< 1 Samuel 31 >

1 Now the Philistines fought against Israel, and the men of Israel fled before them, and many fell slain on Mount Gilboa.
ဂိ​လ​ဗော​တောင်​ပေါ်​တွင်​ဖိ​လိတ္တိ​အ​မျိုး​သား တို့​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တိုက်​ပွဲ ဖြစ်​ရာ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​များ အ​ပြား​ကျ​ဆုံး​ကြ​၏။ ကျန်​သော​သူ​တို့ သည်​ထွက်​ပြေး​ကြ​၏။-
2 The Philistines followed hard after Saul and his sons, and they killed Saul’s sons Jonathan, Abinadab, and Malchishua.
ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ရှော​လု​၏​သား များ​ဖြစ်​ကြ​သော​ယော​န​သန်၊ အ​ဘိ​န​ဒပ် နှင့်​မေ​လ​ခိ​ရွှ​တို့​ကို လိုက်​၍​မီ​သ​ဖြင့် သတ်​ဖြတ်​လိုက်​ကြ​၏။-
3 When the battle intensified against Saul, the archers overtook him and wounded him critically.
ရှော​လု​၏​ပတ်​လည်​တွင်​တိုက်​ပွဲ​ပြင်း​ထန်​သည် ဖြစ်​၍ မင်း​ကြီး​ကိုယ်​တိုင်​ပင်​မြား​မှန်​သ​ဖြင့် ပြင်း​စွာ​ဒဏ်​ရာ​ရ​လေ​၏။-
4 Then Saul said to his armor-bearer, “Draw your sword and run it through me, or these uncircumcised men will come and run me through and torture me!” But his armor-bearer was terrified and refused to do it. So Saul took his own sword and fell on it.
မင်း​ကြီး​သည်​လက်​နက်​ဆောင်​လူ​ငယ်​အား``ဤ ဘု​ရား​မဲ့​သူ​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​နှစ် ထောင်း​အား​ရ​ဖြစ်​လျက် ငါ့​ကို​ညှင်း​ဆဲ​သတ် ဖြတ်​မှု​မ​ပြု​နိုင်​စေ​ရန် သင်​သည်​မိ​မိ​၏​ဋ္ဌား ကို​ထုတ်​၍​ငါ့​အား​သတ်​ပါ​လော့'' ဟု​ဆို​၏။ သို့​ရာ​တွင်​ထို​လူ​ငယ်​သည်​ကြောက်​အား​ကြီး သ​ဖြင့် မ​သတ်​ရဲ​သော​ကြောင့်​ရှော​လု​သည် မိ​မိ​၏​ဋ္ဌား​ကို​ယူ​၍​ထောင်​ပြီး​လျှင် ထို ဋ္ဌား​ပေါ်​တွင်​လှဲ​ချ​လျက်​သေ​လေ​သည်။-
5 When his armor-bearer saw that Saul was dead, he too fell on his own sword and died with him.
ရှော​လု​သေ​သွား​သည်​ကို​မြင်​လျှင် လူ​ငယ်​သည် မိ​မိ​ဋ္ဌား​ပေါ်​တွင်​လှဲ​ချ​ကာ​ရှော​လု​နှင့်​အ​တူ သေ​လေ​၏။-
6 So Saul, his three sons, his armor-bearer, and all his men died together that same day.
ဤ​ကား​ရှော​လု​သား​တော်​သုံး​ပါး​နှင့် လူ​ငယ် တို့​သေ​ရ​ကြ​ပုံ​ဖြစ်​ပေ​သည်။ ထို​နေ့​၌​ရှော​လု ၏​လူ​အ​ပေါင်း​တို့​သည်​သေ​ဆုံး​ကြ​ကုန်​၏။-
7 When the Israelites along the valley and those on the other side of the Jordan saw that the army of Israel had fled and that Saul and his sons had died, they abandoned their cities and ran away. So the Philistines came and occupied their cities.
