< 1 Kings 13 >

1 Suddenly, as Jeroboam was standing beside the altar to burn incense, there came a man of God from Judah to Bethel by the word of the LORD.
ယု​ဒ​ပြည်​မှ​ပ​ရော​ဖက်​တစ်​ပါး​သည် ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​တော်​အ​ရ​ဗေ​သ​လ​မြို့​သို့ သွား​ရာ​ယဇ်​ပူ​ဇော်​ရန် ယဇ်​ပလ္လင်​တွင်​ယေ​ရော ဗောင်​ရပ်​လျက်​နေ​ချိန်​၌​ရောက်​ရှိ​လာ​လေ​သည်။-
2 And he cried out against the altar by the word of the LORD, “O altar, O altar, this is what the LORD says: ‘A son named Josiah will be born to the house of David, and upon you he will sacrifice the priests of the high places who burn incense upon you, and human bones will be burned upon you.’”
ထာ​ဝ​ရ​ဘု​ရား​၏​အမိန့်​တော်​အ​တိုင်း​ပ​ရော ဖက်​က``အို ယဇ်​ပလ္လင်၊ ယဇ်​ပလ္လင်၊ ထာ​ဝ​ရ​ဘု​ရား က`ယော​ရှိ​နာ​မည်​တွင်​မည့်​သူ​ငယ်​သည်​ဒါ​ဝိဒ် ၏​သား​ချင်း​စု​တွင်​ဖွား​မြင်​လိမ့်​မည်။ ပူ​ဇော် သကာ​များ​ကို​သင်​၏​အ​ပေါ်​တွင်​တင်​လှူ​ကာ မိစ္ဆာ​ယဇ်​ပလ္လင်​များ​တွင်​အ​မှု​ထမ်း​ဆောင်​သော ယဇ်​ပု​ရော​ဟိတ်​တို့​အား သူ​သည်​သင့်​အ​ပေါ် မှာ​တင်​၍​ယဇ်​ပူ​ဇော်​လိမ့်​မည်။ လူ​ရိုး​တို့​ကို လည်း​တင်​၍​မီး​ရှို့​လိမ့်​မည်' ဟု​မိန့်​တော် မူ​၏'' ဟု​ဆင့်​ဆို​၏။-
3 That day the man of God gave a sign, saying, “The LORD has spoken this sign: ‘Surely the altar will be split apart, and the ashes upon it will be poured out.’”
ထို့​နောက်​ပ​ရော​ဖက်​က​ဆက်​လက်​၍``ဤ​ယဇ်​ပလ္လင် သည်​ပြို​ကွဲ​၍ ပလ္လင်​ပေါ်​ရှိ​ပြာ​တို့​သည်​လည်း​ပျံ့ လွင့်​လိမ့်​မည်။ ထို​အ​ခါ​ငါ့​အား​ဖြင့်​ဤ​စ​ကား ကို​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ကြောင်း​သင် သိ​လိမ့်​မည်'' ဟု​ဟော​လေ​၏။
4 Now when King Jeroboam, who was at the altar in Bethel, heard the word that the man of God had cried out against it, he stretched out his hand and said, “Seize him!” But the hand he stretched out toward him withered, so that he could not pull it back.
ထို​စ​ကား​ကို​ကြား​လျှင်​ယေ​ရော​ဗောင်​မင်း​သည် ပ​ရော​ဖက်​အား​လက်​ညှိုး​ထိုး​၍``ထို​သူ​ကို​ဖမ်း ဆီး​ကြ​လော့'' ဟု​အ​မိန့်​ပေး​တော်​မူ​၏။ ထို​ခ​ဏ ၌​သူ​သည်​လေ​ဖြတ်​သ​ဖြင့်​မိ​မိ​၏​လက်​ကို ပြန်​လည်​ရုပ်​သိမ်း​၍​မ​ရ​တော့​ချေ။-
5 And the altar was split apart, and the ashes poured out, according to the sign that the man of God had given by the word of the LORD.
ပ​ရော​ဖက်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ် တော်​ကို​ကြို​တင်​ဖော်​ပြ​ခဲ့​သည့်​အ​တိုင်း ယဇ်​ပလ္လင် သည်​လည်း​ရုတ်​တ​ရက်​ပြို​ကွဲ​ကာ​ပြာ​တို့​သည် မြေ​ပေါ်​သို့​ဖိတ်​စင်​၍​ကျ​လေ​သည်။-
6 Then the king responded to the man of God, “Intercede with the LORD your God and pray that my hand may be restored.” So the man of God interceded with the LORD, and the king’s hand was restored to him as it was before.
