< 1 Kings 12 >

1 Then Rehoboam went to Shechem, for all Israel had gone there to make him king.
ဣသရေလ အမျိုးသားအပေါင်း တို့သည် ရောဗောင် ကို ရှင် ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှါ ၊ ရှေခင် မြို့သို့သွား ကြ၍ သူသည်လည်း သွား ၏။
2 When Jeroboam son of Nebat heard about this, he was still in Egypt where he had fled from King Solomon and had been living ever since.
ရှောလမုန် မင်းကြီး ထံမှ အဲဂုတ္တု ပြည်သို့ ပြေး သော နေဗတ် ၏သား ယေရောဗောင် သည် ထိုသိတင်း ကိုကြား ၍ အဲဂုတ္တု ပြည်မှ ပြန်လာ၏။
3 So they sent for Jeroboam, and he and the whole assembly of Israel came to Rehoboam and said,
ဣသရေလလူတို့သည် သူ့ ထံသို့ လူကိုစေလွှတ် ၍ ခေါ် သဖြင့် ၊ စည်းဝေးသော ပရိသတ် အပေါင်း တို့သည် သူနှင့်အတူ ရောဗောင် ထံသို့ဝင် လျက်၊
4 “Your father put a heavy yoke on us. But now you should lighten the burden of your father’s service and the heavy yoke he put on us, and we will serve you.”
ခမည်းတော် သည် ကျွန်တော် တို့၌ လေး သောထမ်းဘိုး ကိုတင်ပါပြီ။ ခမည်းတော် ထံမှာပင်ပန်း စွာ ဆောင်ရွက်ရသောအမှု ၊ တင် တော်မူသော ထမ်းဘိုး လေး ကို ပေါ့ စေတော်မူပါ။ ထိုသို့ ပြုတော်မူလျှင်၊ ကျွန်တော်တို့သည် အမှု တော်ကို ထမ်းပါမည်ဟု လျှောက်ဆို ကြ၏။
5 Rehoboam answered, “Go away for three days and then return to me.” So the people departed.
ရောဗောင်ကလည်း၊ သင်တို့သွား ကြဦးလော့။ သုံး ရက် လွန်မှ တဖန် လာ ကြဦးလော့ဟု မိန့် တော်မူလျှင် ၊ သူတို့သည် သွား ကြ၏။
6 Then King Rehoboam consulted with the elders who had served his father Solomon during his lifetime. “How do you advise me to respond to these people?” he asked.
ထိုအခါ ရောဗောင် မင်းကြီး သည် ခမည်းတော် ရှောလမုန် အသက် ရှင်စဉ် အခါ၊ အထံ တော်၌ ခစား သော အသက်ကြီး သူတို့နှင့် တိုင်ပင် ၍၊ ဤ သူ တို့အား ငါပြန် ပြောရမည်အကြောင်း အဘယ်သို့ အကြံ ပေး ကြမည်နည်းဟုမေး သော်၊
7 They replied, “If you will be a servant to these people and serve them this day, and if you will respond by speaking kind words to them, they will be your servants forever.”
သူတို့က၊ ကိုယ်တော်သည် ယနေ့ ဤ သူ တို့၏ ကျွန် ခံ လျက်၊ သူ တို့အမှု ကို စောင့်၍ ကောင်း သော စကား နှင့်ပြန် ပြောတော်မူလျှင် ၊ သူတို့သည် အစဉ် ကိုယ်တော် ၏ ကျွန် ခံ ကြပါလိမ့်မည်ဟု လျှောက် ထားကြ၏။
8 But Rehoboam rejected the advice of the elders; instead, he consulted the young men who had grown up with him and served him.
အသက်ကြီး သူတို့ပေး သော အကြံ ကို ရောဗောင်သည်မ လိုက်။ ခစား မြဲခစားသော မိမိ သူငယ်ချင်း တို့နှင့် တိုင်ပင် လျက်၊
9 He asked them, “What message do you advise that we send back to these people who have spoken to me, saying, ‘Lighten the yoke your father put on us’?”
ပြည်သားတို့က၊ ခမည်းတော် တင် သော ထမ်းဘိုး ကို ပေါ့ စေတော်မူပါဟု လျှောက်ဆို ကြသည်ဖြစ်၍၊ သူ တို့ အား ငါပြန် ပြောရမည်အကြောင်း အဘယ်သို့ အကြံ ပေး ကြမည်နည်းဟုမေး သော်၊
10 The young men who had grown up with him replied, “This is how you should answer these people who said to you, ‘Your father made our yoke heavy, but you should make it lighter.’ This is what you should tell them: ‘My little finger is thicker than my father’s waist!
