< Revelation 13 >

1 Then I stood on the sand of the sea. I saw a beast coming up out of the sea, having ten horns and seven heads. On his horns were ten crowns, and on his heads, blasphemous names.
ပင်လယ် နား၌ သဲ ပေါ်မှာ ငါရပ် ၍ ၊ သားရဲ တစ်ကောင်သည် ခေါင်း ခုနစ် လုံး၊ ချို ဆယ် ချောင်းနှင့်တကွ ချို ပေါ်၌ သရဖူ ဆယ် ဆူကို ဆောင်းလျက်၊ ခေါင်း ပေါ်၌ လည်း ဘုရားသခင် ၏ အသရေ တော်ကို ရှုတ်ချသော နာမ ရှိလျက်၊ ပင်လယ် ထဲက တက် သည်ကို မြင် ၏။
2 The beast which I saw was like a leopard, and his feet were like those of a bear, and his mouth like the mouth of a lion. The dragon gave him his power, his throne, and great authority.
ထိုသို့ ငါမြင် သောသားရဲ သည်ကျားသစ် နှင့် တူ ၏။ သူ ၏ခြေ သည် ဝံ ခြေကဲ့သို့ ဖြစ်၏။ သူ ၏နှုတ် သည် လည်း ခြင်္သေ့ နှုတ် ကဲ့သို့ ဖြစ်၏။ နဂါး သည် မိမိ တန်ခိုး နှင့် မိမိ ပလ္လင် ကို၎င်း ၊ ကြီးစွာ သော အာဏာစက် ကို၎င်း သားရဲ ၌ အပ်ပေး ၏။
3 One of his heads looked like it had been wounded fatally. His fatal wound was healed, and the whole earth marveled at the beast.
သားရဲ ၏ ခေါင်း တစ် လုံးသည် သေ အောင်ကွပ်မျက် ပြီးသကဲ့သို့ ဖြစ်၍ ၊ သေ စေသောဒဏ်ချက် သည် ပျောက် လျက်ရှိ၏။ မြေကြီး သားအပေါင်း တို့သည် သားရဲ နောက် သို့ လိုက်၍ အံ့ဩ ကြ၏။
4 They worshiped the dragon because he gave his authority to the beast; and they worshiped the beast, saying, “Who is like the beast? Who is able to make war with him?”
ထိုသားရဲ ၌ အာဏာစက် ကို အပ်ပေး သော နဂါး ကို ကိုးကွယ် ကြ၏။ သားရဲ ကိုလည်း ကိုးကွယ် ၍၊ အဘယ်သူ သည် သားရဲ နှင့်တူ သနည်း။ အဘယ်သူ သည်သူ့ ကိုစစ် ပြိုင်နိုင် သနည်းဟု ပြောဆို ကြ၏။
5 A mouth speaking great things and blasphemy was given to him. Authority to make war for forty-two months was given to him.
ထိုသားရဲသည်လည်း ကြီးစွာသော စကားကို၎င်း၊ ဘုရားသခင် ကို ပြစ်မှားသောစကားကို၎င်း၊ ပြော တတ်သော နှုတ် နှင့်ပြည့်စုံ ၍၊ လ လေးဆယ် နှစ် လပတ်လုံးစီရင် ရသောအခွင့် ကိုရ ၏။
6 He opened his mouth for blasphemy against God, to blaspheme his name, his dwelling, and those who dwell in heaven.
ဘုရားသခင် ကို ပြစ်မှား သောစကားအားဖြင့်နာမ တော်နှင့် တဲ တော်ကို၎င်း၊ ကောင်းကင် သားတို့ကို၎င်း၊ ပြစ်မှား ခြင်းငှာ နှုတ် ကို ဖွင့် ထား၏။
7 It was given to him to make war with the saints and to overcome them. Authority over every tribe, people, language, and nation was given to him.
သန့်ရှင်း သူ တို့ကို စစ် တိုက် ၍ နိုင် ရသောအခွင့် ကိုရ ၏။ အသီးအသီးဘာသာ စကားကို ပြောသော လူ အမျိုးအနွယ် ခပ်သိမ်း တို့ကို အုပ်စိုး ရသော အခွင့် ကိုလည်း ရ ၏။
8 All who dwell on the earth will worship him, everyone whose name has not been written from the foundation of the world in the book of life of the Lamb who has been killed.
ကွပ်မျက် သောသိုးသူငယ် ၏ အသက် စာစောင် ၌ ကမ္ဘာ ဦး ကပင် စာရင်း မ ဝင် သော မြေကြီး သား အပေါင်း တို့သည် သားရဲ ကို ကိုးကွယ် ကြ၏။
9 If anyone has an ear, let him hear.
နား ရှိ သောသူ မည်သည်ကား ကြား ပါစေ။
10 If anyone is to go into captivity, he will go into captivity. If anyone is to be killed with the sword, he must be killed. Here is the endurance and the faith of the saints.