ယေ​ရော​ဗောင်​မင်း​က``အ​ကျွန်ုပ်​၏​လက်​ပျောက်​ကင်း စေ​ရန် သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ အ​သ​နား​ခံ​ပါ​လော့'' ဟု​တောင်း​ပန်​၏။ ပ​ရော​ဖက်​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ဆု တောင်း​သ​ဖြင့် မင်း​ကြီး​၏​လက်​သည်​ရော​ဂါ ပျောက်​လေ​၏။-
7 Then the king said to the man of God, “Come home with me and refresh yourself, and I will give you a reward.”
ထို​အ​ခါ​မင်း​ကြီး​က​ပ​ရော​ဖက်​အား``အ​ကျွန်ုပ် နှင့်​အ​တူ နန်း​တော်​သို့​လိုက်​၍​အ​စား​အ​စာ သုံး​ဆောင်​ပါ​လော့။ သင့်​အား​လက်​ဆောင်​ပေး ပါ​မည်'' ဟု​ဆို​၏။
8 But the man of God replied, “If you were to give me half your possessions, I still would not go with you, nor would I eat bread or drink water in this place.
ပ​ရော​ဖက်​က​လည်း``ဘု​ရင်​မင်း​၏​စည်း​စိမ်​ဥစ္စာ တစ်​ဝက်​ကို​ပင်​ပေး​သော်​လည်း​ငါ​မ​လိုက်​လို​ပါ။ အ​ဘယ်​အ​စား​အ​စာ​ကို​မျှ​မ​စား​လို​ပါ။-
9 For this is what I was commanded by the word of the LORD: ‘You must not eat bread or drink water or return by the way you came.’”
ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား​အ​ဘယ်​အ​စာ ရေ​စာ​ကို​မျှ​မ​စား​မ​သောက်​ရန်​နှင့် လာ​လမ်း အ​တိုင်း​မ​ပြန်​ရန်​ပ​ညတ်​တော်​မူ​ပြီ'' ဟု လျှောက်​၏။-
10 So the man of God went another way and did not return by the way he had come to Bethel.
၁၀ထို့​နောက်​သူ​သည်​လာ​လမ်း​ဖြင့်​မ​ပြန်​ဘဲ အ​ခြား​လမ်း​ဖြင့်​ပြန်​လေ​၏။
11 Now a certain old prophet was living in Bethel, and his sons came and told him all the deeds that the man of God had done that day in Bethel. They also told their father the words that the man had spoken to the king.
၁၁ထို​အ​ချိန်​အ​ခါ​၌​ဗေ​သ​လ​မြို့​တွင်​နေ​ထိုင် သူ​ပ​ရော​ဖက်​အို​ကြီး​တစ်​ပါး​ရှိ​၏။ သူ​၏​သား များ​သည်​ထို​နေ့​၌​ဗေ​သ​လ​မြို့​တွင်​ယု​ဒ ပ​ရော​ဖက်​ပြု​မူ​သွား​ပုံ​နှင့် မင်း​ကြီး​အား ပြော​ကြား​သော​စ​ကား​များ​ကို​ဖခင်​အား ပြန်​ပြော​ကြ​၏။-
12 “Which way did he go?” their father asked. And his sons showed him the way taken by the man of God, who had come from Judah.
၁၂ပ​ရော​ဖက်​အို​ကြီး​က``ထို​သူ​သည်​အ​ဘယ် လမ်း​ဖြင့်​ပြန်​သ​နည်း'' ဟု​သား​တို့​အား​မေး လျှင်​သား​တို့​သည်​ယု​ဒ​ပ​ရော​ဖက်​ပြန်​သည့် လမ်း​ကို​ညွှန်​ပြ​ကြ​၏။-
13 So the prophet said to his sons, “Saddle the donkey for me.” Then they saddled the donkey for him, and he mounted it
၁၃ပ​ရော​ဖက်​အို​ကြီး​က``ငါ​၏​မြည်း​ကို​ကုန်း​နှီး တင်​ကြ​လော့'' ဟု​ဆို​သည့်​အ​တိုင်း​သား​တို့ သည်​ကုန်း​နှီး​တင်​၍​ပေး​ကြ​၏။-
14 and went after the man of God. He found him sitting under an oak tree and asked, “Are you the man of God who came from Judah?” “I am,” he replied.
