< Acts 6 >

1 In those days, when the disciples were increasing in number, there arose a murmuring of the Hellenists against the Hebrews, because their widows were neglected in the daily ministration.
ကာ​လ​အ​နည်း​ငယ်​ကြာ​သော်​တ​ပည့်​တော် အ​ရေ​အ​တွက်​မှာ တိုး​တက်​များ​ပြား​လာ​၏။ ထို​အ​ခါ​ဂ​ရိ​စ​ကား​ကို​သုံး​စွဲ​သူ​ယု​ဒ အ​မျိုး​သား​များ​နှင့် ဒေ​သ​ခံ​ယု​ဒ​အ​မျိုး သား​တို့​အ​ငြင်း​ပွား​ကြ​၏။ ဂ​ရိ​စ​ကား သုံး​စွဲ​သူ​ယု​ဒ​အ​မျိုး​သား​တို့​က မိ​မိ​တို့ မု​ဆိုး​မ​များ​နေ့​စဉ်​အ​သုံး​စ​ရိတ်​မ​ရ ရှိ​ကြောင်း​ပြစ်​တင်​ပြော​ဆို​ကြ​၏။-
2 And the twelve called the multitude of the disciples to them, and said: It is not right that we should leave the word of God, and serve tables.
တစ်​ကျိပ်​နှစ်​ပါး​သော​တ​မန်​တော်​တို့​သည် တ​ပည့်​တော်​အ​ပေါင်း​ကို​ခေါ်​ပြီး​လျှင်``ငါ တို့​သည်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား တော်​ဟော​ပြော​မှု​ကို​လျစ်​လူ​ပြု​ပြီး​လျှင် ငွေ ရေး​ကြေး​ရေး​ကို​စီ​မံ​ဆောင်​ရွက်​ရန်​မ​သင့်။-
3 Therefore, brethren, select from among yourselves seven men, of good report, full of the Holy Spirit and of wisdom, whom we may appoint over this business:
ညီ​အစ်​ကို​တို့၊ သင်​တို့​အ​ထဲ​မှ​သင်​တို့​နှစ်​သက် သူ လူ​ခု​နစ်​ယောက်​ကို​ရွေး​ချယ်​ကြ​လော့။ ဤ တာ​ဝန်​ကို​ထမ်း​ဆောင်​စေ​ရန်​ထို​သူ​တို့​အား ငါ​တို့​ခန့်​ထား​မည်။ သူ​တို့​သည်​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ ဉာဏ်​ပ​ညာ​နှင့် လည်း​ကောင်း​ပြည့်​ဝ​လျက်​အ​သ​ရေ​ရှိ​သူ များ​ဖြစ်​ရ​မည်။-
4 but we will give ourselves continually to prayer and to the ministry of the word.
ငါ​တို့​အ​ဖို့​မှာ​မူ​ဆု​တောင်း​ပတ္ထ​နာ​ပြု​ခြင်း နှင့် တ​ရား​တော်​ကို​ဟော​ပြော​ခြင်း​အား​ဖြင့် သာ​လျှင် အ​ချိန်​ကို​ကုန်​လွန်​စေ​ကြ​မည်'' ဟု ဆို​၏။
5 And the speech pleased the whole multitude; and they chose Stephen, a man full of faith and of the Holy Spirit, and Philip and Prochorus and Nicanor and Timon and Parmenas, and Nicolas, a proselyte of Antioch,
ဤ​အ​ကြံ​ကို​တ​ပည့်​တော်​အ​ပေါင်း​တို့​နှစ်​သက် ကြ​၏။ သူ​တို့​သည်​သ​တေ​ဖန်​ကို​ရွေး​ချယ်​ကြ ၏။ သ​တေ​ဖန်​သည်​ယုံ​ကြည်​ခြင်း​အား​ကြီး​၍ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​ပြည့်​ဝ​သူ​ဖြစ် ၏။ ထို့​နောက်​ဖိ​လိပ္ပု၊ ပြော​ခေါ်၊ နိ​က​နော်၊ တိ​မုန်၊ ပါ​မေ​န​နှင့်​နိ​ကော​လ​တို့​ကို​လည်း​ရွေး​ချယ် ကြ​၏။ နိ​ကော​လ​ကား​ယု​ဒ​အ​မျိုး​သား​မ​ဟုတ်၊ ယု​ဒ​ဘာ​သာ​သို့​ကူး​ပြောင်း​လာ​သူ​အန္တိ​အုတ် မြို့​သား​ဖြစ်​၏။-
6 whom they set before the apostles. And when they had prayed, they laid their hands on them.
တ​ပည့်​တော်​တို့​သည်​ထို​သူ​တို့​အား​တ​မန်​တော် တို့​၏​ရှေ့​မှောက်​သို့​ဝင်​ရောက်​စေ​ကြ​၏။ ထို​နောက် တ​မန်​တော်​တို့​သည်​ဆု​တောင်း​ပြီး​လျှင် ထို​သူ တို့​၏​ဦး​ခေါင်း​ပေါ်​မှာ​မိ​မိ​တို့​၏​လက်​ကို တင်​ကြ​၏။
7 And the word of God increased, and the number of the disciples in Jerusalem was greatly multiplied; and a great multitude of the priests became obedient to the faith.
သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား တော်​သည်​ပျံ့​နှံ့​၍ တ​ပည့်​တော်​အ​ရေ​အ​တွက် သည် ယေ​ရု​ရှ​လင်​မြို့​တွင်​များ​စွာ​တိုး​ပွား​လျက် နေ​၏။ ယဇ်​ပု​ရော​ဟိတ်​အ​မြောက်​အ​မြား​ပင် သ​တင်း​ကောင်း​ကို​လက်​ခံ​ယုံ​ကြည်​လာ​ကြ​၏။
8 And Stephen, full of faith and power, did great wonders and signs among the people.
သ​တေ​ဖန်​သည်​ဘု​ရား​သ​ခင်​၏​ကောင်း​ချီး မင်္ဂ​လာ​ကို​ကြွယ်​ဝ​စွာ​ခံ​စား​ရ​သူ၊ တန်​ခိုး​တော် ကို​ခံ​ယူ​ရ​ရှိ​သူ​ဖြစ်​သ​ဖြင့် အံ့​သြ​ဖွယ်​ရာ အ​မှု​များ​နှင့်​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​လေ​၏။-
9 Then there arose some who belonged to the synagogue called the synagogue of the Freedmen, and some of the Cyrenians and Alexandrians, and of those who were from Cilicia and Asia, and they disputed with Stephen.
သို့​ရာ​တွင်​လူ​အ​ချို့​တို့​သည်​သူ့​ကို​အ​တိုက် အ​ခံ​ပြု​ကြ​၏။ ထို​သူ​တို့​ကား​ကု​ရေ​နေ​နှင့် အာ​လေ​ဇန္ဒြူ​ယ​မြို့​ရှိ​ယု​ဒ​အ​မျိုး​သား​တို့ ပါ​ဝင်​သည့်​လွတ်​လပ်​သူ​များ ၏​တ​ရား​ဇ​ရပ်​အ​ဖွဲ့​ဝင်​များ​ဖြစ်​၏။ ထို​သူ​တို့​နှင့် တ​ကွ​ကိ​လိ​ကိ​ပြည်​နှင့်​အာ​ရှ​ပြည်​မှ ယု​ဒ​အ​မျိုး သား​အ​ချို့​တို့​သည်​သ​တေ​ဖန်​နှင့်​စ​တင်​ငြင်း​ခုံ ကြ​၏။-
10 And they were not able to resist the wisdom and the spirit with which he spoke.
၁၀သို့​ရာ​တွင်​သ​တေ​ဖန်​သည်​ဝိ​ညာဉ်​တော်​ချ​ပေး သည့်​အ​သိ​ပ​ညာ​နှင့်​ပြော​ဆို​သ​ဖြင့် ထို​သူ တို့​သည်​သူ့​အား​ချေ​ပ​နိုင်​စွမ်း​မ​ရှိ​ကြ။-
11 Then they instigated men to say: We have heard him speak impious words against Moses, and against God.
၁၁သို့​ဖြစ်​၍``ဤ​သူ​သည်​မော​ရှေ​အား​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​အား​လည်း​ကောင်း​ပြစ်​မှား​ပြော ဆို​သည်​ကို​ငါ​တို့​ကြား​ပါ​သည်'' ဟု​လူ​တို့ အား​တံ​စိုး​လက်​ဆောင်​ပေး​၍​အ​ပြော​ခိုင်း ကြ​၏။-
12 And they excited the people, and the elders, and the scribes, and came upon him, and took him by violence, and brought him into the Sanhedrim.
၁၂ဤ​နည်း​အား​ဖြင့်​သူ​တို့​သည်​လူ​များ၊ ဘာ​သာ ရေး​ခေါင်း​ဆောင်​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ​များ အား​နှိုး​ဆွ​ပေး​ကြ​၏။ သူ​တို့​သည်​သူ့​ကို ဖမ်း​ဆီး​၍​တ​ရား​လွှတ်​တော်​သို့​ပို့​ကြ​၏။-
13 And they brought forward false witnesses, who said: This man ceases not to speak words against this holy place, and the law.
၁၃ထို့​နောက်​သူ​တို့​သည်​မု​သား​သက်​သေ​များ​ကို ခေါ်​ဆောင်​ခဲ့​ကြ​၏။ ထို​သက်​သေ​များ​က``ဤ​သူ သည်​ဗိ​မာန်​တော်​နှင့်​ပ​ညတ်​တ​ရား​တော်​တို့ ကို​ဆန့်​ကျင်​၍ အ​မြဲ​ပြော​ဆို​လျက်​နေ​ပါ​၏။-
14 For we have heard him say, that this Jesus the Nazarene will destroy this place, and will change the customs which Moses delivered to us.
၁၄နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​သည်​ဗိ​မာန်​တော်​ကို ဖျက်​ဆီး​၍ အ​ကျွန်ုပ်​တို့​အား​မော​ရှေ​ပေး​အပ်​ခဲ့ သည့်​ထုံး​တမ်း​စဉ်​လာ​များ​ကို​ပြောင်း​လဲ​စေ လိမ့်​မည်​ဖြစ်​ကြောင်း ထို​သူ​ပြော​ဆို​သည်​ကို အ​ကျွန်ုပ်​တို့​ကြား​ကြ​ပါ​၏'' ဟု​ထွက်​ဆို ကြ​၏။-
15 And all that sat in the Sanhedrim, looking earnestly upon him, saw his face that it was like the face of an angel.
၁၅တ​ရား​လွှတ်​တော်​တွင်​ထိုင်​လျက်​နေ​ကြ​သော သူ​အ​ပေါင်း​တို့​သည် သ​တေ​ဖန်​ကို​အာ​ရုံ​စိုက် ၍​ကြည့်​သော​အ​ခါ သူ​၏​မျက်​နှာ​သည်​ကောင်း ကင်​တ​မန်​၏​မျက်​နှာ​နှင့်​တူ​သည်​ကို​တွေ့​မြင် ရ​ကြ​၏။

< Acts 6 >