< Revelation 11 >

1 A reed like a rod was given to me. Someone said, “Rise and measure God’s temple, and the altar, and those who worship in it.
တစ်ဖန်လှံတံ နှင့်တူ သော ကျူပင် တစ်လုံးကို ငါ့ အား ပေး ၍ ငါ့ကို ပြောဆို သည်ကား၊ ထ လော့။ ဘုရားသခင် ၏ ဗိမာန် တော်နှင့် ယဇ်ပလ္လင် ကို တိုင်း လော့။ ဗိမာန် တော် ၌ ကိုးကွယ် သော သူ တို့ကိုလည်း ရေတွက်လော့။
2 Leave out the court which is outside of the temple, and do not measure it, for it has been given to the nations. They will tread the holy city under foot for forty-two months.
ဗိမာန် တော်တန်တိုင်း ကို မ တိုင်း နှင့်၊ ပယ် ထားလော့။ တစ်ပါး အမျိုးသားတို့၌ အပ်ပေး ပြီ။ သူတို့သည် သန့်ရှင်း သော မြို့ တော်ကို ၊ လ လေးဆယ် နှစ် လပတ်လုံးနင်းကြ လိမ့်မည်။
3 I will give power to my two witnesses, and they will prophesy one thousand two hundred sixty days, clothed in sackcloth.”
ငါ ၏သက်သေခံ နှစ် ပါးကို ငါ အခွင့်ပေးမည်။ သူ တို့သည် လျှော်တေ အဝတ်ကိုဝတ် လျက် ၊ အရက် တစ်ထောင် နှစ်ရာ ခြောက်ဆယ် ပတ်လုံးပရောဖက်ပြုကြလိမ့်မည်။
4 These are the two olive trees and the two lamp stands, standing before the Lord of the earth.
ထိုသူ တို့သည်ကား၊ မြေကြီး အရှင် ၏ ရှေ့ တော် ၌ စိုက် ထားသော သံလွင် ပင်နှစ် ပင်နှင့် မီးခွက် နှစ် လုံး ဖြစ် သတည်း။
5 If anyone desires to harm them, fire proceeds out of their mouth and devours their enemies. If anyone desires to harm them, he must be killed in this way.
တစ်စုံတစ်ယောက် သော သူသည် သူ တို့ကို ညှင်းဆဲ ခြင်းငှာအလိုရှိ လျှင် ၊ သူ တို့၏ ခံတွင်း ထဲက မီး ထွက် ၍ ရန်သူ တို့ကို မျို တတ်၏။ တစ်စုံတစ်ယောက် သော သူသည် ထိုသူ တို့ကို ညှဉ်းဆဲ ခြင်းငှာအလိုရှိ လျှင် ၊ ထိုသို့ အသေ သတ်ခြင်းကို ခံရ မည်။
6 These have the power to shut up the sky, that it may not rain during the days of their prophecy. They have power over the waters, to turn them into blood, and to strike the earth with every plague, as often as they desire.
ထိုသူ တို့သည် ပရောဖက် ပြုသော နေ့ရက် ကာလ၌ မိုဃ်း မ ရွာ စေခြင်းငှာ ၊ မိုဃ်း ကောင်းကင်ကို ပိတ် ရသောအခွင့် ၊ မြစ်ရေ၊ တွင်းရေ ကိုအသွေး ဖြစ် စေ ရသောအခွင့်၊ မိမိ တို့အလိုရှိသမျှသောအခါ ၌ ဘေး အမျိုးမျိုး ဖြင့် မြေကြီး ကို ဒဏ်ခတ် ရသော အခွင့် ကို ရ ကြ၏။
7 When they have finished their testimony, the beast that comes up out of the Abyss (Abyssos g12) will make war with them, and overcome them, and kill them.
သူ တို့သည် သက်သေခံ ပြီး သောအခါ ၊ အနက်ဆုံး သောတွင်းထဲက တက် သော သားရဲ သည်သူ တို့ကို စစ်တိုက် ၍ အောင် လိမ့်မည်။ အသက်ကိုသတ် ပြီးမှ ၊ (Abyssos g12)
8 Their dead bodies will be in the street of the great city, which spiritually is called Sodom and Egypt, where also their Lord was crucified.
