< Isaiah 61 >

1 The Spirit of the lord Jehovah is upon me, because Jehovah has anointed me to preach good news to the poor. He has sent me to heal the broken-hearted, to proclaim liberty to the captives, and recovering of sight to the blind, and the opening of bonds to those who are bound,
ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် ငါ့​ကို​တန်​ခိုး​နှင့်​ပြည့်​ဝ​စေ​တော်​မူ​ပြီ။ ဆင်း​ရဲ​သူ​တို့​အ​တွက်​သ​တင်း​ကောင်း​ကို ယူ​ဆောင်​ကာ၊စိတ်​နှ​လုံး​ကြေ​ကွဲ​သူ​တို့​၏ အ​နာ ရော​ဂါ​ကို​ပျောက်​ကင်း​စေ​၍၊ ပြည်​နှင်​ဒဏ်​ခံ​ရ​သူ​များ​နှင့်​အ​ချုပ်​အ​နှောင်​ခံ​ရ သူ​တို့​အား​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ကို​ကြေ​ညာ​ရန်၊ ကိုယ်​တော်​သည်​ငါ့​ကို​ရွေး​ချယ်​စေ​လွှတ်​တော် မူ​လေ​ပြီ။
2 to proclaim the acceptable year of Jehovah, and the day of vengeance of our God, to comfort all who mourn,
ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား ကယ်​တင်​တော်​မူ​၍ ရန်​သူ​တို့​အား​ဖြို​ခွင်း​တော်​မူ​သည့်​အ​ချိန် ကျ​ရောက်​ပြီ​ဖြစ်​ကြောင်း​ကြေ​ညာ​ရန်​ငါ့​ကို စေ​လွှတ်​တော်​မူ​ပြီ။ ဝမ်း​နည်း​ပူ​ဆွေး​သူ​အ​ပေါင်း​တို့​အား နှစ်​သိမ့်​မှု​ပေး​ရန်၊
3 to appoint to those who mourn in Zion, to give to them a garland for ashes, the oil of joy for mourning, the garment of praise for the spirit of heaviness, that they may be called trees of righteousness, the planting of Jehovah, that he may be glorified.
ဇိ​အုန်​မြို့​တွင်​ပူ​ဆွေး​ဝမ်း​နည်း​နေ​သူ​တို့​အား ပူ​ဆွေး​ခြင်း​အ​စား ဝမ်း​မြောက်​ခြင်း​ကို​လည်း​ကောင်း၊ ဝမ်း​နည်း​ခြင်း​အ​စား​ထော​မ​နာ​သီ​ချင်း ကို​လည်း​ကောင်း ပေး​ရန်​ကိုယ်​တော်​သည်​ငါ့​အား​စေ​လွှတ်​တော်​မူ​ပြီ။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို ထင်​ရှား​စေ​ရန် ကိုယ်​တော်​တိုင်​စိုက်​တော်​မူ​သော​ဖြောင့်​မတ်​ခြင်း တည်း​ဟူ​သော ဝက်​သစ်​ချ​ပင်​များ​သ​ဖွယ်​စို​ပြေ​ဖွံ့​ဖြိုး​ကြ​လိမ့်​မည်။
4 And they shall build the old wastes. They shall raise up the former desolations, and they shall repair the waste cities, the desolations of many generations.
သူ​တို့​သည်​ကာ​လ​ကြာ​မြင့်​စွာ ပျက်​စီး​ယို​ယွင်း​နေ​ခဲ့​သော​မြို့​များ​ကို ပြန်​လည်​တည်​ဆောက်​၍​အ​သစ်​ပြု​ပြင် ကြ​လိမ့်​မည်။
5 And strangers shall stand and feed your flocks, and foreigners shall be your plowmen and your vinedressers.
အို ငါ​၏​လူ​များ​တို့၊ လူ​မျိုး​ခြား​တို့​သည်​သင်​တို့​ကို အ​စေ​ခံ​ကြ​လိမ့်​မည်။ သင်​တို့​၏​လယ်​ယာ​များ​ကို​ထွန်​ယက်​ကာ​သင်​တို့ စ​ပျစ်​ဥ​ယျာဉ်​များ​ကို​ပြု​စု​ကြ​လိမ့်​မည်။
6 But ye shall be named the priests of Jehovah. Men shall call you the ministers of our God. Ye shall eat the wealth of the nations, and in their glory ye shall boast yourselves.
