< 1 Samuel 24 >

1 After Saul had returned from pursuing the Philistines, he was told, “David is in the wilderness of En-gedi.”
ရှော​လု​သည်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​နှင့်​စစ် တိုက်​ရာ​မှ​ပြန်​လည်​ရောက်​ရှိ​လာ​သော​အ​ခါ အင်္ဂေ​ဒိ​မြို့​အ​နီး​ရှိ​တော​ကန္တာ​ရ​တွင်​ဒါ​ဝိဒ် ရှိ​နေ​ကြောင်း​ကြား​လျှင်၊-
2 So Saul took three thousand chosen men from all Israel and went to look for David and his men in the region of the Rocks of the Wild Goats.
ဣ​သ​ရေ​လ​လက်​ရွေး​စင်​စစ်​သည်​တော်​သုံး ထောင်​ကို​ခေါ်​၍ ဆိတ်​ရိုင်း​များ​နေ​ရာ​ကျောက် ဆောင်​များ​တွင် ဒါ​ဝိဒ်​နှင့်​အ​ပေါင်း​ပါ​တို့ အား​ရှာ​ဖွေ​ရန်​ထွက်​ခွာ​သွား​တော်​မူ​သည်။-
3 Soon Saul came to the sheepfolds along the road, where there was a cave, and he went in to relieve himself. And David and his men were hiding in the recesses of the cave.
မင်း​ကြီး​သည်​လမ်း​အ​နီး​ရှိ​သိုး​ခြံ​များ အ​နား​မှာ​ဂူ​တစ်​ခု​ကို​တွေ့​သ​ဖြင့် ကိုယ်​လက် သုတ်​သင်​ရန်​ဝင်​တော်​မူ​၏။ ထို​ဂူ​ကား​အ​ခြား မ​ဟုတ်၊ အ​တွင်း​ပိုင်း​တွင်​ဒါ​ဝိဒ်​တို့​လူ​စု ပုန်း​အောင်း​နေ​သည့်​ဂူ​ပင်​ဖြစ်​သည်။
4 So David’s men said to him, “This is the day about which the LORD said to you, ‘Behold, I will deliver your enemy into your hand, that you may do with him as you wish.’” Then David crept up secretly and cut off a corner of Saul’s robe.
ဒါ​ဝိဒ်​၏​လူ​တို့​က``ထာ​ဝ​ရ​ဘု​ရား​သည်​ရန် သူ​အား အ​ရှင်​၏​လက်​သို့​ပေး​အပ်​တော်​မူ​မည် ဟူ​၍​လည်း​ကောင်း၊ သူ့​အား​အ​ရှင်​အ​လို​ရှိ သ​လို​ပြု​နိုင်​လိမ့်​မည်​ဟူ​၍​လည်း​ကောင်း မိန့် တော်​မူ​ခဲ့​သည့်​အ​တိုင်း​ယ​ခု​အ​ရှင်​အ​ခွင့် ကောင်း​ကြုံ​ပါ​ပြီ'' ဟု​ဆို​ကြ​၏။ ဒါ​ဝိဒ်​သည် ရှော​လု​ရှိ​ရာ​သို့​သွား​ကာ ရှော​လု​၏​ဝတ်​လုံ ကို​တိတ်​တ​ဆိတ်​လှီး​ဖြတ်​လိုက်​၏။-
5 Afterward, David’s conscience was stricken because he had cut off the corner of Saul’s robe.
သို့​ရာ​တွင်​ယင်း​သို့​ပြု​မိ​သည့်​အ​တွက် ဒါ​ဝိဒ် လိပ်​ပြာ​မ​သန့်​ဖြစ်​လာ​၏။-
6 So he said to his men, “The LORD forbid that I should do such a thing to my master, the LORD’s anointed. May I never lift my hand against him, since he is the LORD’s anointed.”