၁၀ထိုသူငယ်ချင်းလုလင် တို့က၊ ခမည်းတော် သည် ကျွန်တော် တို့၌ ထမ်းဘိုး ကို လေး စေပါပြီ။ ပေါ့ စေတော်မူပါဟု လျှောက် သော ပြည်သား တို့အား ၊ ကိုယ်တော်က၊ ငါ့ လက်သန်း သည် ငါ့ ခမည်းတော် ခါး ထက် သာ၍ကြီး လိမ့်မည်။
11 Whereas my father burdened you with a heavy yoke, I will add to your yoke. Whereas my father scourged you with whips, I will scourge you with scorpions.’”
၁၁ငါ့ ခမည်းတော် သည် သင် တို့အပေါ် မှာ လေး သောထမ်းဘိုး ကိုတင် လေပြီ။ ငါ သည်လည်း ထပ်၍ တင်ဦးမည်။ ငါ့ ခမည်းတော် သည် သင် တို့ကို ကြိမ်လုံး နှင့် ရိုက် လေပြီ။ ငါ သည်လည်း ကင်းမြီးကောက် နှင့် ရိုက် ဦးမည်ဟု ပြန် ပြောတော်မူပါဟု လျှောက် ထားကြ၏။
12 After three days, Jeroboam and all the people returned to Rehoboam, since the king had said, “Come back to me on the third day.”
၁၂ရှင် ဘုရင်က၊ သုံး ရက်မြောက်သောနေ့ ၌ တဖန် လာကြဦးလော့ဟု နေ့ရက်ကို ချိန်းချက်သည်အတိုင်း ၊ သုံး ရက်မြောက်သောနေ့ ၌ ယေရောဗောင် နှင့် လူ အပေါင်း တို့သည် ရောဗောင် ထံသို့ ရောက် လာကြ၏။
13 And the king answered the people harshly. He rejected the advice of the elders
၁၃ရှင် ဘုရင်သည် အသက်ကြီး သူတို့ပေး သော အကြံ ကိုမ လိုက်။ လူပျို တို့ပေးသောအကြံ ကို လိုက်လျက်၊
14 and spoke to them as the young men had advised, saying, “Whereas my father made your yoke heavy, I will add to your yoke. Whereas my father scourged you with whips, I will scourge you with scorpions.”
၁၄ငါ့ ခမည်းတော် သည် သင် တို့အပေါ်မှာ လေး သော ထမ်းဘိုး ကိုတင်လေပြီ။ ငါ သည်လည်း ထပ်၍ တင်ဦးမည်။ ငါ့ ခမည်းတော် သည် သင် တို့ကို ကြိမ်လုံး နှင့် ရိုက် လေပြီ။ ငါ သည်လည်း ကင်းမြီးကောက် နှင့် ရိုက် ဦးမည်ဟု ကြမ်းတမ်း စွာ ပြန် ပြောတော်မူ၏။
15 So the king did not listen to the people, and indeed this turn of events was from the LORD, to fulfill the word He had spoken to Jeroboam son of Nebat through Ahijah the Shilonite.
၁၅ရှင် ဘုရင်သည် ပြည်သား တို့၏ စကားကိုနား မ ထောင်ရသည်အကြောင်း ကား၊ ထာဝရဘုရား သည် ရှိလော မြို့သားအဟိယ အားဖြင့် နေဗတ် ၏သား ယေရောဗောင် အား မိန့် တော်မူသော စကား ကို ပြည့်စုံ စေတော်မူမည်အကြောင်း တည်း။
16 When all Israel saw that the king had refused to listen to them, they answered the king: “What portion do we have in David, and what inheritance in the son of Jesse? To your tents, O Israel! Look now to your own house, O David!” So the Israelites went home,
၁၆ဣသရေလ အမျိုးသားအပေါင်း တို့သည် ရှင်ဘုရင် နား မ ထောင်ကြောင်း ကို သိမြင် လျှင် ၊ ငါတို့သည် ဒါဝိဒ် နှင့်အဘယ်သို့ ဆက်ဆံသနည်း။ ယေရှဲ ၏သား နှင့် အဘယ်သို့အမွေခံရသေးသနည်း။ အိုဣသရေလ အမျိုး၊ သင် တို့နေရာ သို့ သွားကြ။ အိုဒါဝိဒ် ၊ သင် ၏ အိမ် ကို ကြည့်ရှု လော့ဟု ရှင်ဘုရင် အားပြန်ပြော လျက် ၊ ဣသရေလ လူတို့သည် မိမိ တို့နေရာ သို့ ပြန် သွားကြ၏။
17 but Rehoboam still reigned over the Israelites living in the cities of Judah.
