< Psalms 144 >

1 Blessed be Jehovah, my rock, who teaches my hands to war, and my fingers to fight,
ငါ့​ကျောက်​တောင်​ဖြစ်​တော်​မူ​သော​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​သည်​ငါ့​ကို​တိုက်​ပွဲ​ဝင်​ရန်​အ​တွက် လေ့​ကျင့်​ပေး​တော်​မူ​၏။ စစ်​ဆင်​မှု​ကို​သွန်​သင်​ပေး​တော်​မူ​၏။
2 my loving kindness, and my fortress, my high tower, and my deliverer, my shield, and he in whom I take refuge, who subdues my people under me.
ကိုယ်​တော်​သည်​ငါ့​ကို​ကွယ်​ကာ​ရာ​ငါ့​ခံ​တပ်၊ ငါ့​ရဲ​တိုက်၊ငါ​၏​ကယ်​တင်​ရှင်၊ငါ​ကိုး​စား​ရာ ဒိုင်း​လွှား​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​လူ​မျိုး​တ​ကာ​တို့​ကို​ငါ​၏ လက်​အောက်​သို့​ရောက်​စေ​တော်​မူ​၏။
3 Jehovah, what is man, that thou take knowledge of him? Or the son of man, that thou make account of him?
အို ထာ​ဝ​ရ​ဘု​ရား၊ လူ​သည်​အ​ဘယ်​သို့​သော​သူ​ဖြစ်​၍ ကိုယ်​တော်​ရှင်​သည်​သူ့​ကို​ပ​မာ​ဏ ပြု​တော်​မူ​ရ​ပါ​သ​နည်း။ သာ​မန်​လူ​သား​သည်​အ​ဘယ်​သို့​သော​သူ​ဖြစ်​၍ ကိုယ်​တော်​ရှင်​သည်​သူ့​ကို​ဂ​ရု​ပြု​တော်​မူ ရ​ပါ​သ​နည်း။
4 Man is like vanity. His days are as a shadow that passes away.
လူ​သည်​ထွက်​သက်​ဝင်​သက်​လေ​နှင့်​တူ​ပါ​၏။ သူ​၏​အ​သက်​တာ​သည်​လွန်​သွား​တတ်​သော အ​ရိပ်​နှင့်​တူ​ပါ​၏။
5 Bow thy heavens, O Jehovah, and come down. Touch the mountains, and they shall smoke.
အို ထာ​ဝ​ရ​ဘု​ရား၊ မိုး​ကောင်း​ကင်​ကို​ကွေး​ညွှတ်​စေ​၍​ဆင်း​သက် ကြွ​လာ​တော်​မူ​ပါ။ တောင်​ရိုး​များ​ကို​တို့​ထိ​တော်​မူ​ပါ။ ယင်း​တို့​မှ​မီး​ခိုး​ထွက်​ပါ​လိမ့်​မည်။
6 Cast forth lightning, and scatter them. Send out thine arrows, and discomfit them.
လျှပ်​စစ်​ပြက်​တော်​မူ​၍​ကိုယ်​တော်​၏​ရန်​သူ တို့​ကို က​စဥ့်​က​ရဲ​ဖြစ်​စေ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​လေး​တော်​တို့​ကို​ပစ်​တော်​မူ​၍ သူ​တို့​အား​ထွက်​ပြေး​စေ​တော်​မူ​ပါ။
7 Stretch forth thy hand from above. Rescue me, and deliver me out of great waters, out of the hand of aliens,
အ​ထက်​ဘုံ​မှ​လက်​တော်​ကို​ဆန့်​တော်​မူ​၍ ကျွန်​တော်​မျိုး​အား​ရေ​နက်​ရာ​မှ​ဆွဲ​တင် ကယ်​ဆယ်​တော်​မူ​ပါ။ တိုင်း​တစ်​ပါး​သား​တို့​၏​လက်​မှ​ကယ်​တော်​မူ​ပါ။
8 whose mouth speaks deceit, and whose right hand is a right hand of falsehood.