၁၀သူတစ်ပါး ကို ဘမ်းဆီး ယူသွားသောသူသည် ကိုယ်တိုင်ဘမ်းဆီး ယူသွားခြင်းကို ခံရ လိမ့်မည်။ ဓါး ဖြင့် သတ် တတ်သော သူ သည်လည်း ကိုယ်တိုင် ဓါး ဖြင့် သေ ရမည်။ ဤ အရာ၌ သန့်ရှင်း သူ တို့လည်း သည်းခံ စရာ အကြောင်း၊ ယုံကြည် စရာအကြောင်းရှိ ၏။
11 I saw another beast coming up out of the earth. He had two horns like a lamb and it spoke like a dragon.
၁၁အခြား သော သားရဲ တစ်ကောင်သည်၊ သိုးသူငယ် ၏ ချိုနှင့်တူ သော ချို နှစ် ချောင်းရှိ ၍ ၊ နဂါး ကဲ့သို့ စကား ပြောလျက် ၊ မြေကြီး ထဲက ထွက် သည်ကို ငါမြင် ၏။
12 He exercises all the authority of the first beast in his presence. He makes the earth and those who dwell in it to worship the first beast, whose fatal wound was healed.
၁၂ထိုသားရဲသည် သူ့ အရင် ဖြစ်သော ပဌမ သားရဲ ၏ အာဏာစက် ရှိသမျှ ကို သုံးစွဲ ၏။ သေ စေသော ဒဏ်ချက် ပျောက် ခဲ့ပြီးသော ပဌမ သားရဲ ကို မြေကြီး မှစ၍ မြေကြီး သားတို့သည် ကိုးကွယ် စေခြင်းငှာ ပြု ၏။
13 He performs great signs, even making fire come down out of the sky to the earth in the sight of people.
၁၃ကြီးစွာ သော နိမိတ် လက္ခဏာတို့ကိုလည်း ပြ ၏။ လူတို့ မျက်မှောက် ၌ ကောင်းကင် က မြေကြီး အပေါ်သို့ မီး ကို ဆင်း စေ၏။
14 He deceives my own people who dwell on the earth because of the signs he was granted to do in front of the beast, saying to those who dwell on the earth that they should make an image to the beast who had the sword wound and lived.
၁၄ပဌမသားရဲ ရှေ့ ၌ ပြ ပိုင်သောနိမိတ် လက္ခဏာတို့အားဖြင့် မြေကြီး သား တို့ကို လှည့်ဖြား ၏။ ဓါး နှင့် ခုတ်သောဒဏ်ချက် ကို ခံရ ၍ အသက် ရှင်သေးသော သားရဲ ၏ ရုပ်တု ကို လုပ် စေခြင်းငှာမြေကြီး သား တို့ကို မှာထား ၏။
15 It was given to him to give breath to the image of the beast, that the image of the beast should both speak, and cause as many as would not worship the image of the beast to be killed.
၁၅သားရဲ ၏ ရုပ်တု သည် စကား ပြောနိုင်မည်အကြောင်း နှင့်၊ မိမိကို မ ကိုးကွယ် သောသူရှိသမျှ တို့ကို သတ် ခြင်းငှာပြု နိုင်မည်အကြောင်း ၊ ရုပ်တု ၌ အသက် ကို သွင်းပေး ရသော အခွင့်ကိုလည်းရ ၏။
16 He causes all, the small and the great, the rich and the poor, and the free and the slave, to be given marks on their right hands or on their foreheads;
၁၆ငွေရတတ် သောသူ ၊ ဆင်းရဲ သောသူ ၊ ကျွန် ခံရသောသူ ၊ လွတ် သောသူ ၊ အကြီး အငယ် ရှိသမျှ တို့သည် လက်ျာ လက် ၌ ဖြစ်စေ၊ နဖူး ၌ ဖြစ်စေ၊ တံဆိပ် လက်မှတ်ကို ခံ စေခြင်းငှာ ၎င်း၊
17 and that no one would be able to buy or to sell unless he has that mark, which is the name of the beast or the number of his name.
၁၇ထို တံဆိပ် လက်မှတ်တည်းဟူသောသားရဲ ၏ နာမ ဖြစ်စေ ၊ နာမ ၏ အရေအတွက် ဖြစ်စေ၊ တခုခုကို မ ခံ သောသူ တစ်ယောက် မျှ မရောင်း မဝယ် စေခြင်းငှာ ၎င်း စီရင်၏။
18 Here is wisdom. He who has understanding, let him calculate the number of the beast, for it is the number of a man. His number is six hundred sixty-six.
၁၈ဤ အရာ၌ပညာ ရှိ ၏။ ဉာဏ် ရှိ သောသူ သည် သားရဲ ၏ အရေအတွက် ကို ရေတွက် စေ။ လူ ၏ အရေအတွက် ဖြစ် ၏။ ခြောက် ရာခြောက်ဆယ် ခြောက် လည်း ဖြစ်၏။

< Revelation 13 >