< 2 Samuel 20 >
1 There happened to be there a wicked fellow, whose name was Sheba the son of Bichri, a Benjamite; and he blew the trumpet, and said, “We have no portion in David, neither have we inheritance in the son of Jesse. Every man to his tents, Israel!”
၁ထိုအခါ ဗင်္ယာမိန် အမျိုးဗိခရိ ၏သား ရှေဘ အမည် ရှိသောအဓမ္မ လူတယောက်ရှိ၏။ ထိုသူသည်တံပိုး မှုတ် ၍၊ အိုဣသရေလ အမျိုး၊ ငါ တို့သည် ဒါဝိဒ် ၌ တဘို့ ကိုမျှ မ ဆိုင်။ ယေရှဲ ၏သား ကို အမွေ မ ခံထိုက်။ လူအပေါင်းတို့၊ ကိုယ် နေရာ သို့ သွားကြဟုဆို သဖြင့်၊
2 So all the men of Israel went up from following David, and followed Sheba the son of Bichri; but the men of Judah joined with their king, from the Jordan even to Jerusalem.
၂ဣသရေလ အမျိုးသား အပေါင်း တို့သည် ဒါဝိဒ် ထံ တော်မှ ထွက် ၍ဗိခရိ သား ရှေဘ နောက် သို့ လိုက်ကြ ၏။ ယုဒ အမျိုးသား တို့မူကား ၊ ယော်ဒန် မြစ်မှ သည် ယေရုရှလင် မြို့တိုင်အောင် ရှင်ဘုရင် ၌ ဆည်းကပ် ကြ၏။
3 David came to his house at Jerusalem; and the king took the ten women his concubines, whom he had left to keep the house, and put them in custody and provided them with sustenance, but did not go in to them. So they were shut up to the day of their death, living in widowhood.
၃ဒါဝိဒ် မင်းကြီးသည် ယေရုရှလင် မြို့ နန်း တော်သို့ ရောက် သောအခါ ၊ နန်း တော်ကို စောင့် စေခြင်းငှါ ထား ခဲ့ သော ကိုယ်လုပ်တော် တကျိပ် တို့ကိုယူ ၍ လှောင်အိမ် ၌ ထား ၏။ ထိုသူ တို့ကို ကျွေးမွေး သော်လည်း မ ပေါင်းဘော်။ သူတို့သည် သေ သည်တိုင်အောင် အချုပ် ခံ၍ မုတ်ဆိုးမ ကဲ့သို့နေ ရကြ၏။
4 Then the king said to Amasa, “Call me the men of Judah together within three days, and be here present.”
၄ရှင် ဘုရင်ကလည်း ၊ သုံး ရက် အတွင်းတွင် ယုဒ လူ တို့ကို စုဝေး စေပြီးလျှင် ၊ ထိုသူတို့နှင့်အတူကိုယ်တိုင်လာ ရမည်ဟု အာမသ အား မိန့် တော်မူ၏။
5 So Amasa went to call the men of Judah together, but he stayed longer than the set time which had been appointed to him.
၅အာမသ သည်သွား ၍ ယုဒ လူတို့ကို နှိုးဆော် သဖြင့် ၊ ချိန်းချက် သော အချိန် ကို လွန် စေ၏။
6 David said to Abishai, “Now Sheba the son of Bichri will do us more harm than Absalom did. Take your lord’s servants and pursue after him, lest he get himself fortified cities, and escape out of our sight.”
၆ဒါဝိဒ် ကလည်း ၊ အဗရှလုံ ပြုသည်ထက် ဗိခရိ သား ရှေဘ သည်သာ၍အပြစ် ပြုလိမ့်မည်။ သင့် သခင် ၏ ကျွန် တို့ကိုခေါ် ၍ ထိုသူ ကိုလိုက် လော့။ သို့မဟုတ် သူသည် ခိုင်ခံ့ သောမြို့ တစုံတမြို့ထဲသို့ ဝင်၍ ငါ တို့ လက် မှ လွတ် လိမ့်မည်ဟု အဘိရှဲ အား မိန့် တော်မူသည်အတိုင်း၊
7 Joab’s men went out after him with the Cherethites, the Pelethites, and all the mighty men; and they went out of Jerusalem to pursue Sheba the son of Bichri.
၇အဘိရှဲနောက်မှာ ယွာဘ ၏လူ များနှင့် ခေရသိ လူ၊ ပေလသိ လူများမှစ၍ခွန်အား ကြီးသောသူအပေါင်း တို့သည် ဗိခရိ သား ရှေဘ ကို လိုက် အံ့သောငှါ ယေရုရှလင် မြို့မှ ထွက်သွား ကြ၏။
8 When they were at the great stone which is in Gibeon, Amasa came to meet them. Joab was clothed in his apparel of war that he had put on, and on it was a sash with a sword fastened on his waist in its sheath; and as he went along it fell out.