ထို​သူ​တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှ​မှန်​သော စကား​ကို မ​ပြော​တတ်​ကြ​ပါ။ ကျမ်း​ကျိန်​၍​ပြော​ဆို​ရာ​၌​ပင်​လျှင် လိမ်​လည်​တတ်​ကြ​ပါ​၏။
9 I will sing a new song to thee, O God. Upon a psaltery of ten strings I will sing praises to thee.
အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​သည်​သီ​ချင်း​သစ်​ကို​ဆို​၍ ကိုယ်​တော်​ရှင်​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ပါ​မည်။ စောင်း​ကို​တီး​၍​သီ​ချင်း​ဆို​ကာ​ဂုဏ်​တော်​ကို ချီး​မွမ်း​ပါ​မည်။
10 Thou are he who gives salvation to kings, who rescues David his servant from the hurtful sword.
၁၀ကိုယ်​တော်​ရှင်​သည်​ဘု​ရင်​တို့​အား​စစ်​ပွဲ​အောင်​ခွင့်​ကို ပေး​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ဒါ​ဝိဒ်​ကို ကယ်​ဆယ်​တော်​မူ​ပါ​၏။
11 Rescue me, and deliver me out of the hand of aliens, whose mouth speaks deceit, and whose right hand is a right hand of falsehood.
၁၁ရက်​စက်​ကြမ်း​ကြုတ်​သော​ရန်​သူ​များ​၏​လက်​မှ ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။ တိုင်း​တစ်​ပါး​သား​တို့​၏​လက်​မှ​ကယ်​ဆယ်​တော် မူ​ပါ။ ထို​သူ​တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှ​မှန်​သော စ​ကား​ကို​မ​ပြော​တတ်​ကြ​ပါ။ ကျမ်း​ကျိန်​၍​ပြော​ဆို​ရာ​၌​ပင်​လျှင် လိမ်​လည်​တတ်​ကြ​ပါ​၏။
12 That our sons shall be as plants grown up in their youth, and our daughters as cornerstones hewn according to the fashion of a palace,
၁၂ကျွန်​တော်​မျိုး​တို့​၏​သား​များ​သည်​အ​သက် ပျို​ရွယ်​ချိန်​၌​သန်​မာ​ကြီး​ထွား​လာ​သော အ​ပင်​ငယ်​များ​ကဲ့​သို့​ဖြစ်​ပါ​စေ​သော။ ကျွန်​တော်​မျိုး​တို့​၏​သ​မီး​များ​သည်​နန်း​တော် ထောင့်​များ​တွင်​အ​လှ​စိုက်​ထူ​ထား​သော ခန့်​ညား​သည့်​ကျောက်​တိုင်​များ​ကဲ့​သို့​ဖြစ်​ပါ စေ​သော။
13 our garners are full, affording all manner of store, our sheep bring forth thousands and ten thousands in our fields,
၁၃ကျွန်​တော်​မျိုး​တို့​၏​ကျီ​များ​သည်​အ​သီး​အ​နှံ အ​မျိုး​မျိုး​ဖြင့်​ပြည့်​လျက်​ရှိ​ပါ​စေ​သော။ ကွင်း​ပြင်​များ​ရှိ​သိုး​များ​သည်​ထောင်​ပေါင်း များ​စွာ​သော​သိုး​ငယ်​တို့​ကို​မွေး​ဖွား​ကြ ပါ​စေ​သော။
14 our oxen are well laden, no breaking in, and no going forth, and no outcry in our streets,
၁၄ကျွန်​တော်​မျိုး​တို့​၏​နွား​များ​သည်​လည်း​ဇီး​မ​လျှော၊ မ​သေ​မ​ပျောက်​ဘဲ​များ​စွာ​တိုး​ပွား​ကြ​ပါ​စေ​သော။ ကျွန်​တော်​မျိုး​တို့​၏​လမ်း​များ​သည် ဒုက္ခ​ရောက်​သူ​တို့​၏​အော်​ဟစ်​ညည်း​တွား​သံ​များ​နှင့် ကင်း​ဝေး​ပါ​စေ​သော။
15 blessed are the people who are in such a case. Blessed are the people whose God is Jehovah.
၁၅ဤ​သို့​သော​အ​ခြေ​အ​နေ​၌​ရှိ​သည့်​နိုင်​ငံ​သည် မင်္ဂလာ​ရှိ​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​ကို​ဘု​ရား​အ​ဖြစ်​ကိုး​ကွယ်​သော လူ​မျိုး​သည်​မင်္ဂလာ​ရှိ​ပါ​၏။

< Psalms 144 >