< Nehemia 4 >
1 Maar het geschiedde, als Sanballat gehoord had, dat wij den muur bouwden, zo ontstak hij, en werd zeer toornig; en hij bespotte de Joden.
၁မြို့ရိုးကိုငါတို့ယုဒအမျိုးသားတို့ ပြန် လည်တည်ဆောက်လျက်ရှိကြကြောင်းကို သမ္ဘာလတ်ကြားသိသောအခါ လွန်စွာ အမျက်ထွက်၍ငါတို့အားပြက်ရယ် ပြုလေ၏။-
2 En sprak in de tegenwoordigheid zijner broederen en van het heir van Samaria, en zeide: Wat doen deze amechtige Joden? Zal men hen laten geworden? Zullen zij offeren? Zullen zij het in een dag voleinden? Zullen zij de steentjes uit de stofhopen levend maken, daar zij verbrand zijn?
၂သူ၏အပေါင်းအဖော်များနှင့်ရှမာရိတပ် သားများရှေ့တွင်သူက``ဤအစွမ်းအစမရှိ သောယုဒအမျိုးသားတို့သည်မည်သို့ပြု ကြသနည်း။ သူတို့သည်ယေရုရှလင်မြို့ကို ပြန်လည်တည်ဆောက်ရန်ကြံရွယ်ကြသလော။ ယဇ်ပူဇော်ခြင်းအားဖြင့်ဤအမှုကိုနေ့ ချင်းပြီးစီးနိုင်မည်ဟုထင်မှတ်ကြသလော။ ကျွမ်းလောင်ထားသည့်အမှိုက်ပုံမှကျောက်တုံး များကိုထုတ်လုပ်နိုင်ကြမည်လော'' ဟုဆို၏။
3 En Tobia, de Ammoniet, was bij hem, en zeide: Al is het, dat zij bouwen, zo er een vos opkwame, hij zou hun stenen muur wel verscheuren.
၃သူ့အနီးတွင်ရပ်လျက်နေသောတောဘိက``သူ တို့သည်အဘယ်သို့သောမြို့ရိုးကိုတည်ဆောက် နိုင်ကြမည်နည်း။ သူတို့၏မြို့ရိုးသည်မြေခွေး တိုးမိလျှင်ပြိုကျလိမ့်မည်'' ဟုထောက်ခံ ပြောဆို၏။
4 Hoor, o onze God! dat wij zeer veracht zijn, en keer hun versmaadheid weder op hun hoofd, en geef hen over tot een roof in een land der gevangenis.
၄ငါက``အို ဘုရားသခင်အကျွန်ုပ်တို့အား ထိုသူတို့အဘယ်သို့ပြက်ရယ်ပြုကြသည် ကိုနားထောင်တော်မူပါ။ သူတို့သည်မိမိ တို့ကဲ့ရဲ့ပြောဆိုသည့်စကားဖြင့်တန်ပြန် ထိကြပါစေသော။ သူတို့သည်မိမိတို့တွင် ရှိသမျှသောဥစ္စာပစ္စည်းများကိုအလု အယက်ခံရလျက် နိုင်ငံရပ်ခြားသို့ဖမ်း ဆီးခေါ်ဆောင်ခြင်းကိုခံရကြပါစေ သော။-
5 En dek hun ongerechtigheid niet toe; en hun zonde worde niet uitgedelgd van voor Uw aangezicht, want zij hebben U getergd, staande tegenover de bouwlieden.
၅မြို့ရိုးကိုတည်ဆောက်လျက်နေသူအကျွန်ုပ် တို့အား သူတို့သည်စော်ကားကြသောကြောင့် သူတို့ပြုသောဒုစရိုက်ကိုခွင့်လွှတ်တော်မ မူပါနှင့်။ သူတို့၏အပြစ်များကိုမေ့တော် မမူပါနှင့်'' ဟုဆုတောင်းပတ္ထနာပြု၏။
6 Doch wij bouwden den muur, zodat de ganse muur samengevoegd werd tot zijn helft toe; want het hart des volks was om te werken.
၆သို့ဖြစ်၍ငါတို့သည်မြို့ရိုးကိုဆက်လက် တည်ဆောက်ကြရာ ဆောက်လုပ်သူတို့၏စိတ် အားထက်သန်မှုကြောင့် မကြာမီပင်မြို့ရိုး အမြင့်တစ်ဝက်တိုင်အောင်ပြီးလေ၏။
7 En het geschiedde, als Sanballat, en Tobia, en de Arabieren, en de Ammonieten, en de Asdodieten hoorden, dat de verbetering aan de muren van Jeruzalem toenam, dat de scheuren begonnen gestopt te worden, zo ontstaken zij zeer;
၇သမ္ဘာလတ်၊ တောဘိတို့မှစ၍၊ အာရပ်၊ အမ္မုန်၊ အာဇုတ်အမျိုးသားများသည်ယေရုရှလင် မြို့ကိုပြန်လည်တည်ဆောက်မှုတိုးတက်လျက် ရှိကြောင်း၊ မြို့ရိုးပြိုပျက်နေသည့်နေရာများ ကိုဖာထေးလျက်ရှိကြောင်းကိုကြားသိ ကြသဖြင့်လွန်စွာအမျက်ထွက်ကြ၏။-
8 En zij maakten allen te zamen een verbintenis, dat zij zouden komen om tegen Jeruzalem te strijden, en een verbijstering daarin te maken.
