< 2 Chronicles 32 >
1 After all these acts of faithfulness, Sennacherib king of Assyria came and invaded Judah. He laid siege to the fortified cities, intending to conquer them for himself.
၁ထိုအမှုများတို့ကို လက်စသတ်သည်နောက်၊ အာရှုရိ ရှင်ဘုရင် သနာခရိပ် သည်၊ ယုဒ ပြည်သို့ စစ်ချီ ၍ ခိုင်ခံ့ သောမြို့ တို့ကို ဝိုင်း ထားလျက် တိုက်ယူခြင်းငှါ အားထုတ်လေ၏။
2 When Hezekiah saw that Sennacherib had come to make war against Jerusalem,
၂ထိုသို့ သနာခရိပ် သည်လာ ၍ ၊ ယေရုရှလင် မြို့ကို တိုက် မည့်အကြံရှိကြောင်းကို ၊ ဟေဇကိ သည်သိမြင် လျှင်၊
3 he consulted with his leaders and commanders about stopping up the waters of the springs outside the city, and they helped him carry it out.
၃မြို့ ပြင် ၌ ရှိသော စမ်း ရေ ကိုဖြတ် ခြင်းငှါ မှူးမတ် ၊ စစ်သူကြီး တို့နှင့် တိုင်ပင် ၍။သူ တို့သည် ဝိုင်း လုပ်ကြ၏။
4 Many people assembled and stopped up all the springs and the stream that flowed through the land. “Why should the kings of Assyria come and find plenty of water?” they said.
၄အာရှုရိ ရှင် ဘုရင်တို့သည် လာ ၍ ၊ များစွာ သော ရေ ကို အဘယ်ကြောင့် တွေ့ ရမည်နည်းဟု လူများတို့သည် ဆိုလျက်၊ စုဝေး ၍ စမ်းရေ တွင်းရှိသမျှ ကို ပိတ် ကြ၏။ ပြည် အလယ် ၌ စီး သောချောင်း ရေကိုလည်း ဖြတ်ကြ၏။
5 Then Hezekiah worked resolutely to rebuild all the broken sections of the wall and to raise up towers on it. He also built an outer wall and reinforced the supporting terraces of the City of David, and he produced an abundance of weapons and shields.
၅ဟေဇကိသည်လည်း ကိုယ်ကို ခိုင်ခံ့ စေ၏။ ပြို သောမြို့ရိုး ရှိသမျှ ကို ပြုပြင် ၍ ၊ ရဲတိုက် တို့နှင့် တညီတည်း တည်၏။ ပြင် မြို့ရိုး ကိုလည်း တည် ၏။ ဒါဝိဒ် မြို့ ၌ မိလ္လော ရဲတိုက်ကိုလည်း ပြုပြင်၍၊ များစွာ သော လှံလက်နက်ဒိုင်း လွှားတို့ကိုလည်း လုပ်လေ၏။
6 Hezekiah appointed military commanders over the people and gathered the people in the square of the city gate. Then he encouraged them, saying,
၆လူ များတို့တွင် တပ်မှူး တို့ကိုခန့်ထား ၍ ၊ မြို့ လမ်းမ ၌ စုဝေး စေသဖြင့် ၊ အားပေးသော စကားကို ပြောလျက်၊
7 “Be strong and courageous! Do not be afraid or discouraged before the king of Assyria and the vast army with him, for there is a greater One with us than with him.
၇ခွန်အား ယူ၍ ရဲရင့် ခြင်းရှိကြလော့။ အာရှုရိ ရှင်ဘုရင် နှင့် သူ ၌ ပါသော အလုံး အရင်း အပေါင်း တို့ ကြောင့် မ ကြောက် ကြနှင့်။ စိတ် မ ပျက်ကြနှင့်။ ငါ တို့ ဘက် ၌နေသောသူတို့ သည်၊ သူ့ဘက်၌ နေသောသူ တို့ထက် သာ၍များ ကြ၏။
8 With him is only the arm of flesh, but with us is the LORD our God to help us and to fight our battles.” So the people were strengthened by the words of Hezekiah king of Judah.
