< Leviticus 1 >
1 And Jehovah called unto Moses, and spake unto him out of the tent of meeting, saying,
၁ထာဝရဘုရား သည် ပရိသတ်စည်းဝေး ရာ တဲ တော်ထဲက အသံကို လွင့်လျက် မောရှေ ကို ခေါ် တော်မူ၍ ၊
2 Speak unto the children of Israel, and say unto them, When any man of you offereth an oblation unto Jehovah, ye shall offer your oblation of the cattle, [even] of the herd and of the flock.
၂သင်သည် ဣသရေလ အမျိုးသား တို့ကို ဆင့်ဆို ရမည်မှာ၊ သင် တို့တွင် တစုံ တယောက်သောသူသည် ထာဝရဘုရား အား ပူဇော် သက္ကာကို ပြုလိုလျှင် ၊ ယဉ်သောတိရစ္ဆာန် တည်းဟူသောနွား ၊ သိုး ၊ ဆိတ်ကို ဆောင် ခဲ့၍ ဆက်ရမည်။
3 If his oblation be a burnt-offering of the herd, he shall offer it a male without blemish: he shall offer it at the door of the tent of meeting, that he may be accepted before Jehovah.
၃နွား ကို မီးရှို့ ရာယဇ် ပြုလိုလျှင်၊ အပြစ် မပါသော အထီး ကို ဆောင်ခဲ့၍၊ ထာဝရဘုရား စိတ် တော်နှင့် တွေ့ခြင်းငှါ ၊ ပရိသတ်စည်းဝေး ရာ တဲ တော် တံခါး အနားမှာ ဆက် ရမည်။
4 And he shall lay his hand upon the head of the burnt-offering; and it shall be accepted for him to make atonement for him.
၄ပူဇော် သော နွား၏ခေါင်း ပေါ် မှာ မိမိ လက် ကို တင် ရသဖြင့် ၊ သူ ၏အပြစ် ကို ဖြေမည်အကြောင်း လက်ခံ တော်မူမည်။
5 And he shall kill the bullock before Jehovah: and Aaron’s sons, the priests, shall present the blood, and sprinkle the blood round about upon the altar that is at the door of the tent of meeting.
၅ထာဝရဘုရား ရှေ့ တော်၌ ထိုနွား ကိုသတ် ပြီးလျှင် ၊ အာရုန် ၏သား ယဇ် ပုရောဟိတ်တို့သည် အသွေး ကိုယူ ၍၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး အနားယဇ် ပလ္လင်အပေါ် ၌ ပတ်လည် ဖြန်း ရမည်။
6 And he shall flay the burnt-offering, and cut it into its pieces.
၆ပူဇော် သောသူသည် ထိုအကောင်၏ အရေ ကို ချွတ်၍ အပိုင်းပိုင်း ဖြတ် ရမည်။
7 And the sons of Aaron the priest shall put fire upon the altar, and lay wood in order upon the fire;
၇အာရုန် ၏သား ၊ ယဇ် ပုရောဟိတ်တို့သည်၊ ယဇ် ပလ္လင်ပေါ် မှာ မီး ကိုထည့် ၍ မီး ပေါ် မှာ ထင်း ကိုခင်း ပြီးမှ၊
8 and Aaron’s sons, the priests, shall lay the pieces, the head, and the fat, in order upon the wood that is on the fire which is upon the altar:
၈ထင်း ပေါ် မှာ ခေါင်း ၊ ဆီဥ ၊ သား တစ်များကို တင် ရမည်။
9 but its inwards and its legs shall he wash with water. And the priest shall burn the whole on the altar, for a burnt-offering, an offering made by fire, of a sweet savor unto Jehovah.
၉ခြေထောက် နှင့် အအူ အစရှိသည်တို့ကို ရေ နှင့် အရင်ဆေး ရမည်။ ယဇ် ပုရောဟိတ်သည်၊ ထိုယဇ် တကောင်လုံး ကို ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ ရမည်။ မီးရှို့ရာယဇ် ဖြစ်သတည်း။ ထာဝရဘုရား အား မီးဖြင့် ဆက်ကပ်၍ မွှေးကြိုင် သော ပူဇော်သက္ကာ ဖြစ်သတည်း။
10 And if his oblation be of the flock, of the sheep, or of the goats, for a burnt-offering; he shall offer it a male without blemish.
