< 1 Chronicles 2 >

1 These were the sons of Israel: Reuben, Simeon, Levi, Judah, Issachar, Zebulun,
ယာ​ကုပ်​တွင်​ရု​ဗင်၊ ရှိ​မောင်၊ လေ​ဝိ၊ ယု​ဒ၊ ဣ​သ​ခါ၊ ဇာ​ဗု​လုန်၊-
2 Dan, Joseph, Benjamin, Naphtali, Gad, and Asher.
ဒန်၊ ယော​သပ်၊ င်္ဗယာ​မိန်၊ န​ဿာ​လိ၊ ဂဒ်၊ အာ​ရှာ​ဟူ​၍ သား​တစ်​ဆယ့်​နှစ်​ယောက်​ရှိ​၏။
3 The sons of Judah: Er, Onan, and Shelah. These three were born to him by Bath-shua the Canaanite. Er, Judah’s firstborn, was wicked in the sight of the LORD, who put him to death.
ယု​ဒ​တွင်​စု​စု​ပေါင်း​သား​ငါး​ယောက်​ရှိ​၏။ သူ​၏ ဇ​နီး၊ ခါ​နာန်​အ​မျိုး​သ​မီး​ဖြစ်​သူ ရှု​အာ​နှင့်​ရ သော​သား​သုံး​ယောက်​တို့​ကား​ဧ​ရ၊ သြ​နန်​နှင့် ရှေ​လ​တို့​ဖြစ်​၏။ သူ​၏​သား​အ​ကြီး​ဆုံး​ဧ​ရ သည်​အ​လွန်​ဆိုး​ညစ်​သူ​ဖြစ်​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​၏​ကွပ်​မျက်​တော်​မူ​ခြင်း​ကို​ခံ​ရ​၏။-
4 Tamar, Judah’s daughter-in-law, bore to him Perez and Zerah. Judah had five sons in all.
ယု​ဒ​သည်​မိ​မိ​၏​ချွေး​မ​နှင့်​ရ​ပြန်​သော သား​နှစ်​ယောက်​မှာ​ဖာ​ရက်​နှင့်​ဇာ​ရ​ဖြစ်​၏။
5 The sons of Perez: Hezron and Hamul.
ဖာ​ရက်​တွင်​ဟေ​ဇ​ရုံ​နှင့်​ဟာ​မု​လ​ဟူ​သော သား​နှစ်​ယောက်​ရှိ​၏။-
6 The sons of Zerah: Zimri, Ethan, Heman, Calcol, and Dara —five in all.
သူ​၏​ညီ​ဇာ​ရ​တွင်​ဇိ​မ​ရိ၊ ဧ​သန်၊ ဟေ​မန်၊ ကာ​လ​ကော​လ၊ ဒါ​ရ​ဟူ​၍​သား​ငါး​ယောက် ရှိ​၏။-
7 The son of Carmi: Achar, who brought trouble upon Israel by violating the ban on devoted things.
ကာ​မိ​၏​သား​အာ​ခန်​သည်​ဘု​ရား​သ​ခင်​အား ဆက်​ကပ်​ထား​သော​တိုက်​ခိုက်​သိမ်း​ယူ​ရ​ရှိ​သည့် ဝတ္ထု​ပစ္စည်း​ကို​ယူ​သော​ကြောင့် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကပ်​ဆိုက်​ရ​ကြ​ကုန်​၏။
8 The son of Ethan: Azariah.
ဧ​သန်​တွင်​အ​ဇ​ရိ​ဟူ​သော​သား​တစ်​ယောက် ရှိ​၏။
9 The sons who were born to Hezron: Jerahmeel, Ram, and Caleb.
ဟေ​ဇ​ရုံ​တွင် ယေ​ရ​မေ​လ၊ အာ​ရံ၊ ကာ​လက် ဟူ​၍​သား​သုံး​ယောက်​ရှိ​၏။
10 Ram was the father of Amminadab, and Amminadab was the father of Nahshon, a leader of the descendants of Judah.
၁၀အာ​ရံ​မှ​ယေ​ရှဲ​တိုင်​အောင်​ဆွေ​စဉ်​မျိုး​ဆက်​ကား အာ​ရံ၊ အ​မိ​န​ဒပ်၊ (ယု​ဒ​အ​နွယ်​တွင်​ထင်​ပေါ် ကျော်​ကြား​သူ) နာ​ရှုန်၊