၁၇သို့ရာတွင် ယုဒ မြို့ ရွာတို့၌ နေ သောဣသရေလ လူတို့ကို ရောဗောင် သည် အုပ်စိုး ရသေး၏။
18 Then King Rehoboam sent out Adoram, who was in charge of the forced labor, but all Israel stoned him to death. And King Rehoboam mounted his chariot in haste and escaped to Jerusalem.
၁၈ထိုအခါ ရောဗောင် မင်းကြီး သည် အခွန် တော်ဝန် အဒေါနိရံ ကို စေလွှတ် ၍ ဣသရေလ လူအပေါင်း တို့ သည် သူ့ ကိုသေ အောင် ကျောက်ခဲ နှင့် ပစ်ကြ၏။
19 So to this day Israel has been in rebellion against the house of David.
၁၉ရောဗောင် မင်းကြီး သည် ရထား တော်ကို အလျင်အမြန် တက် ၍ ယေရုရှလင် မြို့သို့ ပြေး လေ၏။ ထိုသို့ ဣသရေလ အမျိုးသည် ယနေ့ တိုင်အောင် ဒါဝိဒ် မင်းမျိုး ကို ပုန်ကန် ကြ၏။
20 When all Israel heard that Jeroboam had returned, they summoned him to the assembly and made him king over all Israel. Only the tribe of Judah followed the house of David.
၂၀ယေရောဗောင် ပြန် လာကြောင်း ကို ဣသရေလ အမျိုးသားအပေါင်း တို့သည် ကြား သောအခါ ၊ လူကို စေလွှတ် ၍ ၊ ယေရောဗောင်ကို စည်းဝေးရာ ပရိသတ် ထံသို့ ခေါ် ပြီးလျှင် ၊ ဣသရေလ အမျိုးကို အုပ်စိုးသော ရှင် ဘုရင်အရာ၌ ချီးမြှောက်ကြ၏။ ယုဒ အမျိုး မှတပါး အဘယ်အမျိုးမျှ ဒါဝိဒ် မင်းမျိုး သို့ မ ဆည်းကပ် ။
21 And when Rehoboam arrived in Jerusalem, he mobilized the whole house of Judah and the tribe of Benjamin—180,000 chosen warriors—to fight against the house of Israel and restore the kingdom to Rehoboam son of Solomon.
၂၁ရောဗောင် သည် ယေရုရှလင် မြို့သို့ ရောက် သောအခါ ၊ ဣသရေလ အမျိုး ကို စစ်တိုက် ၍ နိုင်ငံ တော်ကို ရှောလမုန် သား ရောဗောင် လက်သို့ရောက် ပြန်စေခြင်းငှါ ၊ ဗင်္ယာမိန် အမျိုး နှင့်တကွ ယုဒ အမျိုးသား အပေါင်း တို့နှင့် ရွေးချယ် သော စစ်သူရဲတသိန်း ရှစ်သောင်းတို့ကို စုဝေး စေ၏။
22 But the word of God came to Shemaiah the man of God:
၂၂သို့ရာတွင် ဘုရားသခင် ၏ နှုတ်ကပတ် တော်သည် ဘုရားသခင် ၏လူ ရှေမာယ သို့ ရောက် ၍၊
23 “Tell Rehoboam son of Solomon king of Judah, all the house of Judah and Benjamin, and the rest of the people
၂၃သင်သည် ရှောလမုန် သား ၊ ယုဒ ရှင်ဘုရင် ရောဗောင် နှင့် ယုဒ အမျိုး ၊ ဗင်္ယာမိန် အမျိုးသားများ၊ ကျန်ကြွင်း သော သူ များတို့အား ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆိုရမည်မှာ၊
24 that this is what the LORD says: ‘You are not to go up and fight against your brothers, the Israelites. Each of you must return home, for this word is from Me.’” So they listened to the word of the LORD and turned back according to the word of the LORD.
၂၄သင် တို့ညီအစ်ကို ဖြစ်သော ဣသရေလ အမျိုးသား တို့ကို စစ်တိုက် ခြင်းငှါချီ ၍မ သွားကြနှင့်။ လူအပေါင်းတို့၊ ကိုယ် နေရာ သို့ ပြန် သွားကြလော့။ ဤ အမှု သည် ငါအခွင့်ပေးသောကြောင့် ဖြစ်၏ဟု မိန့်တော်မူသောထာဝရဘုရား ၏စကား တော်ကို နားထောင် ၍ စကား တော်အတိုင်း ပြန် သွားကြ၏။
25 Then Jeroboam built Shechem in the hill country of Ephraim and lived there. And from there he went out and built Penuel.