သူ တို့သခင် သည် လက်ဝါးကပ်တိုင် မှာ အသေခံတော်မူသော အရပ် တည်းဟူသောသောဒုံ ဟူ၍၎င်း၊ အဲဂုတ္တု ဟူ၍၎င်း အတွင်းအနက်အားဖြင့်ခေါ်ဝေါ် သော မြို့ ကြီး ၏ လမ်း ၌ အလောင်း ကောင်တို့သည် နေရစ်ကြလိမ့်မည်။
9 From among the peoples, tribes, languages, and nations, people will look at their dead bodies for three and a half days, and will not allow their dead bodies to be laid in a tomb.
အသီးအသီးဘာသာ စကားကို ပြောသော လူ အမျိုးအနွယ် တို့သည် သုံး ရက် ခွဲ ပတ်လုံးအလောင်း ကောင်တို့ကို မြင် ရ၍၊ သင်္ဂြိုဟ်ခြင်းကို မြစ်တား ကြလိမ့်မည်။
10 Those who dwell on the earth will rejoice over them, and they will be glad. They will give gifts to one another, because these two prophets tormented those who dwell on the earth.
၁၀မြေကြီး ပေါ်မှာ နေ သော သူ တို့သည် ထိုအလောင်းကောင်တို့ကို မြင်သောအခါ၊ ဝမ်းမြောက် ၍ ပျော်မွေ့ ခြင်းကို ပြုကြလိမ့်မည်။ တစ်ယောက် ကိုတစ်ယောက် လက်ဆောင် ပေး လိုက်ကြလိမ့်မည်။ အကြောင်းမူကား ၊ အထက်က ထိုပရောဖက် နှစ် ပါးတို့သည် မြေကြီး ပေါ်မှာ နေ သောသူ တို့ကို ပြင်းစွာနှောင့်ရှက် ညှင်းဆဲကြသည်ဟု ငါ့အား ပြောဆိုလေ၏။
11 After the three and a half days, the breath of life from God entered into them, and they stood on their feet. Great fear fell on those who saw them.
၁၁ထိုနောက် သုံး ရက် ခွဲ လွန်ပြီးလျှင်၊ ဘုရားသခင့် အထံ တော်က အသက် ဝိညာဉ် သည် သူ တို့၌ ဝင် သဖြင့် ၊ သူတို့သည် မတ်တတ် ထ၍ မြင် သမျှသောသူ တို့သည် အလွန် ကြောက်ရွံ့ ကြ၏။
12 I heard a loud voice from heaven saying to them, “Come up here!” They went up into heaven in a cloud, and their enemies saw them.
၁၂ကောင်းကင် က ထွက်သောအသံ ကြီး ကား၊ ဤအရပ် သို့တက် ကြလော့ဟု မိမိ တို့အား ပြောဆို သည်ကို သူတို့သည်ကြား လျှင် ၊ မိုဃ်းတိမ် ဖြင့် ကောင်းကင် သို့ တက် ၍ ရန်သူ တို့သည် မြင် ကြ၏။
13 In that day there was a great earthquake, and a tenth of the city fell. Seven thousand people were killed in the earthquake, and the rest were terrified and gave glory to the God of heaven.
၁၃ထို အချိန် နာရီ၌ ကြီးစွာ သော မြေလှုပ် ခြင်း ဖြစ် ၍ ၊ မြို့ရိုး ဆယ်စု တစ်စုပြို လေ၏။ ထို မြေလှုပ် ခြင်း၌ လူ ခုနစ် ထောင် သေ ကြ၏။ ကြွင်း သော သူတို့သည် ကြောက်ရွံ့ ၍ ကောင်းကင် ဘုံ၏ အရှင်ဘုရားသခင် ကို ချီးမွမ်း ကြ၏။
14 The second woe is past. Behold, the third woe comes quickly.
၁၄ဒုတိယ အမင်္ဂလာ လွန် ပြီ။ တတိယ အမင်္ဂလာ သည်အလျင်အမြန် လာ လိမ့်မည်။
15 The seventh angel sounded, and great voices in heaven followed, saying, "The kingdom of the world has become the Kingdom of our Lord, and of his Christ. He will reign for the ages (aiōn g165) of the ages (aiōn g165)!"