11 Nahshon was the father of Salmon, and Salmon was the father of Boaz.
၁၁စာ​လ​မုန်၊ ဗော​ဇ၊- သြ​ဗက်၊ ယေ​ရှဲ​ဟူ​၍​ဖြစ်​သ​တည်း။
12 Boaz was the father of Obed, and Obed was the father of Jesse.
၁၂
13 Jesse was the father of Eliab his firstborn; Abinadab was born second, Shimea third,
၁၃ယေ​ရှဲ​တွင်​သား​ခု​နစ်​ယောက်​ရှိ​၏။ သူ​တို့​အား ကြီး​စဉ်​ငယ်​လိုက်​ဖော်​ပြ​ရ​သော်​ဧ​လျာ​ဘ၊ အ​ဘိ​န​ဒပ်၊ ရှိ​မာ၊-
14 Nethanel fourth, Raddai fifth,
၁၄နာ​သ​နေ​လ၊ ရဒ္ဒဲ၊-
15 Ozem sixth, and David seventh.
၁၅သြ​ဇင်​နှင့်​ဒါ​ဝိဒ်​တို့​ဖြစ်​၏။ ယေ​ရှဲ​တွင်​ဇေ​ရု​ယာ နှင့်​အ​ဘိ​ဂဲ​လ​ဟူ​၍​သမီး​နှစ်​ယောက်​လည်း​ရှိ​၏။ ယေ​ရှဲ​၏​သ​မီး​ဇေ​ရု​ယာ​တွင်​အ​ဘိ​ရှဲ၊ ယွာ​ဘ နှင့်​အာ​သ​ဟေ​လ​ဟူ​သော​သား​သုံး​ယောက်​ရှိ​၏။-
16 Their sisters were Zeruiah and Abigail. And the three sons of Zeruiah were Abishai, Joab, and Asahel.
၁၆
17 Abigail was the mother of Amasa, whose father was Jether the Ishmaelite.
၁၇သူ​၏​အ​ခြား​သ​မီး​အ​ဘိ​ဂဲ​လ​သည် ဣ​ရှ​မေ​လ မှ​ဆင်း​သက်​လာ​သူ​ယေ​သာ​နှင့်​အိမ်​ထောင်​ပြု​၏။ သူ​တို့​မှာ​အာ​မ​သ​နာ​မည်​တွင်​သော​သား​တစ် ယောက်​ရှိ​၏။
18 Caleb son of Hezron had children by his wife Azubah and by Jerioth. These were the sons of Azubah: Jesher, Shobab, and Ardon.
၁၈ဟေ​ဇ​ရုံ​၏​သား​ကာ​လက်​သည် အ​ဇု​ဘ​နှင့်​အိမ် ထောင်​ပြု​၍​ယေ​ရုတ်​နာ​မည်​တွင်​သော​သ​မီး​တစ် ယောက်​ကို​ရ​၏။ ယေ​ရုတ်​တွင်​ယေ​ရှာ၊ ရှော​ဗပ်​နှင့် အာ​ဒုန်​ဟူ​သော​သား​သုံး​ယောက်​ရှိ​၏။-
19 When Azubah died, Caleb married Ephrath, who bore to him Hur.
၁၉အ​ဇု​ဘ​သေ​လွန်​ပြီး​နောက်​ကာ​လက်​သည် ဧ​ဖ​ရတ် နှင့်​အိမ်​ထောင်​ပြု​၍​ဟု​ရ​နာ​မည်​တွင်​သော​သား ကို​ရ​၏။-
20 Hur was the father of Uri, and Uri was the father of Bezalel.
၂၀ဟု​ရ​၏​သား​သည်​ဥ​ရိ၊ ဥ​ရိ​၏​သား​ကား​ဗေ​ဇ လေ​လ​တည်း။
21 Later, Hezron slept with the daughter of Machir the father of Gilead. He had married her when he was sixty years old, and she bore to him Segub.
၂၁ဟေ​ဇ​ရုံ​သည်​အ​သက်​ခြောက်​ဆယ်​ရှိ​သော​အ​ခါ မာ​ခိ​ရ​၏​သ​မီး၊ ဂိ​လဒ်​၏​ညီ​မ​နှင့်​အိမ်​ထောင် ပြု​၍​စေ​ဂုပ်​နာ​မည်​တွင်​သော​သား​တစ်​ယောက် ကို​ရ​၏။-
22 Segub was the father of Jair, who had twenty-three cities in the land of Gilead.
၂၂စေ​ဂုပ်​တွင်​ယာ​ဣ​ရ​နာ​မည်​တွင်​သော​သား​တစ် ယောက်​ရှိ​၏။ ယာ​ဣ​ရ​သည်​ဂိ​လဒ်​ပြည်​တွင်​မြို့ ကြီး​နှစ်​ဆယ့်​သုံး​မြို့​ကို​အုပ်​စိုး​ရ​၏။-
23 But Geshur and Aram captured Havvoth-jair, along with Kenath and its sixty surrounding villages. All these were descendants of Machir the father of Gilead.
