< Proverbs 10 >
1 The proverbs of Solomon. A wise son makes a glad father; but a foolish son brings grief to his mother.
၁ရှောလမုန် မင်း၏ သုတ္တံ စကားဟူမူကား၊ ပညာ ရှိ သောသား သည် အဘ ဝမ်းမြောက် ခြင်းအကြောင်း၊ မိုက် သောသား မူကား ၊ အမိ ဝမ်းနည်း ခြင်းအကြောင်းကို ဖြစ်စေတတ်၏။
2 Treasures of wickedness profit nothing, but righteousness delivers from death.
၂မ တရားသောဥစ္စာဘဏ္ဍာ သည် အကျိုး မ ရှိ။ ဖြောင့်မတ် ခြင်းပါရမီမူကား ၊ သေ ခြင်းမှ ကယ်တင် တတ် ၏။
3 The LORD will not allow the soul of the righteous to go hungry, but he thrusts away the desire of the wicked.
၃ဖြောင့်မတ် သော သူကိုငတ် ၍ သေစေခြင်းငှါ၊ ထာဝရဘုရား သည် အခွင့်ပေးတော်မ မူ။ မ တရားသောသူတို့ ၏ အဓမ္မ အမှုကိုကား ဖျက်ဆီး တော်မူ၏။
4 He becomes poor who works with a lazy hand, but the hand of the diligent brings wealth.
၄ပျင်းရိ သောသူသည် ဆင်းရဲ ခြင်း၊ လုံ့လ ဝိရိယ ရှိသောသူသည် ကြွယ်ဝ ခြင်းသို့ ရောက်တတ်၏။
5 He who gathers in summer is a wise son, but he who sleeps during the harvest is a son who causes shame.
၅အသီး သီးသောအချိန်၌ သိမ်းယူ သောသူသည် ပညာ ရှိသောသား ဖြစ်၏။ စပါး ရိတ်ရာကာလ၌ အိပ် တတ်သောသူမူကား၊ အရှက် ခွဲတတ်သောသား ဖြစ်၏။
6 Blessings are on the head of the righteous, but violence covers the mouth of the wicked.
၆တရား သောသူ၏ခေါင်း ပေါ် မှာ မင်္ဂလာ သက်ရောက် တတ်၏။ မ တရားသောသူ၏နှုတ် ကိုကား ညှဉ်းဆဲ ခြင်း အပြစ်သည် ပိတ် လိမ့်မည်။
7 The memory of the righteous is blessed, but the name of the wicked will rot.
၇တရား သောသူကို အောက်မေ့ သောအခါ ကောင်းကြီး ပေးတတ်၏။ မ တရားသောသူ၏နာမ မူကား ပုပ်ပျက် တတ်၏။
8 The wise in heart accept commandments, but a chattering fool will fall.
၈လိမ္မာ သောသူသည် ပညတ် တရားကိုခံ တတ်၏။
9 He who walks blamelessly walks surely, but he who perverts his ways will be found out.
၉ဖြောင့်မတ် ခြင်းလမ်းသို့ လိုက် သောသူသည် အနင်း မှန် လိမ့်မည်။ ကောက် သောလမ်း သို့လိုက်သော သူမူကား ၊ သဘော ထင်ရှားလိမ့်မည်။
10 One who winks with the eye causes sorrow, but a chattering fool will fall.
၁၀မျက်စိ မှိတ် သောသူသည် စိတ် ကိုပူစေတတ်၏။ စကား များသော လူမိုက် မူကား ဆုံးရှုံး တတ်၏။
11 The mouth of the righteous is a spring of life, but violence covers the mouth of the wicked.
၁၁ဖြောင့်မတ် သောသူ၏နှုတ် သည် အသက် ရေတွင်း ဖြစ်၏။ မ တရားသောသူ၏ နှုတ် ကိုကား ၊ ညှဉ်းဆဲ ခြင်း အပြစ်သည် ပိတ် လိမ့်မည်။
12 Hatred stirs up strife, but love covers all wrongs.
၁၂မုန်း သောစိတ်သည် ရန်တွေ့ ရာသို့ တိုက်တွန်း တတ်၏။ ချစ် သောစိတ် မူကား ၊ ခပ်သိမ်း သော အပြစ် တို့ကို ဖုံးအုပ် တတ်၏။
13 Wisdom is found on the lips of him who has discernment, but a rod is for the back of him who is void of understanding.
၁၃ဉာဏ် ကောင်းသောသူသည် ပညာ စကား ကို ပြော တတ်၏။ ဉာဏ် မဲ့ သောသူ၏ကျော အဘို့ မူကား ကြိမ်လုံး ရှိ၏။
14 Wise men lay up knowledge, but the mouth of the foolish is near ruin.
၁၄ပညာရှိ သောသူတို့သည် ကြားသိ သောအရာကို သိမ်း ထားတတ်၏။ မိုက် သောသူ၏နှုတ် မူကား ၊ အကျိုးနည်း ခြင်းနှင့်နီးစပ် ၏။
15 The rich man’s wealth is his strong city. The destruction of the poor is their poverty.
၁၅ငွေ ရတတ်သောသူ၏ စည်းစိမ် သည် သူ ၏ခိုင်ခံ့ သောမြို့ ဖြစ်၏။ ဆင်းရဲသား တို့၏ဆင်းရဲ ခြင်းမူကား၊ သူ တို့၏ အကျိုးနည်း ကြောင်းဖြစ်၏။
16 The labor of the righteous leads to life. The increase of the wicked leads to sin.
၁၆ဖြောင့်မတ် သောသူ၏အလုပ် အကိုင်သည် အသက် နှင့်၎င်း၊ မ တရားသောသူ၏ အကျိုး စီးပွါးသည် အပြစ် နှင့်၎င်း ယှဉ်၏။
17 He is in the way of life who heeds correction, but he who forsakes reproof leads others astray.
၁၇နည်း ဥပဒေသကို စောင့်ရှောက် သောသူသည် အသက် လမ်း သို့ လိုက်တတ်၏။ ဆုံးမ ခြင်းကို ငြင်းပယ် သောသူမူကား လမ်းလွဲ တတ်၏။
18 He who hides hatred has lying lips. He who utters a slander is a fool.
၁၈အငြိုး ဖွဲ့သောသဘောကို မုသာ နှုတ်ခမ်း ဖြင့် ဖုံး ထားသောသူ၊ သူ့အသရေ ပျက်အောင် ပြောတတ်သောသူ သည် မိုက် သောသဘောရှိ၏။
19 In the multitude of words there is no lack of disobedience, but he who restrains his lips does wisely.
၁၉စကား များ သောအားဖြင့် အပြစ် ပါ တတ်၏။ မိမိ နှုတ် ကို ချုပ်တည်း သော သူမူကား ပညာ ရှိ၏။
20 The tongue of the righteous is like choice silver. The heart of the wicked is of little worth.
၂၀ဖြောင့်မတ် သောသူ၏လျှာ သည် ငွေစင် နှင့် တူ ၏။ ဆိုး သောသူ ၏ နှလုံး မူကား အဘိုး မထိုက်။
21 The lips of the righteous feed many, but the foolish die for lack of understanding.
၂၁ဖြောင့်မတ် သောသူ ၏နှုတ်ခမ်း တို့သည် လူအများ ကို ကျွေး တတ်၏။ မိုက် သောသူတို့မူကား ၊ ဉာဏ် မ ရှိသောကြောင့် သေ ကြလိမ့်မည်။
22 The LORD’s blessing brings wealth, and he adds no trouble to it.
၂၂ထာဝရဘုရား ၏ ကောင်းကြီး မင်္ဂလာသည် စည်းစိမ် ကိုဖြစ်စေတတ်၏။ ထို စည်းစိမ်နှင့် လည်း၊ ဝမ်းနည်း ခြင်းအကြောင်း ကို ရောနှော တော်မ မူ။
23 It is a fool’s pleasure to do wickedness, but wisdom is a man of understanding’s pleasure.
၂၃မိုက် သောသူသည် အပြစ် ပြု ရာ၌ ပျော်မွေ့ တတ်၏။ ဉာဏ် ကောင်းသောသူ မူကား ဆင်ခြင် တတ်၏။
24 What the wicked fear will overtake them, but the desire of the righteous will be granted.
၂၄မ တရားသောသူကြောက် တတ်သော အမှုသည် သူ့ အပေါ်သို့ ရောက် လိမ့်မည်။ ဖြောင့်မတ် သောသူ တောင့်တ သော အကျိုးကိုကား ၊ ဘုရားသခင်ပေး တော်မူမည်။
25 When the whirlwind passes, the wicked is no more; but the righteous stand firm forever.
၂၅မ တရားသောသူသည် လွန် သွားသော လေဘွေ ကဲ့သို့ ပျောက် တတ်၏။ ဖြောင့်မတ် သောသူမူကား ၊ မြဲမြံ သော တိုက်မြစ် ဖြစ်၏။
26 As vinegar to the teeth, and as smoke to the eyes, so is the sluggard to those who send him.
၂၆ပုံးရည် သည်သွား ၌ ၎င်း ၊ မီးခိုး သည် မျက်စိ ၌ ၎င်း ဖြစ်သကဲ့သို့ ၊ ပျင်းရိ သောသူသည် စေလွှတ် သောသူ ၌ ဖြစ် ၏။
27 The fear of the LORD prolongs days, but the years of the wicked shall be shortened.
၂၇ထာဝရဘုရား ကိုကြောက်ရွံ့ သော သဘောသည် အသက် တာကို ရှည် စေတတ်၏။ မ တရားသောသူ ၏ နှစ် ပေါင်းကာလမူကား တို တတ်၏။
28 The prospect of the righteous is joy, but the hope of the wicked will perish.
၂၈ဖြောင့်မတ် သောသူ၏ မြော်လင့် ခြင်းသည် ဝမ်းမြောက် စရာအကြောင်းဖြစ်၏။ ဆိုး သောသူ၏ မြော်လင့် ခြင်းမူကား ပျောက်ပျက် လိမ့်မည်။
29 The way of the LORD is a stronghold to the upright, but it is a destruction to the workers of iniquity.
၂၉ထာဝရဘုရား ၏ တရားလမ်း သည် ဖြောင့်မတ် သောသူ ခိုင်ခံ့ ခြင်းအကြောင်း ဖြစ်၏။ မ တရားသဖြင့် ကျင့် သောသူတို့မူကား ၊ ပျက်စီး ခြင်းသို့ ရောက်ရကြ လိမ့်မည်။
30 The righteous will never be removed, but the wicked will not dwell in the land.
၃၀ဖြောင့်မတ် သောသူသည် အစဉ် မပြတ်နေရာမှ မ ရွေ့ ရ။ မ တရားသောသူမူကား ၊ မြေ ပေါ်မှာ အတည် မ ကျရ။
31 The mouth of the righteous produces wisdom, but the perverse tongue will be cut off.
၃၁ဖြောင့်မတ် သောသူ၏ နှုတ် မှပညာ စကား ထွက် တတ်၏။ ကောက်လိမ် သော လျှာ မူကား ၊ အဖြတ် ခံရလိမ့်မည်။
32 The lips of the righteous know what is acceptable, but the mouth of the wicked is perverse.
၃၂ဖြောင့်မတ် သောသူ၏ နှုတ်ခမ်း တို့သည် နှစ်သက် ဘွယ်သော အရာကို သိကျွမ်း တတ်၏။ မ တရား သောသူတို့ မူကား ၊ ဆန့်ကျင် သော စကား ကို ပြောတတ် ကြ၏။