၁၀သိုး ၊ ဆိတ် ကို မီး ရှို့ရာယဇ်ပြုလိုလျှင်၊ အပြစ် မပါသော အထီး ကို ဆောင် ခဲ့၍၊
11 And he shall kill it on the side of the altar northward before Jehovah: and Aaron’s sons, the priests, shall sprinkle its blood upon the altar round about.
၁၁ထာဝရဘုရား ရှေ့ တော်၌ ယဇ် ပလ္လင်မြောက် ဘက်နား မှာ သတ် ပြီးလျှင် ၊ အာရုန် ၏သား ယဇ် ပုရောဟိတ်တို့သည်၊ အသွေး ကို ယဇ် ပလ္လင်အပေါ် ၌ ပတ်လည် ဖြန်း ရမည်။
12 And he shall cut it into its pieces, with its head and its fat; and the priest shall lay them in order on the wood that is on the fire which is upon the altar:
၁၂ပူဇော်သောသူသည် အပိုင်း ပိုင်းဖြတ် ၍ ခေါင်း နှင့် ဆီဥ ကို စုထားပြီးလျှင်ယဇ် ပုရောဟိတ်သည်၊ ယဇ် ပလ္လင်ပေါ် ၌ ရှိသော ထင်း မီး အပေါ် မှာ ခင်း ရမည်။
13 but the inwards and the legs shall he wash with water. And the priest shall offer the whole, and burn it upon the altar: it is a burnt-offering, an offering made by fire, of a sweet savor unto Jehovah.
၁၃ခြေထောက် နှင့် အအူ အစရှိသည်တို့ကို ရေ နှင့် အရင် ဆေး ရမည်။ ယဇ် ပုရောဟိတ်သည် တကောင်လုံး ကို ဆောင် ခဲ့၍ ၊ ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရမည်။ မီး ရှို့သော ယဇ်ဖြစ်သတည်း။ ထာဝရဘုရား အား မီး ဖြင့်ဆက်ကပ်၍ မွှေးကြိုင် သော ပူဇော်သက္ကာဖြစ်သတည်း။
14 And if his oblation to Jehovah be a burnt-offering of birds, then he shall offer his oblation of turtle-doves, or of young pigeons.
၁၄ထာဝရဘုရား အား ငှက် ကို မီး ရှို့ရာယဇ်ပြုလိုလျှင် ၊ ခို ဖြစ်စေ ၊ ချိုး ကလေး ဖြစ်စေဆောင်ခဲ့၍ ဆက် ရမည်။
15 And the priest shall bring it unto the altar, and wring off its head, and burn it on the altar; and the blood thereof shall be drained out on the side of the altar;
၁၅ယဇ် ပုရောဟိတ်သည်၊ ယဇ် ပလ္လင်သို့ ဆောင် ခဲ့၍ ၊ ခေါင်း ကို လိမ် ဖြတ်ပြီးလျှင် ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရမည်။ အသွေး ကို ယဇ် ပလ္လင်နား မှာ ညှစ် ရမည်။
16 and he shall take away its crop with the filth thereof, and cast it beside the altar on the east part, in the place of the ashes:
၁၆စာလုတ် မှစ၍စာလုတ်၌ ရှိသောအရာကို ချွတ် ပြီးလျှင် ၊ ပြာ စုထားရာအရပ် ၊ ယဇ် ပလ္လင်အရှေ့ ဘက်နား ၌ ပစ် ထားရမည်။
17 and he shall rend it by the wings thereof, [but] shall not divide it asunder. And the priest shall burn it upon the altar, upon the wood that is upon the fire: it is a burnt-offering, an offering made by fire, of a sweet savor unto Jehovah.
၁၇အတောင် ပါလျက် ငှက်ကောင်ကိုခွဲ ဖွင့်၍ ၊ ယဇ် ပုရောဟိတ်သည်၊ ယဇ် ပလ္လင်ပေါ် ၌ရှိသောထင်း မီး အပေါ် မှာ မီး ရှို့ရမည်။ မီး ရှို့သောယဇ် ဖြစ်သတည်း။ ထာဝရဘုရား အား မီး ဖြင့် ဆက်ကပ်၍ မွှေးကြိုင် သော ပူဇော်သက္ကာဖြစ်သတည်း။