< Markus 2 >

1 En na sommige dagen is Hij wederom binnen Kapernaum gekomen; en het werd gehoord, dat Hij in huis was.
နောက်တနေ့သ၌ ကိုယ်တော်သည်က ပေရနောင်မြို့သို့ဝင်ပြန်၍ အိမ်၌ရှိတော်မူသည်ကို ကြားကြ လျှင်၊
2 En terstond vergaderden daar velen, alzo dat ook zelfs de plaatsen omtrent de deur hen niet meer konden bevatten; en Hij sprak het woord tot hen.
တံခါးပြင်နားမှာ နေစရာမရှိနိုင်အောင် လူများတို့သည် အလျင်အမြန်စုဝေးကြသည်ဖြစ်၍ သူတို့အား တရားဟောတော်မူ၏။
3 En er kwamen sommigen tot Hem, brengende een geraakte, die van vier gedragen werd.
ထိုအခါ လက်ခြေသေသောသူတယောက်ကို လူလေးယောက်တို့သည်ထမ်း၍ အထံတော်သို့ဆောင်ခဲ့ ကြ၏။
4 En niet kunnende tot Hem genaken, overmits de schare, ontdekten zij het dak, waar Hij was; en dat opgebroken hebbende, lieten zij het beddeken neder, daar de geraakte op lag.
လူစုဝေးလျက်ရှိသောကြောင့် ကိုယ်တော်ရင်းသို့မချဉ်းကပ်နိုင်သဖြင့်၊ ကိုယ်တော်ရှိရာအပေါ်မှာ အမိုး ကို ဖောက်ထွင်းပြီးမှ လူနာနှင့်တကွ အိမ်ရာခုတင်ကို လျှော့ချကြ၏။
5 En Jezus, hun geloof ziende, zeide tot den geraakte: Zoon, uw zonden zijn u vergeven.
ယေရှုသည် ထိုသူတို့၏ ယုံကြည်ခြင်းကိုမြင်လျှင်၊ လက်ခြေသေသောသူအား၊ ငါ့သား၊ သင်၏ အပြစ်ကို လွတ်စေပြီဟုမိန့်တော်မူ၏။
6 En sommigen van de Schriftgeleerden zaten aldaar, en overdachten in hun harten:
ထိုအရပ်၌ထိုင်သော ကျမ်းပြုဆရာအချို့တို့က၊
7 Wat spreekt Deze aldus gods lasteringen? Wie kan de zonden vergeven, dan alleen God?
ဤသူသည် ဘုရားကိုလွန်ကျူး၍ အဘယ်ကြောင့် ဤသို့ပြောရသနည်း။ ဘုရားသခင်မှတပါး အဘယ် သူသည် အပြစ်ကိုလွှတ်နိုင်သနည်းဟု စိတ်ထဲမှာ ထင်မှတ်ကြ၏။
8 En Jezus, terstond in Zijn geest bekennende, dat zij alzo in zichzelven overdachten, zeide tot hen: Wat overdenkt gij deze dingen in uw harten?
သူတို့စိတ်ထဲမှာ ထိုသို့ ထင်မှတ်ခြင်းရှိသည်ကို ယေရှုသည် မိမိဉာဏ်အားဖြင့် ချက်ခြင်းသိတော်မူလျှင်၊ သင်တို့ စိတ်ထဲမှာ အဘယ်ကြောင့် ဤသို့ထင်မှတ်ကြသနည်း။
9 Wat is lichter, te zeggen tot den geraakte: De zonden zijn u vergeven, of te zeggen: Sta op, en neem uw beddeken op, en wandel?
လက်ခြေသေသောသူအား အဘယ်စကားကိုသာ၍ပြောလွယ်သနည်း။ သင်၏အပြစ်ကိုလွတ်စေပြီဟု ပြောလွယ်သလော။ သင်ထလော့။ ကိုယ်အိပ်ရာကိုဆောင်၍ လှမ်းသွားလော့ဟု ပြောလွယ်သလော။
10 Doch opdat gij moogt weten, dat de Zoon des mensen macht heeft, om de zonden op de aarde te vergeven (zeide Hij tot den geraakte):
၁၀လူသားသည် မြေကြီးပေါ်မှာ အပြစ်လွှတ်ပိုင်သည်ကို သင်တို့သိစေခြင်းငှါ ထလော့။
11 Ik zeg u: Sta op, en neem uw beddeken op, en ga heen naar uw huis.
၁၁ကိုယ်အိပ်ရာကို ဆောင်၍ ကိုယ်အိမ်သို့သွားလော့ဟု သင့်အား၊ ငါဆိုသည်ဟု လက်ခြေသေသောသူ အား မိန့်တော်မူ၏။
12 En terstond stond hij op, en het beddeken opgenomen hebbende, ging hij uit in aller tegenwoordigheid; zodat zij zich allen ontzetten en verheerlijkten God, zeggende: Wij hebben nooit zulks gezien!
