< Psalms 130 >
1 Out of the depths I have cried to thee, O Jehovah.
၁အိုထာဝရဘုရား ၊ နက်နဲ ရာထဲက ကိုယ်တော် ကို အကျွန်ုပ်အော်ဟစ် ပါ၏။
2 Lord, hear my voice. Let thine ears be attentive to the voice of my supplications.
၂အို ထာဝရ ဘုရား၊ အကျွန်ုပ် ၏ စကား သံကို ကြား ၍၊ အကျွန်ုပ် ဆုတောင်း ပဌနာပြုသံ ကို နားညောင်း တော်မူပါ။
3 If thou, Jehovah, should note iniquities, O Lord, who could stand?
၃အို ဘုရား ရှင်ထာဝရ ဘုရား၊ ကိုယ်တော်သည် ဒုစရိုက်အပြစ် များကို မှတ် တော်မူလျှင် အဘယ်သူ သည် ခံရပ် နိုင်ပါမည်နည်း။
4 But there is forgiveness with thee, that thou may be feared.
၄ကိုယ်တော် ကို ကြောက်ရွံ့ စရာအကြောင်း ရှိစေခြင်းငှါ၊ အပြစ် လွှတ်ခြင်းအခွင့်ကို ပိုင်တော်မူ၏။
5 I wait for Jehovah. My soul waits, and in his word do I hope,
၅ထာဝရဘုရား ကို ငါစောင့် လျက်နေ၏။ ငါ့ ဝိညာဉ် သည် စောင့် လျက်နေ၏။ နှုတ်ကပတ် တော်ကို ငါမြော်လင့် ၏။
6 my soul for the Lord more than watchmen for the morning, watchmen for the morning.
၆နံနက် ကို မြော်လင့် သောသူတို့ ထက်မက ၊ ငါ့ ဝိညာဉ် သည် ဘုရား ရှင်ကို မြော်လင့် လျက်နေ၏။
7 O Israel, hope in Jehovah, for with Jehovah there is loving kindness, and with him is plentiful redemption.
၇ဣသရေလ အမျိုးသည် ထာဝရဘုရား ကို မြော်လင့် ပါစေ။ အကြောင်း မူကား၊ ထာဝရဘုရား ၌ ကရုဏာ ရှိ၏။ များစွာ သော ရွေးနှုတ် ခြင်းကျေးဇူးရှိ၏။
8 And he will redeem Israel from all his iniquities.
၈ဣသရေလ အမျိုးကို ခပ်သိမ်း သောဒုစရိုက် အပြစ်တို့အထဲက ရွေးနှုတ် တော်မူလိမ့်မည်။