< Hebrews 2 >

1 Therefore, we ought to give the more earnest heed to the things which we have heard, lest we let them glide away.
ထို့​ကြောင့်​လမ်း​မှား​တိမ်း​ချော်​မှု​မ​ဖြစ်​ကြ​စေ ရန် ငါ​တို့​သည်​ကြား​နာ​ခဲ့​ရ​သည့်​သမ္မာ​တ​ရား ကို​ပို​မို​၍​ပင်​စွဲ​မြဲ​စွာ​ဆုပ်​ကိုင်​ထား​ရ​မည်။-
2 For if the word spoken by angels was steadfast, and every transgression and disobedience received a just punishment,
ကောင်း​ကင်​တ​မန်​များ​မှ​တစ်​ဆင့်​ပေး​အပ် တော်​မူ​သော​တ​ရား​တော်​သည်​မှန်​ကန်​သော တ​ရား​တော်​ဖြစ်​သ​ဖြင့် ထို​တ​ရား​တော်​ကို မ​လိုက်​လျှောက်၊ မ​နာ​ခံ​သူ​မှန်​သ​မျှ​သည် ထိုက်​သင့်​သော​အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို ခံ​ကြ​ရ​သည်​မှန်​ပါ​က၊-
3 how shall we escape, if we neglect so great salvation? which at first began to be spoken by the Lord, and was confirmed to us by those who heard him;
ဤ​မျှ​ထူး​မြတ်​သည့်​ကယ်​တင်​ခြင်း​တ​ရား တော်​ကို​ငါ​တို့​ဂ​ရု​မ​စိုက်​ဘဲ​နေ​ကြ​ပါ​မူ အ​ဘယ်​သို့​လျှင်​ငါ​တို့​သည်​အ​ပြစ်​ဒဏ် စီ​ရင်​ခြင်း​နှင့်​ကင်း​လွတ်​နိုင်​ကြ​ပါ​မည်​နည်း။ ထို​ကယ်​တင်​ခြင်း​တ​ရား​တော်​ကို​သ​ခင် ဘု​ရား​ကိုယ်​တော်​တိုင် ဦး​စွာ​ပ​ထ​မ​ဟော ကြား​တော်​မူ​၍​ကြား​နာ​ရ​သူ​တို့​က​ငါ တို့​အား ထို​တ​ရား​တော်​မှန်​ကန်​ကြောင်း​ကို သက်​သေ​ပြ​ခဲ့​ကြ​၏။-
4 God also bearing testimony with them by signs and wonders, and by various mighty deeds, and by distributions of the Holy Spirit, according to his own will.
တစ်​ချိန်​တည်း​မှာ​ပင်​ဘု​ရား​သ​ခင်​သည် နိ​မိတ်​လက္ခ​ဏာ​များ၊ အံ့​သြ​ဖွယ်​ရာ​များ​နှင့် ထူး​ဆန်း​သော​တန်​ခိုး​အ​မျိုး​မျိုး​တို့​ကို ပြ​တော်​မူ​ခြင်း​အား​ဖြင့်​လည်း​ကောင်း၊ သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​သည်​မိ​မိ​အ​လို​တော် အ​တိုင်း ဆု​ကျေး​ဇူး​များ​ကို​ဝေ​ငှ​တော်​မူ ခြင်း​အား​ဖြင့်​လည်း​ကောင်း​ထပ်​လောင်း သက်​သေ​ပြ​တော်​မူ​၏။
5 For not to angels has he subjected the world to come of which we speak.
ငါ​တို့​ပြော​ဆို​သော​နောင်​အ​ခါ​တည်​ရှိ​မည့် ကမ္ဘာ​သစ်​ကို​အုပ်​စိုး​ရန်​ကောင်း​ကင်​တ​မန် များ​အား​ပေး​အပ်​တော်​မ​မူ။-
6 But one in a certain place testified, saying: What is man, that thou art mindful of him; or the son of man, that thou dost visit him?
ကျမ်း​စာ​တော်​တစ်​နေ​ရာ​တွင်၊ ``လူ​သည်​အ​ဘယ်​သို့​သော​သူ​ဖြစ်​၍​ကိုယ်​တော် သည် သူ့​အား​သ​တိ​ရ​တော်​မူ​ပါ​သ​နည်း။ သာ​မန်​လူ​သား​သည်​အ​ဘယ်​သို့​သော​သူ​ဖြစ်​၍ ကိုယ်​တော်​သည်​သူ့​အား​ဂ​ရု​ပြု​တော်​မူ​ရ​ပါ သ​နည်း။
7 Thou hast made him a little lower than the angels; thou hast crowned him with glory and honor;
ကိုယ်​တော်​သည်​သူ့​အား​ကာ​လ​အ​နည်း​ငယ်​မျှ ကောင်း​ကင်​တ​မန်​တို့​ထက်​နိမ့်​ကျ​စေ​တော်​မူ​၍ ဘုန်း​အ​သ​ရေ၊ဂုဏ်​ကျက်​သ​ရေ​နှင့် ပြည့်​ဝ​စေ​တော်​မူ​ပါ​၏။
8 thou hast put all things under his feet. For, in putting all things under him, he left nothing that is not put under him: but now we do not yet see all things put under him.
ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​စိုး​မိုး​ခွင့်​ပေး​တော် မူ​ပါ​၏'' ဟု​ဖော်​ပြ​ထား​၏။ ကျမ်း​စာ​တော်​က`ခပ် သိမ်း​သော​အ​ရာ​တို့​ကို​စိုး​မိုး​ခွင့်​ပေး​တော် မူ​၏' ဟု​ဆို​ရာ​၌​လူ​၏​စိုး​မိုး​ခြင်း​ကို မ​ခံ​ရ သည့်​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ​ဟူ​၍​ဆို လို​သ​တည်း။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌ လူ သည်​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​စိုး​မိုး​ခွင့်​ရ ကြောင်း ငါ​တို့​မ​တွေ့​မ​မြင်​ကြ​ရ​ပေ။-
9 But we see Jesus, who was made a little lower than the angels, that he might, by the grace of God, taste death for every man―we see him, on account of his having suffered death, crowned with glory and honor.
သို့​သော်​ငါ​တို့​တွေ့​မြင်​ကြ​ရ​သူ​ကား ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​အား​ဖြင့်​လူ​အ​ပေါင်း တို့​အ​တွက် အ​သက်​တော်​ကို​စွန့်​တော်​မူ​နိုင်​ရန် ကာ​လ​အ​နည်း​ငယ်​မျှ ကောင်း​ကင်​တ​မန်​များ ထက်​နှိမ့်​ချ​မှု​ကို​ခံ​ရ​သည့်​သ​ခင်​ယေ​ရှု​ပင် ဖြစ်​တော်​မူ​၏။ ထို​အ​ရှင်​သည် မိ​မိ​အ​သေ​ခံ တော်​မူ​ခဲ့​သည့်​အ​တွက်​ဘုန်း​အ​သ​ရေ၊ ဂုဏ် အ​သ​ရေ​နှင့်​ပြည့်​ဝ​လျက်​ရှိ​တော်​မူ​သည် ကို ယ​ခု​အ​ခါ​ငါ​တို့​တွေ့​မြင်​ကြ​ရ​၏။-
10 For it became him, for whom are all things, and by whom are all things, in bringing many sons to glory, to make the author of their salvation perfect through sufferings.
၁၀ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​ဖန်​ဆင်း​ပြု​ပြင် ထိန်း​သိမ်း​စောင့်​ရှောက်​တော်​မူ​သော​ဘု​ရား သ​ခင်​သည် မိ​မိ​၏​သား​အ​မြောက်​အ​မြား တို့​အား​ဘုန်း​အ​သ​ရေ​တော်​ဝင်​စား​ခွင့်​ပေး တော်​မူ​နိုင်​ရန် ဆင်း​ရဲ​ဒုက္ခ​ကို​ခံ​စေ​ခြင်း​အား ဖြင့် သ​ခင်​ယေ​ရှု​အား​ပြည့်​ဝ​စုံ​လင်​စေ​တော် မူ​၏။ ဤ​သို့​ဘု​ရား​သ​ခင်​ပြု​တော်​မူ​သည်​မှာ လျော်​ကန်​သင့်​မြတ်​လှ​ပေ​သည်။ အ​ဘယ် ကြောင့်​ဆို​သော်​ကယ်​တင်​ခြင်း​ရ​ရှိ​ကြ​စေ ရန် ထို​သူ​တို့​အား​ပို့​ဆောင်​သူ​မှာ​သ​ခင် ယေ​ရှု​ပင်​ဖြစ်​သော​ကြောင့်​တည်း။
11 For both he that sanctifies, and those who are sanctified, are all of one Father: for which reason, he is not ashamed to call them brethren, saying:
၁၁သ​ခင်​ယေ​ရှု​သည်​လူ​တို့​အား​အ​ပြစ်​များ​မှ သန့်​စင်​စေ​တော်​မူ​၏။ ကိုယ်​တော်​နှင့်​ကိုယ်​တော် သန့်​စင်​စေ​တော်​မူ​သော​သူ​တို့​တွင် အ​ဖ​တစ်​ဦး တည်း​ရှိ​သ​ဖြင့် ကိုယ်​တော်​သည်​ထို​သူ​တို့​အား မိ​မိ​၏​ညီ​များ​ဟု​ခေါ်​ဆို​ရန်​ရှက်​တော်​မ​မူ။-