၂၃သို့​ရာ​တွင်​ဂေ​ရှု​ရ​နှင့်​အာ​ရံ​ဘု​ရင်​တို့​သည် ထို​ပြည်​မှ​ယာ​ဣ​ရ​နှင့်​ကေ​နတ်​ရွာ​တို့​နှင့် တ​ကွ အ​နီး​အ​နား​ရှိ​မြို့​များ​အ​ပါ​အ​ဝင် မြို့​ခြောက်​ဆယ်​တို့​ကို​တိုက်​ခိုက်​သိမ်း​ပိုက်​လိုက် ကြ​၏။ ထို​ဒေ​သ​တွင်​နေ​ထိုင်​ကြ​သူ​လူ​အ​ပေါင်း တို့​မှာ​ဂိ​လဒ်​၏​ဖ​ခင်​မာ​ခိ​ရ​၏​သား​မြေး များ​ဖြစ်​သ​တည်း။-
24 After Hezron died in Caleb-ephrathah, his wife Abijah bore to him Ashhur the father of Tekoa.
၂၄ဟေ​ဇ​ရုံ​သေ​လွန်​ပြီး​နောက်​သူ​၏​သား​ကာ​လက် သည် ဖ​ခင်​၏​ဇ​နီး​မု​ဆိုး​မ​ဖြစ်​သူ​ဧ​ဖ​ရတ်​ကို သိမ်း​ပိုက်​လိုက်​၏။ သူ​တို့​တွင်​အာ​ရှု​ရ​နာ​မည်​တွင် သော​သား​တစ်​ယောက်​ကို​ရ​ရှိ​ကြ​၏။ အာ​ရှု​ရ ကား​တေ​ကော​မြို့​ကို​တည်​ထောင်​သူ​တည်း။
25 The sons of Jerahmeel the firstborn of Hezron: Ram his firstborn, Bunah, Oren, Ozem, and Ahijah.
၂၅ဟေ​ဇ​ရုံ​၏​သား​အ​ကြီး​ဆုံး​ဖြစ်​သူ​ယေ​ရ မေ​လ​တွင်​သား​ငါး​ယောက်​ရှိ​၏။ သူ​တို့​အ​နက် အ​ကြီး​ဆုံး​မှာ​အာ​ရံ​ဖြစ်​၍​အ​ခြား​သား များ​မှာ​ဗု​န၊ သြ​ရင်၊ သြ​ဇင်​နှင့်​အ​ဟိ​ယ တို့​ဖြစ်​၏။-
26 Jerahmeel had another wife named Atarah, who was the mother of Onam.
၂၆အာ​ရံ​တွင်​မာ​ဇ၊ ယာ​မိန်၊ ဧ​ကာ​ဟူ​၍​သား​သုံး ယောက်​ရှိ​၏။ ယေ​ရ​မေ​လ​တွင်​အာ​တ​ရ​နာ​မည် တွင်​သော​အ​ခြား​ဇ​နီး​တစ်​ယောက်​ရှိ​၏။ ထို ဇ​နီး​ဖြင့်​သြ​နံ​ဟူ​သော​သား​တစ်​ယောက်​ကို ရ​၏။-
27 The sons of Ram the firstborn of Jerahmeel: Maaz, Jamin, and Eker.
၂၇
28 The sons of Onam: Shammai and Jada. The sons of Shammai: Nadab and Abishur.
၂၈သြ​နံ​တွင်​ရှမ္မဲ​နှင့်​ယာဒ​ဟူ​သော​သား​နှစ်​ယောက် ရှိ​၏။ ရှမ္မဲ​တွင်​လည်း​နာ​ဒပ်​နှင့်​အ​ဘိ​ရှု​ရ​ဟူ သော​သား​နှစ်​ယောက်​ရှိ​ပေ​သည်။