၁၂ထိုသူသည်လည်း ချက်ခြင်းထ၍ အိပ်ရာကိုဆောင်လျက် လူအပေါင်းတို့ရှေ့မှာထွက်သွား၏။ ထိုလူ အပေါင်းတို့သည် မိန်းမောတွေဝေခြင်းရှိ၍၊ ဤကဲ့သို့ တခါမျှမမြင်စဖူးဟု ပြောဆို၍ ဘုရားသခင်၏ဂုဏ်တော် ကို ချီးမွမ်းကြ၏။
13 En Hij ging wederom uit naar de zee; en de gehele schare kwam tot Hem, en Hij leerde hen.
၁၃နောက်တဖန် အိုင်နားသို့ ကြွတော်မူ၍၊ လူအစုအဝေးအပေါင်းတို့သည် အထံတော်သို့လာကြလျှင်၊ သူတို့အား ဆုံးမဩဝါဒပေးတော်မူ၏။
14 En voorbijgaande zag Hij Levi, den zoon van Alfeus, zitten in het tolhuis, en zeide tot hem: Volg Mij. En hij opstaande, volgde Hem.
၁၄လမ်း၌ကြွတော်မူစဉ်၊ အာလဖဲ၏သား လေဝိသည် အခွန်ခံရာတဲ၌ထိုင်နေသည်ကိုမြင်သော်၊ ငါ့နောက် သို့ လိုက်လော့ဟု မိန့်တော်မူ၏။
15 En het geschiedde, als Hij aanzat in deszelfs huis, dat ook vele tollenaren en zondaren aanzaten met Jezus en Zijn discipelen; want zij waren velen, en waren Hem gevolgd.
၁၅ထိုသူသည်လည်း ထ၍ နောက်တော်သို့လိုက်လေ၏။ ထိုနောက်မှ သူ၏အိမ်တွင် စားပွဲ၌ လျောင်း တော်မူစဉ်၊ အခွန်ခံသောသူများနှင့် ဆိုးသောသူများတို့သည် ကိုယ်တော်မှစသော တပည့်တော်တို့နှင့်တကွ စားပွဲ၌ လျောင်းကြ၏။ ထိုသူအများတို့သည် နောက်တော်သို့လိုက်ကြ၏။
16 En de Schriftgeleerden en de Farizeen, ziende Hem eten met de tollenaren en zondaren, zeiden tot Zijn discipelen: Wat is het, dat Hij met de tollenaren en zondaren eet en drinkt?
၁၆ထိုသို့ အခွန်ခံသောသူ၊ ဆိုးသောသူတိုနှင့်အတူ စားတော်မှုသည်ကို ကျမ်းပြုဆရာဖာရိရှဲတို့သည် မြင် လျှင်၊ ဤသူသည် အခွန်ခံသောသူ၊ ဆိုးသောသူတို့နှင့်အတူ အဘယ်ကြောင့် စားသောက်သနည်းဟု တပည့် တော်တို့အား ဆိုကြ၏။
17 En Jezus, dat horende, zeide tot hen: Die gezond zijn, hebben de medicijnmeester niet van node, maar die ziek zijn. Ik ben niet gekomen, om te roepen rechtvaardigen, maar zondaars tot bekering.
၁၇ယေရှုသည် ကြားတော်မူလျှင်၊ ကျန်းမာသောသူတို့သည် ဆေးသမားကိုအလိုမရှိကြ။ နာသောသူတို့ သာလျှင် အလိုရှိကြ၏။ ဖြောင့်မတ်သောသူတို့ကို နောင်တသို့ခေါ်ခြင်းငှါ ငါလာသည်မဟုတ်၊ ဆိုးသောသူတို့ကို ခေါ်ခြင်းငှါ ငါလာသတည်းဟု မိန့်တော်မူ၏။
18 En de discipelen van Johannes en der Farizeen vastten; en zij kwamen en zeiden tot Hem: Waarom vasten de discipelen van Johannes en der Farizeen, en Uw discipelen vasten niet?
၁၈အစာရှောင်တတ်သော ယောဟန်၏တပည့်တို့နှင့် ဖာရိရှဲတို့သည်လာ၍၊ ယောဟန်၏တပည့်တို့နှင့် ဖာရိရှဲတို့သည် အစာရှောင်ကြသည်ဖြစ်၍၊ အဘယ်ကြောင့် ကိုယ်တော်၏တပည့်တို့သည် အစာမရှောင်ဘဲ နေ ကြပါသနည်းဟု လျှောက်ကြ၏။
19 En Jezus zeide tot hen: Kunnen ook de bruiloftskinderen vasten, terwijl de Bruidegom bij hen is? Zo langen tijd zij den Bruidegom bij zich hebben, kunnen zij niet vasten.
