< Acts 11 >

1 Now the apostles and the brothers who were in Judea heard that the Gentiles had also received the word of God.
တစ်ပါး အမျိုးသားတို့သည် ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကို ခံယူ ကြသည်ဟု ယုဒ ပြည်၌ ရှိ သောတမန်တော် တို့နှင့် ညီအစ်ကို များတို့သည် ကြားသိ ကြ၏။
2 When Peter had come up to Jerusalem, those who were of the circumcision contended with him,
ပေတရု သည် ယေရုရှလင် မြို့သို့ တက်ရောက် လာသောအခါ အရေဖျားလှီး ခြင်းကို ခံသောသူ တို့က၊
3 saying, “You went in to uncircumcised men and ate with them!”
သင်သည် အရေဖျားလှီး ခြင်းကို မခံသော လူ တို့နှင့် ပေါင်းဘော်စား သောက်ပါသည်တကားဟု ဆန့်ကျင်ဘက်ပြု၍ဆို ကြ၏။
4 But Peter began, and explained to them in order, saying,
ပေတရု သည်လည်း ၊ ထိုအကြောင်းအရာကို အစ မှအဆုံးတိုင်အောင်ဘော်ပြ သည်ကား၊
5 “I was in the city of Joppa praying, and in a trance I saw a vision: a certain container descending, like it was a great sheet let down from heaven by four corners. It came as far as me.
ငါ သည်ယုပ္ပေ မြို့ ၌ ဆုတောင်း စဉ် ဘဝင် ဖြစ် ၍၊ ကောင်းကင် မှ လေး ထောင့် ဖြင့် ချ လွှတ်သော ခြုံထည် ကဲ့သို့သော တန်ဆာ သည် ဆင်းသက် ၍၊ ငါ့ ထံသို့ ရောက်လာ သည်ကို ဗျာဒိတ် ရူပါရုံအားဖြင့် မြင် ၏။
6 When I had looked intently at it, I considered, and saw the four-footed animals of the earth, wild animals, creeping things, and birds of the sky.
ထို တန်ဆာကို စေ့စေ့ ကြည့်ရှုဆင်ခြင် လျှင်၊ သားရဲ မှစ၍ မြေ ၌ ကျင်လည်သောသားမျိုး ၊ တွား တတ် သော တိရစ္ဆာန်မျိုး၊ မိုဃ်း ကောင်းကင်၌ ကျင်လည်သော ငှက် မျိုးတို့ကိုမြင် ၏။
7 I also heard a voice saying to me, ‘Rise, Peter, kill and eat!’
ထိုအခါ ၊ ပေတရု ၊ ထ ၍ သတ် စား လော့ဟု ငါ့ အားပြော သော စကား သံကိုလည်း ငါကြား ၏။
8 But I said, ‘Not so, Lord, for nothing unholy or unclean has ever entered into my mouth.’
ငါကလည်း မ ဖြစ်နိုင်ပါသခင် ။ ညစ်ညူး သော အရာနှင့် မ စင်ကြယ်သောအရာသည် အကျွန်ုပ် ခံတွင်း ထဲသို့ တရံတစ်ခါ မျှမဝင် ဘူးပါ ဟုပြောဆို ၏။
9 But a voice answered me the second time out of heaven, ‘What God has cleansed, do not you call unclean.’
နောက်တဖန်စကား သံကား၊ ဘုရားသခင် စင်ကြယ် စေတော်မူသောအရာ ကို ညစ်ညူး သည်မ ထင်နှင့်ဟု ကောင်းကင် ထဲက လာ ပြန်၏။
10 This was done three times, and all were drawn up again into heaven.
၁၀ထိုသို့ သုံး ကြိမ်မြောက်အောင် ဖြစ် ပြီးလျှင် ၊ ထိုအရာရှိသမျှ တို့ကို ကောင်းကင် ထဲသို့ ဆွဲယူ ပြန် လေ၏။
11 Behold, immediately three men stood before the house where I was, having been sent from Caesarea to me.
၁၁ထိုခဏခြင်း တွင် ကဲသရိ မြို့မှ ငါ့ ထံသို့ စေလွှတ် သော လူ သုံး ယောက်တို့သည် ငါ ရှိသောအိမ် အနားမှာ ရပ် နေကြ၏။
12 The Spirit told me to go with them without discriminating. These six brothers also accompanied me, and we entered into the man’s house.
