< Job 23 >
1 Then Job answered and said,
၁ယောဘ ပြန် ၍ မြွက်ဆိုသည်ကား၊
2 Even today my complaint is rebellious. My stroke is heavier than my groaning.
၂ယခုငါ ပြင်းစွာ မြည်တမ်း သော်လည်း၊ ငါ ခံရသောဒဏ် သည် သာ၍ပြင်း ပါ၏။
3 O that I knew where I might find him, that I might come even to his seat!
၃ဘုရားသခင်ကိုတွေ့ နိုင်သော အရပ်ကို ငါသိ ပါစေသော။ ပလ္လင် တော်ရှေ့သို့ ရောက် ပါစေသော။
4 I would set my case in order before him, and fill my mouth with arguments.
၄ရှေ့ တော်သို့ရောက်မှ ငါသည် ကိုယ်အမှု ကိုပြင်ဆင် ၍ ၊ များစွာသောအကျိုး အကြောင်းတို့ကို လျှောက်ထားရ၏။
5 I would know the words which he would answer me, and understand what he would say to me.
၅ငါ့ အား ပြန်ပြော မိန့်မြွက် တော်မူသောစကား တော်ကို ငါသိ နားလည် ရ၏။
6 Would he contend with me in the greatness of his power? No, but he would give heed to me.
၆မဟာ တန်ခိုး တော်အားဖြင့် ငါ နှင့် တရား တွေ့တော်မူမည်လော။ တွေ့တော်မ မူ။ ငါ့စကားကို နားထောင်တော်မူမည်။
7 There the upright might reason with him. So I should be delivered forever from my judge.
၇ဖြောင့်မတ် သောသူသည် ရှေ့ တော်၌ဆွေးနွေး သော အခွင့်ရှိ၍ ၊ တရား ရှင်သည် ငါ့အမှုကို အစဉ် ရှင်းလင်း စေတော်မူမည်။
8 Behold, I go forward, but he is not there, and backward, but I cannot perceive him,
၈ယခုမူကား၊ ငါတက် လျှင် ဘုရား သခင်ရှိတော်မ မူ။ ဆုတ် လျှင် ကိုယ်တော် ကို မ ရိပ်မိ၊
9 on the left hand, when he works, but I cannot behold him. He hides himself on the right hand, that I cannot see him.
၉လုပ် တော်မူရာ လက်ဝဲ ဘက်သို့သွားလျှင် ကိုယ်တော်ကို မ ဖူး မတွေ့ရ။ လက်ျာ ဘက်၌ ပုန်းရှောင် လျက် နေတော်မူသောကြောင့် ၊ ကိုယ်တော်ကိုမ မြင် ရ။
10 But he knows the way that I take. When he has tried me, I shall come forth as gold.
၁၀သို့သော်လည်း ငါ သွားသောလမ်း ကို သိ တော်မူ၏။ စစ် တော်မူခြင်းကိုခံ ပြီးမှ၊ ရွှေ ကဲ့သို့ ငါပေါ် လိမ့်မည်။
11 My foot has held fast to his steps. I have kept his way, and not turned aside.
၁၁ခြေ တော်ရာကို အစဉ်တစိုက် ငါရှောက်သွား၍၊ ကြွတော်မူရာလမ်း ကို မ လွှဲ မရှောင်လိုက်ပါ၏။
12 I have not gone back from the commandment of his lips, I have treasured up the words of his mouth more than my necessary food.
၁၂ထားတော်မူသောပညတ် တို့ကို ငါမ ပယ်။ နှုတ် တော်ထွက် စကား တို့ကို ငါ ရင်ခွင်၌ သိုထား ပါ၏။
13 But he is in one mind, and who can turn him? And what his soul desires, even that he does.
၁၃သို့ရာတွင် သဘောတညီတည်း ရှိတော်မူသောဘုရား သခင်ကို အဘယ်သူ သည် ပြောင်းလဲ စေနိုင်မည်နည်း။ အလို တော်ရှိသည်အတိုင်း ပြု တော်မူလိမ့်မည်။
14 For he performs that which is appointed for me. And many such things are with him.
၁၄ငါ့ အငန်း အတာကို စီရင် တော်မူ၏။ ထိုသို့ သော အကြံအစည်တော်အများ ရှိကြ၏။
15 Therefore I am terrified at his presence. When I consider, I am afraid of him.
၁၅ထိုကြောင့် ရှေ့ တော်၌ ငါထိတ်လန့် လျက်နေ၍ ဆင်ခြင် သောအခါ ၊ ကိုယ်တော် ကို ကြောက်ရွံ့ ရ၏။
16 For God has made my heart faint, and the Almighty has terrified me,
၁၆ဘုရား သခင်သည် ငါ့ စိတ် ပျက် စေခြင်းငှါ၎င်း ၊ အနန္တ တန်ခိုးရှင်သည် ငါ ကြောက်ရွံ့ စေခြင်းငှါ၎င်း ပြုတော်မူ၏။
17 because I was not cut off before the darkness, nor did he cover the thick darkness from my face.
၁၇အကြောင်း မူကား၊ မှောင်မိုက် မရောက်မှီ ငါ့ကို ပယ်ရှင်း တော်မ မူ၊ ထူထပ်သောမှောင်မိုက် မှ ငါ့ ကို ကွယ်ကာ တော်မမူပါတကား။