< 2 Chronicles 7 >
1 When Solomon had finished praying, fire came down from heaven and consumed the burnt offering and the sacrifices, and the glory of the LORD filled the temple.
၁ထိုသို့ ရှောလမုန် သည်ပဌနာ ပြု၍ ပြီး သောအခါ ၊ ကောင်းကင် က မီး ကျ ၍ မီးရှို့ ရာယဇ်အစ ရှိသော ယဇ် မျိုးကို လောင် သဖြင့် ၊ အိမ် တော်သည် ထာဝရဘုရား ၏ ဘုန်း တော်နှင့်ပြည့် ၏။
2 The priests were unable to enter the house of the LORD, because the glory of the LORD had filled it.
၂ထာဝရဘုရား ၏အိမ် တော်သည် ဘုန်း တော်နှင့် ပြည့် သောကြောင့် ၊ ယဇ် ပုရောဟိတ်တို့သည် ထာဝရဘုရား ၏ အိမ် တော်ထဲသို့ မ ဝင် နိုင် ကြ။
3 When all the Israelites saw the fire coming down and the glory of the LORD above the temple, they bowed down on the pavement with their faces to the ground, and they worshiped and gave thanks to the LORD: “For He is good; His loving devotion endures forever.”
၃ထိုသို့မီး ကျ ၍ ထာဝရဘုရား ၏ ဘုန်း တော်သည် အိမ် တော်ပေါ် မှာ သက်ရောက်သည်ကို ဣသရေလ အမျိုးသား အပေါင်း တို့သည် မြင် လျှင် ၊ ကျောက် ခင်းအရပ် ၌ မြေ ပေါ် မှာ ဦးချ ပြပ်ဝပ်လျက် ကောင်းမြတ် တော်မူသည်၊ ကရုဏာ တော်အစဉ်အမြဲ တည်သည်ဟု ထာဝရဘုရား ကို ကိုးကွယ် ၍ ဂုဏ်တော်ကို ချီးမွမ်း ကြ၏။
4 Then the king and all the people offered sacrifices before the LORD.
၄ထိုအခါ ရှောလမုန် မင်းကြီး နှင့်တကွ လူ အပေါင်း တို့သည် ထာဝရဘုရား ရှေ့ တော်၌ ယဇ် ပူဇော် ကြ၏။
5 And King Solomon offered a sacrifice of 22,000 oxen and 120,000 sheep. So the king and all the people dedicated the house of God.
၅နွား နှစ်သောင်း နှစ်ထောင်၊ သိုး တသိန်း နှစ်သောင်းတို့ကို ယဇ် ပူဇော် သဖြင့် ၊ ဘုရားသခင် ၏ အိမ် တော်ကို အနုမောဒနာ ပြုကြ၏။
6 The priests stood at their posts, as did the Levites with the musical instruments of the LORD, which King David had made for giving thanks to the LORD and with which David had offered praise, saying, “For His loving devotion endures forever.” Across from the Levites, the priests sounded trumpets, and all the Israelites were standing.
၆ယဇ် ပုရောဟိတ်တို့သည် မိမိ တို့အမှု ကို ဆောင်ရွက် ကြ၏။ လေဝိ သားတို့သည် ထာဝရ ဘုရား၏ ကရုဏာ တော် အစဉ်အမြဲ တည်သောကြောင့်၊ ထာဝရဘုရား ၏ ဂုဏ်တော်ကိုချီးမွမ်း စရာဘို့ ဒါဝိဒ် မင်းကြီးစီရင် သော တုရိယာမျိုးကို တီးမှုတ်လျက် ဒါဝိဒ် ၏ ဆာလံ သီချင်းကို ဆိုကြ၏။ ယဇ် ပုရောဟိတ်တို့သည်လည်း တံပိုးမှုတ် ၍ ဣသရေလ အမျိုးသားအပေါင်း တို့သည် မတ်တတ် နေကြ၏။
7 Then Solomon consecrated the middle of the courtyard in front of the house of the LORD, and there he offered the burnt offerings and the fat of the peace offerings, since the bronze altar he had made could not contain all these offerings.