၈သူ့ ဘက် ၌ လူ လက်ရုံး ရှိ၏။ ငါ တို့ဘက် ၌ ထောက်မ ၍ ၊ စစ် ကူတော်မူသောငါ တို့၏ဘုရားသခင် ထာဝရဘုရား ရှိတော်မူသည်ဟု မိန့်တော်မူ၏။ လူ များတို့ သည် ယုဒ ရှင်ဘုရင် ဟေဇကိ ၏ စကား ကို ကိုးစား ကြ၏။
9 Later, as Sennacherib king of Assyria and all his forces besieged Lachish, he sent his servants to Jerusalem with a message for King Hezekiah of Judah and all the people of Judah who were in Jerusalem:
၉ထိုနောက် အာရှုရိ ရှင်ဘုရင် သနာခရိပ် သည် ဗိုလ်ခြေ အပေါင်း တို့နှင့်တကွ ၊ လာခိရှ မြို့ကို ဝိုင်းထားစဉ်တွင်၊ မိမိ ကျွန် အချို့ကို ယေရုရှလင် မြို့၊ ယုဒ ရှင်ဘုရင် ဟေဇကိ ထံ သို့၎င်း၊ ယေရုရှလင် မြို့၌ ရှိသော ယုဒ လူအပေါင်း တို့ရှိရာသို့ ၎င်း စေလွှတ် ၍၊
10 “This is what Sennacherib king of Assyria says: What is the basis of your confidence, that you remain in Jerusalem under siege?
၁၀အာရှုရိ ရှင်ဘုရင် သနာခရိပ် မိန့် တော်မူသည် ကား ၊ သင် တို့သည် ယေရုရှလင် မြို့၌ ဝိုင်း ထားခြင်းကိုခံ ခြင်းငှါ၊ အဘယ်သို့ ခိုလှုံ ကြသနည်း။
11 Is not Hezekiah misleading you to give you over to death by famine and thirst when he says, ‘The LORD our God will deliver us from the hand of the king of Assyria?’
၁၁ဟေဇကိ က၊ ငါ တို့၏ဘုရားသခင် ထာဝရဘုရား သည် ငါ တို့ကို အာရှုရိ ရှင်ဘုရင် လက် မှ ကယ်လွှတ် တော်မူမည်ဟုဆို လျက် ၊ မွတ်သိပ် ခြင်း၊ ရေငတ် ခြင်း အားဖြင့် အသေ ခံရသည်တိုင်အောင် ၊ ကိုယ်ကို စွန့်ပစ် စေ ခြင်းငှါ ၊ သင် တို့ကို ဖြားယောင်း သည်မဟုတ် လော။
12 Did not Hezekiah himself remove His high places and His altars and say to Judah and Jerusalem, ‘You must worship before one altar, and on it you shall burn sacrifices’?
၁၂ထို ဟေဇကိ သည် ထာဝရ ဘုရား၏ မြင့် သော အရပ်ဌာနနှင့် ယဇ် ပလ္လင်တို့ကို ပယ် ၍ ၊ သင်တို့သည် တခုတည်းသော ယဇ် ပလ္လင်ရှေ့ မှာကိုးကွယ် ရမည်။ ထို ယဇ် ပလ္လင်ပေါ် မှာ နံ့သာပေါင်း ကို မီးရှို့ရမည်ဟု ယုဒ ပြည်သူ ယေရုရှလင် မြို့သားတို့ကို မိန့် တော်မူပြီမဟုတ် လော။
13 Do you not know what I and my fathers have done to all the peoples of the lands? Have the gods of these nations ever been able to deliver their land from my hand?
၁၃ငါ နှင့် ငါ့ ဘိုးဘေး တို့သည် အတိုင်းတိုင်းအပြည်ပြည်တို့၌ အဘယ်သို့ ပြု သည်ကို သင်တို့မ သိ ကြသလော။အတိုင်းတိုင်းအပြည်ပြည်ဘုရားတို့သည် မိမိ တို့ပြည် များကို ငါ့ လက် မှ ကယ်လွှတ် ခြင်းငှါ တတ်စွမ်း နိုင် သလော ။
14 Who among all the gods of these nations that my fathers devoted to destruction has been able to deliver his people from my hand? How then can your God deliver you from my hand?
