< 1 Kings 10 >

1 Now when the queen of Sheba heard about the fame of Solomon concerning the name of the LORD, she came to test him with difficult questions.
ရှေဘ ပြည်ကို အစိုးရသောမိဖုရား သည် ရှောလမုန် ၏ ဂုဏ် အသရေနှင့် ထာဝရဘုရား ၏ နာမ တော်သိတင်းကိုကြား လျှင် ၊ နက်နဲ ခက်ခဲသော ပြဿနာအားဖြင့် သူ့ ကို စုံစမ်း ခြင်းငှါ လာ ၏။
2 She arrived in Jerusalem with a very large caravan—with camels bearing spices, gold in great abundance, and precious stones. So she came to Solomon and spoke to him all that was on her mind.
နံ့သာမျိုး နှင့် များစွာ သောရွှေ ၊ အဘိုးထိုက် သော ကျောက် တို့ကိုဆောင် သော ကုလားအုပ် များ၊ လိုက် သော သူများနှင့်တကွ ယေရုရှလင် မြို့သို့ ရောက် ၍ ၊ ရှောလမုန် မင်းကြီးထံ တော်သို့ ဝင် သောအခါ ၊ မိမိ အလို ဆန္ဒရှိသမျှ ကို ဆွေးနွေး မေးမြန်းလေ၏။
3 And Solomon answered all her questions; nothing was too difficult for the king to explain.
သူ မေးမြန်း သော ပြဿနာရှိသမျှ တို့ကို ရှောလမုန် မင်းကြီးသည် ဖြေ လေ၏။ နားမလည်၍ မ ဖြေ နိုင် သော အရာ တစုံတခုမျှမ ရှိ။
4 When the queen of Sheba saw all the wisdom of Solomon, the palace he had built,
ရှေဘ မိဖုရား သည် ရှောလမုန် ၏ ပညာ အလုံးစုံ ကို၎င်း ၊ တည်ဆောက် သော အိမ် တော်ကို၎င်း၊
5 the food at his table, the seating of his servants, the service and attire of his attendants and cupbearers, and the burnt offerings he presented at the house of the LORD, it took her breath away.
စားပွဲ တော်တန်ဆာ ကို၎င်း၊ အမှု တော်စောင့်တို့နေရာ ထိုင်ရာကို၎င်း၊ လုလင် တို့ ခစား သည် အခြင်းအရာကို ၎င်း၊ သူ တို့ဝတ်သောအဝတ် တန်ဆာကို၎င်း၊ ဝန်စာရေး များကို၎င်း၊ ထာဝရဘုရား ၏ အိမ် တော်၌ မီး ရှို့ရာ ယဇ်ပူဇော် ခြင်းကို၎င်းမြင် သောအခါ မိန်းမောတွေဝေလျက်ရှိ၍၊
6 She said to the king, “The report I heard in my own country about your words and wisdom is true.
ကိုယ်တော် ၏ အခြင်းအရာ နှင့် ကိုယ်တော် ၏ပညာ ကို အကျွန်ုပ်သည် ကိုယ် ပြည် ၌ ကြား ရသော သိတင်းစကား မှန် ပါ၏။
7 But I did not believe these things until I came and saw with my own eyes. Indeed, not even half was told to me. Your wisdom and prosperity have far exceeded the report I heard.
သို့သော်လည်း ၊ ကိုယ်တိုင်ရောက် ၍ မ မြင် မှီ ထိုစကား ကိုမ ယုံ။ ယခုမူကား၊ အရင်ကြား သော စကား သည် တဝက် ကိုမျှမ မှီ။ ကိုယ်တော်၏ ပညာ နှင့် ကိုယ်တော်၏စည်းစိမ် သည် အကျွန်ုပ်ကြား ရသော သိတင်း ကို လွန်ကဲ ပါ၏။
8 How blessed are your men! How blessed are these servants of yours who stand continually before you and hear your wisdom!
ရှေ့ တော်၌ အစဉ် နေ ၍ ပညာ တော်ကိုကြား ရသောကိုယ်တော် ၏လူ ၊ ကိုယ်တော် ၏ကျွန် တို့သည် မင်္ဂလာ ရှိကြပါ၏။
9 Blessed be the LORD your God, who has delighted in you to set you on the throne of Israel. Because of the LORD’s eternal love for Israel, He has made you king to carry out justice and righteousness.”
ကိုယ်တော် ကို နှစ်သက် ၍၊ ဣသရေလ နိုင်ငံ၏ ရာဇ ပလ္လင်ပေါ် မှာ တင် တော်မူသောကိုယ်တော် ၏ ဘုရားသခင် ထာဝရဘုရား သည် မင်္ဂလာ ရှိ တော်မူစေသတည်း။ ထာဝရဘုရား သည် ဣသရေလ အမျိုးကို အစဉ် ချစ် သောကြောင့် ၊ ဖြောင့်မတ် စွာတရား စီရင် စေခြင်းငှါ ကိုယ်တော် ကို ရှင်ဘုရင် အရာ ၌ ခန့်ထား တော်မူပြီဟု ရှင်ဘုရင် အား ပြောဆို ၍၊
10 Then she gave the king 120 talents of gold, a great quantity of spices, and precious stones. Never again was such an abundance of spices brought in as those the queen of Sheba gave to King Solomon.
