< Job 33 >
1 However, Job, I pray thee, hear my speech, and hearken to all my words.
၁သို့ဖြစ်၍အို ယောဘ ၊ ငါ မြွက်ဆို သောစကား အလုံးစုံ တို့ကို နားထောင် နာယူ ပါလော့။
2 Behold now, I have opened my mouth. My tongue has spoken in my mouth.
၂ငါသည် ယခု နှုတ် ကိုဖွင့် ၍ လျှာ နှင့်မြွက်ဆို သောအခါ၊
3 My words shall utter the uprightness of my heart, and that which my lips know they shall speak sincerely.
၃ငါ သဘော ဖြောင့် သည်နှင့်အညီငါ့ စကား ဖြောင့်လိမ့်မည်။ ငါ့ နှုတ် သည်ရှင်းလင်း သော ပညာ စကား ကို မြွက်ဆို လိမ့်မည်။
4 The Spirit of God has made me, and the breath of the Almighty gives me life.
၄ဘုရား သခင်၏ဝိညာဉ် တော်သည် ငါ့ ကို ဖန်ဆင်း တော်မူပြီ။ အနန္တ တန်ခိုးရှင်၏ အသက် တော် သည် ငါ့ ကို အသက် ရှင်စေတော်မူပြီ။
5 If thou can, answer thou me. Set thy words in order before me. Stand forth.
၅သင်သည်တတ်နိုင် လျှင် ငါ့ ကို ပြန် ပြောလော့။ ကိုယ် စကားကို ပြင်ဆင် လော့။ ကြိုးစား လော့။
6 Behold, I am toward God even as thou are. I also am formed out of the clay.
၆ဘုရား သခင့်ရှေ့ မှာ ငါ သည်သင် နှင့်တူ ၏။ ငါ သည်လည်း မြေမှုန့် ဖြင့် ဖန်ဆင်း တော်မူရာဖြစ်၏။
7 Behold, my terror shall not make thee afraid, nor shall my pressure be heavy upon thee.
၇သင် သည် ကြောက်ရွံ့ ရမည်အကြောင်းငါ ၌ ကြောက်မက် ဘွယ်သော အရာမ ရှိ။ သင့် အပေါ် မှာ ငါ သည် လေးသောလက် ကိုမတင်။
8 Surely thou have spoken in my hearing, and I have heard the voice of thy words, saying,
၈အကယ် စင်စစ်သင့်စကား သံ ကို ငါကြား သည် အတိုင်း သင်မြွက်ဆို သောစကားဟူမူကား၊
9 I am clean, without transgression. I am innocent, neither is there iniquity in me.
၉ငါ သည် စင်ကြယ် သောသဘောရှိ၏။ ပြစ်မှား ခြင်းကို မ ပြုတတ်။ ငါ ၌အပြစ် မ ရှိ။ သန့်ရှင်း ခြင်းရှိ၏။
10 Thou say, Behold, he finds occasions against me. He counts me for his enemy.
၁၀ဘုရားသခင်သည် ငါ ၌ အပြစ်တင်ခွင့်ကို ရှာ တော်မူ၏။ ငါ့ ကို ရန်သူ ကဲ့သို့ မှတ် တော်မူ၏။
11 He puts my feet in the stocks. He marks all my paths.
၁၁ငါ့ ကို ထိတ်ခတ် တော်မူ၏။ ငါ ထွက်ရာလမ်း ရှိသမျှ တို့ ကို စောင့် တော်မူ၏ဟု ဆိုမိပြီ။
12 Behold, I will answer thee. In this thou are not just, for God is greater than man.
၁၂ထိုသို့ ဆိုသော်မှား ပြီ။ ငါပြန် ပြောသောစကားဟူမူကား၊ အကယ် စင်စစ်ဘုရား သခင်သည် လူ ထက် ကြီးမြတ် တော်မူ၏။
13 Why do thou strive against him because he does not give account of any of his matters?
၁၃ဘုရားသခင်နှင့်အဘယ်ကြောင့် ဆန့်ကျင် ဘက် ပြုသနည်း။ ပြုတော်မူသောအမှု တို့၏အကြောင်း ကို ပြတော်မ မူ။
14 For God speaks once, yea twice, though man does not regard it.
၁၄ဘုရား သခင်သည် တကြိမ် မိန့်မြွက် တော်မူ၏။ လူမ ရိပ်မိ လျှင် နှစ် ကြိမ်တိုင်အောင် မိန့်မြွက်တော်မူ၏။
15 In a dream, in a vision of the night, when deep sleep falls upon men, in slumberings upon the bed.
၁၅လူ သည်အိပ်ရာ ပေါ် မှာငိုက် လျက် အိပ်ပျော် လျက်နေသောအခါ အိပ်မက် မြင်၍၊ ညဉ့် ရူပါရုံ ကို ခံရသောအားဖြင့်၊
16 Then he opens the ears of men, and seals their instruction
၁၆ဘုရားသခင်သည် လူ ၏နား ကို ဖွင့် ၍ ဆုံးမ ပေးတော်မူတတ်၏။
17 that he may withdraw man from his purpose, and hide pride from man.