၁၄ငါ့ ဘိုးဘေး အကုန်အစင် ဖျက်ဆီး သော တိုင်း နိုင်ငံတို့၏ ဘုရား တို့တွင် ၊ အဘယ်မည်သောဘုရားသည် မိမိ ပြည် ကို ငါ့ လက် မှ ကယ်လွှတ် ဘူးသနည်း။ သင် တို့၏ ဘုရား သည် သင် တို့ကိုငါ့ လက် မှ အဘယ်သို့ ကယ်လွှတ် မည်နည်း။
15 So now, do not let Hezekiah deceive you, and do not let him mislead you like this. Do not believe him, for no god of any nation or kingdom has been able to deliver his people from my hand or from the hand of my fathers. How much less will your God deliver you from my hand!”
၁၅သို့ဖြစ်၍ ၊ ဟေဇကိ သည် သင် တို့ကိုမ လှည့်စား စေနှင့်။ ထိုသို့ မ ဖြားယောင်း စေနှင့်။ သူ့ စကားကို မ ယုံ ကြနှင့်။ အခြား သော တိုင်း နိုင်ငံ၌ ကိုးကွယ်သော ဘုရား မည်မျှသည်၊ မိမိ ပြည် ကိုငါ့ လက် မှ ၎င်း၊ ငါ့ ဘိုးဘေး လက် မှ ၎င်း မ ကယ် မလွှတ်နိုင်။။ ထိုမျှမက ၊ သင် တို့၏ဘုရား သည် သင် တို့ကို ငါ့ လက် မှ မ ကယ် မလွှတ်နိုင်ဟု မှာလိုက်လေ၏။
16 And the servants of Sennacherib spoke further against the LORD God and against His servant Hezekiah.
၁၆သူ့ ကျွန် တို့သည် ထာဝရ အရှင်ဘုရားသခင် တစ်ဘက် ၊ ဘုရားသခင် ၏ကျွန် ဟေဇကိ တဘက် ၌ သာ၍ ပြော ဆိုကြ၏။
17 He also wrote letters mocking the LORD, the God of Israel, and saying against Him: “Just as the gods of the nations did not deliver their people from my hand, so the God of Hezekiah will not deliver His people from my hand.”
၁၇ထိုမှတပါး အခြားသော တိုင်းနိုင်ငံဘုရား တို့ သည်၊ မိမိ လူ များကို ငါ့ လက် မှ မ ကယ် မလွှတ်နိုင်သည် နည်းတူ ၊ ဟေဇကိ ကိုးကွယ်သော ဘုရား သည်၊ သူ ၏ လူ များကို ငါ့ လက် မှ မ ကယ် မလွှတ်ရဟုဣသရေလ အမျိုး ၏ ဘုရားသခင် ထာဝရဘုရား ကို ကဲ့ရဲ့ ပြစ်တင်သောစာ ကို ရေး ၍ ပေးလိုက်သေး၏။
18 Then the Assyrians called out loudly in Hebrew to the people of Jerusalem who were on the wall, to frighten and terrify them in order to capture the city.
၁၈တဖန် မြို့ရိုး ပေါ် မှာရှိသော ယေရုရှလင် မြို့သား တို့ကို ခြိမ်းချောက်နှောက်ရှက်၍၊ မြို့ ကိုတိုက်ယူ နိုင်အောင်၊ ယုဒ ဘာသာစကားအားဖြင့် ကျယ် သော အသံ နှင့် ကြွေးကြော် ကြ၏။
19 They spoke against the God of Jerusalem as they had spoken against the gods of the peoples of the earth—the work of human hands.
၁၉လူ တို့လက် ဖြင့် လုပ် သောဘုရား ၊ မြေကြီး သား များ ကိုးကွယ်သော ဘုရားတို့နှင့် ယေရုရှလင် မြို့ ဘုရားသခင် ကို ရော၍ ကဲ့ရဲ့ ကြ၏။
20 In response, King Hezekiah and the prophet Isaiah son of Amoz cried out to heaven in prayer,
၂၀ထို အကြောင်း ကြောင့်၊ ဟေဇကိ မင်းကြီး နှင့် အာမုတ် သား ပရောဖက် ဟေရှာယ သည် ဆုတောင်း ၍ ၊ ကောင်းကင် ဘုံသို့ ဟစ်ခေါ် သဖြင့်၊
21 and the LORD sent an angel who annihilated every mighty man of valor and every leader and commander in the camp of the king of Assyria. So he withdrew to his own land in disgrace. And when he entered the temple of his god, some of his own sons struck him down with the sword.
