< Genesis 5 >
1 This is the book of the generations of Adam. In the day that God created man, in the likeness of God he made him,
၁အာဒံ ၏သားစဉ်မြေးစက် စာရင်း ဟူမူကား၊ လူ ကို ဖန်ဆင်း တော်မူသောကာလ ၌ ၊ မိမိ ပုံသဏ္ဍာန် နှင့်အညီ၊ ဘုရား သခင်ဖန်ဆင်း တော်မူ၏။
2 male and female he created them, and blessed them, and called their name Man, in the day when they were created.
၂လူယောက်ျား လူမိန်းမ ကို ဖန်ဆင်း ၍ ၊ ကောင်းကြီး ပေးတော်မူ၏။ ဖန်ဆင်း သောနေ့ ၌ လည်း သူ တို့ကို အာဒံ အမည် ဖြင့် မှည့် တော်မူ၏။
3 And Adam lived a hundred and thirty years, and begot a son in his own likeness, according to his image, and called his name Seth.
၃အာဒံ သည် အသက် တရာ့ သုံး ဆယ်ရှိသော်၊ မိမိ ပုံသဏ္ဍာန် နှင့်အညီသဏ္ဍာန် တည်းသားကိုမြင် ရ၍ ရှေသ အမည် ဖြင့် မှည့် လေ၏။
4 And the days of Adam were eight hundred years after he begot Seth. And he begot sons and daughters.
၄ရှေသ ကို ဘွားမြင် သောနောက် အာဒံ သည် အနှစ် ရှစ် ရာ အသက်ရှင်၍၊ သား သမီး များကိုမြင် လေ၏။
5 And all the days that Adam lived were nine hundred and thirty years, and he died.
၅အာဒံ သည် အသက် နှစ် ပေါင်း ကိုး ရာ သုံး ဆယ် စေ့သော် သေ လေ၏။
6 And Seth lived a hundred and five years, and begot Enosh.
၆ရှေသ သည် အသက် တရာ ငါး နှစ် ရှိသော်၊ သားဧနုတ် ကို မြင် လေ၏။
7 And Seth lived eight hundred and seven years after he begot Enosh, and begot sons and daughters.
၇ဧနုတ် ဘွားမြင် သောနောက် ၊ ရှေသ သည် အနှစ် ရှစ် ရာ ခုနှစ် နှစ် အသက် ရှင်၍ ၊ သား သမီး များကို မြင် လေ ၏။
8 And all the days of Seth were nine hundred and twelve years, and he died.
၈ရှေလ သည် အသက် နှစ် ပေါင်းကိုး ရာ တဆယ် နှစ် နှစ် စေ့သော် သေ လေ၏။
9 And Enosh lived ninety years, and begot Kenan.
၉ဧနုတ် သည် အသက် ကိုး ဆယ်ရှိသော်၊ သား ကာဣနန် ကို မြင် လေ၏။
10 And Enosh lived eight hundred and fifteen years after he begot Kenan, and begot sons and daughters.
၁၀ကာဣနန် ဘွားမြင် သောနောက် ၊ ဧနုတ် သည် အနှစ် ရှစ် ရာ တဆယ် ငါး နှစ် အသက် ရှင်၍ သား သမီး များ ကို မြင် လေ၏။
11 And all the days of Enosh were nine hundred and five years, and he died.
၁၁ဧနုတ် သည် အသက် နှစ် ပေါင်းကိုး ရာ ငါး နှစ် စေ့ သော်သေ လေ၏။
12 And Kenan lived seventy years, and begot Mahalalel.
၁၂ကာဣနန် သည် အသက် ခုနစ် ဆယ်ရှိသော်၊ သားမဟာလေလ ကို မြင် လေ၏။
13 And Kenan lived eight hundred and forty years after he begot Mahalalel, and begot sons and daughters.
၁၃မဟာလေလ ဘွား မြင်သောနောက် ၊ ကာဣနန် သည် အနှစ် ရှစ် ရာ လေး ဆယ်အသက် ရှင်၍ ၊ သား သမီး များကို မြင် လေ၏။
14 And all the days of Kenan were nine hundred and ten years, and he died.
၁၄ကာဣနန် သည် အသက် နှစ် ပေါင်းကိုး ရာ တဆယ့် စေ့ သော် သေ လေ၏။
15 And Mahalalel lived sixty-five years, and begot Jared.
၁၅မဟာလေလ သည် အသက် ခြောက် ဆယ့်ငါး နှစ် ရှိသော် ၊ သားယာရက် ကို မြင် လေ၏။
16 And Mahalalel lived eight hundred and thirty years after he begot Jared, and begot sons and daughters.
၁၆ယာရက် ဘွားမြင် သောနောက် မဟာလေလ သည် အနှစ် ရှစ် ရာ သုံး ဆယ်အသက် ရှင်၍ သား သမီး များကို မြင် လေ၏။
