< Psalms 105 >
1 O give thanks to Jehovah, call upon his name. Make known among the peoples his doings.
၁ထာဝရ ဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။ နာမ တော်ကို ပဌနာ ပြုကြလော့။ အမှု တော်တို့ကို လူ များတို့အား ပြသ ကြလော့။
2 Sing to him, sing praises to him. Talk ye of all his marvelous works.
၂ထာဝရ ဘုရားကို သီချင်း ဆိုကြလော့။ ဆာလံ သီချင်း ကို ဆိုကြလော့။ အံ့ဘွယ် သော အမှုတော်အပေါင်း တို့ကို ဟောပြော ကြလော့။
3 Glory ye in his holy name. Let the heart of those who seek Jehovah rejoice.
၃သန့်ရှင်း သောနာမ တော်၌ ဝါကြွား ဝမ်းမြောက်ကြလော့။ ထာဝရဘုရား ကို ရှာ သောသူတို့သည် စိတ် နှလုံးရွှင်လန်း ကြစေ။
4 Seek ye Jehovah and his strength. Seek his face evermore.
၄ထာဝရဘုရား နှင့် တန်ခိုး တော်ကို ရှာ ကြလော့။ မျက်နှာ တော်ကို အစဉ် မပြတ်ရှာ ကြလော့။
5 Remember his marvelous works that he has done, his wonders, and the judgments of his mouth,
၅စီရင်တော်မူသောအံ့ဩ ဘွယ်တို့ကို၎င်း၊ ထူးဆန်း သော အမှု တော်တို့နှင့် နှုတ်ထွက် ပညတ် တို့ကို၎င်း အောက်မေ့ ကြလော့။
6 O ye seed of Abraham his servant, ye sons of Jacob, his chosen.
၆ထာဝရ ဘုရား၏ကျွန် အာဗြဟံ အမျိုး ၊ ရွေးကောက် တော်မူသောယာကုပ် အနွှယ် တို့၊
7 He is Jehovah our God. His judgments are in all the earth.
၇ကိုယ်တော် မြတ် ထာဝရဘုရား သည် ငါ တို့ ဘုရား သခင်ဖြစ်တော်မူ၏။ မြေကြီး တပြင်လုံး ၌ တရား စီရင် ပိုင်တော်မူ၏။
8 He has remembered his covenant forever, the word which he commanded to a thousand generations,
၈ငါသည်သင် တို့အမွေခံ ရာဘို့ခါနာန် ပြည် ကို သင် ၌ ပေး မည်ဟု ငါတို့အမျိုးသည် အရေ အတွက်အားဖြင့်မများ၊
9 which he made with Abraham, and his oath to Isaac,
၉အလွန်နည်း ၍ ထိုပြည် ၌ ဧည့်သည် ဖြစ် လျက်နေသောအခါ၊
10 and confirmed the same to Jacob for a statute, to Israel for an everlasting covenant,
၁၀အာဗြဟံ ၌ ဂတိထား၍ ၊ ဣဇာက် ၌ ကျိန်ဆို တော်မူလျက်၊
11 saying, To thee I will give the land of Canaan, the lot of your inheritance,
၁၁ယာကုပ် ၌ မြဲမြံ သောတရား ၊ ဣသရေလ ၌ နိစ္စ ထာဝရပဋိညာဉ် ဖြစ်စေခြင်းငှါ၊
12 when they were but a few men in number, yea, very few, and sojourners in it.
၁၂လူမျိုး အဆက်တထောင် တိုင်အောင် မိန့်မြွက် တော်မူသောနှုတ်ကပတ် တည်းဟူသော ဝန်ခံ ခြင်းတရားတော်ကို အစဉ်အမြဲ အောက်မေ့ တော်မူ၏။
13 And they went about from nation to nation, From one kingdom to another people.
၁၃သူတို့သည် တမြို့ မှ တမြို့ သို့ ၎င်း၊ တနိုင်ငံ မှ တနိုင်ငံ သို့ ၎င်း၊ လှည့်လည် ၍ သွားကြသောအခါ၊
14 He allowed no man to do them wrong. Yea, he reproved kings for their sakes,
၁၄သူ တို့ကို ညှဉ်းဆဲ စေခြင်းငှါ အဘယ်သူ အားမျှ အခွင့်ပေး တော်မ မူ။ သူ တို့အတွက် လည်းရှင်ဘုရင် တို့ကို ဆုံးမ လျက်၊
15 saying, Touch not my anointed men, and do my prophets no harm.
