လက်ခံ ၍ နားထောင် ကြသည်ကို သူ သည် အောက်မေ့ သဖြင့် ၊ သင် တို့ကို ချစ် သနားခြင်းမေတ္တာကရုဏာစိတ်နှင့် အလွန် ပြည့်စုံ၏။
16 I rejoice that I can have complete confidence in you.
၁၆ငါသည်အရာရာ ၌ သင် တို့ကို ယုံ နိုင်သောကြောင့် ဝမ်းမြောက် ခြင်းရှိ၏။