< 1 Kings 6 >

1 In the four hundred and eightieth year after the Israelites had come out of the land of Egypt, in the month of Ziv, the second month of the fourth year of Solomon’s reign over Israel, he began to build the house of the LORD.
ဣသရေလ အမျိုးသား တို့သည် အဲဂုတ္တု ပြည် မှ ထွက် သော သက္ကရာဇ် လေး ရာ ရှစ် ဆယ်ပြည့်၊ ရှောလမုန် မင်းနန်းစံ လေး နှစ် ၊ ဇိဖ အမည်ရှိသောဒုတိယ လ တွင် ၊ ထာဝရဘုရား ၏ အိမ် တော်ကို တည် စပြုတော်မူ၏။
2 The house that King Solomon built for the LORD was sixty cubits long, twenty cubits wide, and thirty cubits high.
ထို အိမ် တော်အလျား သည် အတောင် ခြောက် ဆယ်၊ အနံ အတောင်နှစ် ဆယ်၊ အမြင့် အတောင် သုံး ဆယ် ရှိ၏။
3 The portico at the front of the main hall of the temple was twenty cubits long, extending across the width of the temple and projecting out ten cubits in front of the temple.
အိမ်တော်ဦး သည်လည်း အိမ် တော်အနံ နှင့် ညီ၍အလျား အတောင် နှစ် ဆယ်၊ အနံဆယ် တောင် ရှိ၏။
4 He also had narrow windows framed high in the temple.
အိမ် တော်လင်း စရာဘို့ ကျဉ်း သော ပြတင်းပေါက် တို့ကို လုပ် လေ၏။
5 Against the walls of the temple and the inner sanctuary, Solomon built a chambered structure around the temple, in which he constructed the side rooms.
အိမ် တော်ပြင်ထရံ နှင့်ဗျာဒိတ် ဌာနတော်ပြင် ထရံ ပတ်လည် ၌ အခန်း တို့ကိုလည်း လုပ် လေ၏။
6 The bottom floor was five cubits wide, the middle floor six cubits, and the third floor seven cubits. He also placed offset ledges around the outside of the temple, so that nothing would be inserted into its walls.
အောက် အခန်း သည် အနံ ငါး တောင် ၊ အလယ် အခန်း အနံ ခြောက် တောင် ၊ အထက်အခန်းအနံ ခုနစ် တောင် ရှိ၏။ အကြောင်း မူကား၊ အခန်းတို့သည် အိမ် တော်ထရံ ကိုယ်ထဲသို့ မ ဝင်။ ထရံဆုတ်လျက် ဆုတ်လျက် တက်၏။
7 The temple was constructed using finished stones cut at the quarry, so that no hammer or chisel or any other iron tool was heard in the temple while it was being built.
ထိုအိမ် တော်ကို တည် လုပ်သောအခါ ၊ ထိုအရပ် သို့မဆောင်ခဲ့မှီ ဆစ် ပြီးသော ကျောက် တို့ဖြင့်သာ တည်လုပ်သောကြောင့်၊ သံ တူ၊ ပုဆိန် ၊ သံ တန်ဆာ နှင့် လုပ်သော အသံ မ မြည်ရ။
8 The entrance to the bottom floor was on the south side of the temple. A stairway led up to the middle level, and from there to the third floor.
အောက်အခန်းထဲသို့ဝင်သော တံခါးဝ သည် အိမ် တော်လက်ျာ ဘက် မှာ ရှိ၏။ လိမ် သော လှေကားဖြင့် အလယ် အခန်းသို့ ၎င်း ၊ အလယ် အခန်းမှ အထက် အခန်း သို့ ၎င်း၊ တက် ရ၏။
9 So Solomon built the temple and finished it, roofing it with beams and planks of cedar.
အိမ် တော်ကို တည် ပြီး မှထုပ် များတိုင်များကို အာရဇ် ပျဉ်ပြား နှင့် ဖုံးအုပ် လေ၏။
10 He built chambers all along the temple, each five cubits high and attached to the temple with beams of cedar.
၁၀ထရံအခန်း တို့သည်လည်း အမြင့် ငါး တောင် စီ ရှိ၏။ အာရဇ် ရက်မ တို့သည်အိမ် တော်ကိုမှီ လျက် ရှိကြ၏။
11 Then the word of the LORD came to Solomon, saying:
၁၁ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ရှောလမုန် သို့ ရောက် လာသည်ကား၊
12 “As for this temple you are building, if you walk in My statutes, carry out My ordinances, and keep all My commandments by walking in them, I will fulfill through you the promise I made to your father David.
၁၂ယခု တည်ဆောက် သောအိမ် တော်အရာမှာ၊ သင်သည် ငါ သွန်သင် သော လမ်းသို့ လိုက် လျက် ၊ ငါ စီရင်ချက် အတိုင်းစီရင် ၍ ၊ ငါ ပညတ် သမျှ တို့ကို စောင့်ရှောက် လျှင် ၊ သင် ၏အဘ ဒါဝိဒ် အား ငါ ဂတိ ထားသည်အတိုင်း သင် ၌ ငါပြု မည်။
13 And I will dwell among the Israelites and will not abandon My people Israel.”
၁၃ငါ ၏လူ ဣသရလ အမျိုးကို ငါမ စွန့် ၊ သူတို့ အလယ် ၌ နေ မည်ဟု မိန့် တော်မူ၏။
14 So Solomon built the temple and finished it.
၁၄ထိုသို့ ရှောလမုန် သည် အိမ် တော်ကို တည် ၍ ပြီး လေ၏။
15 He lined the interior walls with cedar paneling from the floor of the temple to the ceiling, and he covered the floor with cypress boards.