၁၅ငါ့ ထံ၌ ဘိသိတ် ခံသောသူတို့ကို မ ထိ မခိုက်နှင့်။ ငါ ၏ ပရောဖက် တို့ကို အပြစ် မ ပြုနှင့်ဟု မိန့်တော်မူ၏။
16 And he called for a famine upon the land. He broke the whole staff of bread.
၁၆တဖန်တုံ ၊ ထိုပြည် ၌ မွတ်သိပ် ခြင်းဘေးကို ခေါ် ၍၊ အစာ အာဟာရတည်းဟူသောအထောက် အပင့် ရှိသမျှ ကို ချိုးဖျက် တော်မူသောအခါ၊
17 He sent a man before them. Joseph was sold for a servant.
၁၇ကျွန် ဖြစ်စေ ဘို့ အရောင်း ခံရသောယောသပ် ကို သူ တို့ရှေ့ မှာ စေလွှတ် တော်မူ၏။
18 They hurt his feet with fetters. He was placed in iron.
၁၈သူ့ ကိုခြေ ချင်းခတ်၍ သံ နှင့် ညှဉ်းဆဲ ကြ၏။
19 Until the time that his word came to pass, the word of Jehovah tried him.
၁၉သူ ၏စကား မ ပြည့်စုံ မှီတိုင်အောင်၊ ထာဝရ ဘုရား ၏ အမိန့် တော်အတိုင်း စုံစမ်း ခြင်းကို ခံရ၏။
20 The king sent and released him, even the ruler of peoples, and let him go free.
၂၀လူ တို့ကို အစိုးရ သောအရှင်တည်းဟူသော ရှင် ဘုရင်သည် စေလွှတ် ၍ သူ့ ကို နှုတ် ပြီးမှ ချမ်းသာ ပေးတော်မူ၏။
21 He made him lord of his house, and ruler of all his substance,
၂၁သူသည် မိမိ အလိုရှိ သည်အတိုင်း မင်း အရာရှိ တို့ကို ချည်နှောင် ၍၊
22 to bind his rulers at his pleasure, and teach his elders wisdom.
၂၂မှူးတော်မတ်တော်တို့ကို ဆုံးမ ပိုင် သော အခွင့်နှင့် နန်းတော် အုပ် ၊ နိုင်ငံ တော်အုပ် အရာ၌ ထိုသူ ကို ခန့် ထားတော်မူ၏။
23 Israel also came into Egypt, and Jacob sojourned in the land of Ham.
၂၃ဣသရေလ သည်လည်း အဲဂုတ္တု ပြည်သို့ ရောက် လာ၍ ၊ ယာကုပ် သည် ဟာမ အမျိုးနေရာပြည် ၌ တည်းခို ၏။
24 And he increased his people greatly, and made them stronger than their adversaries.
၂၄ဘုရားသခင်သည် မိမိ လူ တို့ကို အလွန် များပြား စေ၍ ၊ ရန်သူ တို့ထက် အားကြီး စေတော်မူ၏။
25 He turned their heart to hate his people, to deal craftily with his servants.
၂၅မိမိ လူ တို့ကို ရန်သူတို့သည်မုန်း ၍၊ မိမိ ကျွန် တို့ကို ပရိယာယ် ပြုမည် အကြောင်း ၊ ထိုသူ တို့ စိတ် နှလုံးကို ပြောင်းလဲ စေတော်မူ ၏။
26 He sent Moses his servant, and Aaron whom he had chosen.
၂၆တဖန်မိမိ ကျွန် မောရှေ နှင့် ရွေးကောက် တော်မူသော အာရုန် ကို စေလွှတ် တော်မူ၏။
27 They set among them his signs and wonders in the land of Ham.
၂၇အဲဂုတ္တုပြည်သားတို့တွင်၊ လက္ခဏာ သက်သေ တော်တို့ကိုပြ ၍ ၊ ဟာမ အမျိုးနေရာပြည် ၌ အံ့ဘွယ် သော အမှုတို့ကို ပြုကြ၏။
28 He sent darkness, and made it dark. And they rebelled against his words.
၂၈မှောင်မိုက် ကိုစေလွှတ် ၍ ၊ မိုက်မဲ စေတော်မူ၏။ သူတို့သည် နှုတ်ကပတ် တော်ကို ဆန့်ကျင် ဘက်မ ပြုရကြ။