၇ရှောလမုန် သည်လည်း၊ ထာဝရဘုရား ၏ အိမ် တော်ရှေ့ မှာရှိသော တန်တိုင်း အတွင်း အရပ်ကို သန့်ရှင်း စေ၍ ၊ ထို အရပ်၌ မီးရှို့ ရာယဇ်နှင့် မိဿဟာယ ယဇ် ကောင်ဆီဥ ကိုပူဇော် ၏။ အကြောင်း မူကား၊ အရင် လုပ်သောကြေးဝါ ယဇ် ပလ္လင်သည် မီးရှို့ ရာယဇ်၊ ဘောဇဉ် ပူဇော်သက္ကာ၊ ယဇ်ကောင်ဆီဥ ကို မ ခံ လောက်။
8 So at that time Solomon and all Israel with him—a very great assembly of people from Lebo-hamath to the Brook of Egypt—kept the feast for seven days.
၈ထိုအခါ ရှောလမုန် သည် အလွန် များစွာ သော ပရိသတ် တည်းဟူသောဟာမတ် မြို့ဝင်ဝမှစ၍ အဲဂုတ္တု မြစ် တိုင်အောင် အနှံ့အပြားအရပ်ရပ်ကလာကြသော ဣသရေလ အမျိုးသားအပေါင်း တို့နှင့်တကွ ခုနစ် ရက် ပတ်လုံးပွဲခံ တော်မူ၏။
9 On the eighth day they held a solemn assembly, for the dedication of the altar had lasted seven days, and the feast seven days more.
၉အဋ္ဌမ နေ့ရက် ၌ ဓမ္မစည်းဝေး ခြင်းကို ပြု ကြ၏။ ခုနစ် ရက်ပတ်လုံးယဇ် ပလ္လင်ကိုအနုမောဒနာ ပြုပြီးမှ၊ နောက် တဖန်ခုနစ် ရက်ပတ်လုံးပွဲခံ ကြ၏။
10 On the twenty-third day of the seventh month, Solomon sent the people away to their homes, joyful and glad of heart for the good things that the LORD had done for David, for Solomon, and for His people Israel.
၁၀ထာဝရဘုရား သည် ဒါဝိဒ် နှင့် ရှောလမုန် မှစသော မိမိ လူ ဣသရေလ အမျိုးသားတို့၌ ပြု တော်မူသမျှ သော ကျေးဇူး တော်ကြောင့် ဝမ်းမြောက် ရွှင်လန်း လျက်၊ လူ များတို့သည် မိမိ တို့နေရာ သို့ ပြန်သွားကြမည် အကြောင်း၊ သတ္တမ လ နှစ်ဆယ် သုံး ရက် နေ့တွင် လွှတ် လိုက်တော်မူ၏။
11 When Solomon had finished the house of the LORD and the royal palace, successfully carrying out all that was in his heart to do for the house of the LORD and for his own palace,
၁၁ရှောလမုန် သည် ဗိမာန် တော်နှင့် နန်းတော် ကို လက်စသတ် ၍ ၊ ဗိမာန် တော်နှင့် နန်းတော် ၌ လုပ်ဆောင်မည်ဟု ကြံစည်လေသမျှသော အကြံသည် အထမြောက် သောအခါ၊
12 the LORD appeared to him at night and said to him: “I have heard your prayer and have chosen this place for Myself as a house of sacrifice.
၁၂ထာဝရဘုရား သည် ညဉ့် အချိန်တွင် ထင်ရှား တော်မူလျက် ၊ သင် ပြုသောပဌနာ စကားကိုငါကြား ပြီ။ ဤ အရပ် ဌာနကို ယဇ် ပူဇော်ရာ အိမ် ဖြစ်စေ ခြင်းငှါကိုယ် အဘို့ ငါရွေးယူ ပြီ။
13 If I close the sky so there is no rain, or if I command the locust to devour the land, or if I send a plague among My people,
၁၃မိုဃ်း မ ရွာ စေခြင်းငှါ ငါသည် မိုဃ်းခေါင် စေ သော်၎င်း၊ ကျိုင်း တို့သည် မြေ အသီးအနှံကို ကိုက်စား စေခြင်းငှါ ငါမှာ ထားသော်၎င်း၊ ငါ့ လူ တို့ ၌ ကာလနာ ကိုစေလွှတ် သော်၎င်း၊
14 and if My people who are called by My name humble themselves and pray and seek My face and turn from their wicked ways, then I will hear from heaven, forgive their sin, and heal their land.