ထို့​ကြောင့်​မိ​မိ​၏​လူ​တို့​အား``ထာ​ဝ​ရ​ဘု​ရား ဘိ​သိက်​ပေး​တော်​မူ​သော​ဘု​ရင်၊ ငါ​၏​သခင် အား​ဘေး​အန္တ​ရာယ်​မ​ပြု​မိ​စေ​ရန်​ထာ​ဝ​ရ ဘု​ရား​သည်​ငါ့​ကို​ဆီး​တား​တော်​မူ​ပါ​စေ သော။ မင်း​ကြီး​သည်​ထာ​ဝ​ရ​ဘု​ရား​ဘိ​သိက် ပေး​တော်​မူ​သော​ဘုရင်​ဖြစ်​သ​ဖြင့် ငါ​သည်​သူ့ အား​စိုး​စဉ်း​မျှ​ဘေး​အန္တရာယ်​မ​ပြု​အပ်'' ဟု ဆို​၏။-
7 With these words David restrained his men, and he did not let them rise up against Saul. Then Saul left the cave and went on his way.
သို့​ဖြစ်​၍​ရှော​လု​အား​တိုက်​ခိုက်​ရန်​မ​သင့် ကြောင်း မိ​မိ​၏​လူ​တို့​ကို​ဒါ​ဝိဒ်​က​ကောင်း စွာ​နား​လည်​သ​ဘော​ပေါက်​စေ​လေ​သည်။ ရှော​လု​သည်​ထ​၍​ဂူ​မှ​ထွက်​သွား​လေ​၏။-
8 After that, David got up, went out of the cave, and called out to Saul, “My lord the king!” When Saul looked behind him, David bowed facedown in reverence
ထို​အ​ခါ​ဒါ​ဝိဒ်​သည်​လိုက်​၍​ထွက်​ပြီး​လျှင်``အ ရှင်​မင်း​ကြီး'' ဟု​ဟစ်​ခေါ်​လိုက်​၏။ ရှော​လု​လှည့် ၍​ကြည့်​သော​အ​ခါ​ဒါ​ဝိဒ်​သည်​ရို​သေ​စွာ မြေ​ပေါ်​တွင်​ဦး​ညွှတ်​ပျပ်​ဝပ်​လျက်၊-
9 and said to Saul, “Why do you listen to the words of men who say, ‘Look, David intends to harm you’?
ဤ​သို့​လျှောက်​တင်​၏။ ``အ​ကျွန်ုပ်​သည်​အ​ရှင့် အား​ဘေး​အန္တ​ရာယ်​ပြု​ရန်​ကြိုး​စား​နေ​သည် ဟု လူ​တို့​ပြော​ဆို​ကြ​သော​စ​ကား​ကို​အ​ရှင် အ​ဘယ်​ကြောင့်​ယုံ​တော်​မူ​ပါ​သ​နည်း။-
10 Behold, this day you have seen with your own eyes that the LORD delivered you into my hand in the cave. I was told to kill you, but I spared you and said, ‘I will not lift my hand against my lord, since he is the LORD’s anointed.’
၁၀ယ​ခု​ပင်​လျှင်​ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှင့် အား အ​ကျွန်ုပ်​၏​လက်​သို့​အပ်​တော်​မူ​ခဲ့​ကြောင်း အ​ရှင်​ကိုယ်​တိုင်​သိ​မြင်​နိုင်​ပါ​၏။ အ​ကျွန်ုပ်​၏ လူ​အ​ချို့​တို့​က​အ​ရှင့်​အား​အ​သတ်​ခိုင်း ကြ​ပါ​၏။ သို့​ရာ​တွင်​အ​ကျွန်ုပ်​သည်​အ​ရှင် ၏​အ​တွက်​စိတ်​မ​ကောင်း​ဖြစ်​သ​ဖြင့် အ​ရှင့် ကို​စိုး​စဉ်း​မျှ​ဘေး​အန္တ​ရာယ်​မ​ပြု​လို​ပါ။ အ​ဘယ်​ကြောင့်​ဆို​သော် အ​ရှင်​သည်​ထာ​ဝ​ရ ဘု​ရား​ဘိ​သိက်​ပေး​တော်​မူ​သော​ဘု​ရင် ဖြစ်​သော​ကြောင့်​ဖြစ်​ပါ​၏။-
11 See, my father, look at the corner of your robe in my hand. For I cut it off, but I did not kill you. See and know that there is no evil or rebellion in my hands. I have not sinned against you, even though you are hunting me down to take my life.