၁၂ငါ သည်တွေးတော ခြင်းမ ရှိဘဲ ထိုသူ တို့နှင့်အတူသွား ရမည်အကြောင်းဝိညာဉ် တော်သည် မိန့် တော်မူ၏။ ဤ ညီအစ်ကို ခြောက် ယောက်တို့သည်လည်း ငါ နှင့်အတူ သွား ၍ ထိုသူ ၏အိမ် သို့ ဝင် ကြ၏။
13 He told us how he had seen the angel standing in his house and saying to him, ‘Send to Joppa and get Simon, who is called Peter,
၁၃ကောင်းကင်တမန် သည် သူ ၏အိမ် ၌ ထင်ရှားစွာရပ် လျက်၊ သင်သည်ယုပ္ပေ မြို့သို့ လူတို့ကိုစေလွှတ် ၍ ပေတရု အမည် သစ်ကိုရသော ရှိမုန် ကို ခေါ်ပင့် လော့။
14 who will speak to you words by which you will be saved, you and all your house.’
၁၄ထို ပေတရုသည် သင် မှစ၍ သင် ၏ အိမ် ၌ ရှိသမျှ သော သူ တို့ကို ကယ်တင် တော်မူခြင်း တရား စကား ကို သင့် အားဟောပြော လိမ့်မည်ဟု မြွက်ဆို ခဲ့သော အကြောင်းအရာကို ထိုသူသည် ငါ တို့အားပြန်ကြား လေ၏။
15 As I began to speak, the Holy Spirit fell on them, even as on us at the beginning.
၁၅ငါ သည်ဟောပြော စ ပြုစဉ်၊ သန့်ရှင်း သော ဝိညာဉ် တော်သည် ရှေ့ဦးစွာ ငါ တို့အပေါ်သို့ သက်ရောက်တော်မူသည်နည်းတူ ၊ ထိုသူ တို့ အပေါ်သို့ လည်း သက်ရောက် တော်မူ၏။
16 I remembered the word of the Lord, how he said, ‘John indeed baptized in water, but you will be baptized in the Holy Spirit.’
၁၆ယောဟန် သည် ရေ ၌ဗတ္တိဇံ ကိုပေး၏။ သင် တို့ သည် သန့်ရှင်း သော ဝိညာဉ် တော်၌ ဗတ္တိဇံ ကို ခံရကြလိမ့်မည်ဟု သခင် ဘုရား မိန့် တော်မူသော စကား ကို ထိုအခါ ငါအောက်မေ့ ၏။
17 If then God gave to them the same gift as us when we believed in the Lord Jesus Christ, who was I, that I could withstand God?”
၁၇သခင် ယေရှု ခရစ် ကို ယုံကြည် သောငါ တို့အား ဘုရားသခင် သည် ဆုကျေးဇူး ကို ပေး တော်မူသည် နည်းတူ ၊ ထိုသူ တို့အားလည်း ပေးတော်မူသည်ဖြစ်သောကြောင့်၊ ငါ သည်အဘယ်သို့ သောသူဖြစ် ၍ ဘုရားသခင် ကို ဆီးတား နိုင် သနည်းဟု ပေတရုဆို၏။
18 When they heard these things, they held their peace and glorified God, saying, “Then God has also granted to the Gentiles repentance to life!”
၁၈ဤ အကြောင်းအရာတို့ကို ထိုသူတို့သည် ကြား ရလျှင် မငြင်းဘဲ နေ၍၊ အကယ်စင်စစ်ဘုရားသခင် သည် အသက် ရှင်စေခြင်းအလိုငှာ ၊ နောင်တ တရားကို တပါး အမျိုးသားတို့အားလည်း ပေး တော်မူပြီဟု ဘုရားသခင် ၏ ဂုဏ် တော်ကိုချီးမွမ်းကြ၏။
19 They therefore who were scattered abroad by the oppression that arose about Stephen traveled as far as Phoenicia, Cyprus, and Antioch, speaking the word to no one except to Jews only.
၁၉ထိုမှတပါး၊ သတေဖန် ၏အမှုကြောင့် ညှဉ်းဆဲ ခြင်းကိုခံရ၍ အရပ်ရပ်သို့ ကွဲပြား သောသူ တို့သည် ဖိနိတ် ၊ ကုပရု ၊ အန္တိအုတ် မြို့များသို့ တိုင်အောင်သွား၍၊ ယုဒ လူတို့အားသာ နှုတ်ကပတ် တရားတော်ကို ဟောပြော ကြ၏။
20 But there were some of them, men of Cyprus and Cyrene, who, when they had come to Antioch, spoke to the Hellenists, preaching the Lord Jesus.
