< Isaiah 13 >

1 The burden of Babylon, which Isaiah the son of Amoz saw.
ဗာဗုလုန် မြို့ကို ရည်ဆောင်၍ အာမုတ် ၏သား ဟေရှာယ ခံရ သော ဗျာဒိတ် တော်အချက်ဟူမူကား၊
2 Set ye up an ensign upon the bare mountain. Lift up the voice to them. Wave the hand, that they may go into the gates of the nobles.
ရှင်းလင်း သော တောင် ပေါ် မှာအလံ ကို ထူ ကြ။ ကျယ်သောအသံနှင့် အော်ဟစ် ကြ။ လက် ကိုလှုပ် ကြ။ သူတို့သည် မင်း တို့နေရာတံခါး များကို ဝင် ကြစေ။
3 I have commanded my consecrated ones, yea, I have called my mighty men for my anger, even my proudly exulting ones.
ငါ သန့်ရှင်း စေသောသူတို့ ကို ငါ မှာ ထားပြီ။ ငါ ပေးသောဘုန်း အာနုဘော်ကြောင့် ဝမ်းမြောက် သောသူ၊ ငါ ၏သူရဲ တို့ကို ငါ့အမျက် ပြေစေခြင်းငှါ ငါခေါ် ပြီ။
4 The noise of a multitude in the mountains, as of a great people! The noise of a tumult of the kingdoms of the nations gathered together! Jehovah of hosts is mustering the army for the battle.
ကြီး စွာသော အလုံးအရင်း၏ အသံ ကဲ့သို့ တောင် တို့အပေါ် မှာ လူ များ၏ အသံ ဗလံ၊ စုဝေး သော တိုင်း သူပြည်သားများတို့၏ အုတ်အုတ် ကျက်ကျက်သော အသံ ဗလံရှိသည်နှင့်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် စစ်တိုက် ခြင်းငှါ၊ အလုံး အရင်းကိုစီရင် ခင်းကျင်းတော်မူ၏။
5 They come from a far country, from the outermost part of heaven, even Jehovah, and the weapons of his indignation, to destroy the whole land.
ထာဝရဘုရား နှင့် အတူတကွ အမျက် တော် လက်နက် တို့သည် တပြည် လုံး ကို ဖျက်ဆီး ခြင်းငှါ ၊ ဝေး သောပြည် ၊ ကောင်းကင် စွန်း မှ လာ ကြ၏။
6 Wail ye, for the day of Jehovah is at hand. It shall come as destruction from the Almighty.
ထာဝရဘုရား ၏နေ့ ရက်သည်နီး သောကြောင့်၊ ငိုကြွေး မြည်တမ်းကြလော့။အနန္တ တန်ခိုးရှင်စီရင်တော်မူသောဘေး အန္တရာယ်ကဲ့သို့ လာ လိမ့်မည်။
7 Therefore all hands shall be feeble, and every heart of man shall melt.
ထိုကြောင့် ၊ ရှိသမျှ သော လက် တို့သည် ကျ ကြ လိမ့်မည်။ လူ အပေါင်း တို့သည် စိတ် ပျက် ၍ ကြောက်လန့် ခြင်းသို့ ရောက်ကြလိမ့်မည်။
8 And they shall be dismayed. Pangs and sorrows shall take hold. They shall be in pain as a woman in travail. They shall look in amazement one at another, their faces, faces of flame.
နာ ခြင်းဝေဒနာ အမျိုးမျိုးကိုခံရ ကြလိမ့်မည်။ သားဘွား သော မိန်းမကဲ့သို့ ဝေဒနာ ကို ခံရလျက်၊ တယောက် ကိုတယောက်ကြည့်ရှု ၍မှိုင်တွေသဖြင့်၊ သူ တို့ မျက်နှာ သည် မီးလျှံ အဆင်း ရှိလိမ့်မည်။
9 Behold, the day of Jehovah comes, cruel, with wrath and fierce anger, to make the land a desolation, and to destroy the sinners thereof out of it.
ထိုပြည် ကို ဖျက်ဆီး ၍ ၊ အပြစ် ကြီးသော ပြည်သူပြည်သားတို့ကို သုတ်သင် ဖယ်ရှင်းခြင်းငှါ ၊ ထာဝရဘုရား ၏ ကြမ်းကြုတ် သောနေ့ ရက်သည် ပြင်းထန် သော ဒေါသ အမျက်ထွက်လျက်လာ လိမ့်မည်။
10 For the stars of heaven and the constellations of it shall not give their light. The sun shall be darkened in its going forth, and the moon shall not cause its light to shine.
၁၀မိုဃ်းကောင်းကင် ကြယ် နက္ခတ် တို့သည် အလင်း ကိုမ ပေး။ နေ သည်လည်း ထွက် သောအခါ မိုက် လျက်၊ လ သည်လည်း မထွန်း မ လင်းဘဲလျက်ရှိလိမ့်မည်။
11 And I will punish the world for the evil, and the wicked for their iniquity. And I will cause the arrogance of the proud to cease, and will lay low the haughtiness of the terrible.
