< Exodus 21 >
1 Now these are the ordinances which thou shall set before them.
၁ထာဝရဘုရားကလည်း၊ သင်သည် ဣသရေလ အမျိုးသားတို့၌ စီရင် ရသော ဓမ္မသတ် ဟူမူကား၊
2 If thou buy a Hebrew servant, six years he shall serve, and in the seventh he shall go out free for nothing.
၂ဟေဗြဲ အမျိုးဖြစ်သောကျွန် ကို ဝယ် လျှင် ၊ ခြောက် နှစ် သာ အစေ ကျွန်ခံစေရမည်။ သတ္တမ နှစ်ရောက် သော်၊ ကိုယ်ဘိုးကို မ တောင်းဘဲ လွှတ် ရမည်။
3 If he comes in by himself, he shall go out by himself. If he be married, then his wife shall go out with him.
၃ကျွန်ခံစက တယောက် တည်းခံလျှင် ၊ တယောက် တည်းထွက် ရမည်။ လင် မယား နှစ်ယောက်ခံလျှင် ၊ မယား နှင့်တကွ ထွက် စေရမည်။
4 If his master gives him a wife and she bears him sons or daughters, the wife and her sons shall be her master's, and he shall go out by himself.
၄သို့မဟုတ်သခင် ပေးစား သောမယား ရှိ၍ ထိုမယားသည် သား သမီး ကို ဘွားမြင် လျှင် ၊ မယား နှင့် သားသမီး တို့ကို သခင် ပိုင် ရမည်။ ကျွန်မူကား၊ တ ယောက်တည်းထွက် ရမည်။
5 But if the servant shall plainly say, I love my master, my wife, and my sons, I will not go out free,
၅သို့မဟုတ် ကျွန် က၊ ကျွန်တော် သခင် နှင့် မယား သားသမီး တို့ကို ကျွန်တော်ချစ် ပါ၏။ မ ထွက် မသွားလိုပါ ဟု အတည့်အလင်းပြောဆို လျှင် ၊
6 then his master shall bring him to God, and shall bring him to the door, or to the door-post, and his master shall bore his ear through with an awl, and he shall serve him forever.
၆သခင် သည် ဘုရား သခင်ရှေ့ တော်သို့၎င်း၊ အိမ်တံခါး တိုင် သို့ ၎င်း ဆောင် ယူ၍ ၊ နားရွက် ကို စူး ဖြင့် ဖောက် ပြီးမှ ၊ ထိုကျွန်သည် အစဉ် အမြဲကျွန် ခံရမည်။
7 And if a man sells his daughter to be a maid-servant, she shall not go out as the men-servants do.
၇အဘ သည် သမီး ကို ကျွန် ခံစေခြင်းငှာ ရောင်း လျှင် ထိုမိန်းမသည် ကျွန် ယောက်ျားကဲ့သို့ လွတ် ရသည် မဟုတ်။
8 If she does not please her master, who has espoused her to himself, then he shall let her be redeemed. He shall have no power to sell her to a foreign people, since he has dealt deceitfully with her.
၈သခင် သည် ထိုမိန်းမ ကို သိမ်းယူ၍ မကြိုက် လျှင် ၊ ရွေး စေခြင်းငှာ အခွင့်ပေးရမည်။ သူ့ ကို လှည့်ဖြား မိ သောကြောင့် ၊ တပါးအမျိုးသား တို့သို့ ရောင်း ချပိုင်သောအခွင့် မရှိ။
9 And if he espouses her to his son, he shall deal with her according to the manner of daughters.
၉မိမိ သား ၌ ပေးစား လျှင် မူကား ၊ သမီး ကဲ့သို့ ပြုစု ရမည်။
10 If he takes him another wife, her food, her raiment, and her duty of marriage, he shall not diminish.
၁၀အခြား မိန်းမကို သိမ်း ပြန်လျှင် ၊ အရင်သိမ်းသော မိန်းမ ၏ အဝတ် အစား နှင့် မယား ဝတ်ကို မ လျှော့ ရ။
11 And if he does not do these three things to her, then she shall go out for nothing, without money.
၁၁ထို သုံး ပါးကို မ ပြု လျှင် ၊ ကိုယ်ဘိုး ကို မ တောင်းဘဲ လွှတ် ရမည်။
12 He who smites a man, so that he dies, shall surely be put to death.
၁၂လူ ကို အသေ သတ် သောသူသည် အသေ သတ်ခြင်းကို အမှန်ခံရမည်။
13 And if a man does not lie in wait, but God delivers him into his hand, then I will appoint for thee a place where he shall flee.
၁၃အသေသတ်မည် အကြံ မ ရှိဘဲ၊ သူ ၏လက် ၌ လူအသက်ကို ဘုရား သခင်အပ် တော်မူလျှင်၊ ပြေး ရသောအရပ် ကို ငါခန့် ထားမည်။
14 And if a man comes presumptuously upon his neighbor, to kill him with guile, thou shall take him from my altar, that he may die.