၁၉ယေရှုကလည်း၊ မင်္ဂလာဆောင်လုလင်သည် မိမိအပေါင်းအဘော်တို့နှင့် အတူရှိစဉ်အခါ သူတို့သည် အစာရှောင်တတ်ကြသလော။ ရှိစဉ်ကာလပတ်လုံး အစာမရှောင်တတ်ကြ။
20 Maar de dagen zullen komen, wanneer de Bruidegom van hen zal weggenomen zijn, en alsdan zullen zij vasten in dezelven dagen.
၂၀မင်္ဂလာဆောင်လုလင်ကို သူ၏အပေါင်းအဘော်တို့နှင့်ခွာ၍ ယူသွားသောအချိန်ကာလ ရောက်လိမ့် မည်။ ထိုကာလအခါ သူတို့သည်အစာရှောင်ကြလိမ့်မည်။
21 En niemand naait een lap ongevold laken op een oud kleed; anders scheurt deszelfs nieuwe aangenaaide lap iets af van het oude kleed, en er wordt een ergere scheur.
၂၁အဝတ်ဟောင်းကို အထည်သစ်နှင့် ဖာလေ့မရှိ။ ထိုသို့ဖာလျှင် ဖာသောအထည်သစ်သည် အဝတ် ဟောင်းကို စား၍အပေါက်ကျယ်တတ်၏။
22 En niemand doet nieuwen wijn in oude lederzakken; anders doet de nieuwe wijn de leder zakken bersten en de wijn wordt uitgestort, en de leder zakken verderven; maar nieuwen wijn moet men in nieuwe leder zakken doen.
၂၂၎င်းနည်းဟောင်းသော သားရေဘူး၌ အသစ်သောစပျစ်ရည်ကို ထည့်လေ့မရှိ။ ထိုသို့ထည့်လျှင် အသစ်သောစပျစ်ရည်သည် သားရေဘူးကို ဆုတ်ခွဲသဖြင့် စပျစ်ရည်သည်ယို၍ သားရေဘူးလည်း ပျက်စီး တတ်၏။ အသစ်သောစပျစ်ရည်ကို အသစ်သောသားရေဘူး၌ ထည့်ရသည်ဟု မိန့်တော်မူ၏။
23 En het geschiedde, dat Hij op een sabbatdag door het gezaaide ging, en Zijn discipelen begonnen, al gaande, aren te plukken.
၂၃ဥပုသ်နေ့၌ ကိုယ်တော်သည် ဂျုံစပါးလယ်ကွက်တို့ကို ရှောက်ကြွတော်မူလျှင်၊ တပည့်တော်တို့သည် စပါးအသီးအနှံကို ဆွတ်လျက် ခရီးသွားကြ၏။
24 En de Farizeen zeiden tot Hem: Zie, waarom doen zij op den sabbatdag, wat niet geoorloofd is?
၂၄ဖာရိရှဲတို့ကလည်း၊ ဥပုသ်နေ့၌ မပြုအပ်သောအမှုကို သူတို့သည် ပြုကြပါသည်တကားဟု လျှောက်ကြ သော်၊
25 En Hij zeide tot hen: Hebt gij nooit gelezen, wat David gedaan heeft, als hij nood had, en hem hongerde, en dengenen, die met hem waren?
၂၅ကိုယ်တော်က၊ ယဇ်ပုရောဟိတ်မင်း အဗျာသာ လက်ထက်၌ ဒါဝိဒ်သည် မိမိအဘော်တို့နှင့်တကွ ဆာ မွတ်၍ မတတ်နိုင်သောအခါ၊
26 Hoe hij ingegaan is in het huis Gods, ten tijde van Abjathar, den hogepriester, en de toonbroden gegeten heeft, die niemand zijn geoorloofd te eten, dan den priesteren, en ook gegeven heeft dengenen, die met hem waren?
၂၆ဘုရားသခင်၏အိမ်တော်သို့ဝင်၍ ယဇ်ပုရောဟိတ်တို့မှတပါး အဘယ်သူမျှ မစားအပ်သော ရှေ့တော် မုန့်ကိုစား၍ မိမိအဘော်တို့အား ပေးသည်အကြောင်းကို သင်တို့သည် တရံတခါမျှ မဘတ်ဘူးသလော။
27 En Hij zeide tot hen: De sabbat is gemaakt om den mens, niet de mens om den sabbat.
၂၇ထိုမှတပါး ဥပုသ်နေ့သည် လူအဘို့ဖြစ်၏။ လူသည် ဥပုသ်နေ့အဘို့ ဖြစ်သည်မဟုတ်။
28 Zo is dan de Zoon des mensen een Heere ook van den sabbat.
၂၈သို့ဖြစ်၍ လူသားသည်ဥပုသ်နေ့ကိုပင် အစိုးရသည်ဟု မိန့်တော်မူ၏။

< Markus 2 >