< Micha 1 >
1 Het woord des HEEREN, dat geschied is tot Micha, den Morastiet, in de dagen van Jotham, Achaz en Jehizkia, koningen van Juda; dat hij gezien heeft over Samaria en Jeruzalem.
၁ယုဒ ရှင်ဘုရင် ယောသံ မင်း၊ အာခတ် မင်း၊ ဟေဇကိ မင်းတို့လက်ထက် ၌ မောရရှ ရွာသားမိက္ခါ သည် ရှမာရိ မြို့နှင့် ယေရုရှလင် မြို့အဘို့ ခံရ သော ထာဝရဘုရား ၏ ဗျာဒိတ် တော်ဟူမူကား ၊
2 Hoort, gij volken altemaal! merk op, gij aarde, mitsgaders derzelver volheid! de Heere HEERE nu zal tot een getuige zijn tegen ulieden, de Heere uit den tempel Zijner heiligheid.
၂အိုလူ များအပေါင်း တို့၊ ကြား ကြလော့။ အို ပြည် နှင့် ပြည်သားအပေါင်းတို့၊ နားထောင် ကြလော့။ အရှင် ထာဝရဘုရား တည်းဟူသောသန့်ရှင်း သော ဗိမာန် တော် ထဲက ဘုရား ရှင်သည် သင် တို့တဘက် ၌ သက်သေခံ တော်မူမည်။
3 Want ziet, de HEERE gaat uit van Zijn plaats, en Hij zal nederdalen en treden op de hoogten der aarde.
၃ထာဝရဘုရား သည် ကျိန်းဝပ်တော်မူရာ အရပ် ဌာနတော်ထဲက ထွက် ကြွဆင်းသက် ၍ ၊ မြင့် သော မြေ အရပ်တို့ကို နင်း တော်မူမည်။
4 En de bergen zullen onder Hem versmelten, en de dalen gekloofd worden, gelijk was voor het vuur, gelijk wateren, die uitgestort worden in de laagte.
၄မီး ရှေ့ မှာ ဘယောင်း ကဲ့သို့ ၎င်း ၊ ချောက် ကြီးမှ ဆင်း သော ရေ ကဲ့သို့ ၎င်း ရှေ့တော်၌ တောင် တို့သည် အရည် ဖြစ်၍ ၊ ချိုင့် တို့သည်လည်း အက်ကွဲ ကြလိမ့်မည်။
5 Dit alles, om de overtreding van Jakob, en om de zonden van het huis Israels; wie is het begin van de overtreding van Jakob? Is het niet Samaria? En wie van de hoogten van Juda? Is het niet Jeruzalem?
၅ထို အမှုသည် ယာကုပ် လွန်ကျူး ၍ ဣသရေလ အမျိုး ပြစ်မှား သောကြောင့် ရောက်သတည်း။ ယာကုပ် လွန်ကျူး ရာကား အဘယ်သို့ နည်း။ ရှမာရိ မြို့မ ဟုတ် လော။ ယုဒ ၏မြင့် ရာအရပ်ကား အဘယ်မှာ ရှိသနည်း။ ယေရုရှလင် မြို့၌ရှိသည်မ ဟုတ်လော။
6 Daarom zal Ik Samaria stellen tot een steenhoop des velds, tot plantingen eens wijngaards; en Ik zal haar stenen in de vallei storten, en haar fundamenten ontdekken.
၆ထိုကြောင့် ၊ ရှမာရိ မြို့ကို လယ်ပြင် ၌ မြေပုံ ကဲ့သို့ ၎င်း ၊ စပျစ် ဥယျာဉ် စိုက် ရာအရပ်ကဲ့သို့ ၎င်း ငါဖြစ် စေမည် ။ မြို့ရိုး ကျောက် တို့ကို ချိုင့် ထဲ သို့ သွန် ပစ်၍ ၊ မြို့ရိုး အမြစ် ကို လှန် ပြမည်။
7 En al haar gesneden beelden zullen vermorzeld worden, en al haar hoerenbeloningen zullen met vuur verbrand worden, en al haar afgoden zal Ik stellen tot een woestheid; want zij heeft ze van hoerenloon vergaderd, en zij zullen tot hoerenloon wederkeren.
၇ခပ်သိမ်း သော ရုပ်တု ဆင်းတုတို့ကို ချိုးဖဲ့ မည်။ သူငှါးလုပ်၍ ရသမျှ သောအခ တို့ကို မီးရှို့ မည်။ မှားသော ဘုရား ရှိသမျှ တို့ကို သုတ်သင် ပယ်ရှင်းမည်။ ပြည်တန်ဆာ လုပ်၍ ဥစ္စာ ကို ဆည်းဖူး သည်ဖြစ်၍၊ ထိုဥစ္စာ သည် ပြည်တန်ဆာ လက်သို့ တဖန်ရောက် ရဦးမည်။
8 Hierom zal ik misbaar bedrijven en huilen; ik zal beroofd en naakt gaan; ik zal misbaar maken als de draken, en treuren als de jonge struisen.