29 Abishur’s wife was named Abihail, and she bore to him Ahban and Molid.
၂၉အ​ဘိ​ရှု​ရ​သည်​အ​ဘိ​ဟဲ​လ​နာ​မည်​ရှိ​သော အ​မျိုး​သ​မီး​နှင့်​အိမ်​ထောင်​ပြု​၍ အာ​ဗန်​နှင့် မော​လိဒ်​နာ​မည်​တွင်​သော​သား​နှစ်​ယောက်​ကို ရ​၏။-
30 The sons of Nadab: Seled and Appaim. Seled died without children.
၃၀အ​ဘိ​ရှု​ရ​၏​ညီ​ဖြစ်​သူ​နာ​ဒပ်​တွင်​သေ​လက် နှင့်​အပ္ပိမ်​ဟူ​သော​သား​နှစ်​ယောက်​ရှိ​၏။ သို့​ရာ တွင်​သေ​လက်​သည်​သား​တစ်​ယောက်​မျှ​မ​ရ ဘဲ​ကွယ်​လွန်​သွား​၏။-
31 The son of Appaim: Ishi. The son of Ishi: Sheshan. The son of Sheshan: Ahlai.
၃၁အပ္ပိမ်​၏​သား​သည်​ဣ​ရှိ၊ ဣ​ရှိ​၏​သား​မှာ​ရှေ​ရှန်၊ ရှေ​ရှန်​၏​သား​ကား​အာ​လဲ​ဖြစ်​၏။
32 The sons of Jada the brother of Shammai: Jether and Jonathan. Jether died without children.
၃၂ရှမ္မဲ​၏​ညီ​ယာ​ဒ​တွင်​ယေ​သာ​နှင့် ယော​န​သန်​ဟူ သော​သား​နှစ်​ယောက်​ရှိ​၏။ သို့​ရာ​တွင်​ယေ​သာ သည်​သား​တစ်​ယောက်​မျှ​မ​ရ​ဘဲ​ကွယ်​လွန် သွား​၏။-
33 The sons of Jonathan: Peleth and Zaza. These were the descendants of Jerahmeel.
၃၃ယော​န​သန်​တွင်​ပေ​လက်​နှင့်​ဇာ​ဇ​ဟူ​သော​သား နှစ်​ယောက်​ရှိ​၏။ ဤ​သူ​အ​ပေါင်း​တို့​သည်​ယေ​ရ မေ​လ​၏​သား​မြေး​များ​ဖြစ်​ကြ​သ​တည်း။
34 Sheshan had no sons, but only daughters; but he did have an Egyptian servant named Jarha.
၃၄ရှေ​ရှန်​တွင်​သား​မ​ရှိ၊ သ​မီး​များ​သာ​ရှိ​၏။ သူ့​မှာ ယာ​ဟ​နာ​မည်​တွင်​သော​အီ​ဂျစ်​အ​မျိုး​သား အ​စေ​ခံ​တစ်​ယောက်​ရှိ​၏။-
35 Sheshan gave his daughter in marriage to his servant Jarha, and she bore to him Attai.
၃၅သူ​သည်​မိ​မိ​၏​သ​မီး​တစ်​ယောက်​အား​ထို​ကျွန် နှင့်​ပေး​စား​ရာ အတ္တဲ​နာ​မည်​တွင်​သော​သား​တစ် ယောက်​ကို​ရ​လေ​၏။
36 Attai was the father of Nathan, Nathan was the father of Zabad,
၃၆အတ္တဲ​၏​သား​မြေး​အ​ဆက်​ဆက်​မှာ​နာ​သန်၊ ဇာ​ဗဒ်၊ ဧ​ဖ​လ​လ၊ သြ​ဗက်၊
37 Zabad was the father of Ephlal, Ephlal was the father of Obed,
၃၇
38 Obed was the father of Jehu, Jehu was the father of Azariah,
၃၈
39 Azariah was the father of Helez, Helez was the father of Elasah,
၃၉ယေ​ဟု၊ အာ​ဇ​ရိ၊- ဟေ​လက်၊ ဧ​လာ​သ၊ သိ​သ​မဲ၊ ရှလ္လုံ၊ ယေ​က​မိ​နှင့်​ဧ​လိ​ရှ​မာ​တို့​ဖြစ်​ကြ​၏။
40 Elasah was the father of Sismai, Sismai was the father of Shallum,
၄၀
41 Shallum was the father of Jekamiah, and Jekamiah was the father of Elishama.
၄၁
42 The sons of Caleb the brother of Jerahmeel: Mesha his firstborn, who was the father of Ziph, and Mareshah his second son, who was the father of Hebron.