၁၄ထို​အ​ခါ​သူ​သည်​မြည်း​ကို​စီး​၍​ယု​ဒ​ပ​ရော ဖက်​၏​နောက်​သို့​လိုက်​လေ​၏။ ဝက်​သစ်​ချ​ပင် တစ်​ပင်​အောက်​တွင်​ထို​ပ​ရော​ဖက်​ထိုင်​လျက် နေ​သည်​ကို​တွေ့​သော​အ​ခါ ပ​ရော​ဖက်​အို ကြီး​က``သင်​သည်​ယု​ဒ​ပြည်​မှ​လာ​သော ပ​ရော​ဖက်​လော'' ဟု​မေး​၏။ ထို​သူ​က​လည်း``ဟုတ်​ပါ​သည်'' ဟု​ဖြေ​၏။
15 So the prophet said to the man of God, “Come home with me and eat some bread.”
၁၅``ငါ​နှင့်​အ​တူ​အိမ်​သို့​လိုက်​၍​အ​စား​အ​စာ​ကို စား​သောက်​ပါ​လော့'' ဟု​ပ​ရော​ဖက်​အို​ကြီး​က ခေါ်​ဖိတ်​၏။
16 But the man replied, “I cannot return with you or eat bread or drink water with you in this place.
၁၆သို့​ရာ​တွင်​ယု​ဒ​ပ​ရော​ဖက်​က``ငါ​သည်​သင်​နှင့် အ​တူ​မ​လိုက်​နိုင်။ သင်​ဧည့်​ဝတ်​ပြု​သည်​ကို​လည်း လက်​မ​ခံ​နိုင်။ သင်​နှင့်​အ​တူ​ဤ​အ​ရပ်​တွင် အ​ဘယ်​အ​စာ​ရေ​စာ​ကို​မျှ​မ​စား​မ​သောက် နိုင်။-
17 For I have been told by the word of the LORD: ‘You must not eat bread or drink water there or return by the way you came.’”
၁၇အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား`အ​ဘယ်​အ​စာ​ရေ​စာ​ကို​မျှ​မ​စား မ​သောက်​နှင့်။ လာ​လမ်း​အ​တိုင်း​လည်း​မ​ပြန် နှင့်' ဟု​ပ​ညတ်​တော်​မူ​သော​ကြောင့်​ဖြစ်​ပါ သည်'' ဟု​ပြန်​ပြော​လေ​၏။
18 Then the prophet replied, “I too am a prophet like you, and an angel spoke to me by the word of the LORD, saying, ‘Bring him back with you to your house, so that he may eat bread and drink water.’” The old prophet was lying to him,
၁၈ထို​အ​ခါ​ဗေ​သ​လ​မြို့​သား​ပ​ရော​ဖက်​အို​ကြီး က``ငါ​သည်​လည်း​သင်​ကဲ့​သို့​ပင်​ပ​ရော​ဖက်​ဖြစ် ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​အ​ရ ကောင်း​ကင်​တမန်​တစ်​ပါး​က​သင့်​ကို​အိမ်​သို့ ဖိတ်​ခေါ်​၍​ဧည့်​ဝတ်​ပြု​ရန် ငါ့​အား​မှာ​ကြား ထား​ပါ​သည်'' ဟု​ဆို​၏။ ယင်း​သို့​ထို​ပ​ရော​ဖက် ကြီး​က​မု​သား​သုံး​၍​ပြော​ဆို​သ​ဖြင့်၊
19 but the man of God went back with him, ate bread in his house, and drank water.
၁၉ယု​ဒ​ပ​ရော​ဖက်​သည်​သူ​နှင့်​အ​တူ အိမ်​သို့ လိုက်​၍​အ​စား​အ​စာ​ကို​သုံး​ဆောင်​လေ​သည်။-
20 While they were sitting at the table, the word of the LORD came to the prophet who had brought him back,
၂၀သူ​တို့​သည်​စား​ပွဲ​တွင်​ထိုင်​လျက်​နေ​စဉ်​ပ​ရော ဖက်​အို​ကြီး​သည် ထာ​ဝ​ရ​ဘု​ရား​၏​ဗျာ​ဒိတ် တော်​ရောက်​၍၊-
21 and the prophet cried out to the man of God who had come from Judah, “This is what the LORD says: ‘Because you have defied the word of the LORD and have not kept the commandment that the LORD your God gave you,
၂၁ယု​ဒ​ပ​ရော​ဖက်​အား``ထာ​ဝရ​ဘု​ရား​က​သင်​သည် ငါ​၏​စ​ကား​တော်​ကို​မ​နာ​ခံ။ ငါ​၏​အ​မိန့်​တော် အ​တိုင်း​မ​ဆောင်​ရွက်။ အ​စား​အ​စာ​မ​စား​ရန်​ငါ မှာ​ကြား​သော်​လည်း ဤ​အ​ရပ်​သို့​ပြန်​လာ​ကာ​စား သောက်​သည်​ဖြစ်​သော​ကြောင့်​အ​သတ်​ခံ​ရ​လိမ့်​မည်။ သင်​၏​အ​လောင်း​ကို​ဘိုး​ဘေး​တို့​သင်္ချိုင်း​တွင် သင်္ဂြိုဟ်​ရ​လိမ့်​မည်​ဟု​မိန့်​တော်​မူ​၏'' ဟု​ဆင့်​ဆို​၏။
22 but you went back and ate bread and drank water in the place where He told you not to do so, your body shall never reach the tomb of your fathers.’”