၈ဂိဗောင် မြို့၌ ရှိသော ကျောက် ကြီး သို့ ရောက်ကြသောအခါ၊ အာမသ သည်သူ တို့ ရှေ့ သို့ချီသွား လေ၏။ ယွာဘ သည် မိမိ ဝတ်သော အဝတ် ကို ခါး၌စည်းလျက်၊ ထိုခါးစည်းပေါ် မှာလည်း ထား ကိုအိမ်နှင့်တကွဆွဲလျက် ထား၏။ သွား စဉ်တွင်ထားသည် လျှော ၍ကျ၏။
9 Joab said to Amasa, “Is it well with you, my brother?” Joab took Amasa by the beard with his right hand to kiss him.
၉ယွာဘ ကလည်း ၊ မာ ၏လားငါ့ ညီ ဟု အာမသ ကို မေး ၍ နမ်း ဟန်ဆောင်လျက် လက်ျာ လက် နှင့် အာမသ ၏မုတ်ဆိတ် ကို ကိုင် ၏။
10 But Amasa took no heed to the sword that was in Joab’s hand. So he struck him with it in the body and shed out his bowels to the ground, and did not strike him again; and he died. Joab and Abishai his brother pursued Sheba the son of Bichri.
၁၀လက်ဝဲလက် ၌ ကိုင်သော ထား ကို အာမသ သည်သတိ မ ပြုသောကြောင့် ၊ ဝမ်း ကိုထိုး ၍ အအူ ကိုမြေ ပေါ် မှာ ချ ၏။ ထပ်၍ မ ထိုးသော်လည်း အာမသသေ လေ၏။ ယွာဘ နှင့် ညီ အဘိရှဲ သည် ဗိခရိ သား ရှေဘ ကို လိုက် ကြ၏။
11 One of Joab’s young men stood by him, and said, “He who favors Joab, and he who is for David, let him follow Joab!”
၁၁သူ အနား မှာ ယွာဘ ၏ လူ တယောက်သည် ရပ် ၍ ယွာဘ နှင့် ဒါဝိဒ် ဘက်၌နေသောသူဖြစ်လျှင် ယွာဘ နောက် သို့ လိုက်တော့ဟုဆို ၏။
12 Amasa lay wallowing in his blood in the middle of the highway. When the man saw that all the people stood still, he carried Amasa out of the highway into the field, and cast a garment over him when he saw that everyone who came by him stood still.
၁၂အာမသ သည် လမ်းမ အလယ် တွင် မိမိအသွေး ၌ လူး လျက်ရှိ၏။ လမ်း၌ သွား လာသောသူ အပေါင်း တို့ သည် ရပ် ၍ နေကြသည်ကို ယွာဘ၏ လူမြင် သောအခါ၊ အာမသ ကို လမ်းမ က ယူ၍ လယ်ပြင် သို့ ရွှေ့ ပြီးလျှင် အဝတ် နှင့်ဖုံး လေ၏။
13 When he was removed out of the highway, all the people went on after Joab to pursue Sheba the son of Bichri.
၁၃ထိုသို့ လမ်းမ က ရွေ့ ပြီးမှ၊ လူ အပေါင်း တို့သည် ယွာဘ နှင့်အတူ ဗိခရိ သား ရှေဘ ကို လိုက်သွား ကြ၏။
14 He went through all the tribes of Israel to Abel, to Beth Maacah, and all the Berites. They were gathered together, and went also after him.
၁၄ယွာဘသည် ဗက်မာခ ပြည်၊ အာဗေလ မြို့ တိုင်အောင် ဣသရေလ တိုင်း ခရိုင်ရှိသမျှ ကို ရှောက်သွား ၏။ ဗေရိ လူအပေါင်း တို့သည်လည်း စုဝေး ၍ ယွာဘ နောက် သို့ လိုက် ကြ၏။
15 They came and besieged him in Abel of Beth Maacah, and they cast up a mound against the city, and it stood against the rampart; and all the people who were with Joab battered the wall to throw it down.
၁၅ရှေဘတည်းခိုသောဗက်မာခ ပြည်၊ အာဗေလမြို့ ကို ဝိုင်းထား ၍၊ ပြင်မြို့ရိုး တစ်ဘက်တချက်၌ မြေရိုး ကို ဖို့ ကြ၏။ ယွာဘ နှင့် သူ၏ လူ အပေါင်း တို့သည် မြို့ရိုး ကို ဖြို ခြင်းငှါ ထိုးဖေါက် ကြ၏။
16 Then a wise woman cried out of the city, “Hear, hear! Please say to Joab, ‘Come near here, that I may speak with you.’”
၁၆ထိုအခါ ပညာရှိ သော မိန်းမ တယောက်သည် မြို့ထဲက ဟစ် ၍ ဆိုသည်ကား၊ နားထောင် ကြ၊ နားထောင် ကြ၊ ငါသည်ယွာဘနှင့် စကားပြော နိုင်မည်အကြောင်း ချဉ်း လာပါဟု ယွာဘ အား လျှောက် ကြလော့ဟုဆိုသည်အတိုင်း၊
17 He came near to her; and the woman said, “Are you Joab?” He answered, “I am.” Then she said to him, “Hear the words of your servant.” He answered, “I am listening.”
