< Psalms 16 >

1 A Poem by David. Preserve me, God, for I take refuge in you.
အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ထံ​တော်​တွင် ခို​လှုံ​ပါ​၏။ သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​အား​ကွယ်​ကာ​စောင့်​ရှောက် တော်​မူ​ပါ။
2 My soul, you have said to the LORD, “You are my Lord. Apart from you I have no good thing.”
``ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​၏​အ​ရှင် ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​ခံ​စား​ရ​သော​ကောင်း​ကျိုး​ချမ်း​သာ ဟူ​သ​မျှ​သည် ကိုယ်​တော်​ပေး​သ​နား​တော်​မူ​သော​အ​ရာ​များ ဖြစ်​ပါ​၏'' ဟု ထာ​ဝ​ရ​ဘု​ရား​အား​ငါ​လျှောက်​ထား​၏။
3 As for the saints who are in the earth, they are the excellent ones in whom is all my delight.
ထာ​ဝ​ရ​ဘု​ရား​ကို​သစ္စာ​စောင့်​သော​လူ​စု တော်​သည် ထူး​မြတ်​လှ​ပါ​သည်​တ​ကား။ ငါ​၏​အ​နှစ်​သက်​ဆုံး​အ​ရာ​သည်​ထို​သူ​တို့ နှင့်​အ​တူ နေ​ထိုင်​ခွင့်​ပင်​ဖြစ်​ပါ​၏။
4 Their sorrows shall be multiplied who give gifts to another god. Their drink offerings of blood I will not offer, nor take their names on my lips.
အ​ခြား​ဘု​ရား​များ​အား​ဆည်း​ကပ်​ကိုး​ကွယ် ကြ​သော သူ​တို့​သည်​များ​စွာ​ဆင်း​ရဲ​ဒုက္ခ​ရောက်​ကြ​ရ လိမ့်​မည်။ ငါ​သည်​သူ​တို့​၏​ယဇ်​ပူ​ဇော်​မှု​များ​တွင် ပါ​ဝင်​လိမ့်​မည်​မ​ဟုတ်။ သူ​တို့​၏​ဘု​ရား​များ​ကို​လည်း​ကိုး​ကွယ် ဆည်း​ကပ် လိမ့်​မည်​မ​ဟုတ်။
5 The LORD assigned my portion and my cup. You made my lot secure.
အို ထာ​ဝ​ဘု​ရား၊ ကျွန်​တော်​မျိုး​မှီ​ခို​ရာ​ကိုယ်​တော်​ရှင်​တစ်​ပါး သာ​လျှင် ရှိ​ပါ​၏။ ကျွန်​တော်​မျိုး​လို​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို​လည်း ကိုယ်​တော်​ရှင်​ပေး​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​၏​အ​နာ​ဂတ်​သည်​ကိုယ်​တော်​၏ လက်​ဝယ်​ရှိ​ပါ​၏။
6 The lines have fallen to me in pleasant places. Yes, I have a good inheritance.
ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​ပေး​တော်​မူ​သော ဆု​ကျေး​ဇူး​တော်​များ​သည် အံ့​သြ​ဖွယ်​ကောင်း​လှ​ပါ​သည်။ ယင်း​တို့​သည်​ကောင်း​မြတ်​လှ​ပါ​သည်​တ​ကား။
7 I will bless the LORD, who has given me counsel. Yes, my heart instructs me in the night seasons.
ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​လမ်း​ပြ​ပို့​ဆောင်​တော်​မူ​သ​ဖြင့် ငါ​သည်​ကိုယ်​တော်​အား​ထော​မ​နာ​ပြု​၏။ ငါ​၏​သြတ္တပ္ပ​စိတ်​သည်​ညဥ့်​အ​ခါ​ငါ့​ကို သ​တိ​ပေး​နှိုး​ဆော်​တတ်​၏။
8 I have set the LORD always before me. Because he is at my right hand, I shall not be moved.
ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​နှင့်​အ​တူ​ရှိ​တော် မူ​သည်​ကို ငါ​အ​စဉ်​သိ​၏။ ကိုယ်​တော်​သည်​ငါ​၏​အ​နီး​၌​ရှိ​တော်​မူ​သ​ဖြင့် အ​ဘယ်​အ​ရာ​မျှ​ငါ့​ကို​တုန်​လှုပ်​စေ​နိုင်​မည် မ​ဟုတ်​ပါ။
9 Therefore my heart is glad, and my tongue rejoices. My body shall also dwell in safety.
သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​သည်​ရွှင်​လန်း​ဝမ်း​မြောက် ပါ​၏။ ကျွန်​တော်​မျိုး​သည်​ဘေး​ကင်း​လုံ​ခြုံ​လျက်​ရှိ​ပါ​၏။
10 For you will not leave my soul in Sheol (Sheol h7585), neither will you allow your holy one to see corruption.
၁၀အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​အား​မ​ရ​ဏာ​နိုင်​ငံ​သို့​လား​ရန် အ​ခွင့်​ပေး​တော်​မူ​မည်​မ​ဟုတ်​သော​ကြောင့်​တည်း။ ကျွန်​တော်​မျိုး​သည်​အ​မှု​တော်​ကို​သစ္စာ​ရှိ​စွာ ထမ်း​ခဲ့​ပါ​၏။ ကွန်​တော်​မျိုး​အား​သေ​မင်း​၏​လက်​သို့ အပ်​တော်​မူ​မည်​မ​ဟုတ်​ပါ။ (Sheol h7585)
11 You will show me the path of life. In your presence is fullness of joy. In your right hand there are pleasures forever more.
၁၁ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​အ​သက်​ရှင်​ရာ လမ်း​ကို​ပြ​ညွှန်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​အ​နီး​တွင် ရှိ​တော်​မူ​သည်​ဖြစ်​၍ ကျွန်​တော်​မျိုး​သည်​ရွှင်​လန်း​ဝမ်း​မြောက်​၍ ထာ​ဝ​စဉ်​ပျော်​မွေ့​လျက်​ရှိ​ပါ​၏။

< Psalms 16 >