၁၄ငါ့ နာမ ဖြင့်သမုတ် သော ငါ့ လူ တို့သည် ကိုယ်ကိုနှိမ့်ချ သဖြင့် ၊ ငါ့ မျက်နှာ ကိုရှာ လျက် ဆုတောင်း ပဌနာပြု၍ အဓမ္မ လမ်း ကို လွှဲရှောင် လျှင် ငါ သည် ကောင်းကင် ဘုံ၌ နားထောင် မည်။ သူ တို့အပြစ် ကို ဖြေ ၍ သူ တို့ပြည် ကို ချမ်းသာ ပေးမည်။
15 Now My eyes will be open and My ears attentive to the prayers offered in this place.
၁၅ငါ ကြည့်ရှု မည်။ ဤ အရပ် ဌာန၌ ဆုတောင်း သော စကားကို ငါ နားထောင် မည်။
16 For I have now chosen and consecrated this temple so that My Name may be there forever. My eyes and My heart will be there for all time.
၁၆ငါ့ နာမ သည် အစဉ် တည်၍ ငါ့ မျက်စိ နှင့် ငါ့ နှလုံး အစဉ် စွဲလမ်း စရာဘို့ ဤ အိမ် ကို ငါရွေးချယ် ၍ သန့်ရှင်း စေပြီ။
17 And as for you, if you walk before Me as your father David walked, doing all I have commanded you, and if you keep My statutes and ordinances,
၁၇သင် သည် ငါမှာထား သမျှ ကို ပြု ၍ ငါ စီရင် ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက် ခြင်းငှါ သင့် အဘ ဒါဝိဒ် ကဲ့သို့ ငါ့ ရှေ့ မှာ ကျင့် နေလျှင်၊
18 then I will establish your royal throne, as I covenanted with your father David when I said, ‘You will never fail to have a man to rule over Israel.’
၁၈ဣသရေလ နိုင်ငံကို အုပ်စိုး ရသောသင် ၏အမျိုး မင်း ရိုးမ ပြတ် ရဟု သင့် အဘ ဒါဝိဒ် နှင့် ငါပဋိညာဉ် ဖွဲ့သည် အတိုင်း ၊ သင်ထိုင်ရသောရာဇပလ္လင် ကို အစဉ်ငါတည်စေ မည်။
19 But if you turn away and forsake the statutes and commandments I have set before you, and if you go off to serve and worship other gods,
၁၉သို့မဟုတ် သင် တို့သည် လမ်းလွဲ ၍ ငါမှာ ထားသော စီရင် ထုံးဖွဲ့ချက်တို့ကို စွန့်ပယ် သဖြင့် ၊ အခြား တပါးသော ဘုရား ထံသို့ သွား ၍ ဝတ်ပြု ကိုးကွယ် လျင်၊
20 then I will uproot Israel from the soil I have given them, and I will banish from My presence this temple I have sanctified for My Name. I will make it an object of scorn and ridicule among all the peoples.
၂၀ငါပေး သော ပြည် မှ သူ တို့ကို အမြစ်နှင့်တကွငါနှုတ်ပစ် မည်။ ငါ့ နာမ အဘို့ ငါသန့်ရှင်း စေသော ဤ အိမ် တော်ကို ငါ့ မျက်မှောက် မှ ပယ်ရှား မည်။ တပါး အမျိုးသားတို့တွင် ပုံခိုင်း ရာကဲ့ရဲ့ ရာ ဖြစ် စေမည်။
21 And when this temple has become a heap of rubble, all who pass by it will be appalled and say, ‘Why has the LORD done such a thing to this land and to this temple?’
၂၁အရပ် မြင့်သော ဤ အိမ် တော်ကိုလည်း လမ်း ၌ ရှောက်သွား သော သူအပေါင်း တို့သည် အံ့ဩ ၍၊ ထာဝရဘုရား သည် ဤ ပြည် နှင့် ဤ အိမ် ကို အဘယ်ကြောင့် ဤသို့ ပြု တော်မူသနည်းဟု တယောက်မေးမြန်း သော်၊
22 And others will answer, ‘Because they have forsaken the LORD, the God of their fathers, who brought them out of the land of Egypt, and have embraced other gods, worshiping and serving them—because of this, He has brought all this disaster upon them.’”
၂၂တယောက်က၊ သူ တို့၏ဘိုးဘေး များကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် သော ဘုရားသခင် ထာဝရဘုရား ကို သူတို့သည် စွန့် ၍ အခြား တပါးသော ဘုရား ကို မှီဝဲ လျက် ဝတ်ပြု ကိုးကွယ်ကြသောကြောင့် ဤ အမှု အလုံးစုံ ကို ရောက် စေတော်မူကြောင်းကိုပြန်ပြော လိမ့်မည်ဟု မိန့်တော်မူ၏။