၁၄အိမ်နီးချင်း ကိုသတ် မည် အကြံ ရှိ၍ အနိုင်တိုက်သောသူ ကိုကား ၊ ငါ့ ယဇ် ပလ္လင်၌ ခိုလှုံသော်လည်း၊ ဆွဲယူ ၍ သတ် ရမည်။
15 And he who smites his father or his mother, shall surely be put to death.
၁၅မိ ဘ ကို အသေသတ် သောသူသည်၊ အသေသတ် ခြင်းကို အမှန်ခံရမည်။
16 And he who steals a man, and sells him, or if he be found in his hand, he shall surely be put to death.
၁၆လူကို ခိုး သောသူသည်၊ ရောင်း သည်ဖြစ်စေ ၊ သူ ၏လက် ၌ ရှိသည်ဖြစ်စေ၊ အသေသတ် ခြင်းကို အမှန်ခံရမည်။
17 And he who curses his father or his mother, shall surely be put to death.
၁၇မိ ဘ ကို ကျိန်ဆဲ သောသူသည် အသေသတ် ခြင်းကို အမှန်ခံရမည်။
18 And if men contend, and one smites the other with a stone, or with his fist, and he does not die, but keeps his bed,
၁၈လူ ချင်းခိုက်ရန် ပြု၍ တယောက် သည် ကျောက်ခဲ နှင့် ထု သည်ဖြစ်စေ၊ လက်သီး နှင့် ထိုးသည်ဖြစ်စေ၊ အရိုက်ခံရသောသူသည် မ သေ သော်လည်း ၊ အိပ်ရာ ၌ တုံးလုံးနေ ရလျှင်၎င်း၊
19 if he rises again, and walks abroad upon his staff, then he who smote him shall be acquitted. Only he shall pay for the loss of his time, and shall cause him to be thoroughly healed.
၁၉တဖန်ထ ၍ တောင်ဝေး နှင့် သွား လျှင် ၎င်း၊ ရိုက်သောသူကို အပြစ် လွှတ် ရမည်။ သို့ရာတွင် နာသောသူသည် အလုပ်ပျက်ရသည်အတွက်၊ အနာ ပျောက်စေခြင်းငှါ ကုသ ရသည်အတွက်၊ ငွေကို လျော် ရမည်။
20 And if a man smites his servant, or his maid, with a rod, and he dies under his hand, he shall surely be punished.
၂၀သခင်သည် ကျွန် ယောက်ျားကျွန် မိန်းမကို ဒုတ် နှင့် ရိုက် ၍ ထိုကျွန်သေ လျှင် ၊ သခင်သည် လေးသော ဒဏ် ကိုခံ ရမည်။
21 Notwithstanding, if he continues a day or two, he shall not be punished, for he is his money.
၂၁သို့ရာတွင် ကျွန်သည် တရက် နှစ်ရက် နာ၍ မသေဘဲနေ လျှင် ၊ သခင်သည် ထိုကျွန်ကို ပိုင် သောကြောင့် ဒဏ် နှင့် လွတ်ရမည်။
22 And if men strive together, and hurt a woman with child, so that her fruit depart, and yet no harm follow, he shall be surely fined, according as the woman's husband shall lay upon him, and he shall pay as the judges determine.
၂၂လူ ချင်းခိုက်ရန် ပြုကြ၍ ၊ ကိုယ်ဝန် ဆောင်သော မိန်းမ ကို ထိခိုက် သဖြင့် ကိုယ်ဝန် ပျက်၍ အခြားသော အနာ မ ဖြစ် လျှင် ၊ မိန်းမ လင် စီရင် သည်အတိုင်း ဒဏ် ခံရမည်။ မင်း စီရင်သည်အတိုင်းလည်း ငွေကို လျော် ရမည်။
23 But if any harm follows, then thou shall give life for life,
၂၃အခြားသော အနာ ဖြစ်လျှင် ၊ အသက် အတွက် အသက် ကို၎င်း၊
24 eye for eye, tooth for tooth, hand for hand, foot for foot,
၂၄မျက်စိ အတွက် မျက်စိ ကို၎င်း၊ သွား အတွက် သွား ကို၎င်း၊ လက် အတွက် လက် ကို၎င်း၊ ခြေ အတွက် ခြေ ကို၎င်း၊
25 burning for burning, wound for wound, stripe for stripe.
၂၅မီး လောင်ခြင်းအတွက် မီး လောင်ခြင်းကို၎င်း၊ ရှန ခြင်းအတွက် ရှန ခြင်းကို၎င်း၊ ဒဏ်ချက် ရာအတွက် ဒဏ်ချက် ရာကို၎င်း ခံ ရမည်။
26 And if a man smites the eye of his servant, or the eye of his maid, and destroys it, he shall let him go free for his eye's sake.