၂၂
23 And after the man of God had finished eating and drinking, the old prophet who had brought him back saddled the donkey for him.
၂၃သူ​တို့​စား​သောက်​၍​ပြီး​သော​အ​ခါ ပ​ရော​ဖက်​အို ကြီး​သည်​မြည်း​ကို​ကုန်း​နှီး​တင်​၍​ပေး​သ​ဖြင့်၊-
24 As he went on his way, a lion met him on the road and killed him, and his body was left lying in the road, with the donkey and the lion standing beside it.
၂၄ယု​ဒ​ပ​ရော​ဖက်​သည်​မြည်း​ကို​စီး​၍​ထွက်​လာ ရာ​လမ်း​တွင် ခြင်္သေ့​ကိုက်​၍​သေ​လေ​၏။-
25 And there were men passing by who saw the body lying in the road with the lion standing beside it, and they went and reported this in the city where the old prophet lived.
၂၅သူ​၏​အ​လောင်း​သည်​လမ်း​ပေါ်​တွင်​လဲ​လျက် မြည်း​နှင့်​ခြင်္သေ့​သည်​လည်း ထို​အ​လောင်း​အ​နီး ၌​ပင်​ရပ်​လျက်​နေ​ကြ​၏။ ယင်း​သို့​လမ်း​ပေါ် တွင်​လဲ​နေ​သော​အ​လောင်း​ကို​လည်း​ကောင်း၊ အ​နီး​တွင်​ရပ်​လျက်​နေ​သော​မြည်း​နှင့်​ခြင်္သေ့ ကို​လည်း​ကောင်း​ခ​ရီး​သွား​သူ​အ​ချို့​တို့ မြင်​ကြ​၏။ သူ​တို့​သည်​ဗေ​သ​လ​မြို့​သို့ သွား​ပြီး​လျှင်​မိ​မိ​တို့​တွေ့​မြင်​ခဲ့​ရ​သည့် အ​ဖြစ်​အ​ပျက်​ကို​ပြော​ကြား​ကြ​၏။
26 When the prophet who had brought him back from his journey heard this, he said, “It is the man of God who disobeyed the command of the LORD. Therefore the LORD has delivered him to the lion, and it has mauled him and killed him, according to the word that the LORD had spoken to him.”
၂၆ပ​ရော​ဖက်​အို​ကြီး​သည် ထို​သ​တင်း​ကို​ကြား သော​အ​ခါ``ဤ​သူ​ကား​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့် တော်​ကို​လွန်​ဆန်​သည့်​ပ​ရော​ဖက်​ပင်​ဖြစ်​ပါ​သည် တ​ကား။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​အ​မိန့်​တော်​ရှိ ခဲ့​သည့်​အ​တိုင်း ခြင်္သေ့​ကို​စေ​လွှတ်​၍​ကိုက်​သတ်​စေ တော်​မူ​လေ​ပြီ'' ဟု​ဆို​၏။-
27 Then the old prophet instructed his sons, “Saddle the donkey for me.” So they saddled it,
၂၇ထို​နောက်​သူ​သည်​မိ​မိ​၏​သား​တို့​အား``ငါ​၏​မြည်း ကို​ကုန်း​နှီး​တင်​ကြ​လော့'' ဟု​ဆို​သည်​အ​တိုင်း သူ​တို့​သည်​ကုန်း​နှီး​တင်​၍​ပေး​ကြ​၏။-
28 and he went and found the body lying in the road, with the donkey and the lion standing beside it. The lion had not eaten the body or mauled the donkey.
