< Romeinen 3 >

1 Welk is dan het voordeel van den Jood? Of welk is de nuttigheid der besnijdenis?
ထိုသို့ဖြစ်လျှင် ၊ ယုဒ လူသည်အဘယ်သို့ သာ သနည်း။ အရေဖျားလှီး ခြင်းအားဖြင့်အဘယ် အကျိုး ရှိသနည်း။
2 Vele in alle manier; want dit is wel het eerste, dat hun de Woorden Gods zijn toebetrouwd.
အထွေထွေ သော အကျိုး များစွာ ရှိ၏။ ထူးမြတ်သော အကျိုးဟူမူကား ၊ အရေဖျားလှီးခြင်းကို ခံသော ယုဒတို့သည် ဘုရားသခင် ၏ ဗျာဒိတ် တော်များကို ခံရကြ၏။
3 Want wat is het, al zijn sommigen ongelovig geweest? Zal hun ongelovigheid het geloof van God te niet doen?
သူတို့တွင် အချို့ မ ယုံသော်လည်း ၊ အဘယ် ဆိုဘွယ်ရှိသနည်း။ သူ တို့မ ယုံဘဲနေခြင်းအရာသည် ဘုရားသခင် ၏သစ္စာ တော်ကို ဖျက် နိုင်သလော။
4 Dat zij verre. Doch God zij waarachtig, maar alle mens leugenachtig; gelijk als geschreven is: Opdat Gij gerechtvaardigd wordt in Uw woorden, en overwint, wanneer Gij oordeelt.
မ ဖျက် နိုင်ရာ။ သို့ဖြစ်၍ မိန့် တော်မူချက်သည် ဖြောင့် ပါ၏။ တရား စီရင်သောအခါ အောင်မြင် တော်မူ၏ ဟု ကျမ်းစာ၌လာ သည်နှင့်အညီ ၊ လူ ခပ်သိမ်း တို့သည် သစ္စာပျက် သော်လည်း ၊ ဘုရားသခင် ၏ သစ္စာ တော်သည် တည် စေသတည်း။
5 Indien nu onze ongerechtigheid Gods gerechtigheid bevestigt, wat zullen wij zeggen? Is God onrechtvaardig, als Hij toorn over ons brengt? (Ik spreek naar den mens.)
ငါ တို့၏ မတရား သောအမှုသည် ဘုရားသခင် ၏ ဖြောင့်မတ် ခြင်းတရားတော်ကို ထင်ရှား စေလျှင် ၊ အဘယ်သို့ ဆို ရသနည်း။ ဘုရားသခင် သည် ဒဏ် ပေးတော်မူလျှင်၊ မတရား သောအမှုကို ပြုတော်မူသလော။ ထိုသို့ဆိုသော်လူ သဘောအတိုင်း ငါဆို သတည်း။
6 Dat zij verre, anderszins hoe zal God de wereld oordelen?
ထိုသို့မ ဟုတ် ရာ။ ဟုတ် လျှင်လောက သားတို့ကို အဘယ်သို့ စစ်ကြော စီရင်တော်မူမည်နည်း။
7 Want indien de waarheid Gods door mijn leugen overvloediger is geworden, tot Zijn heerlijkheid, wat word ik ook nog als een zondaar geoordeeld?
ထိုမှတစ်ပါးငါ သည် သစ္စာပျက် သောအားဖြင့် ဘုရားသခင် ၏ သစ္စာ တော်သည် ဂုဏ် အသရေတော်ကို တိုးပွား စေလျှင် ၊ ငါ့ ကို အပြစ် ရှိသောသူကဲ့သို့ အဘယ်ကြောင့် စီရင် သေး သနည်းဟူ၍မေးပြန်လျှင်၊
8 En zeggen wij niet liever (gelijk wij gelasterd worden, en gelijk sommigen zeggen, dat wij zeggen): Laat ons het kwade doen, opdat het goede daaruit kome? Welker verdoemenis rechtvaardig is.
ကောင်း သောအကျိုးရှိစေခြင်းငှာ မ ကောင်းသောအကျင့်ကို ကျင့် ကြကုန်အံ့ဟု လူအချို့ တို့သည် ငါတို့ကို ကဲ့ရဲ့ လျက် ၊ ငါ တို့စကား ကိုပြန်ပြော သည်အတိုင်း ဆို ဦးမည်လော။ ထိုသို့ဆိုသောသူ တို့သည် ကိုယ် အပြစ် ဒဏ်ကို ခံထိုက် ကြ၏။
9 Wat dan? Zijn wij uitnemender? Ganselijk niet; want wij hebben te voren beschuldigd beiden Joden en Grieken, dat zij allen onder de zonde zijn;
ထိုသို့ဖြစ်လျှင် အဘယ်သို့ နည်း။ ငါတို့သည် မြတ် သလောဟု မေးပြန်သော်။ အလျှင်း မ မြတ်။ အကြောင်းမူကား ၊ ယုဒ လူ၊ ဟေလသ လူအပေါင်း တို့သည် အပြစ် ရှိ ကြောင်း ကို အထက်က ပြခဲ့ပြီ။