၁၇ယွာဘသည် ချဉ်း လာသောအခါ မိန်းမ က၊ သင် သည်ယွာဘ ဟုတ်သလောဟုမေး လျှင်၊ ငါ ဟုတ်သည် ဟုဆို သော် ၊ မိန်းမက၊ ကိုယ်တော် ကျွန် မ၏ စကား ကို နားထောင် တော်မူပါဟုဆို ၏။ ယွာဘကလည်း ၊ ငါ နားထောင် လျက် နေသည်ဟုဆို သော်၊
18 Then she spoke, saying, “They used to say in old times, ‘They shall surely ask counsel at Abel,’ and so they settled a matter.
၁၈မိန်းမက၊ အကယ်စင်စစ်အာဗေလ မြို့မှာ တိုင်ပင်၍ အမှုကို ဆုံးဖြတ် ပါလေစေဟု ရှေး ကာလ၌ ဆို တတ်ကြ၏။
19 I am among those who are peaceable and faithful in Israel. You seek to destroy a city and a mother in Israel. Why will you swallow up the LORD’s inheritance?”
၁၉ကျွန်မ သည် ဣသရေလ အမျိုး၌ အမှု မလုပ်ပါ။ သစ္စာ စောင့်သောသူဖြစ်ပါ၏။ ကိုယ်တော်သည် မြို့ တမြို့ တည်းဟူသောဣသရေလ အမျိုးတွင် အမိ တယောက်ကို ဖျက်ဆီး ခြင်းငှါ ရှာ တော်မူ၏။ ထာဝရဘုရား ၏ အမွေ တော်ကို မျို ခြင်းငှါအဘယ်ကြောင့် အလိုရှိတော်မူသနည်းဟု လျှောက်လျှင်၊
20 Joab answered, “Far be it, far be it from me, that I should swallow up or destroy.
၂၀ယွာဘ က၊ မျို ခြင်းအမှု၊ ဖျက်ဆီး ခြင်းအမှုသည် ငါ နှင့် ဝေး ပါစေသော။ ဝေး ပါစေသော။
21 The matter is not so. But a man of the hill country of Ephraim, Sheba the son of Bichri by name, has lifted up his hand against the king, even against David. Just deliver him, and I will depart from the city.” The woman said to Joab, “Behold, his head will be thrown to you over the wall.”
၂၁ထိုသို့ မ ဟုတ်ပါ။ ဧဖရိမ် တောင် သားဖြစ်သော ဗိခရိ ၏သား ရှေဘ အမည်ရှိသောသူသည် ရှင်ဘုရင် ဒါဝိဒ် ကို ပုန်ကန် ပြီ။ ထိုသူ ကို အပ် လော့။ အပ်လျှင် ဤမြို့ မှ ငါထွက်သွား မည်ဟု ပြောဆိုသော်၊ မိန်းမ က၊ သူ ၏ ဦးခေါင်း ကိုကိုယ်တော် ရှေ့ သို့ ပစ်ချ ပါမည်ဟု ဆို ပြီးမှ၊
22 Then the woman went to all the people in her wisdom. They cut off the head of Sheba the son of Bichri, and threw it out to Joab. He blew the trumpet, and they were dispersed from the city, every man to his tent. Then Joab returned to Jerusalem to the king.
၂၂ထိုမိန်းမ သည် ပညာရှိသည်အတိုင်း မြို့သားတို့ရှိရာသို့ သွားပြီးလျှင်၊ သူတို့သည် ဗိခရိသားရှေဘ၏ ဦးခေါင်း ကို ဖြတ် ၍ ယွာဘ ရှေ့ သို့ ပစ်ချ ကြ၏။ ယွာဘသည်လည်း တံပိုး မှုတ် သဖြင့် ၊ လူများတို့သည် ထိုမြို့ မှ မိမိ တို့ နေရာ သို့ ပြန်သွား ကြ၏။ ယွာဘ သည်လည်း ယေရုရှလင် မြို့၊ ရှင်ဘုရင် ထံ တော်သို့ ပြန်သွား၏။
23 Now Joab was over all the army of Israel, Benaiah the son of Jehoiada was over the Cherethites and over the Pelethites,
၂၃ယွာဘ သည် ဣသရေလ တပ်သား အပေါင်း တို့ကို အုပ်သောဗိုလ်ချုပ်မင်းဖြစ်၏။ ယောယဒ သား ဗေနာယ သည် ခေရသိ လူနှင့် ပေလသိ လူတို့ကို အုပ် ရ၏။
24 Adoram was over the men subject to forced labor, Jehoshaphat the son of Ahilud was the recorder,
၂၄အဒေါနိရံ သည် အခွန်တော်ဝန် ဖြစ်၏။ အဟိလုပ် သား ယောရှဖတ် သည် အတွင်းဝန်ဖြစ်၏။
25 Sheva was scribe, Zadok and Abiathar were priests,
၂၅ရှေဝ သည် စာရေးတော်ကြီး ဖြစ်၏။ ဇာဒုတ် နှင့် အဗျာသာ သည် ယဇ်ပုရောဟိတ် ဖြစ်၏။
26 and Ira the Jairite was chief minister to David.
၂၆ယဣရ မြို့သားဣရ သည်နန်းတော်အုပ် ဖြစ် ၏။