၂၁ထာဝရဘုရား စေလွှတ် တော်မူသောကောင်းကင် တမန်သည်၊ အာရှုရိ ရှင်ဘုရင် တပ် ၌ ခွန်အား ကြီးသော သူရဲ များ၊ တပ်မှူး ၊ စစ်ကဲ များအပေါင်းတို့ကို သုတ်သင် ပယ်ရှင်းလေ၏။ ရှင်ဘုရင်သည် မျက်နှာ ပျက် လျက် ၊ မိမိ ပြည် သို့ ပြန် သွား၏။ မိမိ ဘုရား ၏ ဗိမာန် သို့ရောက် သောအခါ ၊ မိမိ သားရင်း တို့သည် ထား နှင့် သတ် ကြ၏။
22 So the LORD saved Hezekiah and the people of Jerusalem from the hands of King Sennacherib of Assyria and all the others, and He gave them rest on every side.
၂၂ထိုသို့ ထာဝရဘုရား သည် ဟေဇကိ နှင့် ယေရုရှလင် မြို့သား တို့ကို၊ အာရှုရိ ရှင်ဘုရင် လက် မှ ၎င်း ၊ အခြားသောရန်သူလက် မှ ၎င်း ကယ်လွှတ် ၍ ၊ အရပ်ရပ် ၌ စောင့်မ တော်မူ၏။
23 Many brought offerings to Jerusalem for the LORD and valuable gifts for Hezekiah king of Judah, and from then on he was exalted in the eyes of all nations.
၂၃အများသောသူတို့သည် ယေရုရှလင် မြို့သို့ ထာဝရဘုရား အဘို့ ပူဇော် သက္ကာကို၎င်း ၊ ယုဒ ရှင်ဘုရင် ဟေဇကိ ထံ သို့ လက်ဆောင် ပဏ္ဏာကို၎င်း ဆောင် ခဲ့ကြ သဖြင့် ၊ ဟေဇကိသည် ထိုကာလမှစ၍ခပ်သိမ်း သောလူမျိုး ရှေ့ မှာဘုန်းကြီး တော်မူ၏။
24 In those days Hezekiah became mortally ill. So he prayed to the LORD, who spoke to him and gave him a sign.
၂၄ထို ကာလ အခါ ဟေဇကိ မင်းသည် သေ နာစွဲ၍ ထာဝရဘုရား အား ဆုတောင်း သဖြင့်၊ ဗျာဒိတ်တော်နှင့် ထူးဆန်း သော တန်ခိုးတော်ကို ခံရ၏။
25 But because his heart was proud, Hezekiah did not repay the favor shown to him. Therefore wrath came upon him and upon Judah and Jerusalem.
၂၅သို့ရာတွင် ဟေဇကိ သည် မိမိ ခံရသောကျေးဇူးတော်နှင့် အထိုက် အလျောက်မ ကျင့်၊ ထောင်လွှား သောစိတ် ရှိ၏။ ထိုကြောင့် သူ ၌ ၎င်း၊ ယုဒ ပြည်နှင့် ယေရုရှလင် မြို့၌ ၎င်း ၊ အမျက် တော်ထွက် လေ၏။
26 Then Hezekiah humbled the pride of his heart—he and the people of Jerusalem—so that the wrath of the LORD did not come upon them during the days of Hezekiah.
၂၆သို့ရာတွင် ဟေဇကိ သည် မိမိ စိတ် ထောင်လွှား သော အပြစ်ကြောင့် ၊ ယေရုရှလင် မြို့ သားတို့နှင့်တကွ ကိုယ်တိုင် ကိုယ်ကိုနှိမ့်ချ သောကြောင့် ၊ လက်ထက် တော် ကာလတွင်၊ ထာဝရဘုရား ၏ အမျက် တော်မ သက်ရောက် ။
27 Hezekiah had very great riches and honor, and he made treasuries for his silver, gold, precious stones, spices, shields, and all kinds of valuable articles.