10 Gelijk geschreven is: Er is niemand rechtvaardig, ook niet een;
၁၀ကျမ်းစာလာ သည်ကား ၊ ဖြောင့်မတ် သောသူမ ရှိ ၊ တစ်ယောက် မျှ မရှိ။
11 Er is niemand, die verstandig is, er is niemand, die God zoekt.
၁၁နားလည် သောသူ မ ရှိ ၊ ဘုရားသခင် ကို ရှာ သောသူ မ ရှိ
12 Allen zijn zij afgeweken, te zamen zijn zij onnut geworden; er is niemand, die goed doet, er is ook niet tot een toe.
၁၂လူအပေါင်း တို့သည် လမ်းလွဲ ကြပြီ။ တစ်ညီတစ်ညွတ် တည်းအသုံး မရသောသူဖြစ်ကြပြီ။ ကောင်း သောအကျင့်ကို ကျင့် သောသူ မ ရှိ ၊ တစ် ယောက်မျှ မ ရှိ
13 Hun keel is een geopend graf; met hun tongen plegen zij bedrog; slangenvenijn is onder hun lippen.
၁၃သူ တို့၏လည်ချောင်း သည် ဖွင့် ထားသော သင်္ချိုင်း တွင်းဖြစ်၏။ သူ တို့သည်လျှာ နှင့် လှည့်စား တတ် ကြ၏။ သူ တို့နှုတ်ခမ်း အထဲ မှာ မြွေဆိုး အဆိပ် အတောက်ရှိ၏။
14 Welker mond vol is van vervloeking en bitterheid;
၁၄သူ တို့နှုတ် သည် ကျိန်ဆဲ သောစကား၊ ကြမ်းတမ်း သောစကားနှင့် ပြည့်ဝ ၏။
15 Hun voeten zijn snel om bloed te vergieten;
၁၅သူ တို့ခြေ သည်လူ အသက်ကို သတ် ခြင်းငှာလျင်မြန် ၏။
16 Vernieling en ellendigheid is in hun wegen;
၁၆သူ တို့သွားရာလမ်း ၌ ပျက်စီး ခြင်း၊ ဒုက္ခ ဆင်းရဲခြင်းရှိ၏။
17 En den weg des vredes hebben zij niet gekend.
၁၇ချမ်းသာ လမ်း ကိုသူတို့ မသိ ကြ။
18 Er is geen vreze Gods voor hun ogen.
၁၈ဘုရားသခင် ကို ကြောက်ရွံ့ ရသော အကြောင်း သည် သူ တို့မျက်စိ ၌ မ ထင် ဟုကျမ်းစာလာသတည်း။
19 Wij weten nu, dat al wat de wet zegt, zij dat spreekt tot degenen, die onder de wet zijn; opdat alle mond gestopt worde en de gehele wereld voor God verdoemelijk zij.
၁၉ပညတ် တရား၌ ပါ သမျှ သောစကား တို့သည် ပညတ် တရားကို ခံသောသူ တို့နှင့် စပ်ဆိုင် သည်ကို ငါတို့ သိ ကြ၏။ ထိုသို့ဖြစ်၍ ၊ လောကီသား အပေါင်း တို့သည် စကား တစ်ခွန်းကိုမျှ မ ပြောနိုင်ဘဲ ဘုရားသခင့် ရှေ့တော်၌ အပြစ်သင့် သောသူဖြစ် ကြ၏။
20 Daarom zal uit de werken der wet geen vlees gerechtvaardigd worden, voor Hem; want door de wet is de kennis der zonde.
၂၀ထိုသို့ပညတ် တရားသည် ဒုစရိုက် အပြစ်ကို ထင်ရှား စေသည်ဖြစ်သောကြောင့် ၊ ပညတ် တရား၏ အကျင့် အားဖြင့် ဘုရားသခင့် ရှေ့ တော်၌ အဘယ်သူမျှ ဖြောင့်မတ် ရာသို့ မ ရောက်ရာ။
21 Maar nu is de rechtvaardigheid Gods geopenbaard geworden zonder de wet, hebbende getuigenis van de wet en de profeten:
၂၁ယခု မူကား ၊ ပညတ္တိ ကျမ်းနှင့် အနာဂတ္တိ ကျမ်း တို့သည် သက်သေခံ သည်နှင့်အညီ၊ ပညတ် တရားနှင့် မ စပ်ဆိုင်သော ဘုရားသခင် ၏ ဖြောင့်မတ် ခြင်းတရားတည်းဟူသော၊
22 Namelijk de rechtvaardigheid Gods door het geloof van Jezus Christus, tot allen, en over allen, die geloven; want er is geen onderscheid.
