< 1 Chronicles 10 >
1 Now the Philistines fought against Israel, and the men of Israel fled before them, and many fell slain on Mount Gilboa.
၁ဖိလိတ္တိ လူတို့သည် ဣသရေလ လူတို့ကို စစ်တိုက် ၍ ၊ ဣသရေလ လူ တို့သည် ရန်သူရှေ့ မှာ ပြေး သဖြင့်၊ ဂိလဗော တောင် ပေါ် မှာ အထိအခိုက် နှင့် လဲ ၍သေကြ၏။
2 The Philistines followed hard after Saul and his sons, and they killed Saul’s sons Jonathan, Abinadab, and Malchishua.
၂ဖိလိတ္တိ လူတို့သည် ရှောလု မင်းနှင့် သူ ၏သား တို့ကို ပြင်းထန် စွာ လိုက်၍ ၊ ရှောလု ၏သား ယောနသန် ၊ အဘိနဒပ် ၊ မေလခိရွှ တို့ကိုသတ် ကြ၏။
3 When the battle intensified against Saul, the archers overtook him and wounded him.
၃စစ်တိုက် ရာတွင် ရှောလု သည် အလွန် ခံရ၏။ လေး သမားတို့ ပစ် သောမြှား မှန် ၍ အလွန်နာ သောကြောင့်၊
4 Then Saul said to his armor-bearer, “Draw your sword and run it through me, or these uncircumcised men will come and torture me!” But his armor-bearer was terrified and refused to do it. So Saul took his own sword and fell on it.
၄လက်နက် ဆောင် လုလင်ကို ခေါ်ပြီးလျှင် ၊ သင့် ထား ကို ထုတ် ၍ ငါ့ ကိုထိုး လော့။ သို့မဟုတ် အရေဖျား လှီးခြင်းကို မခံသောလူတို့သည်လာ ၍ ၊ ငါ့ ကိုမရိုမသေ ညှဉ်းဆဲကြလိမ့်မည်ဟုဆို သော်လည်း ၊ လက်နက် ဆောင် လုလင်သည် အလွန် ကြောက် ၍ မ ပြုဘဲနေသောကြောင့် ၊ ရှောလု သည် ထိုထား ကို ယူ ၍ ထောင်ပြီးလျှင်၊ ထား ဖျား ပေါ် မှာ လှဲ ၍သေ၏။
5 When his armor-bearer saw that Saul was dead, he too fell on his own sword and died.
၅ရှောလု သေ သည်ကို လက်နက် ဆောင် လုလင် မြင် လျှင် ၊ သူ သည်လည်း ထိုထားကို ထောင်၍ထား ဖျား ပေါ် မှာ လှဲ ၍ သေ ၏။
6 So Saul died together with his three sons and all his house.
၆ထိုသို့ ရှောလု နှင့် သူ ၏သား သုံး ယောက်မှစ၍နန်းတော် သားအပေါင်း တို့သည် အတူ သေ ကြ၏။
7 When all the Israelites in the valley saw that the army had fled and that Saul and his sons had died, they abandoned their cities and ran away. So the Philistines came and occupied their cities.
၇ဣသရေလလူပြေး ကြောင်း ၊ ရှောလု နှင့် သူ ၏ သား များသေ ကြောင်း ကို၊ ချိုင့် ၌ နေသော ဣသရေလ လူ အပေါင်း တို့သည် သိမြင် လျှင် ၊ မြို့ ရွာတို့ကို စွန့်ပစ် သဖြင့် ၊ ဖိလိတ္တိ လူတို့သည်လာ ၍ နေ ကြ၏။
8 The next day, when the Philistines came to strip the dead, they found Saul and his sons fallen on Mount Gilboa.
၈နက်ဖြန် နေ့၌ ဖိလိတ္တိ လူတို့သည် အသေကောင် တို့၌၊ အဝတ်တန်ဆာကို ချွတ် ခြင်းငှါ လာ သောအခါ ၊ ဂိလဗော တောင် ပေါ် မှာ ရှောလု နှင့် သူ ၏သား သုံး ယောက်တို့သည် သေ လျက်ရှိသည်ကို တွေ့မြင် ကြ၏။
9 They stripped Saul, cut off his head, took his armor, and sent messengers throughout the land of the Philistines to proclaim the news in the temple of their idols and among their people.
၉အဝတ်တန်ဆာတော်ကို ချွတ် ပြီးမှ ခေါင်း တော်၊ လက်နက် တော်ကို ယူ ၍ သူတို့ရုပ်တု အိမ်များ၌ ၎င်း ၊ လူ များတို့၌ ၎င်း၊ သိတင်း ကျော်စောစေခြင်းငှါ ၊ ဖိလိတ္တိ ပြည် အရပ်ရပ်သို့ ပေး လိုက်ကြ၏။
10 They put his armor in the temple of their gods and hung his head in the temple of Dagon.
၁၀လက်နက် တော်ကိုလည်း သူ တို့ဘုရား ကျောင်း ၌ ထား ၍ ၊ ခေါင်း တော်ကို ဒါဂုန် ဗိမာန် ၌ ဆွဲ ထားကြ၏။
11 When the people of Jabesh-gilead heard about everything the Philistines had done to Saul,
၁၁ဖိလိတ္တိ လူတို့သည် ရှောလု ၌ ပြု သမျှ ကို ဂိလဒ် ပြည် ယာဗက်မြို့သားများကြား လျှင်၊
12 all their men of valor set out and retrieved the bodies of Saul and his sons and brought them to Jabesh. And they buried their bones under the oak in Jabesh and fasted seven days.
၁၂သူရဲ အပေါင်း တို့သည် ရှောလု ၏ အလောင်း နှင့် သူ ၏သား အလောင်း တို့ကို ယူ သွား၍ ၊ ယာဗက် မြို့သို့ ဆောင် ခဲ့သဖြင့် ၊ အရိုး တို့ကို ယာဗက် မြို့မှာ သပိတ် ပင် အောက် ၌ သင်္ဂြိုဟ် ပြီးမှ ခုနစ် ရက် ပတ်လုံးအစာရှောင် ကြ ၏။
13 So Saul died for his unfaithfulness to the LORD, because he did not keep the word of the LORD and even consulted a medium for guidance,
၁၃ထိုသို့ ရှောလု သည် ထာဝရဘုရား ၏ စကား တော်ကို နား မ ထောင်၊ လွန်ကျူး ၍ ထာဝရဘုရား ကို ပြစ်မှား သောကြောင့် ၎င်း၊
14 and he failed to inquire of the LORD. So the LORD put him to death and turned the kingdom over to David son of Jesse.
၁၄ထာဝရဘုရား ကို မ မေးမြန်း ဘဲနတ်ဝင် မိန်းမကို ရှာဖွေ မေးမြန်း သောကြောင့် ၎င်း၊ ထာဝရဘုရားသည် သူ့ ကိုကွပ်မျက် ၍ ၊ နိုင်ငံ တော်ကို ယေရှဲ သား ဒါဝိဒ် ၌ လွှဲအပ် တော်မူ၏။