၄၂ယေ​ရ​မေ​လ​၏​ညီ​ဖြစ်​သူ​ကာ​လက်​၏​သား​ဦး မှာ​မေ​ရှ​ဟု​နာ​မည်​တွင်​၏။ မေ​ရှ​၏​သား​သည် ဇိ​ဖ၊ ဇိ​ဖ​၏​သား​မှာ​မ​ရေ​ရှ၊ မ​ရေ​ရှ​၏​သား ကား​ဟေ​ဗြုန်​ဖြစ်​၏။-
43 The sons of Hebron: Korah, Tappuah, Rekem, and Shema.
၄၃ဟေ​ဗြုန်​တွင်​ကော​ရ၊ တာ​ပွာ၊ ရေ​ကင်​နှင့် ရှေ​မ​ဟူ​သော​သား​လေး​ယောက်​ရှိ​၏။-
44 Shema was the father of Raham the father of Jorkeam, and Rekem was the father of Shammai.
၄၄ရှေ​မ​၏​သား​သည်​ရာ​ဟံ၊ ရာ​ဟံ​၏​သား​မှာ ယော်​ကောင်​ဖြစ်​၏။ ရှေ​မ​၏​ညီ​ဖြစ်​သူ​ရေ​ကင် ၏​သား​သည်​ရှမ္မဲ၊-
45 The son of Shammai was Maon, and Maon was the father of Beth-zur.
၄၅ရှမ္မဲ​၏​သား​မှာ​မော​န၊ မော​န​၏​သား​ကား​ဗက် ဇု​ရ​တည်း။
46 Caleb’s concubine Ephah was the mother of Haran, Moza, and Gazez. Haran was the father of Gazez.
၄၆ကာ​လက်​မှာ​ဧ​ဖာ​နာ​မည်​တွင်​သော​မ​ယား ငယ်​တစ်​ယောက်​ရှိ​သေး​၏။ ထို​မယား​ငယ်​ဖြင့် သူ​သည်​ဟာ​ရန်၊ မော​ဇ၊ ဂါ​ဇက်​ဟူ​သော​သား သုံး​ယောက်​ကို​ထပ်​မံ​ရ​ရှိ​ပြန်​၏။ ဟာ​ရန် တွင်​ဂါ​ဇက်​ဟု​ပင်​နာ​မည်​တွင်​သော​သား တစ်​ယောက်​ရှိ​၏။
47 The sons of Jahdai: Regem, Jotham, Geshan, Pelet, Ephah, and Shaaph.
၄၇(ယာ​ဒဲ​နာ​မည်​တွင်​သော​လူ​တစ်​ယောက်​တွင် ရေ​ဂင်၊ ယော​သံ၊ ဂေ​ရှံ၊ ပေ​လက်၊ ဧ​ဖာ၊ ရှာ​ဖ ဟူ​၍​သား​ခြောက်​ယောက်​ရှိ​၏။)
48 Caleb’s concubine Maacah was the mother of Sheber and Tirhanah.
၄၈ကာ​လက်​မှာ​မာ​ခါ​နာ​မည်​တွင်​သော​အ​ခြား မ​ယား​ငယ်​တစ်​ယောက်​ရှိ​သေး​၏။ ထို​မ​ယား ငယ်​ဖြင့်​သူ​သည်​ရှေ​ဗာ​နှင့် တိ​ရ​ဟာ​န​ဟူ သော​သား​နှစ်​ယောက်​ကို​ရ​၏။-
49 She was also the mother of Shaaph father of Madmannah, and of Sheva father of Machbenah and Gibea. Caleb’s daughter was Acsah.