၁၅ကြမ်း မှ သည်အမိုး တိုင်အောင် အတွင်းထရံ ကို အာရဇ် ပျဉ်ပြား နှင့် ဖုံးအုပ် ၍၊ ကြမ်း ကိုလည်း ဒုကြီးသော ထင်းရူး ပျဉ်ပြား ဖြင့် ပြီး စေ၏။
16 He partitioned off the twenty cubits at the rear of the temple with cedar boards from floor to ceiling to form within the temple an inner sanctuary, the Most Holy Place.
၁၆အလွန် သန့်ရှင်းရာဌာန၊ ဗျာဒိတ် ဌာနတော် အဘို့ အလျားအနံအတောင် နှစ် ဆယ်စီကျယ်သော အိမ် တော်တပိုင်း ကို အခန်းကာ၍ ကြမ်း နှင့်ထရံ ကို အာရဇ် ပျဉ်ပြား ဖြင့် ပြီးစေ၏။
17 And the main hall in front of this room was forty cubits long.
၁၇ထို အခန်း ရှေ့ မှာတည်သော ဗိမာန် တော် အလျားသည် အတောင် လေး ဆယ်ရှိ ၏။
18 The cedar paneling inside the temple was carved with gourds and open flowers. Everything was cedar; not a stone could be seen.
၁၈အိမ် တော်အတွင်း ၌ အာရဇ် ပျဉ်ပြားတို့သည် ဘူးသီးအပြောက်၊ ပန်းပွင့် အပြောက်နှင့်ပြည့်စုံကြ၏။ ကျောက် မ ပေါ် စေခြင်းငှါအာရဇ် သား နှင့်ဖုံးအုပ်လျက် သာရှိ၏။
19 Solomon also prepared the inner sanctuary within the temple to set the ark of the covenant of the LORD there.
၁၉ထိုသို့ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော် ကို တင် ထားရန် ၊ အိမ် တော်အတွင်း ၌ ဗျာဒိတ် ဌာနတော် ကို ပြင်ဆင် လေ၏။
20 The inner sanctuary was twenty cubits long, twenty cubits wide, and twenty cubits high. He overlaid the inside with pure gold, and he also overlaid the altar of cedar.
၂၀ဗျာဒိတ် ဌာနတော်အခန်းသည် အလျား အတောင် နှစ် ဆယ်၊ အနံ အတောင် နှစ် ဆယ်၊ အမြင့် အတောင် နှစ် ဆယ်ရှိ၏။ ထိုအခန်းကို၎င်း ၊ အာရဇ် သစ်သားနှင့်လုပ်သော ယဇ် ပလ္လင်ကို၎င်း၊ ရွှေ စင် နှင့် မွမ်းမံ လေ၏။
21 So Solomon overlaid the inside of the temple with pure gold, and he extended gold chains across the front of the inner sanctuary, which was overlaid with gold.
၂၁ထိုသို့ အိမ် တော်အတွင်း ကို ရွှေ စင် နှင့်မွမ်းမံ ပြီးမှ ၊ ဗျာဒိတ် ဌာနတော်ရှေ့ မှာ ရွှေ ကြိုး ဖြင့် အကွယ်အကာကို ဆွဲထား၍၊ ရွှေ နှင့်မွမ်းမံ လေ၏။
22 So he overlaid with gold the whole interior of the temple, until everything was completely finished. He also overlaid with gold the entire altar that belonged to the inner sanctuary.
၂၂အိမ် တော်တအိမ်လုံး ကို၎င်း၊ ဗျာဒိတ် ဌာနတော် နားမှာရှိသော ယဇ် ပလ္လင်ကို၎င်း၊ ရွှေ နှင့် အကုန်အစင် မွမ်းမံ လေ၏။
23 In the inner sanctuary he made two cherubim, each ten cubits high, out of olive wood.
၂၃ဗျာဒိတ် ဌာနတော်ထဲမှာ အမြင့် ဆယ် တောင် ရှိသောခေရုဗိမ် နှစ် ပါးကို သံလွင် သားနှင့်လုပ် လေ၏။
24 One wing of the first cherub was five cubits long, and the other wing was five cubits long as well. So the full wingspan was ten cubits.
၂၄ခေရုဗိမ် အတောင် တို့သည် တစ်ဘက်တချက်အလျားငါး တောင် စီရှိ၍၊ အတောင် ဖျား တခုမှ တခု တိုင်အောင် ဆယ် တောင် ရှိ၏။
25 The second cherub also measured ten cubits; both cherubim had the same size and shape,
၂၅အမြင့်ဆယ် တောင် ရှိသည်ဖြစ်၍၊ ခေရုဗိမ် နှစ် ပါးသည် အလုံး အရပ်ပမာဏတူ၏။
26 and the height of each cherub was ten cubits.
