< 2 Chronicles 4 >

1 He made a bronze altar twenty cubits long, twenty cubits wide, and ten cubits high.
ရှော​လ​မုန်​မင်း​သည်​အ​လျား​ပေ​သုံး​ဆယ်၊ အ​မြင့်​တစ်​ဆယ့်​ငါး​ပေ​ရှိ​သော​ကြေး​ဝါ ယဇ်​ပလ္လင်​ကို​ပြု​လုပ်​စေ​တော်​မူ​၏။-
2 He also made the Sea of cast metal. It was circular in shape, measuring ten cubits from rim to rim, five cubits in height, and thirty cubits in circumference.
အ​နက်​ခု​နစ်​ပေ​ခွဲ၊ အ​ချင်း​တစ်​ဆယ့်​ငါး​ပေ၊ လုံး​ပတ်​လေး​ဆယ့်​ငါး​ပေ​ရှိ​သော​ကြေး​ဝါ ရေ​ကန်​ကို​လည်း​ပြု​လုပ်​စေ​တော်​မူ​၏။-
3 Below the rim, figures of oxen encircled it, ten per cubit all the way around the Sea, cast in two rows as a part of the Sea.
ရေ​ကန်​၏​အ​ပြင်​အ​နား​ပတ်​လည်​ကို​နွား​ရုပ် များ​ဖြင့်​တန်​ဆာ​ဆင်​ထား​၏။ ထို​နွား​ရုပ်​များ အထက်​အောက်​အ​တန်း​နှစ်​တန်း​ကို​ရေ​ကန်​နှင့် တစ်​စပ်​တည်း​သွန်း​လုပ်​ထား​သ​တည်း။-
4 The Sea stood on twelve oxen, three facing north, three facing west, three facing south, and three facing east. The Sea rested on them, with all their hindquarters toward the center.
ရေ​ကန်​သည်​အ​ရပ်​တစ်​မျက်​နှာ​လျှင်​သုံး​ကောင် ကျ၊ အ​ရပ်​လေး​မျက်​နှာ​မူ​နေ​သော​ကြေး​ဝါ နွား​တစ်​ဆယ့်​နှစ်​ကောင်​၏​ကျော​ကုန်း​ထက်​တွင် တည်​လျက်​ရှိ​၏။-
5 It was a handbreadth thick, and its rim was fashioned like the brim of a cup, like a lily blossom. It could hold three thousand baths.
ရေ​ကန်​ဘောင်​သည်​ထု​သုံး​လက်​မ​ရှိ​၍ ယင်း ၏​အ​ပေါ်​အ​နား​သည်​ဖ​လား​နှုတ်​ခမ်း​ကဲ့​သို့ ပန်း​ပွင့်​ချပ်​သဏ္ဌာန်​အ​ပြင်​သို့​ခုံး​တက်​နေ​လေ သည်။ ထို​ရေ​ကန်​သည်​ရေ​ဂါ​လံ​တစ်​သောင်း ငါး​ထောင်​မျှ​ဝင်​သ​တည်း။-
6 He also made ten basins for washing and placed five on the south side and five on the north. The parts of the burnt offering were rinsed in them, but the priests used the Sea for washing.
သူ​တို့​သည်​ဗိ​မာန်​တော်​တောင်​ဘက်​တွင်​ငါး​လုံး နှင့်​မြောက်​ဘက်​တွင် ငါး​လုံး​ထား​ရှိ​ရန်​အင်​တုံ ဆယ်​လုံး​ကို​လည်း​ပြု​လုပ်​လေ​သည်။ ထို​အင်​တုံ တို့​သည်​မီး​ရှို့​ပူ​ဇော်​ရာ​ယဇ်​ကောင်​များ​၏ အ​စိတ်​အ​ပိုင်း​တို့​ကို​ဆေး​ကြော​ရန်​အ​တွက် ဖြစ်​၏။ ရေ​ကန်​မူ​ကား​ယဇ်​ပု​ရော​ဟိတ်​တို့ ဆေး​ကြော​ရန်​အ​တွက်​ဖြစ်​လေ​သည်။
7 He made ten gold lampstands according to their specifications and placed them in the temple, five on the south side and five on the north.