ယေ​ဇ​ရေ​လ​ချိုင့်​ဝှမ်း​တစ်​ဘက်၊ ယော်​ဒန်​မြစ် အ​ရှေ့​ဘက်​ရှိ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည် ဣ​သ​ရေ​လ​တပ်​မ​တော်​ထွက်​ပြေး​ပြီ ဖြစ်​ကြောင်း​ကြား​သိ​ကြ​သော​အ​ခါ မိ​မိ တို့​မြို့​များ​ကို​စွန့်​၍​ထွက်​ပြေး​ကြ​ကုန်​၏။ ထို​အ​ခါ​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​လာ ရောက်​၍​ထို​မြို့​များ​တွင်​နေ​ထိုင်​ကြ​၏။
8 The next day, when the Philistines came to strip the dead, they found Saul and his three sons fallen on Mount Gilboa.
တိုက်​ပွဲ​ဖြစ်​ပြီး​နောက်​တစ်​နေ့​၌​ဖိ​လိတ္တိ အ​မျိုး​သား​တို့​သည် လူ​သေ​အ​လောင်း​တို့ ထံ​မှ​ပစ္စည်း​တန်​ဆာ​များ​ကို​ချွတ်​ရန်​ရောက် ရှိ​လာ​ကြ​ရာ ဂိ​လ​ဗော​တောင်​ထိပ်​တွင်​လဲ ၍​သေ​နေ​သော​ရှော​လု​နှင့်​သား​တော်​သုံး​ပါး ကို​တွေ့​ရှိ​ကြ​၏။-
9 They cut off Saul’s head, stripped off his armor, and sent messengers throughout the land of the Philistines to proclaim the news in the temples of their idols and among their people.
သူ​တို့​သည်​ရှော​လု​၏​ဦး​ခေါင်း​ကို​ဖြတ်​၍ သူ့ ထံ​မှ​ချွတ်​ယူ​သော​လက်​နက်​တန်​ဆာ​များ​နှင့် တ​ကွ ဖိ​လိတ္တိ​ပြည်​ရှိ​မိ​မိ​တို့​၏​နတ်​ဘု​ရား ရုပ်​တု​များ​နှင့် မိ​မိ​တို့​၏​အ​မျိုး​သား​များ ထံ​သ​တင်း​ကောင်း​ကို​ပြော​ကြား​ရန်​လူ လွှတ်​ပေး​ပို့​ကြ​လေ​သည်။-
10 They put his armor in the temple of the Ashtoreths and hung his body on the wall of Beth-shan.
၁၀ထို​နောက်​သူ​တို့​သည်​အ​ဆို​ပါ​လက်​နက် တန်​ဆာ​များ​ကို အ​ရှ​တ​ရက်​နတ်​သ​မီး ၏​ဝတ်​ကျောင်း​တွင်​ထား​ရှိ​၍​ရှော​လု​၏ အ​လောင်း​ကို​မူ​ဗက်​ရှန်​မြို့​ရိုး​တွင်​ဆွဲ ထား​ကြ​၏။
11 When the people of Jabesh-gilead heard what the Philistines had done to Saul,
၁၁ရှော​လု​အား​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အ​ဘယ် သို့​ပြု​ကြ​သည်​ကို ဂိ​လဒ်​ပြည်​ယာ​ဗက်​မြို့ သား​တို့​ကြား​သိ​ကြ​သော​အ​ခါ၊-
12 all their men of valor set out, journeyed all night, and retrieved the bodies of Saul and his sons from the wall of Beth-shan. When they arrived at Jabesh, they burned the bodies there.
၁၂သူ​ရဲ​ကောင်း​အ​ချို့​တို့​သည် ဗက်​ရှန်​မြို့​ကို တစ်​ည​လုံး​ချီ​တက်​သွား​ကြ​၏။ သူ​တို့​သည် ရှော​လု​နှင့်​သား​တော်​တို့​၏​အ​လောင်း​များ ကို​မြို့​ရိုး​မှ​ဖြုတ်​ယူ​ပြီး​လျှင် ယာ​ဗက်​မြို့ သို့​သယ်​ဆောင်​၍​မီး​သင်္ဂြိုဟ်​လိုက်​ကြ​၏။-
13 Then they took their bones and buried them under the tamarisk tree in Jabesh, and they fasted seven days.
၁၃ထို​နောက်​အ​ရိုး​တို့​ကို​ကောက်​ယူ​၍​မြို့​ရှိ မန်​ကျည်း​ပင်​အောက်​တွင်​မြှုပ်​နှံ​ပြီး​နောက် ခု​နစ်​ရက်​တိုင်​တိုင်​အ​စာ​ရှောင်​ကြ​၏။ ဋ္ဌမ္မ​ရာ​ဇ​ဝင်​ပ​ထ​မ​စောင်​ပြီး​၏။

< 1 Samuel 31 >