၂၅ထိုနောက် ယေရောဗောင် သည် ဧဖရိမ် တောင် ပေါ် မှာ ရှေခင် မြို့ကို တည် ၍ နေရာ ချ၏။ ထို မြို့မှ သွား ၍ ပေနွေလ မြို့ကိုလည်း တည် ၏။
26 Jeroboam said in his heart, “Now the kingdom might revert to the house of David.
၂၆ယေရောဗောင် က၊ ဤနိုင်ငံ သည် ဒါဝိဒ် မင်းမျိုး လက်သို့ ပြန် ကောင်းပြန်လိမ့်မည်။
27 If these people go up to offer sacrifices in the house of the LORD at Jerusalem, their hearts will return to their lord, Rehoboam king of Judah; then they will kill me and return to Rehoboam king of Judah.”
၂၇ပြည်သား တို့သည် ထာဝရဘုရား ၏ ဗိမာန် တော်၌ ယဇ် ပူဇော် ခြင်းငှါ ယေရုရှလင် မြို့သို့ သွား လျှင် ၊ သူတို့ စိတ် နှလုံးသည် မိမိ တို့သခင် ယုဒ ရှင်ဘုရင် ရောဗောင် ဘက်သို့ ပြောင်းလဲ၍၊ ငါ့ ကိုသတ် ပြီးမှ ယုဒ ရှင်ဘုရင် ရောဗောင် ဘက်သို့ တဖန် ဝင်စားကြလိမ့်မည်ဟု အောက်မေ့ သောကြောင့်၊
28 After seeking advice, the king made two golden calves and said to the people, “Going up to Jerusalem is too much for you. Here, O Israel, are your gods, who brought you up out of the land of Egypt.”
၂၈သူတပါးနှင့်တိုင်ပင် ၍ ရွှေ နွား သငယ်နှစ် ကောင်ကို လုပ် ပြီးလျှင် ၊ သင် တို့သည် ယေရုရှလင် မြို့သို့ သွား ရသောအမှုခက် လှ၏။ အို ဣသရေလ အမျိုး၊ သင် တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် သော ဘုရား တို့ကို ကြည့်ရှု ကြ လော့ဟု ဆို လျက်၊
29 One calf he set up in Bethel, and the other in Dan.
၂၉ဗေသလ မြို့၌ တကောင် ၊ ဒန် မြို့၌ တကောင် ကို ထား သဖြင့်၊ ပြစ်မှား စရာအကြောင်းကို ပြု လေ၏။
30 And this thing became a sin; the people walked as far as Dan to worship before one of the calves.
၃၀ပြည်သား တို့သည် နွားသငယ်ကို ကိုးကွယ်ခြင်းငှါ၊ ဒန် မြို့တိုင်အောင် သွား တတ်ကြ၏။
31 Jeroboam also built shrines on the high places and appointed from every class of people priests who were not Levites.
၃၁ယေရောဗောင်သည်လည်း၊ မြင့် သောအရပ်ပေါ်မှာ အိမ် ကိုဆောက် ၍ ၊ လေဝိ သား မ ဟုတ် သော သာမညလူ တို့ကို ယဇ်ပုရောဟိတ် အရာ၌ ခန့်ထား လေ၏။
32 And Jeroboam ordained a feast on the fifteenth day of the eighth month, like the feast that was in Judah, and he offered sacrifices on the altar; he made this offering in Bethel to sacrifice to the calves he had set up, and he installed priests in Bethel for the high places he had set up.
၃၂ယုဒ ပြည်၌ ခံသော ပွဲ ကဲ့သို့ အဋ္ဌမ လ တဆယ် ငါး ရက် နေ့တွင် ပွဲ ကိုစီရင် ၍ ၊ ယဇ် ပလ္လင်ပေါ် မှာ ပူဇော် ၏။ ထိုသို့ ဗေသလ မြို့၌ စီရင် ၍၊ မိမိလုပ် သော နွား သငယ်တို့အား ယဇ် ပူဇော်၏။ မြင့် သောအရပ်၌ ခန့်ထား သော ယဇ် ပုရောဟိတ်တို့ကိုလည်း ဗေသလ မြို့မှာ နေရာ ချ၏။
33 On the fifteenth day of the eighth month, a month of his own choosing, Jeroboam offered sacrifices on the altar he had set up in Bethel. So he ordained a feast for the Israelites, offered sacrifices on the altar, and burned incense.
၃၃ထိုသို့ ကိုယ် အလိုအလျောက်ချိန်းချက် သော အဋ္ဌမ လ တဆယ် ငါး ရက် နေ့တွင် ဗေသလ မြို့၌ မိမိလုပ် သော ယဇ် ပလ္လင်ပေါ် မှာပူဇော် ၏။ ဣသရေလ အမျိုးသား တို့အား ပွဲ ကိုလည်း စီရင် ၏။ ယဇ် ပလ္လင်ပေါ် မှာ ယဇ်ပူဇော် ၍ နံ့သာပေါင်း ကို မီးရှို့၏။

< 1 Kings 12 >