၁၀ရွှေ အခွက် တရာ နှစ် ဆယ်၊ နံ့သာမျိုး အများ ၊ ကျောက် မြတ် တို့ကို ဆက် လေ၏။ ရှေဘ မိဖုရား သည် ရှောလမုန် မင်းကြီး အား ဆက် သော နံ့သာမျိုး နှင့်အမျှ များပြား သော နံ့သာမျိုးသည် နောက် တဖန်မ ရောက်။
11 (The fleet of Hiram that brought gold from Ophir also brought from Ophir a great cargo of almug wood and precious stones.
၁၁ဩဖိရ မြို့မှ ရွှေ ကိုဆောင် ခဲ့သော ဟိရံ သင်္ဘော တို့သည် အာလဂုံ သစ်သား များ၊ ကျောက် မြတ် များ ကိုလည်း ဆောင် ခဲ့ကြ၏။
12 The king made the almug wood into steps for the house of the LORD and for the king’s palace, and into lyres and harps for the singers. Never before had such almug wood been brought in, nor has such been seen to this day.)
၁၂ထိုအာလဂုံ သစ်သား ဖြင့် ရှင် ဘုရင်သည် ဗိမာန် တော်ပွတ်လုံး တန်းနှင့် နန်း တော်ပွတ်လုံးတန်းကို၎င်း ၊ သီချင်း ဆိုသောသူဘို့ စောင်း နှင့် တယော တို့ကို၎င်းလုပ် လေ၏။ ထိုသို့သော အာလဂုံ သစ်သား သည်နောက် တဖန်မ ရောက် ၊ ယနေ့ တိုင်အောင် မ ပေါ်လာ။
13 King Solomon gave the queen of Sheba all she desired—whatever she asked—besides what he had given her out of his royal bounty. Then she left and returned to her own country, along with her servants.
၁၃ရှောလမုန် မင်းကြီး သည် အလိုလိုပေး သော လက်ဆောင်မှတပါး ၊ ရှေဘ မိဖုရား ၏ အလို ဆန္ဒပြည့်စုံစေခြင်းငှါ၊ သူတောင်း သမျှ ကိုလည်း ပေး တော်မူ၏။ ထိုနောက်မှ မိဖုရားသည် မိမိ ကျွန် တို့နှင့်တကွ မိမိ ပြည် သို့ ပြန် သွားလေ၏။
14 The weight of gold that came to Solomon each year was 666 talents,
၁၄ရှောလမုန် ထံသို့ တနှစ် တနှစ်လျှင် ရောက် သော ရွှေ အချိန် ကား အခွက် ခြောက် ရာ ခြောက် ဆယ်ခြောက် ပိဿာဖြစ် သတည်း။
15 not including the revenue from the merchants, traders, and all the Arabian kings and governors of the land.
၁၅ထိုမှတပါး ကုန်သည် များ၊ လှည်းသမား များ၊ အာရပ် မင်းကြီး ရှိသမျှ ၊ မြို့ဝန် များဆက်သော ရွှေရှိသေး ၏။
16 King Solomon made two hundred large shields of hammered gold; six hundred shekels of gold went into each shield.
၁၆ရှောလမုန် မင်းကြီး သည် ရွှေ ခြောက် ပိဿာ စီဖြင့် ဒိုင်း ကြီးနှစ် ရာ၊ သုံး ပိဿာ စီဖြင့် ဒိုင်း ငယ်သုံး ရာ တို့ကို ထုတ်လုပ် ၍
17 He also made three hundred small shields of hammered gold; three minas of gold went into each shield. And the king put them in the House of the Forest of Lebanon.
၁၇လေဗနုန် တော သစ်သားနှင့် တည်ဆောက်သောနန်း တော်၌ ထား တော်မူ၏။
18 Additionally, the king made a great throne of ivory and overlaid it with pure gold.
၁၈ရှင် ဘုရင်သည်လည်း ၊ ဆင်စွယ် ရာဇပလ္လင် ကြီး ကို လုပ် ၍ ရွှေစင် နှင့်မွမ်းမံ လေ၏။
19 The throne had six steps, and its back had a rounded top. There were armrests on both sides of the seat, with a lion standing beside each armrest.
၁၉ရာဇ ပလ္လင်တော်သည် လှေကား ခြောက် ထစ် ရှိ၏။ နောက်ဖေးဝိုင်း ၏။ ထိုင် ရာတဘက်တချက်၌ မှီစရာလက်ရုံး တန်းနှင့်ပြည့်စုံ၍၊ လက်ရုံး တန်းအနား မှာ ခြင်္သေ့ နှစ် ကောင်ရပ် နေ၏။
20 Twelve lions stood on the six steps, one at either end of each step. Nothing like this had ever been made for any kingdom.