၂၈ထို​အ​ခါ​ပ​ရော​ဖက်​အို​ကြီး​သည်​မြည်း​ကို​စီး ၍​ထွက်​သွား​ရာ လမ်း​ပေါ်​တွင်​သေ​နေ​သော​ပ​ရော ဖက်​နှင့်​အ​နီး​တွင်​ရပ်​နေ​လျက်​ရှိ​နေ​သေး​သည့် မြည်း​နှင့်​ခြင်္သေ့​ကို​တွေ့​လေ​၏။ ခြင်္သေ့​သည်​လူ သေ​ကောင်​ကို​လည်း​မ​စား၊ မြည်း​ကို​လည်း မ​ကိုက်။-
29 So the old prophet lifted up the body of the man of God, laid it on the donkey, and brought it back to his own city to mourn for him and bury him.
၂၉ပ​ရော​ဖက်​အို​ကြီး​သည်​ထို​အလောင်း​ကို​ယူ​၍ မြည်း​ပေါ်​သို့​တင်​ပြီး​လျှင် ဝမ်း​နည်း​ပူ​ဆွေး သည့်​အ​ထိမ်း​အ​မှတ်​ကို​ပြ​ရန်​နှင့်​သင်္ဂြိုဟ်​ရန် ဗေ​သ​လ​မြို့​သို့​ယူ​ဆောင်​လာ​၏။-
30 Then he laid the body in his own tomb, and they lamented over him, “Oh, my brother!”
၃၀သူ​သည်​ထို​အ​လောင်း​ကို​မိ​မိ​၏​အိမ်​ထောင်​စု သင်္ချိုင်း​တွင်​သင်္ဂြိုဟ်​ပြီး​နောက် မိ​မိ​၏​သား​များ နှင့်​အ​တူ``အို ငါ့​ညီ၊ ငါ့​ညီ'' ဟု​ဆို​၍​ငို​ကြွေး မြည်း​တမ်း​လေ​သည်။-
31 After he had buried him, the prophet said to his sons, “When I die, you must bury me in the tomb where the man of God is buried. Lay my bones beside his bones,
၃၁ထို​နောက်​ပ​ရော​ဖက်​အို​ကြီး​သည်​မိ​မိ​၏​သား များ​အား``ငါ​သေ​သော​အ​ခါ​ထို​သူ​၏​အ​နီး တွင်​ကပ်​၍​ဤ​သင်္ချိုင်း​တွင်​သင်္ဂြိုဟ်​ကြ​လော့။-
32 for the message that he cried out by the word of the LORD against the altar in Bethel and against all the shrines on the high places in the cities of Samaria will surely come to pass.”
၃၂ဗေ​သ​လ​မြို့​ရှိ​ယဇ်​ပလ္လင်​နှင့် ပတ်​သက်​၍​လည်း ကောင်း၊ ရှ​မာ​ရိ​မြို့​များ​ရှိ​ဝတ်​ပြု​ကိုး​ကွယ်​ရာ ဌာ​န​များ​နှင့်​ပတ်​သက်​၍​လည်း​ကောင်း၊ ထာ​ဝရ ဘု​ရား​အ​မိန့်​တော်​အ​ရ​ထို​သူ​ပြန်​ကြား​သည့် စ​ကား မှန်​သ​မျှ​သည်​မု​ချ​အကောင်​အ​ထည် ပေါ်​လာ​လိမ့်​မည်'' ဟု​ဆို​၏။
33 Even after these events, Jeroboam did not repent of his evil ways, but again he appointed priests for the high places from every class of people. He ordained anyone who desired to be a priest of the high places.
၃၃ဣ​သ​ရေ​လ​ဘု​ရင်​ယေ​ရော​ဗောင်​သည်​ယ​ခု​တိုင် အောင်​ပင် မိ​မိ​၏​ဒု​စ​ရိုက်​လမ်း​စဉ်​ကို​မ​စွန့်​သေး ဘဲ မိ​မိ​တည်​ဆောက်​ထား​သည့်​ယဇ်​ပလ္လင်​များ​တွင် အ​မှု​ထမ်း​ရန် ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ်​သာ​မန် အိမ်​ထောင်​စု​များ​မှ​ရွေး​ချယ်​ခန့်​ထား​လေ့​ရှိ​၏။ သူ သည်​ယဇ်​ပု​ရော​ဟိတ်​လုပ်​လို​သူ​မှန်​သ​မျှ​ကို ခန့်​ထား​လေ​သည်။-
34 And this was the sin of the house of Jeroboam that led to its extermination and destruction from the face of the earth.
၃၄ဤ​သို့​သူ​ကူး​လွန်​သည့်​အ​ပြစ်​ကြောင့်​သူ​၏ မင်း​ဆက်​သည်​လုံး​ဝ​ပျက်​သုဉ်း​၍​သွား​လေ​၏။

< 1 Kings 13 >