၁၇ထိုသို့လူ သည် မိမိအကြံ ကိုစွန့် စေ ခြင်းငှါ၎င်း ၊ မာန် မာနနှင့် ကင်းလွတ် စေခြင်းငှါ၎င်း ပြုတော်မူ၏။
18 He keeps back his soul from the pit, and his life from perishing by the sword.
၁၈သူ ၏အသက် ကို သင်္ချိုင်းတွင်း မှ ကွယ်ကာ ၍ ၊ ထား ဘေးဖြင့် မသေစေခြင်းငှါ စောင့်မ တော်မူ၏။
19 He also is chastened with pain upon his bed, and with continual strife in his bones,
၁၉လူသည် အိပ်ရာ ပေါ် မှာနာ ခြင်းဝေဒနာကို ခံရ၍၊ အရိုး ရှိသမျှ တို့သည် ပြင်းထန် စွာ ကိုက်ခဲသဖြင့်၊
20 so that his life abhors bread, and his soul dainty food.
၂၀မုန့် နှင့်မြိန် သော ခဲဘွယ် စားဘွယ်တို့ကို သူ ၏ စိတ် ဝိညာဉ်သည် ရွံ့ရှာ ၏။
21 His flesh is consumed away that it cannot be seen. And his bones that were not seen stick out.
၂၁အသားအရေ ပိန် လျော့ ကွယ်ပျောက်၍၊ မ ထင်ရှား ဘူးသော အရိုး တို့လည်း ပေါ် ကြ၏။
22 Yea, his soul draws near to the pit, and his life to the destroyers.
၂၂အသက် ဝိညာဉ် သည် သင်္ချိုင်း တွင်းနားသို့ ၎င်း၊ ဖျက်ဆီး သော တမန်လက်သို့ ၎င်း ရောက် လုပြီ။
23 If there be with him an agent, an interpreter, one among a thousand, to show to man what is right for him,
၂၃သို့ရာတွင်လူ တို့အား တရား လမ်းကို ပြ စေ ခြင်းငှါ၊ တ ထောင် တွင် အထွဋ်ဖြစ်၍၊ တရား စကားကို ပြန်တတ် သော တမန် ရှိ လျှင်၊
24 then God is gracious to him, and says, Deliver him from going down to the pit; I have found a ransom.
၂၄ဘုရားသခင်က၊ သင်္ချိုင်း တွင်းထဲသို့ထိုသူ ကို မဆင်း စေဘဲ ကယ်တင် လော့။ ရွေး ရာအကြောင်းကို ငါတွေ့ ပြီဟု ကရုဏာ စိတ်ရှိ၍ မိန့် တော်မူသောအားဖြင့်၊
25 His flesh shall be fresher than a child's. He returns to the days of his youth.
၂၅ထိုသူသည် သူငယ် ထက် အသားအရေ နုထွား ၍ ပျို သောအသက်နှင့်တဖန် ပြည့်စုံလိမ့်မည်။
26 He prays to God, and he is favorable to him, so that he sees his face with joy, and he restores to man his righteousness.
၂၆ဘုရား သခင်ကို ဆုတောင်း ၍ကျေးဇူး တော်ကိုခံရသဖြင့် ၊ ဝမ်းမြောက် သောစိတ်နှင့် မျက်နှာ တော်ကို ဖူးမြင် ရလိမ့်မည်။ ဖြောင့်မတ် ခြင်းအကျိုးကို လူ တို့အား ဘုရားသခင်ပေးတော်မူတတ်၏။
27 He sings before men, and says, I have sinned, and perverted that which was right, and it did not profit me.
၂၇သူကလည်း ၊ ငါသည် ပြစ်မှား ပါပြီ။ မှန် သော တရားကိုမှောက် ပါပြီ။ သို့သော်လည်း ကိုယ် ခံထိုက်သော အပြစ်ကိုမ ခံရ ဘဲ၊
28 He has redeemed my soul from going into the pit, and my life shall behold the light.
၂၈သင်္ချိုင်း တွင်းထဲ သို့ ငါ့ ကိုမဆင်း စေဘဲ ကယ်တင် တော်မူသဖြင့် ၊ ငါ့ အသက် သည် မှောင်မိုက်နှင့် လွတ် လျက်ရှိ၏ဟု လူ တို့တွင် သီချင်းဆိုရလိမ့်မည်။
29 Lo, all these things God works twice, yea thrice, with a man,
၂၉ထိုသို့ ဘုရား သခင်သည် လူ တို့၌ ရံခါရံခါစီရင် တော်မူသဖြင့်၊
30 to bring back his soul from the pit, that he may be enlightened with the light of the living.
၃၀သင်္ချိုင်း တွင်းမှ နှုတ် ယူ၍၊ အသက် ရှင်သောသူတို့ ၏အလင်း နှင့် လင်း စေတော်မူ၏။
31 Mark well, O Job, hearken to me. Keep silent, and I will speak.
၃၁အိုယောဘ ၊ ငါ့ စကားကို သတိနှင့်နားထောင် လော့။ တိတ်ဆိတ် စွာနေလော့။ ငါ ပြော ပါမည်။
32 If thou have anything to say, answer me. Speak, for I desire to justify thee.
၃၂သို့သော်လည်းပြော စရာရှိ လျှင် ပြန် ပြောလော့။ သင့် ကို အပြစ် လွတ်စေခြင်းငှါ၊ ငါအလိုရှိ သောကြောင့် စကားပြော လော့။
33 If not, hearken thou to me. Keep silent, and I will teach thee.
၃၃ပြောစရာမ ရှိလျှင် ၊ တိတ်ဆိတ် စွာနေ၍ ငါ့ စကားကို နားထောင် လော့။ ပညာ ကိုငါသွန်သင် ပါမည် ဟု မြွက်ဆို၏။