12 I will declare thy name among my brethren; in the midst of the assembly, will I sing hymns to thee.
၁၂သ​ခင်​ယေ​ရှု​က၊ ``အ​ကျွန်ုပ်​သည်​ကိုယ်​တော်​ပြု​တော်​မူ​သော အ​မှု​ကို အ​ကျွန်ုပ်​၏​ညီ​အစ်​ကို​တို့​အား​ပြော​ကြား​ပါ​မည်။ သူ​တို့​၏​အ​စည်း​အ​ဝေး​တွင်​ကိုယ်​တော်​၏ ဂုဏ်​တော်​ကို​ချီး​ကူး​မည်'' ဟု​ဘု​ရား​သ​ခင်​အား​မိန့်​တော်​မူ​၏။-
13 And again: I will put my trust in him. And again: Behold, I, and the children that God has given me.
၁၃တစ်​ဖန်​တုံ​ကိုယ်​တော်​က``ငါ​သည်​ဘု​ရား​သ​ခင် ကို​ကိုး​စား​မည်'' ဟူ​၍​လည်း​ကောင်း၊ ထို​နောက် တစ်​ဖန်``ငါ​သည်​မိ​မိ​အား ဘု​ရား​သ​ခင်​ပေး အပ်​ထား​သည့်​သား​သ​မီး​များ​နှင့်​အ​တူ ရှိ​၏'' ဟူ​၍​လည်း​ကောင်း​မိန့်​တော်​မူ​ပေ​သည်။
14 Since, then, the children are partakers of flesh and blood, he also, in like manner, partook of the same, that, through his death, he might deprive of power him that has the power of death, that is, the devil;
၁၄ထို​သား​သ​မီး​များ​သည်​အ​သွေး​အ​သား​ရှိ သူ​များ​ဖြစ်​ကြ​သ​ဖြင့် သ​ခင်​ယေ​ရှု​သည်​ထို သူ​တို့​နည်း​တူ​အ​သွေး​အ​သား​ရှိ​သူ​အ​ဖြစ် ကို​ခံ​ယူ​တော်​မူ​၏။ ယင်း​သို့​ခံ​ယူ​တော်​မူ​ခြင်း မှာ သေ​ခြင်း​ကို​အ​စိုး​ရ​သည့်​မာရ်​နတ်​၏ တန်​ခိုး​ကို​ချိုး​နှိမ်​ပစ်​ရန်​ပင်​ဖြစ်​၏။-
15 and might set free those who, through fear of death, were all their lifetime subject to bondage.
၁၅ဤ​နည်း​အား​ဖြင့်​သေ​ဘေး​ကို​ကြောက်​သ​ဖြင့် တစ်​သက်​လုံး​ကျွန်​ခံ​လျက်​နေ​ကြ​ရ​သော သူ​တို့​ကို​လွတ်​မြောက်​စေ​တော်​မူ​ပေ​သည်။-
16 For, verily, he does not take hold of angels, but he takes hold of the posterity of Abraham.
၁၆ကိုယ်​တော်​သည်​ကောင်း​ကင်​တ​မန်​များ​အား ကူ​ညီ​မ​စ​တော်​မူ​သည်​မ​ဟုတ်။ ကျမ်း​စာ တော်​တွင်​ဖော်​ပြ​ထား​သည်​အ​တိုင်း အာ​ဗြ​ဟံ ၏​သား​မြေး​တို့​အား​ကူ​ညီ​မ​စ​တော်​မူ ကြောင်း​ကို​သိ​သာ​ထင်​ရှား​ပေ​သည်။-
17 Wherefore, it behooved him to be made like his brethren in all things, that he might be a merciful and faithful high priest in things pertaining to God, in order to make expiation for the sins of the people.
၁၇ထို့​ကြောင့်​ကိုယ်​တော်​သည်​လူ​တို့​၏​အ​ပြစ်​များ ကို​ဖြေ​လွှတ်​အံ့​သော​ငှာ​က​ရု​ဏာ၊ သစ္စာ​နှင့် ပြည့်​ဝ​သည့်​ယဇ်​ပု​ရော​ဟိတ်​မင်း​အ​ဖြစ်​ဖြင့် ဘု​ရား​သ​ခင်​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​နိုင် ရန် အ​ရာ​ရာ​၌​မိ​မိ​၏​ညီ​အစ်​ကို​များ​နှင့် တူ​ညီ​ရ​ပေ​သည်။-
18 For, inasmuch as he himself has suffered in being tempted, he is able to help those who are tempted.
၁၈ကိုယ်​တော်​သည်​မိ​မိ​ကိုယ်​တိုင်​ဆင်း​ရဲ​ဒုက္ခ​နှင့် စုံ​စမ်း​သွေး​ဆောင်​ခြင်း​ကို​ခံ​ခဲ့​ရ​သ​ဖြင့် စုံ စမ်း​သွေး​ဆောင်​ခြင်း​ခံ​ရ​သူ​တို့​အား​ကူ​ညီ မ​စ​ခြင်း​ငှာ​တတ်​နိုင်​တော်​မူ​သည်။

< Hebrews 2 >