၂၆သခင် သည် ကျွန် ယောက်ျား ကျွန် မိန်းမ၏ မျက်စိ ကို ပျက် အောင်ရိုက် လျှင် ၊ မျက်စိ ပျက်သည်အတွက် လွှတ် ရမည်။
27 And if he knocks out his man-servant's tooth, or his maid-servant's tooth, he shall let him go free for his tooth's sake.
၂၇ထိုအတူ ကျွန် ယောက်ျား ကျွန် မိန်းမ၏ သွား ကို ကျိုး အောင်ရိုက်လျှင်၊ သွား ကျိုးသည်အတွက် လွှတ် ရမည်။
28 And if an ox gores a man or a woman to death, the ox shall surely be stoned, and its flesh shall not be eaten, but the owner of the ox shall be acquitted.
၂၈နွား သည် လူယောက်ျား မိန်းမ ကို ခွေ့ ၍ လူသေ လျှင် ၊ စင်စစ်ထိုနွား ကို ကျောက်ခဲနှင့် ပစ် ၍ သတ်ရမည်။ အသား ကိုလည်း မ စား ရ။ နွား ရှင် ကိုကား ၊ အပြစ်လွှတ် ရမည်။
29 But if the ox was accustomed to gore in time past, and it has been testified to its owner, and he has not kept it in, but it has killed a man or a woman, the ox shall be stoned, and its owner shall also be put to death.
၂၉၎င်းနည်း နွား သည် အထက် က ခွေ့ ဘူး၍ ၊ ခွေ့ကြောင်းကို နွားရှင် ကြား သိလျက် မ ချည် မနှောင် အလွတ်ထား၍၊ နွားသည် ယောက်ျား မိန်းမ ကို သတ် မိလျှင် ၊ ထိုနွား ကို ကျောက်ခဲနှင့် ပစ် သတ်ရမည်။ နွား ရှင် ကိုလည်း အသေ သတ်ရမည်။
30 If a ransom is laid on him, then he shall give for the redemption of his life whatever is laid upon him.
၃၀သို့မဟုတ်ငွေ လျော်စေဟု စီရင် လျှင် ၊ စီရင် သည်အတိုင်း မိမိ အသက် ရွေး ရန် အဘိုးကို လျော် ရမည်။
31 Whether it has gored a son, or has gored a daughter, according to this judgment it shall be done to him.
၃၁သူတပါး၏ သား သမီး ကို ခွေ့ လျှင် ၊ စီရင် သည်အတိုင်း ခံ ရမည်။
32 If the ox gores a man-servant or a maid-servant, there shall be given to their master thirty shekels of silver, and the ox shall be stoned.
၃၂ကျွန် ယောက်ျားကျွန် မိန်းမကို ခွေ့ လျှင် မူကား၊ နွားရှင်သည် ကျွန် ရှင် အား ငွေ အကျပ် သုံးဆယ် ကို လျော် ရမည်။ နွား ကိုလည်း ကျောက်ခဲနှင့် ပစ် သတ်ရမည်။
33 And if a man shall open a pit, or if a man shall dig a pit and not cover it, and an ox or a donkey falls in it,
၃၃လူ သည် တွင်း ကို ဖွင့် ၍ ထားသည်ဖြစ်စေ ၊ တွင်း ကိုတူး ၍ မ ပိတ် ဘဲ ထားသည်ဖြစ်စေ၊ သူတပါး၏ မြင်း ၊ နွား သည် ထို တွင်း၌ ကျ လျှင်၊
34 the owner of the pit shall make it good; he shall give money to the owner of it, and the dead beast shall be his.
၃၄တွင်း ရှင် သည် မြင်း၊ နွားအဘိုး ကို လျော် ၍ အသေ ကောင်ကို ယူ ရမည်။
35 And if one man's ox hurts another's, so that it dies, then they shall sell the live ox, and divide the price of it, and the dead they shall also divide.
၃၅အကြင် သူ၏ နွား သည်၊ သူတပါး ၏ နွား ကို အသေ ခွေ့လျှင်၊ နွားရှင်နှစ်ဦးတို့သည်၊ အသက်ရှင် သော နွား ကို ရောင်း ၍ အဘိုး ကို ဝေ ယူရမည်။ သေ သောနွားကိုလည်း ဝေ ယူရမည်။
36 Or if it be known that the ox was accustomed to gore in time past, and its owner has not kept it in, he shall surely pay ox for ox, and the dead beast shall be his own.
၃၆၎င်း နည်းနွားသည် အထက် က ခွေ့ ဘူးကြောင်းကို ၊ နွား ရှင် သိ လျက်နှင့် မ ချည် မနှောင် အလွတ် ထားလျှင်၊ နွားသေ ကောင်ကို ကိုယ်တိုင် ယူ ရမည်။ ထိုနွား တကောင်အတွက် တ ကောင်ကို အမှန်လျော် ရမည်။