၁၁ထိုလောကီ နိုင်ငံ၏ အပြစ် ကို၎င်း ၊ မတရား သောသူတို့ ၏ ဒုစရိုက် များကို၎င်းငါစစ်ကြော မည်။ မာန ကြီး သောသူတို့၏ ထောင်လွှားခြင်းကို ငါနှိပ်စက် ၍၊ ကြမ်းကြုတ် သောသူတို့၏ စော်ကား ခြင်းကို ငါနှိမ့်ချ မည်။
12 I will make a man more rare than fine gold, even a man than the pure gold of Ophir.
၁၂လူ သည် ရွှေ စင်ထက် အဘိုးထိုက်မည် အကြောင်း၊ ဆင်းရဲသား သည် ဩဖိရ ရွှေ ကျောက်ထက် အဘိုးထိုက်မည်အကြောင်းငါ ပြုမည်။
13 Therefore I will make the heavens to tremble, and the earth shall be shaken out of its place, in the wrath of Jehovah of hosts, and in the day of his fierce anger.
၁၃သို့ဖြစ်၍ ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရား ၏ ဒေါသ အမျက်တော်ပြင်း စွာထွက်သော နေ့ ရက် ၌ ၊ မိုဃ်းကောင်းကင် ကို ငါလှုပ်ရှား မည်။ မြေကြီး လည်း မိမိ နေရာ မှ ရွေ့ ရလိမ့်မည်။
14 And it shall come to pass, that as the chased roe, and as sheep that no man gathers, they shall turn every man to his own people, and shall flee every man to his own land.
၁၄ပြည်သားတို့သည် ကြောက်၍ပြေးသောဒရယ် မ၊ ထိန်းသိမ်း သူမ ရှိသော သိုး များကဲ့သို့ ဖြစ် ၍၊ အသီးအသီး မိမိ အမျိုးသား ချင်းတို့ကို မျက်နှာ ပြု၍ ၊ အသီးအသီး မိမိ ပြည် သို့ ပြေး ကြလိမ့်မည်။
15 Everyone who is found shall be thrust through, and everyone who is taken shall fall by the sword.
၁၅တွေ့ မိသမျှ သောသူတို့ ကို လှံနှင့်ထိုး ရ၏။ စုဝေး လျက်ရှိသောသူအပေါင်း တို့လည်း ထား ဖြင့် ဆုံး ကြ လိမ့်မည်။
16 Their infants also shall be dashed in pieces before their eyes. Their houses shall be rifled, and their wives ravished.
၁၆သူ တို့သားသမီး များကို သူ တို့မျက်မှောက်၌ မြေ ပေါ်မှာ ဆောင့် ဖွပ်လိမ့်မည်။ သူ တို့ အိမ် များကို လုယက် ၍ ၊ သူ တို့ မယား များကို အဓမ္မ ပြုကြလိမ့်မည်။
17 Behold, I will stir up the Medes against them, who shall not regard silver, and as for gold, they shall not delight in it.
၁၇ကြည့်ရှု လော့။ ငွေ ကို ပမာဏ မ ပြု၊ ရွှေ ကိုအလို မ ရှိသော မေဒိ လူများကို သူ တို့ တဘက် ၌ ငါ နှိုးဆော် မည်။
18 And their bows shall dash the young men in pieces. And they shall have no pity on the fruit of the womb; their eye shall not spare children.
၁၈သူတို့သည် လူပျို တို့ကို လေး နှင့်ရိုက်ခတ် ကြ လိမ့်မည်။ ကလေး တို့ကို မ သနား ကြ။ သူ တို့မျက်စိ သည် သူငယ် တို့ကို မ နှမြော ရ။
19 And Babylon, the glory of kingdoms, the beauty of the Chaldeans' pride, shall be as when God overthrew Sodom and Gomorrah.
၁၉တိုင်း နိုင်ငံတို့၏ အထွဋ် ၊ ခါလဒဲ အမျိုးသားတို့၏ ဘုန်း အသရေဖြစ်သော ဗာဗုလုန် မြို့သည် ဘုရား သခင်ဖျက်ဆီး တော်မူသောသောဒုံ မြို့နှင့် ဂေါမောရ မြို့ကဲ့သို့ ဖြစ် လိမ့်မည်။
20 It shall never be inhabited, nor shall it be dwelt in from generation to generation. Neither shall the Arabian pitch tent there, nor shall shepherds make their flocks to lie down there.
၂၀ထိုမြို့၌ ကာလအစဉ်၊ လူမျိုး အဆက်ဆက်အဘယ်သူမျှမ နေ ရ။ ထို မြို့၌ အာရပ် လူသည် တဲကိုမျှ မ ဆောက် ရ။ သိုးထိန်း တို့သည် သိုးခြံကိုမျှ မ လုပ် ရကြ။
21 But wild beasts of the desert shall lie there, and their houses shall be full of doleful creatures. And ostriches shall dwell there, and wild goats shall dance there.
၂၁တောသားရဲ တို့သည် ထို မြို့၌ အိပ် ကြလိမ့်မည်။ အိမ် တို့သည် မြည်တတ်သော တိရစ္ဆာန် များနှင့် အပြည့် ရှိကြလိမ့်မည်။ ကုလားအုပ် ငှက်တို့လည်း နေရာ ကျ၍ ၊ မျောက် တို့လည်း ကခုန် ကြလိမ့်မည်။
22 And wolves shall cry in their castles, and jackals in the pleasant palaces. And her time is near to come, and her days shall not be prolonged.
၂၂တောခွေး တို့သည်လည်း ၊ ဘုံ ဗိမာန်များ၌ ၎င်း၊ မြေခွေး တို့သည်လည်း ၊ ကြက်သရေတိုက်များ၌၎င်း၊ အူ ကြ၊ မြည်ကြလိမ့်မည်။ ထိုသို့သော ကာလ နီး လှပြီ။ ထိုမြို့ ၏ အသက်တာ မ ရှည် ရ။

< Isaiah 13 >