29 He turned their waters into blood, and killed their fish.
၂၉သူ တို့ရေ များကို အသွေး ဖြစ်စေ ၍ ၊ ငါး များကို သေ စေတော်မူ၏။
30 Their land swarmed with frogs in the chambers of their kings.
၃၀သူ တို့မြေ သည် များစွာသော ဘား တို့ကို မင်း အိပ်ရာအခန်း တို့ ၌ ပင်ဘွား လေ၏။
31 He spoke, and there came swarms of flies, and lice in all their borders.
၃၁အမိန့် တော်ရှိ၍ ယင်ရဲ နှင့်ခြင် တို့သည် တပြည်လုံး ကို နှံ့ပြား ကြ၏။
32 He gave them hail for rain, and flaming fire in their land.
၃၂မိုဃ်းရေ အစား မိုဃ်းသီး ကို၎င်း၊ သူ တို့မြေ ပေါ် မှာ မီးလျှံ ကို၎င်းပေး တော်မူ၏။
33 He also smote their vines and their fig trees, and broke the trees of their borders.
၃၃သူ တို့စပျစ် နွယ်ပင်နှင့် သင်္ဘော သဖန်းပင်တို့ကို ထိခိုက် ၍ ၊ တပြည်လုံး ၌ရှိသောသစ်ပင် များကို ချိုး တော်မူ ၏။
34 He spoke, and the locust came, and the grasshopper, and that without number,
၃၄အမိန့် တော်ရှိ၍ မ ရေတွက်နိုင်အောင်၊ အရာဘကျိုင်း နှင့် ယာလက်ကျိုင်း တို့သည် လာ ၍၊
35 and ate up every herb in their land, and ate up the fruit of their ground.
၃၅သူ တို့ပြည် မှာ ဟင်းသီး ဟင်းရွက်ရှိသမျှ တို့ကို၎င်း ၊ မြေဩဇာ အသီး အနှံတို့ကို၎င်း ကိုက်စား ကြ၏။
36 He also smote all the firstborn in their land, the chief of all their strength.
၃၆သူ တို့အစွမ်း သတ္တိ အထွဋ် အမြတ်တည်းဟူသောသူ တို့ ပြည် မှာ သားဦး အပေါင်း တို့ကို ဒဏ်ခတ် တော်မူ၏။
37 And he brought them forth with silver and gold, and there was not a feeble soul among his tribes.
၃၇မိမိလူတို့ကို ရွှေ ငွေ ပါလျက် ထုတ် ဆောင်တော်မူ ၍ ၊ သူ တို့အစုစု ၌ အားနည်း သော သူတ ယောက်မျှမရှိ။
38 Egypt was glad when they departed, for the fear of them had fallen upon them.
၃၈အဲဂုတ္တု ပြည်သည် သူ တို့ကို ကြောက် သောကြောင့်၊ သူ တို့သည် ထွက်သွား သောအခါ တပြည်လုံးဝမ်းမြောက် ၏။
39 He spread a cloud for a covering, and fire to give light in the night.
၃၉သူတို့အပေါ်မှာ မိုဃ်းတိမ် ကိုဖြန့် မိုး ၍ ၊ ညဉ့် အခါ လင်း စရာဘို့ မီး ကိုပေးတော်မူ၏။
40 They asked, and he brought quails, and satisfied them with the bread of heaven.
၄၀သူတို့သည် တောင်း သောအခါ ငုံး များကို ဆောင် ခဲ့တော်မူ၍ ၊ သူ တို့ကို ကောင်းကင် မုန့် နှင့် ရောင့်ရဲ စေတော်မူ၏။
41 He opened the rock, and waters gushed out. They ran in the dry places like a river.
၄၁ကျောက် ကိုလည်း ဖွင့်လှစ် တော်မူသဖြင့် ၊ ရေ သည် ထွက် ၍ သွေ့ ခြောက်သောအရပ်၌ မြစ် ကဲ့သို့စီးသွား လေ၏။
42 For he remembered his holy word, and Abraham his servant.
၄၂အကြောင်း မူကား၊ မိမိ ကျွန် အာဗြဟံ ၌ ထားခဲ့ ဘူးသော သန့်ရှင်း သော ဂတိတော် ကို အောက်မေ့ တော်မူ ၏။
43 And he brought forth his people with joy, and his chosen with singing.
၄၃ရွေးကောက် တော်မူသောမိမိ လူ တို့ကို ဝမ်းမြောက် ရွှင်လန်း ခြင်းနှင့်တကွ ထုတ် ဆောင်တော်မူ၏။
44 And he gave them the lands of the nations, and they took the labor of the peoples in possession,
၄၄သူတို့သည် အထုံးအဖွဲ့တော်တို့အတိုင်း ကျင့်၍၊ ပညတ် တရားတော်ကို စောင့်ရှောက် မည်အကြောင်း၊
45 that they might keep his statutes, and observe his laws. Praise ye Jehovah.
၄၅တပါးအမျိုးသား တို့၏မြေ ကို ပေး တော်မူသဖြင့် ၊ သူတို့ သည် အခြားသောလူတို့၏ အလုပ်ထဲသို့ ဝင်စားရကြ၏။ ဟာလေလုယ။