သင်​တို့​မူ​ကား၊ထာ​ဝ​ရ​ဘု​ရား​၏​ယဇ်​ပု​ရော ဟိတ်​များ၊ ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကြီး​များ​ဟု နာ​မည်​တွင်​လျက်၊ လူ​မျိုး​တ​ကာ​တို့​၏​စည်း​စိမ်​ချမ်း​သာ​များ​ကို ခံ​စား​ကာ၊ ယင်း​သို့​ခံ​စား​ရ​သည့်​အ​တွက်​ဂုဏ်​ယူ ဝါ​ကြွား​ကြ​လိမ့်​မည်။
7 Instead of your shame ye shall have double, and instead of dishonor they shall rejoice in their portion. Therefore in their land they shall possess double. Everlasting joy shall be to them.
သင်​တို့​၏​အ​ရှက်​ကွဲ​အ​ကျိုး​နည်း​မှု​များ​သည် ဆုံး​ခန်း​တိုင်​ရောက်​လေ​ပြီ။ သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ပိုင်​ပြည်​တွင်​နေ​ထိုင်​ရ​လျက်၊ သင်​တို့​၏​ပစ္စည်း​ဥစ္စာ​များ​သည်​လည်း​နှစ်​ဆ တိုး​၍​လာ​လိမ့်​မည်။ သင်​တို့​သည်​ထာ​ဝ​စဉ်​ဝမ်း​မြောက်​ပျော်​ရွှင် ရ​ကြ​လိမ့်​မည်။
8 For I, Jehovah, love justice. I hate robbery with iniquity. And I will give them their recompense in truth. And I will make an everlasting covenant with them.
ထာ​ဝ​ရ​ဘု​ရား​က ``ငါ​သည်​တ​ရား​မျှ​တ​မှု​ကို​နှစ်​သက်​မြတ်​နိုး​၍ လု​ယက်​မှု​နှင့်​နှိပ်​စက်​ညှဉ်း​ဆဲ​မှု​ကို​မုန်း​၏။ ငါ​၏​လူ​မျိုး​တော်​အား​သစ္စာ​ရှိ​စွာ ဆု​လာဘ်​များ​ကို​ပေး​အပ်​မည်။ သူ​တို့​နှင့်​လည်း​ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ကို​ငါ​ပြု​မည်။
9 And their seed shall be known among the nations, and their offspring among the peoples. All who see them shall acknowledge them, that they are the seed which Jehovah has blessed.
သူ​တို့​သည်​လူ​မျိုး​တ​ကာ​တို့​တွင်​ထင်​ပေါ် ကျော်​ကြား​ကြ​လိမ့်​မည်။ သူ​တို့​ကား​ငါ​၏​ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​စား​ရ​ကြ​သူ​များ​ဖြစ်​ကြောင်း သူ​တို့​ကို​မြင်​သူ​အ​ပေါင်း​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။
10 I will greatly rejoice in Jehovah. My soul shall be joyful in my God, for he has clothed me with the garments of salvation. He has covered me with the robe of righteousness, as a bridegroom decks himself with a garland, and as a bride adorns herself with her jewels.
၁၀ယေ​ရု​ရှ​လင်​မြို့​သည်​ထာ​ဝ​ရ​ဘု​ရား​ပြု တော်​မူ​သော အ​မှု​တော်​အ​တွက်​ရွှင်​လန်း​ဝမ်း​မြောက်​ရ​လိမ့်​မည်။ သူ​သည်​မ​င်္ဂ​လာ​ဆောင်​ပွဲ​အ​တွက်​ဝတ်​စား တန်​ဆာ​ဆင်​ထား​သည့်​သ​တို့​သ​မီး​နှင့်​တူ​၏။ ဘု​ရား​သ​ခင်​သည်​သူ့​ကို​ကယ်​တင်​ခြင်း​နှင့် အောင်​မြင်​ခြင်း တို့​ဖြင့်​တန်​ဆာ​ဆင်​ပေး​တော်​မူ​ပါ​၏။
11 For as the earth brings forth its bud, and as the garden causes the things that are sown in it to spring forth, so the lord Jehovah will cause righteousness and praise to spring forth before all the nations.
၁၁မျိုး​စေ့​များ​သည်​အ​ညှောက်​ထိုး​၍​အ​ပင် ပေါက်​သ​ကဲ့​သို့၊ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် မိ​မိ​၏​လူ​မျိုး​တော်​အား​အ​မှန်​ပင် ကယ်​တင်​တော်​မူ​လိမ့်​မည်။ လူ​မျိုး​တ​ကာ​တို့​သည်​လည်း​ကိုယ်​တော်​ကို ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။

< Isaiah 61 >