၁၁အ​ကျွန်ုပ်​၏​ခ​မည်း​တော်၊ ဤ​မှာ​ကြည့်​တော် မူ​ပါ။ အ​ကျွန်ုပ်​ကိုင်​ထား​သည့်​အ​ရှင့်​ဝတ်​လုံ​စ ကို​ကြည့်​ရှု​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည်​အ​ရှင့် အား​သတ်​ဖြတ်​နိုင်​ခွင့်​ရ​ရှိ​ခဲ့​သော်​လည်း ဤ ဝတ်​လုံ​စ​ကို​သာ​လျှင်​လှီး​ဖြတ်​ခဲ့​ပါ​၏။ အ​ရှင့် အား​ပုန်​ကန်​ရန်​သော်​လည်း​ကောင်း၊ ဘေး​အန္တ​ရာယ် ပြု​ရန်​သော်​လည်း​ကောင်း အ​ကျွန်ုပ်​မ​ကြံ​ရွယ် ကြောင်း​ကို​ဤ​အ​ချက်​အား​ဖြင့် အ​ရှင်​မင်း ကြီး​ကောင်း​စွာ​နား​လည်​သ​ဘော​ပေါက်​သင့် ပါ​၏။ အ​ကျွန်ုပ်​သည်​အ​ရှင့်​အား​အ​ဘယ်​သို့ မျှ​မ​ပြစ်​မှား​ခဲ့​သော်​လည်း အ​ရှင်​သည် အ​ကျွန်ုပ်​ကို​သတ်​ရန်​လိုက်​လံ​ဖမ်း​ဆီး လျက်​နေ​ပါ​၏။-
12 May the LORD judge between you and me, and may the LORD take vengeance on you, but my hand will never be against you.
၁၂အ​ကျွန်ုပ်​တို့​နှစ်​ဦး​အ​နက်​အ​ဘယ်​သူ​မှား ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​ဆုံး​ဖြတ်​တော်​မူ ပါ​စေ​သော။ အ​ရှင်​အ​ကျွန်ုပ်​အား​ပြု​ခဲ့​သည့် အ​မှု​အ​ရာ​အ​တွက် ကိုယ်​တော်​သည်​အ​ရှင့် အား​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ပါ​စေ​သော။ အ​ကျွန်ုပ်​သည်​အ​ရှင်​အား​စိုး​စဉ်း​မျှ ဘေး​အန္တ​ရာယ်​ပြု​လိမ့်​မည်​မ​ဟုတ်​ပါ။-
13 As the old proverb says, ‘Wickedness proceeds from the wicked.’ But my hand will never be against you.
၁၃`ယုတ်​မာ​မှု​ကို​ယုတ်​မာ​သူ​တို့​သာ​လျှင်​ပြု ကျင့်​တတ်​၏' ဟူ​သော​ရှေး​စ​ကား​ပုံ​ကို​အ​ရှင် သိ​တော်​မူ​ပါ​၏။ သို့​ဖြစ်​၍​အ​ကျွန်ုပ်​သည် အ​ရှင့်​အား​ဘေး​အန္တ​ရာယ်​ပြု​လိမ့်​မည် မ​ဟုတ်​ပါ။-
14 Against whom has the king of Israel come out? Whom are you pursuing? A dead dog? A flea?
၁၄ဣ​သ​ရေ​လ​ဘုရင်​သည်​မည်​သူ့​ကို​သတ်​ဖြတ် ရန် လိုက်​လံ​ဖမ်း​ဆီး​နေ​ပါ​သ​နည်း။ ခွေး​သေ ကောင်​ခွေး​လှေး​တို့​ကို​လော။-
15 May the LORD be our judge and decide between you and me. May He take notice and plead my case and deliver me from your hand.”
၁၅အ​ကျွန်ုပ်​တို့​နှစ်​ဦး​အ​နက်​အ​ဘယ်​သူ​မှား သည်​ကို ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​ဆုံး​ဖြတ်​တော် မူ​ပါ​လိမ့်​မည်။ ကိုယ်​တော်​သည်​ဤ​အ​မှု​ကို ကြည့်​ရှု​စစ်​ဆေး​တော်​မူ​ပါ​စေ​သော။ အ​ကျွန်ုပ် ၏​ဘက်​မှ​ချေ​ပ​တော်​မူ​၍​အ​ကျွန်ုပ်​အား အ​ရှင်​၏​လက်​မှ​ကယ်​တော်​မူ​ပါ​စေ​သော'' ဟု​လျှောက်​လေ​၏။
16 When David had finished saying these things, Saul called back, “Is that your voice, David my son?” Then Saul wept aloud
၁၆ဤ​သို့​ဒါ​ဝိဒ်​လျှောက်​ထား​ပြီး​သော​အ​ခါ ရှော​လု​က``သင်​သည်​အ​ကယ်​ပင်​ငါ​၏​သား ဒါ​ဝိဒ်​ပေ​လော'' ဟု​ဆို​၍​ငို​ကြွေး​တော်​မူ​၏။-
17 and said to David, “You are more righteous than I, for you have rewarded me with good, though I have rewarded you with evil.
