< Hosea 6 >

1 Come, and let us return to Jehovah, for he has torn, and he will heal us. He has smitten, and he will bind us up.
လူ​တို့​က``ထာ​ဝ​ရ​ဘု​ရား​ထံ​သို့​ပြန်​ကြ စို့၊ ကိုယ်​တော်​သည်​ငါ​တို့​အား​အ​နာ​တ​ရ ဖြစ်​စေ​သော်​လည်း အ​နာ​ပျောက်​ကင်း​အောင် ကု​သ​တော်​မူ​မည်။ ဒဏ်​ရာ​ရ​စေ​သော်​လည်း အ​နာ​ကို​ပတ်​စည်း​တော်​မူ​မည်။-
2 After two days he will revive us. On the third day he will raise us up, and we shall live before him.
ငါ​တို့​ကို​နှစ်​ရက်​သုံး​ရက်​အ​တွင်း​အင်​အား ပြည့်​လျက်​ပြန်​လည်​ရှင်​သန်​စေ​တော်​မူ​၍ မျက်​မှောက်​တော်​အောက်​တွင်​နေ​စေ​တော်​မူ လိမ့်​မည်။-
3 And let us know, let us follow on to know Jehovah. His going forth is sure as the morning, and he will come to us as the rain, as the latter rain that waters the earth.
ငါ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​သိ​ကျွမ်း ရန်​ကြိုး​စား​အား​ထုတ်​ကြ​ကုန်​အံ့။ နံ​နက် အ​ရုဏ်​တက်​မြဲ​တက်​သ​ကဲ့​သို့​လည်း​ကောင်း၊ မိုး​ရာ​သီ​တွင်​မြေ​ကြီး​ပေါ်​သို့​မိုး​ရွာ​မြဲ ရွာ​သ​ကဲ့​သို့​လည်း​ကောင်း ကိုယ်​တော်​သည် ငါ​တို့​ထံ​သို့​မု​ချ​ကြွ​လာ​တော်​မူ​မည်'' ဟု​ဆို​ကြ​၏။
4 O Ephraim, what shall I do to thee? O Judah, what shall I do to thee? For your goodness is as a morning cloud, and as the dew that goes away early.
သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ အ​မျိုး​သား​နှင့်​ယု​ဒ​အ​မျိုး​သား​တို့၊ သင် တို့​ကို​ငါ​မည်​ကဲ့​သို့​စီ​ရင်​ရ​မည်​နည်း၊ ငါ့ အား​သင်​တို့​ထား​သော​မေတ္တာ​သည်​နံ​နက် ဆီး​နှင်း​ကဲ့​သို့​လည်း​ကောင်း၊ နှင်း​ပေါက်​ကဲ့ သို့​လည်း​ကောင်း​ပျောက်​လွယ်​လှ​၏။-
5 Therefore I have hewed them by the prophets. I have slain them by the words of my mouth. And thy judgments are as the light that goes forth.
ထို့​ကြောင့်​ငါ​သည်​ပ​ရော​ဖက်​များ​ကို​စေ လွှတ်​၍ သင်​တို့​ကို​တ​ရား​စီ​ရင်​မည့်​အ​ကြောင်း နှင့်​ပျက်​စီး​ဆုံး​ပါး​စေ​မည့်​အ​ကြောင်း​ကြား ပြော​စေ​ခဲ့​၏။-
6 For I desire mercy, and not sacrifice, and the knowledge of God more than burnt offerings.
ငါ​သည်​သင်​တို့​၏​ယဇ်​ကောင်​ပူ​ဇော်​ခြင်း​ကို အ​လို​မ​ရှိ၊ သင်​တို့​၏​မေတ္တာ​ကို​သာ​အ​လို​ရှိ ၏။ ငါ​၏​လူ​မျိုး​တော်​သည်​ငါ့​အား​မီး​ရှို့​ရာ ယဇ်​ပူ​ဇော်​ခြင်း​ထက်​ငါ့​အား​သိ​ကျွမ်း​ခြင်း ကို​သာ​အ​လို​ရှိ​၏။''
7 But like Adam they have transgressed the covenant. There they have dealt treacherously against me.
``သို့​ရာ​တွင်​သူ​တို့​သည်​ပြည်​တော်​ထဲ​သို့ ဝင်​ရောက်​လျှင်​ဝင်​ရောက်​ခြင်း ငါ​နှင့်​ပြု​လုပ် ခဲ့​သော​ပ​ဋိ​ညာဉ်​ကို​ချိုး​ဖောက်​ကြ​၏။-
8 Gilead is a city of those who work iniquity; it is stained with blood.
ဂိ​လဒ်​မြို့​သည်​လူ​ဆိုး​များ​လူ​သတ် သ​မား​များ​မင်း​မူ​ရာ​အ​ရပ်​ဖြစ်​သည်။-
9 And as troops of robbers wait for a man, so the company of priests murder in the way toward Shechem. Yea, they have committed iniquity.
ယဇ်​ပု​ရော​ဟိတ်​များ​သည်​လု​ယက်​ရန်​ချုံ ခို​စောင့်​သော​ဋ္ဌား​ပြ​ဂိုဏ်း​ကဲ့​သို့​ကျင့်​ကြံ ကြ​သည်။ သူ​တို့​သည်​ရှေ​ခင်​မြို့​သို့​သွား ရာ​လမ်း​၌​ပင်​လျှင်​လူ​ကို​သတ်​ကြ​၏။ သူ တို့​သည်​ဤ​ကဲ့​သို့​ဆိုး​ရွား​သော​ရာ​ဇ​ဝတ် မှု​များ​ကို​ကူး​လွန်​ကြ​၏။-
10 I have seen a horrible thing in the house of Israel. Whoredom is there in Ephraim; Israel is defiled.
၁၀ဣ​သ​ရေ​လ​ပြည်​သား​တို့​၏​စက်​ဆုပ်​ဖွယ် ကောင်း​သော​အ​မှု​ကို​ငါ​မြင်​ရ​ပြီ။ ငါ​၏ လူ​မျိုး​တော်​သည်​ရုပ်​တု​များ​ကို​ကိုး​ကွယ် ၍​မိ​မိ​တို့​ကိုယ်​ကို​ညစ်​ညမ်း​စေ​ကြ​ပြီ။''
11 Also, O Judah, there is a harvest appointed for thee when I bring back the captivity of my people.
၁၁``ယု​ဒ​ပြည်​သား​တို့​သင်​တို့​ကူး​လွန်​သည့် အ​ပြစ်​အ​တွက် သင်​တို့​အား​လည်း​ငါ​ပြစ် ဒဏ်​စီ​ရင်​မည့်​နေ့​ရက်​ကို​သတ်​မှတ်​ထား ပြီး​ဖြစ်​သည်။''

< Hosea 6 >