သူ​တို့​သည်​ပြ​ဋ္ဌာန်း​သတ်​မှတ်​ထား​သည့်​ပုံ​စံ နှင့်​အ​ညီ​ရွှေ​မီး​တင်​ခုံ​ဆယ်​ခု​နှင့်​စား​ပွဲ​ဆယ် လုံး​ကို​ပြု​လုပ်​၍ ဗိ​မာန်​တော်​ခန်း​မ​ဆောင်​တွင် လက်​ယာ​ဘက်​၌​ငါး​လုံး၊ လက်​ဝဲ​ဘက်​၌​ငါး လုံး​ထား​ကြ​၏။ ရွှေ​ဖ​လား​တစ်​ရာ​ကို​လည်း ပြု​လုပ်​ကြ​၏။
8 Additionally, he made ten tables and placed them in the temple, five on the south side and five on the north. He also made a hundred gold bowls.
9 He made the courtyard of the priests and the large court with its doors, and he overlaid the doors with bronze.
သူ​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​များ​အ​တွက် အ​တွင်း​တံ​တိုင်း​ကို​ဆောက်​လုပ်​ပြီး​နောက် အ​ပြင် တံတိုင်း​ကို​လည်း​ဆောက်​လုပ်​ကြ​၏။ ဤ​တံ​တိုင်း နှစ်​ခု​၏​စပ်​ကြား​၌​ရှိ​သော​တံ​ခါး​များ​ကို ကြေး​ဝါ​ဖြင့်​ဖုံး​အုပ်​ကြ​၏။-
10 He put the Sea on the south side, at the southeast corner.
၁၀ရေ​ကန်​ကို​ဗိ​မာန်​တော်​၏​အ​ရှေ့​တောင်​ဘက်​တွင် ထား​ကြ​၏။
11 Additionally, Huram made the pots, shovels, and sprinkling bowls. So Huram finished the work that he had undertaken for King Solomon in the house of God:
၁၁ဟိ​ရံ​သည်​အိုး​များ၊ ဂေါ်​ပြား​များ​နှင့်​ခွက် ဖ​လား​များ​ကို​လည်း​ပြု​လုပ်​လေ​သည်။ သူ​သည် ရှော​လ​မုန်​မင်း​အား​က​တိ​ထား​သည့်​အ​တိုင်း ဗိ​မာန်​တော်​အ​တွက်​အောက်​ပါ​ပစ္စည်း​တန်​ဆာ များ​ကို​ပြု​လုပ်​ပြီး​စီး​လေ​သည်။ တိုင်​နှစ်​လုံး၊ အိုး​သဏ္ဌာန်​ရှိ​တိုင်​ထိပ်​အုပ်​နှစ်​ခု၊ တိုင်​ထိပ်​အုပ်​တို့​အ​တွက်​ပန်း​ကုန်း​ပုံ​များ ပန်း​ကုန်း​များ​ပတ်​လည်​ရှိ​အ​လုံး​တစ်​ရာ​စီ ရှိ​သော သ​လဲ​သီး​နှစ်​တန်း​အ​တွက်​သ​လဲ​သီး​လေး​ရာ၊ လှည်း​ဆယ်​စီး၊ အင်​တုံ​ဆယ်​လုံး၊ ရေ​ကန်၊ ရေ​ကန်​အောက်​ခံ​နွား​တစ်​ဆယ့်​နှစ်​ကောင်၊ အိုး​များ၊ဂေါ်​ပြား​များ​နှင့်​ခက်​ရင်း​ခွ​များ လက်​မှု​ပ​ညာ​ဆ​ရာ​ဟိ​ရံ​သည်​ထာ​ဝ​ရ ဘု​ရား​၏​ဗိ​မာန်​တော်​တွင်​အ​သုံး​ပြု​ရန် ဤ ပစ္စည်း​တန်​ဆာ​အ​ပေါင်း​ကို​ရှော​လ​မုန်​မင်း ၏​အ​မိန့်​တော်​နှင့်​အညီ​တောက်​ပြောင်​နေ​သည့် ကြေး​ဝါ​ဖြင့်​ပြု​လုပ်​လေ​သည်။
12 the two pillars; the two bowl-shaped capitals atop the pillars; the two sets of network covering both bowls of the capitals atop the pillars;
၁၂
13 the four hundred pomegranates for the two sets of network (two rows of pomegranates for each network covering both the bowl-shaped capitals atop the pillars);
၁၃
14 the stands; the basins on the stands;
၁၄
15 the Sea; the twelve oxen underneath the Sea;
၁၅
16 and the pots, shovels, meat forks, and all the other articles. All these objects that Huram-abi made for King Solomon for the house of the LORD were of polished bronze.