၂၇ဟေဇကိ သည် များစွာ သော စည်းစိမ် ဥစ္စာ ဂုဏ် အသရေရှိ ၏။ ရွှေ ၊ ငွေ ၊ ကျောက် မြတ်၊ နံ့သာမျိုး ၊ ဒိုင်း လွှား၊ နှမြော ဘွယ်သော တန်ဆာ သိုထားရာဘဏ္ဍာတိုက် များကို တည် လေ၏။
28 He also made storehouses for the harvest of grain and new wine and oil, stalls for all kinds of livestock, and pens for the flocks.
၂၈စပါး ကျီများ၊ ဆီ ၊ စပျစ်ရည် သိုထား ရာ တိုက်များ၊ တိရစ္ဆာန် မျိုး တင်းကုပ် များ၊ သိုး ခြံ များကိုလည်း လုပ်လေ ၏။
29 He made cities for himself, and he acquired herds of sheep and cattle in abundance, for God gave him very great wealth.
၂၉ကိုယ် အဘို့ မြို့ တို့ကိုတည် ၍ ၊ များစွာ သော သိုး နွား တို့ကိုလည်း ဆည်းဖူးလေ၏။ ဘုရားသခင် သည် များစွာ သောဥစ္စာ ကို ပေး သနားတော်မူ၏။
30 It was Hezekiah who blocked the upper outlet of the Spring of Gihon and channeled it down to the west side of the City of David. And Hezekiah prospered in all that he did.
၃၀ထိုမှတပါး ၊ ဟေဇကိ သည် ဂိဟုန် အထက် ချောင်း ရေကို ပိတ် ၍ ၊ ဒါဝိဒ် မြို့ အနောက် သို့ တည့်တည့် စီးစေ၏။ ထိုသို့ ဟေဇကိ သည် ပြု လေရာရာ ၌ အကြံ ထမြောက်၏။
31 And so when ambassadors of the rulers of Babylon were sent to him to inquire about the wonder that had happened in the land, God left him alone to test him, that He might know all that was in Hezekiah’s heart.
၃၁သို့ရာတွင် ၊ နိုင်ငံ တော်၌ ဖြစ် သော အံ့ဘွယ် သော အမှုကို မေးမြန်း စေခြင်းငှါ ၊ ဗာဗုလုန် မင်း တို့သည် သံတမန်ကို စေလွှတ်သော အမှုမှာ၊ ဟေဇကိ မင်း၏ သဘော ကို အကုန်အစင် သိ ခြင်းငှါ ၊ ဘုရားသခင် သည် စုံစမ်း ၍ အလွတ် ထားတော်မူ၏။
32 As for the rest of the acts of Hezekiah and his deeds of loving devotion, they are indeed written in the vision of the prophet Isaiah son of Amoz in the Book of the Kings of Judah and Israel.
၃၂ဟေဇကိ ပြုမူသောအမှု အရာကြွင်း လေသမျှ တို့နှင့် ကျေးဇူး ပြုခြင်းအရာသည် အာမုတ် သား ပရောဖက် ဟေရှာယ ၏ ရူပါရုံ ကျမ်း၊ ယုဒ ရာဇဝင်၊ ဣသရေလ ရာဇဝင် ၌ ရေးထား လျက် ရှိ၏။
33 And Hezekiah rested with his fathers and was buried in the upper tombs of David’s descendants. All Judah and the people of Jerusalem paid him honor at his death. And his son Manasseh reigned in his place.
၃၃ဟေဇကိ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ ဒါဝိဒ် ၏သား တော်မြေးတော်တို့ သင်္ချိုင်းတွင် အမြတ်ဆုံးသော သင်္ချိုင်း ၌ သင်္ဂြိုဟ် ခြင်းကို ခံလေ၏။ ယုဒ ပြည်သူ ယေရုရှလင် မြို့ သားအပေါင်း တို့သည်၊ ဟေဇကိ အနိစ္စ ရောက်သောအခါ ၊ ဂုဏ် အသရေတော်ကို ချီးမြှောက် ကြ ၏။ သား တော်မနာရှေ သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏။