< Mark 9 >

1 He said to them, “Most certainly I tell you, there are some standing here who will in no way taste death until they see God’s Kingdom come with power.”
ထို​နောက်​ကိုယ်​တော်​က ``အ​မှန်​အ​ကန်​သင်​တို့​အား ငါ​ဆို​သည်​ကား​တန်​ခိုး​အာ​ဏာ​နှင့်​တ​ကွ ဘု​ရား သ​ခင်​၏​နိုင်​ငံ​တော်​တည်​သည်​ကို​မ​မြင်​မီ ဤ အ​ရပ်​ရှိ​လူ​အ​ချို့​တို့​သည်​မ​သေ​ရ​ကြ'' ဟု မိန့်​တော်​မူ​၏။
2 After six days Jesus took with him Peter, James, and John, and brought them up onto a high mountain privately by themselves, and he was changed into another form in front of them.
ခြောက်​ရက်​မျှ​ကြာ​သော်​သ​ခင်​ယေ​ရှု​သည်​ပေ​တ​ရု၊ ယာ​ကုပ်၊ ယော​ဟန်​တို့​ကို​မြင့်​သော​တောင်​ပေါ်​သို့ ခေါ်​ဆောင်​သွား​တော်​မူ​၏။ အ​ခြား​တစ်​စုံ​တစ် ယောက်​မျှ​မ​ပါ​ချေ။ သူ​တို့​၏​ရှေ့​တွင်​ကိုယ်​တော် ၏​အ​ဆင်း​သဏ္ဌာန်​တော်​သည်​ပြောင်း​လဲ​လေ​၏။-
3 His clothing became glistening, exceedingly white, like snow, such as no launderer on earth can whiten them.
အ​ဝတ်​တော်​သည်​တောက်​ပ​လျက်​လွန်​မင်း​စွာ ဖြူ​ဖွေး​လာ​၏။ ဤ​မျှ​ဖြူ​ဖွေး​စေ​ရန်​ဤ​လော​က တွင်​မည်​သည့်​ခ​ဝါ​သည်​မျှ​မ​တတ်​နိုင်​ရာ။-
4 Elijah and Moses appeared to them, and they were talking with Jesus.
တ​ပည့်​တော်​သုံး​ဦး​တို့​၏​ရှေ့​တွင် ဧ​လိ​ယ​နှင့် မော​ရှေ​ပေါ်​လာ​၍​သ​ခင်​ယေ​ရှု​နှင့်​စ​ကား ပြော​နေ​ကြ​၏။-
5 Peter answered Jesus, “Rabbi, it is good for us to be here. Let’s make three tents: one for you, one for Moses, and one for Elijah.”
ထို​အ​ခါ​ပေ​တ​ရု​က ``အ​ရှင်​ဘု​ရား၊ ဤ​အ​ရပ် တွင်​နေ​ထိုင်​ဖွယ်​ကောင်း​ပါ​၏။ ကိုယ်​တော်​ရှင်​အ​တွက် တဲ​တစ်​ဆောင်၊ မော​ရှေ​အ​တွက်​တဲ​တစ်​ဆောင်၊ ဧ​လိ​ယ အ​တွက်​တဲ​တစ်​ဆောင်၊ တဲ​သုံး​ဆောင်​ကို​အ​ကျွန်ုပ်​တို့ ဆောက်​ပါ​ရ​စေ'' ဟု​သ​ခင်​ယေ​ရှု​အား​လျှောက် ထား​၏။-
6 For he did not know what to say, for they were very afraid.
တ​ပည့်​တော်​တို့​သည်​လွန်​မင်း​စွာ​ကြောက်​လန့်​လျက် ရှိ​ကြ​သ​ဖြင့် ပေ​တ​ရု​သည်​မည်​သို့​လျှောက်​ထား​ရ မည်​ကို​မ​သိ​၍​ယင်း​သို့​လျှောက်​ထား​လိုက်​သ​တည်း။
7 A cloud came, overshadowing them, and a voice came out of the cloud, “This is my beloved Son. Listen to him.”
ထို​နောက်​မိုး​တိမ်​တိုက်​တစ်​ခု​သည်​ပေါ်​လာ​၍​သူ​တို့ အ​ပေါ်​သို့​တိမ်​ရိပ်​ကျ​လေ​သည်။ ``ဤ​သူ​ကား​ငါ ၏​ချစ်​သား​ဖြစ်​၏။ သူ​၏​စ​ကား​ကို​နား​ထောင် လော့'' ဟု​မိုး​တိမ်​က​အ​သံ​တော်​ထွက်​ပေါ်​လာ​၏။-
8 Suddenly looking around, they saw no one with them any more, except Jesus only.
ထို​အ​ခါ​တ​ပည့်​တော်​တို့​သည်​မိ​မိ​တို့​ပတ်​လည် သို့​လှည့်​ကြည့်​ကြ​သော်​လည်း သ​ခင်​ယေ​ရှု​မှ​တစ် ပါး​အ​ခြား​မည်​သူ့​ကို​မျှ​မ​တွေ့​ရ​ကြ​တော့​ပေ။
9 As they were coming down from the mountain, he commanded them that they should tell no one what things they had seen, until after the Son of Man had risen from the dead.
ထို​နောက်​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် တောင် ပေါ်​မှ​ဆင်း​ကြ​၏။ ထို​သို့​ဆင်း​ကြ​စဉ်​ကိုယ်​တော် က ``သင်​တို့​တွေ့​မြင်​ခဲ့​သည့်​အ​ခြင်း​အ​ရာ​ကို လူ​သား​သေ​ခြင်း​မှ​မ​ထ​မြောက်​မီ​အ​ဘယ်​သူ အား​မျှ​မ​ပြော​ကြ​နှင့်'' ဟု​တ​ပည့်​တော်​တို့​အား ပညတ်​တော်​မူ​၏။
10 They kept this saying to themselves, questioning what the “rising from the dead” meant.
၁၀သူ​တို့​သည်​ဤ​အ​မိန့်​ကို​လိုက်​နာ​ကြ​သော်​လည်း ``သေ​ခြင်း​မှ​ထ​မြောက်​သည်​ဆို​သည်​ကား​အ​ဘယ် နည်း'' ဟု​အ​ချင်း​ချင်း​ဆွေး​နွေး​လျက်​နေ​ကြ​၏။-
11 They asked him, saying, “Why do the scribes say that Elijah must come first?”
၁၁ထို​နောက်​ကိုယ်​တော်​အား ``ကျမ်း​တတ်​ဆ​ရာ​တို့ က ဦး​စွာ​ပ​ထ​မ​ဧ​လိ​ယ​ကြွ​လာ​လိမ့်​မည်​ဟု အ​ဘယ်​ကြောင့်​ဆို​ပါ​သ​နည်း'' ဟု​မေး​လျှောက် ကြ​၏။
12 He said to them, “Elijah indeed comes first, and restores all things. How is it written about the Son of Man, that he should suffer many things and be despised?
၁၂ကိုယ်​တော်​က ``အ​မှု​အ​ရာ​ခပ်​သိမ်း​ကို​အ​သင့် ပြင်​ဆင်​ရန် ဦး​စွာ​ပ​ထ​မ​ဧ​လိ​ယ​ကြွ​လာ​ရ သည်​ကား​မှန်​၏။ သို့​ရာ​တွင်​ကျမ်း​စာ​တော်​က လူ​သား​သည်​များ​စွာ​သော​ဒုက္ခ​ဆင်း​ရဲ​ကို​လည်း ကောင်း၊ ပစ်​ပယ်​ခြင်း​ကို​လည်း​ကောင်း​ခံ​ရ​မည်​ဟု အ​ဘယ်​ကြောင့်​ဆို​သ​နည်း။-
13 But I tell you that Elijah has come, and they have also done to him whatever they wanted to, even as it is written about him.”
၁၃ဧ​လိ​ယ​သည်​ကြွ​လာ​ခဲ့​ပြီ။ ကျမ်း​စာ​လာ​သည် အ​တိုင်း လူ​တို့​သည်​သူ့​အား​ပြု​လို​ရာ​ပြု​ခဲ့​ကြ ပြီ​ဟု​သင်​တို့​အား​ငါ​ဆို​သည်'' ဟု​မိန့်​တော်​မူ​၏။
14 Coming to the disciples, he saw a great multitude around them, and scribes questioning them.
၁၄ကိုယ်​တော်​နှင့်​တ​ပည့်​တော်​သုံး​ဦး​တို့​သည် အ​ခြား တ​ပည့်​တော်​များ​ရှိ​ရာ​သို့​ရောက်​လာ​ကြ​သော​အ​ခါ လူ​ပ​ရိ​သတ်​ကြီး​ကို​မြင်​ကြ​၏။ တ​ပည့်​တော်​တို့ သည်​ကျမ်း​တတ်​ဆ​ရာ​များ​နှင့်​အ​ခြေ​အ​တင် ပြော​ဆို​နေ​ကြ​၏။-
15 Immediately all the multitude, when they saw him, were greatly amazed, and running to him, greeted him.
၁၅လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​ကို​မြင်​သော​အ​ခါ အံ့​သြ​ကြ​လျက်​အ​ထံ​တော်​သို့​ပြေး​၍​နှုတ်​ခွန်း ဆက်​ကြ​၏။-
16 He asked the scribes, “What are you asking them?”
၁၆ကိုယ်​တော်​က​တ​ပည့်​တော်​တို့​အား ``သင်​တို့​သည် ဤ​သူ​တို့​နှင့်​အ​ဘယ်​အ​ကြောင်း​အ​ရာ​များ​ကို အ​ခြေ​အ​တင်​ပြော​ဆို​နေ​ကြ​သ​နည်း'' ဟု​မေး တော်​မူ​၏။
17 One of the multitude answered, “Teacher, I brought to you my son, who has a mute spirit;
၁၇ပ​ရိ​သတ်​ထဲ​မှ​လူ​တစ်​ယောက်​က ``ဆ​ရာ​တော်၊ အ​ကျွန်ုပ်​သည်​မိ​မိ​၏​သား​ငယ်​ကို​အ​ထံ​တော် သို့​ခေါ်​ခဲ့​ပါ​သည်။ သူ​သည်​ဆွံ့​အ​သည့်​နတ် ပူး​ဝင်​နေ​သူ​ဖြစ်​ပါ​သည်။-
18 and wherever it seizes him, it throws him down; and he foams at the mouth, grinds his teeth, and becomes rigid. I asked your disciples to cast it out, and they were not able.”
၁၈နတ်​ပူး​ဝင်​သည့်​အ​ခါ​တိုင်း​သူ​သည်​မြေ​ပေါ်​မှာ လဲ​ကျ​တတ်​ပါ​၏။ ပါး​စပ်​မှ​အ​မြှုပ်​များ​ထွက် လျက်​အံ​သွား​များ​ကြိတ်​တတ်​ပါ​သည်။ ထို​နောက် သူ​၏​ကိုယ်​သည်​တောင့်​မာ​လာ​ပါ​သည်။ အ​ရှင်​၏ တ​ပည့်​များ​အား​ထို​နတ်​ကို​နှင်​ထုတ်​ပေး​ရန် အ​ကျွန်ုပ်​တောင်း​ပန်​ပါ​သော်​လည်း​သူ​တို့​သည် မ​တတ်​နိုင်​ကြ​ပါ'' ဟု​ကိုယ်​တော်​အား​လျှောက် ထား​၏။
19 He answered him, “Unbelieving generation, how long shall I be with you? How long shall I bear with you? Bring him to me.”
၁၉ကိုယ်​တော်​က ``သင်​တို့​သည်​ယုံ​ကြည်​ခြင်း​ကင်း​မဲ့​လှ ပါ​သည်​တ​ကား။ ငါ​သည်​သင်​တို့​နှင့်​မည်​မျှ​ကြာ အောင်​နေ​ရ​မည်​နည်း။ မည်​မျှ​ကြာ​အောင်​သင်​တို့​အား သည်း​ခံ​ရ​မည်​နည်း။ သူ​ငယ်​ကို​ငါ့​ထံ​သို့​ခေါ်​ခဲ့​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။-
20 They brought him to him, and when he saw him, immediately the spirit convulsed him and he fell on the ground, wallowing and foaming at the mouth.
၂၀သူ​တို့​သည်​ထို​သူ​ငယ်​ကို​အ​ထံ​တော်​သို့​ခေါ်​ခဲ့ ကြ​၏။ နတ်​သည်​ကိုယ်​တော်​ကို​မြင်​လျှင်​မြင်​ချင်း​သူ​ငယ် အား ပြင်း​ထန်​စွာ​တုန်​တက်​စေ​သ​ဖြင့် သူ​ငယ်​သည် ပါး​စပ်​မှ​အ​မြှုပ်​များ​ထွက်​လျက်​မြေ​သို့​လဲ ကျ​လူး​လှိမ့်​နေ​၏။-
21 He asked his father, “How long has it been since this has been happening to him?” He said, “From childhood.
၂၁သ​ခင်​ယေ​ရှု​က ``ဤ​သို့​ဖြစ်​ပျက်​နေ​သည်​မှာ ကြာ​ပြီ​လော'' ဟု​သူ​ငယ်​၏​ဖ​ခင်​အား​မေး တော်​မူ​၏။ ဖ​ခင်​က ``က​လေး​အ​ရွယ်​မှ​ပင်​ဖြစ်​ပါ​သည်။-
22 Often it has cast him both into the fire and into the water to destroy him. But if you can do anything, have compassion on us and help us.”
၂၂နတ်​သည်​သူ​ငယ်​အား​သေ​စေ​ရန်​ကြိမ်​ဖန်​များ​စွာ မီး​ထဲ​သို့​ဖြစ်​စေ၊ ရေ​ထဲ​သို့​ဖြစ်​စေ​လဲ​စေ​တတ်​ပါ သည်။ အ​ရှင်​တတ်​နိုင်​တော်​မူ​လျှင် အ​ကျွန်ုပ်​တို့​အား သ​နား​သ​ဖြင့်​ကူ​မ​တော်​မူ​ပါ'' ဟု​ပြန်​လည် လျှောက်​ထား​၏။
23 Jesus said to him, “If you can believe, all things are possible to him who believes.”
၂၃သ​ခင်​ယေ​ရှု​က ``တတ်​နိုင်​တော်​မူ​လျှင်'' ဟု အ​ဘယ်​ကြောင့်​ဆို​ဘိ​သ​နည်း။ ယုံ​ကြည်​ခြင်း ရှိ​သူ​အ​ဖို့​မ​ဖြစ်​နိုင်​သော​အ​ရာ​မ​ရှိ'' ဟု ထို​သူ​အား​မိန့်​တော်​မူ​၏။-
24 Immediately the father of the child cried out with tears, “I believe. Help my unbelief!”
၂၄ချက်​ချင်း​ပင်​သူ​ငယ်​၏​အ​ဖ​က ``အ​ကျွန်ုပ်​အ​ကယ် ပင်​ယုံ​ကြည်​ပါ​၏။ ယုံ​ကြည်​ခြင်း​မ​ပြည့်​စုံ​သည့် အ​တွက်​အ​ကျွန်ုပ်​အား​မ​စ​တော်​မူ​ပါ'' ဟု​ကျယ် စွာ​လျှောက်​ထား​၏။
25 When Jesus saw that a multitude came running together, he rebuked the unclean spirit, saying to him, “You mute and deaf spirit, I command you, come out of him, and never enter him again!”
၂၅အ​ထံ​တော်​သို့​လူ​ပ​ရိ​သတ်​များ​ပြေး​လာ​ကြ သည်​ကို​ကိုယ်​တော်​မြင်​တော်​မူ​လျှင် ``ဆွံ့​အ​နား​ပင်း သော​နတ်၊ သူ​ငယ်​ထံ​မှ​ထွက်​လော့။ အ​ဘယ်​အ​ခါ​မျှ ပြန်​၍​မ​ပူး​မ​ဝင်​နှင့်၊ ငါ​အ​မိန့်​ရှိ​သည်'' ဟု​ညစ် ညမ်း​သော​နတ်​အား​မိန့်​တော်​မူ​၏။-
26 After crying out and convulsing him greatly, it came out of him. The boy became like one dead, so much that most of them said, “He is dead.”
၂၆နတ်​သည်​အော်​ဟစ်​ပြီး​လျှင် သူ​ငယ်​ကို​ပြင်း​စွာ​တုန် တက်​စေ​၏။ ထို​နောက်​သူ့​ထံ​မှ​ထွက်​သွား​၏။ သူ​ငယ် သည်​သူ​သေ​ကဲ့​သို့​ဖြစ်​နေ​သ​ဖြင့် လူ​အ​များ ပင် ``သူ​ငယ်​သေ​ပြီ'' ဟု​ပြော​ကြ​၏။-
27 But Jesus took him by the hand and raised him up; and he arose.
၂၇သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​သည်​သူ​ငယ်​၏​လက်​ကို ကိုင်​လျက်​ထူ​မ​တော်​မူ​၏။ ထို​အ​ခါ​သူ​ငယ်​သည် ထ​လေ​၏။
28 When he had come into the house, his disciples asked him privately, “Why could not we cast it out?”
၂၈ကိုယ်​တော်​သည်​အိမ်​သို့​ပြန်​ရောက်​၍​တစ်​ကိုယ်​တည်း ရှိ​တော်​မူ​သော​အ​ခါ တ​ပည့်​တော်​တို့​က ``အ​ကျွန်ုပ် တို့​သည်​ထို​နတ်​ကို​အ​ဘယ်​ကြောင့်​နှင်​ထုတ်​၍ မ​ရ​ပါ​သ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။
29 He said to them, “This kind can come out by nothing but by prayer and fasting.”
၂၉ကိုယ်​တော်​က ``ဆု​တောင်း​ခြင်း​မှ​တစ်​ပါး အ​ခြား အ​ဘယ်​နည်း​နှင့်​မျှ​ဤ​နတ်​မျိုး​ကို​နှင်​ထုတ်​၍ မ​ရ'' ဟု​မိန့်​တော်​မူ​၏။
30 They went out from there and passed through Galilee. He did not want anyone to know it,
၃၀ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ထို​အ​ရပ်​မှ ထွက်​ခွာ​ကြ​ပြီး​လျှင် ဂါ​လိ​လဲ​ပြည်​ကို​ဖြတ် သွား​ကြ​၏။ ယင်း​သို့​ဖြတ်​သွား​ကြောင်း​ကို​ကိုယ် တော်​သည်​မည်​သူ့​အား​မျှ​သိ​စေ​တော်​မ​မူ​လို။-
31 for he was teaching his disciples, and said to them, “The Son of Man is being handed over to the hands of men, and they will kill him; and when he is killed, on the third day he will rise again.”
၃၁အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် ``လူ​တို့ ၏​လက်​တွင်း​သို့​လူ​သား​ကို​အပ်​နှံ​ကြ​လိမ့်​မည်။ သူ့​ကို​သတ်​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​သုံး​ရက်​ကြာ သော်​သူ​သည်​သေ​ခြင်း​မှ​ထ​မြောက်​လိမ့်​မည်'' ဟု တ​ပည့်​တော်​တို့​အား​သွန်​သင်​တော်​မူ​လျက်​ရှိ သော​ကြောင့်​ဖြစ်​၏။-
32 But they did not understand the saying, and were afraid to ask him.
၃၂တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​၏​စ​ကား​တော်​ကို နား​မ​လည်​ကြ။ သို့​ရာ​တွင်​ကိုယ်​တော်​အား​မ​မေး မ​လျှောက်​ဝံ့​ကြ။
33 He came to Capernaum, and when he was in the house he asked them, “What were you arguing among yourselves on the way?”
၃၃ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​က​ပေ​ရ နောင်​မြို့​သို့​ရောက်​ကြ​၏။ အိမ်​ထဲ​သို့​ဝင်​ပြီး နောက် ကိုယ်​တော်​က ``သင်​တို့​သည်​လမ်း​တွင် အ​ဘယ်​အ​ကြောင်း​အ​ရာ​များ​ကို​ဆွေး​နွေး ကြ​သ​နည်း'' ဟု​တ​ပည့်​တို့​အား​မေး​တော်​မူ​၏။-
34 But they were silent, for they had disputed with one another on the way about who was the greatest.
၃၄သူ​တို့​သည်​ဆိတ်​ဆိတ်​နေ​ကြ​၏။ အ​ဘယ်​ကြောင့် ဆို​သော်​မိ​မိ​တို့​အ​နက် အ​ဘယ်​သူ​သည်​အ​ကြီး မြတ်​ဆုံး​ဖြစ်​သည်​ကို​လမ်း​တွင်​ဆွေး​နွေး​ငြင်း​ခုံ ခဲ့​ကြ​သော​ကြောင့်​ဖြစ်​၏။-
35 He sat down and called the twelve; and he said to them, “If any man wants to be first, he shall be last of all, and servant of all.”
၃၅ကိုယ်​တော်​သည်​ထိုင်​တော်​မူ​ပြီး​လျှင်​တစ်​ကျိပ်​နှစ် ပါး​တို့​ကို​ခေါ်​တော်​မူ​၍ ``အ​မြင့်​ဆုံး​သို့​ရောက် လို​သူ​သည်​အ​နိမ့်​ဆုံး​မှာ​နေ​ရ​မည်။ လူ​ခပ်​သိမ်း တို့​၏​အ​စေ​ခံ​လည်း​ဖြစ်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-
36 He took a little child and set him in the middle of them. Taking him in his arms, he said to them,
၃၆ကိုယ်​တော်​သည်​က​လေး​သူ​ငယ်​တစ်​ယောက်​ကို ခေါ်​၍ တ​ပည့်​တော်​တို့​အ​လယ်​တွင်​ထား​တော် မူ​၏။-
37 “Whoever receives one such little child in my name receives me; and whoever receives me, does not receive me, but him who sent me.”
၃၇ထို​နောက်​ထို​သူ​ငယ်​ကို​ပွေ့​တော်​မူ​လျက် ``ငါ ၏​နာ​မ​ကို​ထောက်​၍ ဤ​သို့​သော​သူ​ငယ်​တစ်​စုံ တစ်​ယောက်​ကို​လက်​ခံ​သူ​သည်​ငါ့​ကို​လက်​ခံ​၏။ ငါ့​ကို​လက်​ခံ​သူ​သည်​ငါ့​ကို​သာ​လက်​ခံ​သည် မ​ဟုတ်။ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​ကို လည်း​လက်​ခံ​၏'' ဟု​မိန့်​တော်​မူ​၏။
38 John said to him, “Teacher, we saw someone who does not follow us casting out demons in your name; and we forbade him, because he does not follow us.”
၃၈ယော​ဟန်​က ``အ​ရှင်​ဘု​ရား၊ အ​ရှင်​၏​နာ​မ​တော် ကို​အ​မှီ​ပြု​၍​နတ်​မိစ္ဆာ​တို့​ကို​နှင်​ထုတ်​နေ​သူ​လူ တစ်​ယောက်​ကို အ​ကျွန်ုပ်​တို့​တွေ့​မြင်​ခဲ့​ပါ​သည်။ သူ​သည်​အ​ကျွန်ုပ်​တို့​နှင့်​အ​တူ​မ​လိုက်။ သို့​မ​လိုက် သ​ဖြင့်​အ​ကျွန်ုပ်​တို့​သည် သူ့​အား​အ​ရှင်​၏​နာ​မ တော်​ကို​အ​သုံး​မ​ပြု​ရန်​တား​မြစ်​ခဲ့​ပါ​၏'' ဟု ကိုယ်​တော်​အား​လျှောက်​ထား​၏။-
39 But Jesus said, “Do not forbid him, for there is no one who will do a mighty work in my name and be able quickly to speak evil of me.
၃၉သ​ခင်​ယေ​ရှု​က ``သူ့​ကို​မ​တား​မြစ်​ကြ​နှင့်၊ ငါ ၏​နာ​မ​ကို​အ​မှီ​ပြု​၍​အံ့​ဖွယ်​သော​အ​မှု​ကို​ပြု ပြီး​နောက် ငါ့​အား​ပုတ်​ခတ်​ပြော​ဆို​နိုင်​မည့်​သူ တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ။-
40 For whoever is not against us is on our side.
၄၀ငါ​တို့​အား​မ​ဆန့်​ကျင်​သူ​သည်​ငါ​တို့​ဘက်​သား ဖြစ်​၏။-
41 For whoever will give you a cup of water to drink in my name because you are Christ’s, most certainly I tell you, he will in no way lose his reward.
၄၁အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ငါ​၏ တ​ပည့်​များ​ဖြစ်​သည်​ကို​ထောက်​လျက် သင်​တို့​အား သောက်​ရေ​တစ်​ခွက်​ကို​ပေး​သူ​သည်​မု​ချ​အ​ကျိုး ခံ​စား​ရ​လိမ့်​မည်။
42 “Whoever will cause one of these little ones who believe in me to stumble, it would be better for him if he were thrown into the sea with a millstone hung around his neck.
၄၂``ငါ့​ကို​ယုံ​ကြည်​ကိုး​စား​မှု​ပျက်​ပြား​စေ​ရန် ဤ က​လေး​သူ​ငယ်​တစ်​စုံ​တစ်​ယောက်​ကို​မှောက်​မှား လမ်း​လွဲ​စေ​သော​သူ​သည် လည်​တွင်​ကြိတ်​ဆုံ​ကျောက် ကို​ဆွဲ​လျက်​ပင်​လယ်​ထဲ​သို့​ပစ်​ချ​ခံ​ရ​လျှင်​သူ့ အ​ဖို့​သာ​၍​ကောင်း​၏။-
43 If your hand causes you to stumble, cut it off. It is better for you to enter into life maimed, rather than having your two hands to go into Gehenna (Geenna g1067), into the unquenchable fire,
၄၃သင်​၏​လက်​သည်​သင်​၏​ယုံ​ကြည်​ခြင်း​ကို​ပျက် ပြား​စေ​လျှင် ထို​လက်​ကို​ဖြတ်​ပစ်​လော့။- (လောက်​ကောင်​များ​မ​သေ၊ မီး​မ​ငြိမ်း​ရာ) င​ရဲ​မီး ထဲ​သို့​လက်​နှစ်​ဖက်​အ​စုံ​အ​လင်​နှင့်​ကျ​ရောက် ရ​သည်​ထက်၊ လက်​တစ်​ဖက်​ချို့​တဲ့​လျက်​ထာ​ဝ​ရ အ​သက်​ကို​ရ​ခြင်း​က​သာ​၍​ကောင်း​၏။- (Geenna g1067)
44 ‘where their worm does not die, and the fire is not quenched.’
၄၄
45 If your foot causes you to stumble, cut it off. It is better for you to enter into life lame, rather than having your two feet to be cast into Gehenna (Geenna g1067).
၄၅သင်​၏​ခြေ​သည်​သင်​၏​ယုံ​ကြည်​ခြင်း​ကို​ပျက် ပြား​စေ​လျှင် ထို​ခြေ​ကို​ဖြတ်​ပစ်​လော့။- သင်​သည်​(လောက်​ကောင်​များ​မ​သေ၊ မီး​မ​ငြိမ်း​ရာ) င​ရဲ​သို့​ခြေ​နှစ်​ဖက်​အ​စုံ​အ​လင်​နှင့်​ကျ​ရ​သည် ထက် ခြေ​တစ်​ဖက်​ချို့​တဲ့​လျက်​ထာ​ဝ​ရ​အ​သက် ကို​ရ​ခြင်း​က​သာ​၍​ကောင်း​၏။- (Geenna g1067)
46 ‘where their worm does not die, and the fire is not quenched.’
၄၆
47 If your eye causes you to stumble, throw it out. It is better for you to enter into God's Kingdom with one eye, rather than having two eyes to be cast into the Gehenna (Geenna g1067) of fire,
၄၇သင်​၏​မျက်​စိ​သည်​သင်​၏​ယုံ​ကြည်​ခြင်း​ကို​ပျက်​ပြား စေ​လျှင် ထို​မျက်​စိ​ကို​ထုတ်​ပစ်​လော့၊ မျက်​စိ​တစ်​စုံ​နှင့် င​ရဲ​သို့​ကျ​ရ​သည်​ထက် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော် သို့​မျက်​စိ​တစ်​လုံး​ချို့​တဲ့​လျက်​ဝင်​ရ​သည်​က​သာ​၍ ကောင်း​၏။- (Geenna g1067)
48 ‘where their worm does not die, and the fire is not quenched.’
၄၈ထို​နေ​ရာ​သည်​ဖျက်​ဆီး​နေ​သော​လောက်​ကောင်​များ မ​သေ၊ မီး​မ​ငြိမ်း​ရာ​နေ​ရာ​ဖြစ်​သည်။
49 For everyone will be salted with fire, and every sacrifice will be seasoned with salt.
၄၉``ယဇ်​ကောင်​ကို​ဆား​ခပ်​၍​သန့်​စင်​စေ​သ​ကဲ့​သို့ မီး​သည်​လူ​ခပ်​သိမ်း​တို့​ကို​သန့်​စင်​စေ​လိမ့်​မည်။-
50 Salt is good, but if the salt has lost its saltiness, with what will you season it? Have salt in yourselves, and be at peace with one another.”
၅၀ဆား​သည်​အ​သုံး​ဝင်​၏။ သို့​သော်​ဆား​မှ​အ​ငန်​ကင်း ပျောက်​သွား​ပါ​မူ သင်​တို့​သည်​ယင်း​ကို​အ​ဘယ်​သို့ ပြန်​၍​ငန်​အောင်​ပြု​နိုင်​ပါ​မည်​နည်း။ ``သင်​တို့​၌​မိတ်​ဖွဲ့​ခြင်း​တည်း​ဟူ​သော​ဆား​ရှိ​စေ ပြီး​လျှင် အ​ချင်း​ချင်း​ငြိမ်း​ချမ်း​စွာ​နေ​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။

< Mark 9 >