၂၂ယေရှု ခရစ် ကို ယုံကြည် ခြင်းအားဖြင့် ၊ ယုံကြည် သောသူ အပေါင်း တို့အဘို့ ဖြစ်၍၊ ထိုသူအပေါင်းတို့အပေါ်သို့ရောက်သော ဘုရားသခင် ၏ ဖြောင့်မတ် ခြင်းတရားသည် ထင်ရှားခဲ့ပြီ။ ခြားနား ခြင်းအလျှင်းမ ရှိ
23 Want zij hebben allen gezondigd, en derven de heerlijkheid Gods;
၂၃အဘယ်ကြောင့် နည်းဟူမူကား၊ လူအပေါင်း တို့သည် ဒုစရိုက်ကို ပြု ၍ ဘုရားသခင် ရှေ့တော်၌ အသရေ ပျက် ကြပြီ။
24 En worden om niet gerechtvaardigd, uit Zijn genade, door de verlossing, die in Christus Jezus is;
၂၄ယေရှု ခရစ် ရွေးနှုတ် တော်မူသောအားဖြင့် အဘိုး ကို မပေးဘဲ ဘုရားသခင်၏ ကျေးဇူး တော်ကြောင့် ဖြောင့်မတ် ရာသို့ ရောက်ရကြ၏။
25 Welken God voorgesteld heeft tot een verzoening, door het geloof in Zijn bloed, tot een betoning van Zijn rechtvaardigheid, door de vergeving der zonden, die te voren geschied zijn onder de verdraagzaamheid Gods;
၂၅ဘုရားသခင် သည် သည်းခံ တော်မူ၍၊
26 Tot een betoning van Zijn rechtvaardigheid in dezen tegenwoordigen tijd; opdat Hij rechtvaardig zij, en rechtvaardigende dengene, die uit het geloof van Jezus is.
၂၆လွန် ခဲ့ပြီးသောဒုစရိုက်အပြစ် များကို မှတ်တော် မမူရာတွင် ၊ ဖြောင့်မတ် ခြင်းတရားတော်ကို ထင်ရှား စေခြင်းငှာ၎င်း၊ ယခု ကာလ ၌ ဖြောင့်မတ် ခြင်းတရားတော်ကို ထင်ရှား စေ၍၊ ယေရှု ကိုယုံကြည် သော သူ တို့၏အပြစ် ကို လွှတ်တော်မူသော်လည်း ၊ တရား သဖြင့် ပြု တော်မူခြင်းငှာ ၎င်း၊ ယေရှု ခရစ်၏အသွေး တော်ကို ယုံကြည် ခြင်းအားဖြင့် ၊ ထိုခရစ်တော်ကို အပြစ်ဖြေစရာအကြောင်း ဖြစ်စေခြင်းငှာခန့်ထားတော်မူပြီ။
27 Waar is dan de roem? Hij is uitgesloten. Door wat wet? Der werken? Neen, maar door de wet des geloofs.
၂၇သို့ဖြစ်လျှင် ဝါကြွား စရာ အကြောင်းကား အဘယ်သို့ နည်းဟု မေးသော်၊ ဝါကြွားစရာအကြောင်းကို ပယ် ပြီးအဘယ် တရား အားဖြင့် ပယ်သနည်း။ အကျင့် တရားအားဖြင့်ပယ်သလော။ အကျင့်တရားအားဖြင့်ပယ်သည်မ ဟုတ်၊ယုံကြည် ခြင်းတရား အားဖြင့် ပယ်ပြီ။
28 Wij besluiten dan, dat de mens door het geloof gerechtvaardigd wordt, zonder de werken der wet.
၂၈ထိုကြောင့်လူ မည်သည်ကား၊ ပညတ် တရား၏ အကျင့် မ ရှိဘဲ ယုံကြည် ခြင်းအားဖြင့်ဖြောင့်မတ် ရာသို့ ရောက်တတ်သည်ဟုယူဆ ရ၏။
29 Is God een God der Joden alleen? en is Hij het niet ook der heidenen? Ja, ook der heidenen;
၂၉ဘုရားသခင် သည် ယုဒ လူတို့၏ ဘုရားသာ ဖြစ်တော်မူသလော။ တစ်ပါး အမျိုးသားတို့၏ ဘုရားဖြစ် တော်မူသည်မ ဟုတ်လော။ ဟုတ် ပေ၏။ တစ်ပါး အမျိုးသားတို့၏ ဘုရားလည်း ဖြစ်တော်မူ၏။
30 Nademaal Hij een enig God is, Die de besnijdenis rechtvaardigen zal uit het geloof, en de voorhuid door het geloof.
၃၀အကြောင်းမူကား၊ အရေဖျားလှီး ခြင်းကို ခံသောသူနှင့် မ ခံသောသူနှစ်ဦးကိုယုံကြည် ခြင်းအားဖြင့် ဖြောင့်မတ် ရာ၌တည်စေတော်မူသော ဘုရားသခင် တဆူတည်း ရှိတော်မူ၏။
31 Doen wij dan de wet te niet door het geloof? Dat zij verre; maar wij bevestigen de wet.
၃၁သို့ဖြစ်လျှင် ၊ ယုံကြည် ခြင်းအားဖြင့် ငါတို့သည် ပညတ် တရားကို ပယ် ကြသလော။ အလျှင်း မ ပယ်၊ သာ၍တည် စေကြ၏။

< Romeinen 3 >