၄၉ထို​နောက်​မာ​ခါ​သည်​မာ​ဒ​မေ​န​မြို့​ကို​တည် ထောင်​သူ​ဖြစ်​လာ​သည့်​ရှာ​ဖ​ကို​လည်း​ကောင်း၊ မာ​ခ​ဗေ​န​မြို့​ကို​တည်​ထောင်​သူ​ဖြစ်​လာ သည့်​ရှေ​ဝ​ကို​လည်း​ကောင်း​ရ​ရှိ​ပြန်​၏။ ထို​သား​များ​အ​ပြင်​ကာ​လက်​မှာ​အာ​ခ​သ နာ​မည်​တွင်​သော​သ​မီး​တစ်​ယောက်​လည်း​ရှိ​၏။
50 These were the descendants of Caleb. The sons of Hur the firstborn of Ephrathah: Shobal the father of Kiriath-jearim,
၅၀အောက်​ဖော်​ပြ​ပါ​တို့​သည်​လည်း​ကာ​လက် ၏​သား​မြေး​များ​ဖြစ်​ပေ​သည်။ ဇ​နီး​ဖြစ်​သူ​ဧ​ဖ​ရတ်​နှင့်​ကာ​လက်​ရ​သော သား​ဦး​မှာ​ဟု​ရ​ဖြစ်​၏။ ဟု​ရ​၏​သား​ရှော ဗာ​လ​သည်​ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​ကြီး​ကို တည်​ထောင်​လေ​သည်။-
51 Salma the father of Bethlehem, and Hareph the father of Beth-gader.
၅၁ရှော​ဗာ​လ​၏​ဒု​တိ​ယ​သား​စ​လ​မ​သည် ဗက်​လင်​မြို့​ကို​တည်​ထောင်​၍ သူ​၏​တ​တိ​ယ သား​ဟာ​ရပ်​မူ​ကား​ဗက်​ဂါ​ဒါ​မြို့​ကို​တည် ထောင်​သ​တည်း။
52 These were the descendants of Shobal the father of Kiriath-jearim: Haroeh, half the Manahathites,
၅၂ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​ကြီး​ကို​တည်​ထောင်​သူ ရှော​ဗာ​လ​သည်​ဟာ​ရော​အ​မျိုး​သား​များ​၏ ဘိုး​ဘေး​နှင့် မ​န​ဟေ​သိ​အ​မျိုး​သား​ထက် ဝက်​ခန့်​တို့​၏​ဘိုး​ဘေး​ဖြစ်​ပေ​သည်။-
53 and the clans of Kiriath-jearim—the Ithrites, Puthites, Shumathites, and Mishraites. From these descended the Zorathites and Eshtaolites.
၅၃သူ​သည်​ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​ကြီး​တွင်​နေ ထိုင်​ကြ​ကုန်​သော​ဣ​သ​ရိ၊ ဖု​ဟိ၊ ရှု​မ​သိ​နှင့် မိ​ရှ​ရိ​သား​ချင်း​စု​တို့​၏​ဘိုး​ဘေး​လည်း ဖြစ်​၏။ (ဇာ​ရာ​သိ​နှင့်​ဧ​ရှ​တော​လိ​အ​မျိုး သား​တို့​ကား​ထို​သား​ချင်း​စု​များ​မှ​ဆင်း သက်​လာ​သူ​များ​တည်း။)
54 The descendants of Salma: Bethlehem, the Netophathites, Atroth-beth-joab, half the Manahathites, the Zorites,
၅၄ဗက်​လင်​မြို့​ကို​တည်​ထောင်​သူ​စ​လ​မ​သည် နေ​တော​ဖာ​သိ၊ အ​တ​ရုတ်၊ ဗက်​ယွာ​ဘ​သား ချင်း​စု​များ​နှင့်​ဇော​ရိ​သား​ချင်း​စု​တို့​၏ ဘိုး​ဘေး​ဖြစ်​ပေ​သည်။ ဇော​ရိ​သား​ချင်း​စု သည်​မ​န​ဟေ​သိ​သား​ချင်း​စု​နှစ်​စု​မှ တစ်​စု​ဖြစ်​၏။
55 and the clans of the scribes who lived at Jabez—the Tirathites, Shimeathites, and Sucathites. These are the Kenites who came from Hammath, the father of the house of Rechab.
၅၅(စာ​ချုပ်​စာ​တမ်း​များ​ရေး​မှတ်​ကူး​ယူ​သည့် အ​တတ်​တွင် အ​ထူး​ကျွမ်း​ကျင်​ကုန်​သော​တိ ရ​သိ၊ ရှိ​မ​သိ​နှင့် စု​ခ​သိ​သား​ချင်း​စု​တို့ သည်​ယာ​ဗက်​မြို့​တွင်​နေ​ထိုင်​ကြ​၏။ ထို​သူ တို့​သည်​ရေ​ခပ်​အ​မျိုး​အ​နွယ်​များ​နှင့် အ​ပြန်​အ​လှန်​လက်​ထပ်​ထိမ်း​မြား​ခဲ့​ကြ သော​ကိ​နိ​အ​မျိုး​သား​များ​ဖြစ်​သ​တည်း။)

< 1 Chronicles 2 >