၁၆
17 The king had them cast in clay molds in the plain of the Jordan between Succoth and Zeredah.
၁၇ထို​အ​ရာ​များ​ကို​မင်း​ကြီး​သည်​ယော်​ဒန်​မြစ် ဝှမ်း၊ သု​ကုတ်​မြို့​နှင့်​ဇာ​သန်​မြို့​များ​ကြား​၌ ရှိ​သော​ကြေး​ရည်​ကြို​စက်​တွင်​သွန်း​လုပ်​စေ တော်​မူ​သည်။-
18 Solomon made all these articles in such great abundance that the weight of the bronze could not be determined.
၁၈ပြု​လုပ်​ရ​သော​ပစ္စည်း​အ​ရေ​အ​တွက်​မှာ​များ ပြား​လှ​သ​ဖြင့် ကုန်​ကျ​သည့်​ကြေး​ဝါ​အ​လေး ချိန်​ကို​အ​ဘယ်​သူ​မျှ​မ​သိ​ချေ။
19 Solomon also made all the furnishings for the house of God: the golden altar; the tables on which was placed the Bread of the Presence;
၁၉ရှော​လ​မုန်​မင်း​သည်​ဗိ​မာန်​တော်​အ​တွက် ရွှေ ဖြင့်​ပြီး​သော​အ​သုံး​အ​ဆောင်​များ​ကို​ပြု လုပ်​စေ​တော်​မူ​၏။ ထို​အ​ရာ​များ​မှာ​ရွှေ​ယဇ် ပလ္လင်၊ ရှေ့​တော်​မုန့်​တင်​ရန်​စား​ပွဲ​များ၊-
20 the lampstands of pure gold and their lamps, to burn in front of the inner sanctuary as prescribed;
၂၀စီ​မံ​ချက်​အ​ရ​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တော်​ရှေ့​တွင်​ထွန်း​ညှိ​ထား​ရန် ရွှေ​စင်​မီး​ခွက် များ​နှင့်​မီး​တင်​ခုံ​များ၊-
21 the flowers, lamps, and tongs of gold—of purest gold;
၂၁တန်​ဆာ​ဆင်​ရန်​ပန်း​ပွင့်​များ၊ မီး​ခွက်​များ နှင့်​မီး​ကိုင်​တန်​ဆာ​များ၊-
22 the wick trimmers, sprinkling bowls, ladles, and censers of purest gold; and the gold doors of the temple: the inner doors to the Most Holy Place as well as the doors of the main hall.
၂၂မီး​ညှပ်​များ၊ လင်​ပန်း​များ၊ ခွက်​များ​နှင့်​မီး ကျီး​ခံ​များ​ဖြစ်​၏။ ထို​ပစ္စည်း​ရှိ​သ​မျှ​သည် ရွှေ​စင်​ဖြင့်​ပြီး​သ​တည်း။ ဗိ​မာန်​တော်​အ​ပြင် တံ​ခါး​များ​နှင့် အ​လွန်​သန့်​ရှင်း​ရာ​ဌာန​တော် အ​ဝင်​တံ​ခါး​များ​ကို​ရွှေ​ဖြင့်​မွမ်း​မံ​ထား သ​တည်း။

< 2 Chronicles 4 >