၈ထို အမှုကြောင့် ငါသည် ငိုကြွေး မြည်တမ်း မည်။ အဝတ်ကိုချွတ် ၍ အချည်းစည်း လည်သွား မည်။ မြေခွေး ကဲ့သို့ အူ လျက် ၊ ကုလားအုပ် ငှက်ကဲ့သို့ မြည် လျက်နေမည်။
9 Want haar plagen zijn dodelijk; want zij zijn gekomen tot aan Juda; hij is geraakt tot aan de poort mijns volks, tot aan Jeruzalem.
၉သူ ခံရသောဒဏ်နာ မ ပျောက်နိုင်။ ယုဒ ပြည်တိုင်အောင် ကူး သဖြင့်၊ ငါ ၏အမျိုးသား နေရာ ယေရုရှလင် မြို့ တံခါး သို့ ရောက် လေပြီ။
10 Verkondigt het niet te Gath, weent zo jammerlijk niet; wentelt u in het stof in het huis van Afra.
၁၀ဂါသ မြို့၌ သိတင်းမ ပြော ကြနှင့်။ အလျှင်းမ ငိုကြွေး ကြနှင့်။ ဗေသောဖရာ မြို့မှာ မြေမှုန့် ၌ လူး လဲလျက် နေကြလော့။
11 Ga door, gij inwoneres van Safir! met blote schaamte; de inwoneres van Zaanan gaat niet uit; rouwklage is te Beth-haezel; hij zal zijn stand van ulieden nemen.
၁၁အိုရှဖိရ မြို့သမီး ၊ အဝတ်ကို ချွတ် ၍ အရှက်ကွဲ လျက် သွား လော့။ ဇာနန် မြို့သမီး သည် ငိုကြွေး ခြင်းကို ပြုလျက် မ ထွက် ရ။ ဗေသဇေလ မြို့သည် သင်တို့တည်းခိုရသော အခွင့်ကို မပေးရ။
12 Want de inwoneres van Maroth is krank om des goeds wil; want een kwaad is van den HEERE afgedaald, tot aan de poort van Jeruzalem.
၁၂မာရုတ် မြို့သမီး သည်လည်း ကောင်း သောအရာ ကို တောင့်တ၍ နာကျင် လျက်ရှိ၏။ အကြောင်း မူကား၊ ထာဝရဘုရား ထံတော်မှ ဘေးဒဏ် သည် ယေရုရှလင် မြို့ တံခါး သို့ ရောက် လေပြီ။
13 Span de snelle dieren aan den wagen, gij inwoners van Lachis! (deze is der dochter Sions het beginsel der zonde) want in u zijn Israels overtredingen gevonden.
၁၃အိုလာခိရှ မြို့သမီး ၊ လျင်မြန်သော မြင်း ကို ရထား ၌ က လော့။ သင် သည် ဣသရေလ ၏ လွန်ကျူး ခြင်း ကို လက်ခံ ၍၊ ဇိအုန် သတို့သမီး အား အပြစ် လမ်းကို ပြသတည်း။
14 Daarom geef geschenken aan Morescheth-Gaths; de huizen van Achzib zullen den koningen van Israel tot een leugen zijn.
၁၄ထိုကြောင့် သင်သည် ဂါသ ပြည် မောရရှက်မြို့ သို့ လက်ဆောင် ကိုပေး လိုက်ရမည်။ အာခဇိပ် မြို့သား တို့ သည် ဣသရေလ ရှင် ဘုရင်တို့ကို လှည့်စား ကြလိမ့်မည်။
15 Ik zal u nog een erfgenaam toebrengen, gij inwoneres van Maresa! Hij zal komen tot aan Adullam, tot aan de heerlijkheid Israels.
၁၅အိုမရေရှ မြို့သမီး ၊ သင် ၏ဥစ္စာကို အမွေ ခံသောသူကို ငါခေါ် ခဲ့မည်။ သူသည် ဣသရေလ ဘုန်း ၊ အဒုလံ မြို့သို့ ရောက် လိမ့်မည်။
16 Maak u kaal en scheer u, om uw troetelkinderen; verwijd uw kaalheid, als de arend, omdat zij gevankelijk van u zijn weggevoerd.
၁၆ချစ် ဘွယ်သောသင် ၏သားသမီး တို့သည် သိမ်း သွားခြင်းကို ခံရသောကြောင့် ၊ သူတို့အတွက် သင်သည် ခေါင်းပြောင်အောင် ဆံပင်ကိုရိတ် ၍နေလော့။ ရွှေလင်းတ ကဲ့သို့ ကျယ်စွာ သော ခေါင်းပြောင် ခြင်းကို ပြုလော့။