17 And all the days of Mahalalel were eight hundred and ninety-five years, and he died.
၁၇မဟာလေလ သည် အသက် နှစ် ပေါင်းရှစ် ရာ ကိုး ဆယ့်ငါး နှစ် စေ့ သော် သေ လေ၏၊
18 And Jared lived a hundred sixty-two years, and begot Enoch.
၁၈ယာရက် သည် အသက် တ ရာခြောက် ဆယ်နှစ် နှစ် ရှိသော်သားဧနောက် ကိုမြင် လေ၏။
19 And Jared lived eight hundred years after he begot Enoch, and begot sons and daughters.
၁၉ဧနောက် ဘွားမြင် သောနောက် ယာရက် သည် အနှစ် ရှစ် ရာ အသက် ရှင်၍ ၊ သား သမီး များကိုမြင် လေ၏။
20 And all the days of Jared were nine hundred sixty-two years, and he died.
၂၀ယာရက် သည် အသက် နှစ် ပေါင်းကိုး ရာ ခြောက်ဆယ် နှစ် နှစ် စေ့ သော် သေ လေ၏။
21 And Enoch lived sixty-five years, and begot Methuselah.
၂၁ဧနောက် သည် အသက်ခြောက်ဆယ် ငါး နှစ် ရှိသော်သားမသုရှလ ကို မြင် လေ၏။
22 And Enoch walked with God after he begot Methuselah three hundred years, and begot sons and daughters.
၂၂မသုရှလ ဘွားမြင် သောနောက် ဧနောက် သည် အနှစ် သုံး ရာ ပတ်လုံးဘုရား သခင်နှင့်အတူ သွား လာ၍ သား သမီး များကို မြင် လေ၏။
23 And all the days of Enoch were three hundred sixty-five years.
၂၃ဧနောက် အသက် နှစ် ပေါင်းသုံး ရာ ခြောက် ဆယ်ငါး နှစ် တည်း၊
24 And Enoch walked with God, and he was not, for God took him.
၂၄ဧနောက် သည် ဘုရား သခင်နှင့်အတူ သွား လာ၏။ နောက် တဖန် သူ သည်မ ရှိ အကြောင်းမူကား ၊ ဘုရား သခင် သိမ်းယူ တော်မူသောကြောင့် တည်း။
25 And Methuselah lived a hundred eighty-seven years, and begot Lamech.
၂၅မသုရှလ သည် အသက် တရာ့ ရှစ် ဆယ်ခုနစ် နှစ် ရှိသော်၊ သား လာမက် ကို မြင် လေ၏။
26 And Methuselah lived seven hundred eighty-two years after he begot Lamech, and begot sons and daughters.
၂၆လာမက် ဘွားမြင် သောနောက် ၊ မသုရှလ သည် အနှစ် ခုနှစ် ရာ ရှစ် ဆယ်နှစ် နှစ် အသက် ရှင်၍ သား သမီး များကို မြင် လေ၏။
27 And all the days of Methuselah were nine hundred sixty-nine years, and he died.
၂၇မသုရှလ သည် အသက် နှစ် ပေါင်းကိုး ရာ ခြောက် ဆယ် ကိုး နှစ် စေ့ သော် သေ လေ၏။
28 And Lamech lived a hundred eighty-two years, and begot a son.
၂၈လာမက် သည် အသက် တ ရာရှစ် ဆယ်နှစ် နှစ် ရှိသော်သား ကို မြင် ၍၊
29 And he called his name Noah, saying, This same shall comfort us in our work and in the toil of our hands, because of the ground which Jehovah has cursed.
၂၉ဤ သူသည်ကား၊ ထာဝရဘုရား ကျိန် တော်မူသောမြေ ၌ လုပ် ၍ ပင်ပန်း စွာ ခံရသောငါ တို့အား သက်သာ စေသောသူဖြစ်လိမ့်မည်ဟူ၍ သူ့ကိုနောဧ ဟူသောအမည် ဖြင့် မှည့် လေ၏။
30 And Lamech lived five hundred ninety-five years after he begot Noah, and begot sons and daughters.
၃၀နောဧ ဘွားမြင် သောနောက် ၊ လာမက် သည် အနှစ် ငါး ရာ ကိုး ဆယ်ငါး နှစ် အသက် ရှင်၍ သား သမီး များ ကို မြင် လေ၏။
31 And all the days of Lamech were seven hundred seventy-seven years, and he died.
၃၁လာမက် သည် အသက် နှစ် ပေါင်း ခုနှစ် ရာ ခုနစ် ဆယ် ခုနစ် နှစ် စေ့ သော်သေ လေ၏။
32 And Noah was five hundred years old. And Noah begot Shem, Ham, and Japheth.
၃၂နောဧ သည် အသက် ငါး ရာ ရှိ ၏။ နောဧ သား ကား၊ ရှေမ ၊ ဟာမ ၊ ယာဖက် တည်း။