၁၇ထို​နောက်​ဒါ​ဝိဒ်​အား``သင်​သည်​မှန်​ကန်​၍ ငါ​သည်​မှား​ပါ​၏။ ငါ​သည်​သင့်​အား​ဆိုး ယုတ်​စွာ​ပြု​ခဲ့​သော်​လည်း သင်​သည်​ငါ့ ကို​ကျေး​ဇူး​ပြု​ပါ​သည်​တ​ကား။-
18 And you have shown this day how well you have dealt with me; for when the LORD delivered me into your hand, you did not kill me.
၁၈ယ​နေ့​ငါ့​အား​သင်​ပြု​သော​ကျေး​ဇူး​သည် ကြီး​လှ​ပါ​ပေ​သည်။ ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား​သင့်​လက်​သို့​ပေး​အပ်​တော်​မူ​သော် လည်း​သင်​သည်​ငါ့​ကို​မ​သတ်​ခဲ့​ပါ။-
19 When a man finds his enemy, does he let him go away unharmed? May the LORD reward you with good for what you have done for me this day.
၁၉လူ​သည်​မိ​မိ​ရန်​သူ​ကို​ဖမ်း​ဆီး​ရ​မိ​ပြီး နောက် ဘယ်​အ​ခါ​၌​ချမ်း​သာ​ပေး​ဖူး​ပါ သ​နည်း။ ယ​နေ့​ငါ့​အား​သင်​ပြု​သော​အ​မှု အ​တွက် ဘု​ရား​သ​ခင်​သင့်​ကို​ကောင်း​ချီး ပေး​တော်​မူ​ပါ​စေ​သော။-
20 Now I know for sure that you will be king, and that the kingdom of Israel will be established in your hands.
၂၀သင်​သည်​ဣ​သ​ရေ​လ​ဘု​ရင်​ဖြစ်​လာ​မည်​ကို လည်း​ကောင်း၊ ဣ​သ​ရေ​လ​ပြည်​သည်​သင်​၏ လက်​ဝယ်​ဆက်​လက်​တည်​မြဲ​နေ​မည်​ကို​လည်း ကောင်း​ယ​ခု​ငါ​အ​သေ​အ​ချာ​သိ​ပါ​၏။-
21 So now, swear to me by the LORD that you will not cut off my descendants or wipe out my name from my father’s house.”
၂၁သို့​ရာ​တွင်​ငါ​၏​နာမည်​နှင့်​ငါ့​အိမ်​ထောင်​စု​နာ မည်​သည်​လုံး​ဝ​ပျောက်​ကွယ်​၍​မ​သွား​စေ​ရန် သင်​သည်​ငါ့​သား​မြေး​တို့​အား​အ​သက်​ချမ်း သာ​ပေး​ပါ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ တော်​ကို​တိုင်​တည်​၍​ငါ့​အား​က​တိ​ပြု​ပါ လော့'' ဟု​ဆို​လျှင်၊-
22 So David gave his oath to Saul. Then Saul returned home, but David and his men went up to the stronghold.
၂၂ဒါ​ဝိဒ်​သည်​က​တိ​ပြု​လေ​၏။ ထို​နောက်​ရှော​လု​သည်​မိ​မိ​၏​နန်း​တော်​သို့ ပြန်​၍ ဒါ​ဝိဒ်​နှင့်​အ​ပေါင်း​ပါ​တို့​သည်​မိ​မိ တို့​ပုန်း​အောင်း​ရာ​အ​ရပ်​သို့​ထွက်​သွား​ကြ​၏။

< 1 Samuel 24 >