၂၀နောက်မှထိုသူအချို့ တို့သည် ကုပရု ပြည်သား ၊ ကုရေနေ ပြည်သားဖြစ် ၍ အန္တိအုတ် သို့ သွား ပြီးလျှင်၊ သခင် ယေရှု ၏ အကြောင်းတည်းဟူသောဧဝံဂေလိ တရားကို ဟေလေနစ် လူတို့အား ဟောပြော ကြ၏။
21 The hand of the Lord was with them, and a great number believed and turned to the Lord.
၂၁သခင် ဘုရား၏လက် ထောက်တော်သည် လူ တို့နှင့်တကွ ရှိ တော်မူသဖြင့် ၊ လူအပေါင်းတို့သည် ယုံကြည် ၍ သခင် ဘုရားထံသို့ ပြောင်းလဲ ကြ၏။
22 The report concerning them came to the ears of the assembly which was in Jerusalem. They sent out Barnabas to go as far as Antioch,
၂၂ထို အကြောင်း အရာကို ယေရုရှလင် မြို့၌ ရှိ သော အသင်းတော် သည်ကြား လျှင်၊ အန္တိအုတ် မြို့တိုင်အောင် သွား စေမည်အကြောင်း ဗာနဗ ကိုစေလွှတ် လေ၏။
23 who, when he had come, and had seen the grace of God, was glad. He exhorted them all, that with purpose of heart they should remain near to the Lord.
၂၃ထိုသူ သည် ရောက် ၍ ဘုရားသခင် ၏ ကျေးဇူး တော်ကို မြင် လျှင် ဝမ်းမြောက် ဝမ်းသာခြင်းရှိ၍ ထိုသူအပေါင်းတို့သည် ယုံကြည် သောစိတ် နှင့် သခင် ဘုရားကို မှီဝဲ ဆည်းကပ်မည်အကြောင်း တိုက်တွန်းနှိုးဆော် လေ၏။
24 For he was a good man, and full of the Holy Spirit and of faith, and many people were added to the Lord.
၂၄ထိုသူ သည် သူတော်ကောင်း ဖြစ် ၍၊ သန့်ရှင်း သော ဝိညာဉ် တော်နှင့်၎င်း၊ ယုံကြည် ခြင်းနှင့် ၎င်း၊ ပြည့်စုံ သောအားဖြင့်၊ လူ များ အပေါင်းတို့သည် သခင် ဘုရားထံသို့ဝင်စား ကြ၏။
25 Barnabas went out to Tarsus to look for Saul.
၂၅ဗာနဗ သည်လည်း ရှောလု ကို ရှာ လျက် တာရှု မြို့သို့သွား၏။ တွေ့ လျှင်အန္တိအုတ် မြို့သို့ ခေါ် ခဲ့၏။
26 When he had found him, he brought him to Antioch. For a whole year they were gathered together with the assembly, and taught many people. The disciples were first called Christians in Antioch.
၂၆ထိုသူ တို့သည် တနှစ် ပတ်လုံး ထိုအသင်းတော် နှင့်အတူ စည်းဝေး ၍၊ လူ များ အပေါင်းတို့အား ဆုံးမ ဩဝါဒပေးကြ၏။ တပည့် တော်တို့သည်လည်း ခရစ်ယာန် ဟူသောခေါ်ဝေါ် သမုတ်ခြင်းကို အန္တိအုတ် မြို့၌ အဦး ခံရကြ၏။
27 Now in these days, prophets came down from Jerusalem to Antioch.
၂၇ထို အခါ ၌ ပရောဖက် တို့သည် ယေရုရှလင် မြို့မှ အန္တိအုတ် မြို့ သို့ လာ ကြ၏။
28 One of them named Agabus stood up and indicated by the Spirit that there should be a great famine all over the world, which also happened in the days of Claudius.
၂၈ထိုသူ တို့အဝင် ၊ အာဂဗု အမည် ရှိသော သူ တစ် ယောက်သည်ထ ၍ ၊ မြေ တပြင်လုံး ၌ အစာ အာဟာရ အလွန် ခေါင်းပါးခြင်းဖြစ် လတံ့ဟု ဝိညာဉ် တော်အားဖြင့် ဖော်ပြ ၏။ ထို ခေါင်းပါးခြင်းသည် ကဲသာဘုရင် ကလောဒိ လက်ထက် ၌ဖြစ် သတည်း။
29 As any of the disciples had plenty, each determined to send relief to the brothers who lived in Judea;
၂၉ထိုအခါ တပည့် တော်တို့သည် အသီးအသီး တတ်နိုင် ကြသည်အတိုင်း ၊ ယုဒ ပြည်၌ နေ သော ညီအစ်ကို တို့အား အကူအမ ပေးလိုက် မည်ဟု၊
30 which they also did, sending it to the elders by the hands of Barnabas and Saul.
၃၀စီရင် ကြသည်နှင့်အညီဗာနဗ နှင့်ရှောလု တို့တွင် သင်းအုပ် တို့ ထံသို့ ပေး လိုက်ကြ၏။

< Acts 11 >