၂၆ထိုခေရုဗိမ် တို့ကို အတွင်း အိမ် တော်ထဲမှာ တင် ထားသဖြင့် ၊ ခေရုဗိမ် အတောင် တို့သည် ဖြန့် လျက်၊
27 And he placed the cherubim inside the innermost room of the temple. Since their wings were spread out, the wing of the first cherub touched one wall, while the wing of the second cherub touched the other wall, and in the middle of the room their wingtips touched.
၂၇အတောင်ဖျားတစ်ဘက်တချက်၌ ထရံကိုမှီလျက်၊ အလယ် မှာ အတောင်ဖျားတခုနှင့်တခုထိလျက် ရှိကြ၏။
28 He also overlaid the cherubim with gold.
၂၈ခေရုဗိမ် တို့ကိုလည်း ရွှေ နှင့်မွမ်းမံ လေ၏။
29 Then he carved the walls all around the temple, in both the inner and outer sanctuaries, with carved engravings of cherubim, palm trees, and open flowers.
၂၉အိမ် တော်ထရံ အတွင်း ဘက်နှင့် ပြင် ဘက်၌ ထု သော ခေရုဗိမ် အရုပ် နှင့် အပွင့် ပွင့် သော စွန်ပလွံ ပင် အရုပ်များရှိကြ၏။
30 And he overlaid the temple floor with gold in both the inner and outer sanctuaries.
၃၀အိမ် တော်အတွင်း ကြမ်း နှင့် ပြင် ကြမ်းကို လည်း ရွှေ နှင့်မွမ်းမံ လေ၏။
31 For the entrance to the inner sanctuary, Solomon constructed doors of olive wood with five-sided doorposts.
၃၁ဗျာဒိတ် ဌာနတော် ဝင်ဝ ဘို့သံလွင် သား တံခါးရွက် နှစ် ရွက်ကို လုပ် ၍၊ တံခါးထုပ်နှင့်တံခါးတိုင်တို့သည် ထရံငါး စုတစုကိုစားကြ၏။
32 The double doors were made of olive wood, and he carved into them cherubim, palm trees, and open flowers and overlaid the cherubim and palm trees with hammered gold.
၃၂သံလွင်သားတံခါးရွက်တို့၌ ခေရုဗိမ် အရုပ် ၊ အပွင့် ပွင့် သော စွန်ပလွံ ပင်အရုပ်များကို ထု လုပ်၍ ၊ တံခါးရွက်နှင့်ခေရုဗိမ် အရုပ်၊ စွန်ပလွံ ပင်အရုပ်တို့ကို ရွှေ နှင့်မွမ်းမံ လေ၏။
33 In the same way he made four-sided doorposts of olive wood for the sanctuary entrance.
၃၃ထိုအတူ အိမ် တော်ပြင်ထရံလေး စုတစု ကျယ်သောဝင်ဝ ဘို့ သံလွင် တံခါးတိုင် တို့ကို၎င်း၊
34 The two doors were made of cypress wood, and each had two folding panels.
၃၄တံခါးရွက်တရွက်လျှင် ပတ္တာ နှစ်ခုစီဖြင့် လည်တတ်သော ထင်ရူး သား တံခါး ရွက် နှစ် ရွက်တို့ကို၎င်းလုပ်လေ၏။
35 He carved into them cherubim, palm trees, and open flowers; and he overlaid them with gold, hammered evenly over the carvings.
၃၅တံခါးရွက်၌ ခေရုဗိမ် အရုပ်နှင့် အပွင့် ပွင့် သော စွန်ပလွံ ပင်အရုပ်များကို ထုလုပ် ၍ အပြောက် ကို ရွှေ နှင့် မွမ်းမံ လေ၏။
36 Solomon built the inner courtyard with three rows of dressed stone and one row of trimmed cedar beams.
၃၆အတွင်း တန်တိုင်း ကိုလည်း ဆစ် သော ကျောက်တန်းသုံး ဆင့် ၊ အာရဇ် သစ်သားတန်း တဆင့်နှင့် အထပ်ထပ် တည် လေ၏။
37 The foundation of the house of the LORD was laid in the fourth year of Solomon’s reign, in the month of Ziv.
၃၇နန်းစံလေး နှစ် ၊ ဇိဖ လ တွင် ထာဝရဘုရား ၏ အိမ် တော်တိုက်မြစ် ကို ချကြ၍၊
38 In his eleventh year and eighth month, the month of Bul, the temple was finished in every detail and according to every specification. So he built the temple in seven years.
၃၈နန်းစံဆယ် တနှစ် ၊ ဗု လ အမည်ရှိသော အဋ္ဌမ လ တွင် အိမ် တော်အခန်းကြီးအခန်းငယ်တို့နှင့် ဆိုင်သမျှ တို့ ကို လက်စသတ် ၍ ခုနစ် နှစ် ပတ်လုံးအိမ်တော်ကို တည်ဆောက် သတည်း။

< 1 Kings 6 >