၂၀လှေကား ခြောက် ထစ်အပေါ် တွင် တဘက်တချက်၌ လည်း ခြင်္သေ့ တဆယ် နှစ် ကောင်ရပ် နေ၏။ ထိုသို့ သော ရာဇပလ္လင်သည် အဘယ် တိုင်း နိုင်ငံ၌မျှမ ရှိ။
21 All King Solomon’s drinking cups were gold, and all the utensils of the House of the Forest of Lebanon were pure gold. There was no silver, because it was accounted as nothing in the days of Solomon.
၂၁ရှောလမုန် မင်းကြီး သောက် သော ဖလား တော် ရှိသမျှ နှင့် လေဗနုန် နန်း တော်၌ သုံးသောဖလား တော် ရှိသမျှ တို့သည် ငွေ ဖလားမ ဟုတ် ရွှေ ဖလားသက်သက်ဖြစ်၏။ ရှောလမုန် လက်ထက် ၌ ငွေကို အလျှင်းပမာဏ မ ပြုတတ်ကြ။
22 For the king had the ships of Tarshish at sea with Hiram’s fleet, and once every three years the ships of Tarshish would arrive bearing gold, silver, ivory, apes, and peacocks.
၂၂ရှင် ဘုရင်သည် တာရှု သင်္ဘော ကို ဟိရံ မင်း သင်္ဘော နှင့်အတူ စေလွှတ်သဖြင့်၊ သုံး နှစ် တခါ တာရှု သင်္ဘော သည် ပြန်လာ ၍ ရွှေ ၊ ငွေ ၊ ဆင်စွယ် ၊ မျောက် များ၊ ဒေါင်း များကို ဆောင် ခဲ့တတ်၏။
23 So King Solomon surpassed all the kings of the earth in riches and wisdom.
၂၃ထိုသို့ ရှောလမုန် သည် မြေကြီး ပေါ်မှာ ရှိသမျှ သော ရှင် ဘုရင်တို့ထက် ပညာ နှင့် စည်းစိမ် အားဖြင့် လွန်ကဲ ၏။
24 The whole world sought an audience with Solomon to hear the wisdom that God had put in his heart.
၂၄ရှောလမုန် ၏ နှလုံး ၌ ဘုရားသခင် သွင်းပေး တော်မူသော ပညာ ကို မြေကြီး သားအပေါင်း တို့သည် ကြား ရအံ့သောငှါ ၊ မျက်နှာ တော်ကို ဖူး လာကြ၏။
25 Year after year, each visitor would bring his tribute: articles of silver and gold, clothing, weapons, spices, horses, and mules.
၂၅လာသောသူအသီးအသီး တို့သည် ရွှေ ဖလား ၊ ငွေ ဖလား ၊ အဝတ် တန်ဆာ၊ စစ်တိုက် လက်နက်၊ နံ့သာမျိုး ၊ မြင်း ၊ လား တို့ကို နှစ် တိုင်းအခွန် ဆက် ရကြ၏။
26 Solomon accumulated 1,400 chariots and 12,000 horses, which he stationed in the chariot cities and also with him in Jerusalem.
၂၆ရှောလမုန် သည်လည်း ၊ ရထား များ၊ မြင်းစီး သူရဲ များကို ဆည်းဖူး ၍ ၊ ရထား တထောင် နှင့် လေး ရာ ၊ မြင်းစီး သူရဲတသောင်း နှစ်ထောင်ရှိ ၏။ ရထား ထိန်း မြို့ တို့၌ ၎င်း ၊ ယေရုရှလင် မြို့ အထံတော်၌ ၎င်း ထား ၏။
27 The king made silver as common in Jerusalem as stones, and cedar as abundant as sycamore in the foothills.
၂၇ရှင် ဘုရင်သည် ယေရုရှလင် မြို့၌ ငွေ ကို ကျောက်ခဲ ကဲ့သို့ ၎င်း ၊ အာရဇ် ပင်တို့ကို လွင်ပြင် ၌ ပေါက် သော သဖန်း ပင်ကဲ့သို့ ၎င်း များပြား စေ၏။
28 Solomon’s horses were imported from Egypt and Kue; the royal merchants purchased them from Kue.
၂၈ရှောလမုန် ထံသို့ မြင်း များကို အဲဂုတ္တု ပြည်၊ ကော မြို့မှ ဆောင် ခဲ့ရ၏။ ရှင်ဘုရင် ၏ ကုန်သည် တို့သည် အဘိုး ပေးလျက် ကော မြို့၌ ခံယူ ရကြ၏။
29 A chariot could be imported from Egypt for six hundred shekels of silver, and a horse for a hundred and fifty. Likewise, they exported them to all the kings of the Hittites and to the kings of Aram.
၂၉အဲဂုတ္တု ပြည်မှ ရထား တခုကို ငွေ ခြောက် ပိဿာ နှင့် ၎င်း၊ မြင်း တစီးကို တပိဿာ ငါး ဆယ်နှင့်၎င်း ရောင်းမြဲ ရှိ၏။ ထိုသို့ ဟိတ္တိ မင်းကြီး နှင့် ရှုရိ မင်းကြီး အပေါင်း တို့သည် အဲဂုတ္တုရထားနှင့် မြင်းတို့ကို ရတတ်ကြ၏။

< 1 Kings 10 >