၁၅သတ္တမ ကောင်းကင်တမန် သည် တံပိုး မှုတ်သောအခါ ၊ ကောင်းကင် ဘုံ၌ ကြီး သော အသံ တို့ကား ၊ လောကီ နိုင်ငံ သည် ငါ တို့အရှင် ၏ နိုင်ငံဖြစ် လေပြီ။ ထိုအရှင် ၏ ခရစ်တော် နိုင်ငံဖြစ် လေပြီ။ သူသည်လည်း ကမ္ဘာ အဆက်ဆက်စိုးစံ တော်မူမည်ဟု ပြောဆို ကြ၏။ (aiōn g165)
16 The twenty-four elders, who sit on their thrones before God’s throne, fell on their faces and worshiped God,
၁၆ဘုရားသခင် ရှေ့ တော်၌ မိမိ တို့ပလ္လင် ပေါ်မှာ ထိုင် သော အသက်ကြီး သူ နှစ်ဆယ် လေး ပါးတို့သည် ပြပ်ဝပ် ၍ ဘုရားသခင် ကို ကိုးကွယ် လျက် ၊
17 saying: “We give you thanks, Lord God, the Almighty, the one who is and who was, because you have taken your great power and reigned.
၁၇အနန္တ တန်ခိုးနှင့်ပြည့်စုံ၍၊ ပစ္စုပ္ပန် ၊ အတိတ် ၊ အနာဂတ်ကာလအစဉ်ရှိတော်မူသော ထာဝရ အရှင် ဘုရားသခင် ၊ ကိုယ်တော် ၏ မဟာတန်ခိုး တော်ကို ယူဆောင် ၍ စိုးစံ တော်မူသော ကျေးဇူး တော်ကို အကျွန်ုပ်တို့သည် ချီးမွမ်းပါ၏။
18 The nations were angry, and your wrath came, as did the time for the dead to be judged, and to give your bondservants the prophets, their reward, as well as to the saints and those who fear your name, to the small and the great, and to destroy those who destroy the earth.”
၁၈လူမျိုး တို့သည် အမျက်ထွက် ကြသည်ဖြစ်၍ ၊ အမျက် တော်သည်လည်း ရောက် ပါပြီ။ သေ လွန်သော သူ တို့ကို တရား စီရင်ဆုံးဖြတ်တော်မူ၍၊ ကိုယ်တော် ၏ ကျွန် တည်းဟူသောပရောဖက် တို့အား ၎င်း ၊ သန့်ရှင်း သူတို့အား ၎င်း၊ ကိုယ်တော် ကိုကြောက်ရွံ့ ရိုသေသော သူ အကြီး အငယ် တို့အား၎င်း၊ ဆု ကျေးဇူးကို ပေး သနား တော်မူ၍ မြေကြီး ကို ဖျက်ဆီး သော သူ တို့ကို ဖျက်ဆီး တော်မူသောအချိန်ရောက်ပါပြီဟုလျှောက်ဆို ကြ၏။
19 God’s temple that is in heaven was opened, and the ark of the Lord’s covenant was seen in his temple. Lightnings, sounds, thunders, an earthquake, and great hail followed.
၁၉တဖန်ကောင်းကင် ဘုံ၌ ဘုရားသခင် ၏ ဗိမာန် တော်ကို ဖွင့် ထား၍ ၊ ဗိမာန် တော်ထဲမှာ ပဋိညာဉ် သေတ္တာ တော် ထင်ရှား လေ၏။ လျှပ်စစ် ပြက်ခြင်း၊ အသံမြည် ခြင်း၊ မိုဃ်းချုန်း ခြင်း၊ မြေလှုပ် ခြင်း၊ အလုံးကြီးစွာ သော မိုဃ်းသီး ကျခြင်းဖြစ် ကြ၏။

< Revelation 11 >