၈သို့ဖြစ်၍သူတို့သည်ယေရုရှလင်မြို့သို့ လာရောက်တိုက်ခိုက်၍ မြို့ကိုကစဥ့်ကလျား ဖြစ်အောင်ပြုလုပ်ရန်တိုင်ပင်ကြံစည်ကြ၏။-
9 Maar wij baden tot onzen God, en zetten wacht tegen hen, dag en nacht, hunnenthalve.
၉သို့ရာတွင်ငါတို့သည်ငါတို့၏ဘုရားသခင်ထံဆုတောင်းပတ္ထနာပြုလျက် ရန်သူ တို့၏ဘေးမှကာကွယ်ရန်နေ့ရောညဥ့်ပါ ကင်းစောင့်ထားကြ၏။
10 Toen zeide Juda: De kracht der dragers is vervallen, en des stofs is veel, zodat wij aan den muur niet zullen kunnen bouwen.
၁၀ယုဒပြည်သူတို့က``ငါတို့သည်သယ်ပိုး၍ ပင်ပန်းနွမ်းနယ်ကြလေပြီ။ သယ်ယူရန်အမှိုက်သရိုက်လည်းများစွာ ရှိသေးသဖြင့် အဘယ်သို့လျှင်ယနေ့မြို့ရိုးကိုငါတို့ တည်ဆောက်နိုင်ကြပါမည်နည်း'' ဟူသောသီချင်းကိုသီဆိုကြ၏။
11 Nu hadden onze vijanden gezegd: Zij zullen het niet weten, noch zien, totdat wij in het midden van hen komen, en slaan hen dood; alzo zullen wij het werk doen ophouden.
၁၁ငါတို့၏ရန်သူများသည်ငါတို့မမြင် မသိနိုင်မီ ငါတို့အားဝင်ရောက်သတ်ဖြတ် ကာမြို့ရိုးတည်ဆောက်မှုကိုရပ်စဲစေရန် ကြံစည်ကြ၏။-
12 En het geschiedde, als de Joden, die bij hen woonden, kwamen, dat zij het ons wel tienmaal zeiden, uit al de plaatsen, door dewelke gij tot ons wederkeert.
၁၂ရန်သူများအကြားတွင်နေထိုင်သူယုဒ အမျိုးသားတို့သည်ငါတို့ထံလာရောက် ပြီးလျှင် ငါတို့အားရန်သူတို့တိုက်ခိုက်ရန် အဘယ်သို့ကြံစည်လျက်ရှိကြောင်းကို အကြိမ်ပေါင်းများစွာသတိပေးကြ၏။-
13 Daarom zette ik in de benedenste plaatsen achter den muur, en op de hoogten, en ik zette het volk naar de geslachten, met hun zwaarden, hun spiesen en hun bogen.
၁၃သို့ဖြစ်၍ငါသည်ပြည်သူတို့အား ဋ္ဌား၊ လှံ၊ လေးလက်နက်များကိုစွဲကိုင်စေကာတည် ဆောက်၍မပြီးသေးသည့်မြို့ရိုးများ၏ နောက်တွင်သားချင်းစုအလိုက်နေရာ ယူစေ၏။
14 En ik zag toe, en maakte mij op, en zeide tot de edelen, en tot de overheden, en tot het overige des volks: Vreest niet voor hun aangezicht; denkt aan dien groten en vreselijken HEERE, en strijdt voor uw broederen, uw zonen en uw dochteren, uw vrouwen en uw huizen.
၁၄ငါသည်ပြည်သူတို့စိုးရိမ်ပူပန်လျက်နေ ကြသည်ကိုမြင်သဖြင့် သူတို့နှင့်တကွ သူတို့၏ခေါင်းဆောင်များနှင့်အုပ်ချုပ်ရေး မှူးများအား``ငါတို့၏ရန်သူများကိုမ ကြောက်ကြနှင့်။ ထာဝရဘုရားသည်အ ဘယ်မျှကြီးမြတ်တော်မူ၍ကြောက်မက် ဖွယ်ကောင်းသည်ကိုသတိရလျက်သင်တို့ ၏ညီအစ်ကိုသားမယားအိမ်ရာများ အတွက်တိုက်ပွဲဝင်ကြလော့'' ဟုနှိုးဆော်၏။-
15 Daarna geschiedde het, als onze vijanden hoorden, dat het ons bekend was geworden, en God hun raad te niet gemaakt had, zo keerden wij allen weder tot den muur, een iegelijk tot zijn werk.
၁၅ရန်သူများသည်မိမိတို့အကြံအစည်ကို ငါတို့သိရှိသွားကြောင်းကြားကြသော အခါ သူတို့၏အကြံအစည်ကိုဘုရားသခင်ပယ်ဖျက်တော်မူပြီဖြစ်ကြောင်းရိပ် မိကြ၏။ ထိုနောက်ငါတို့ရှိသမျှသည်မြို့ ရိုးကိုဆက်လက်တည်ဆောက်ကြလေသည်။
16 En het geschiedde van dien dag af, dat de helft mijner jongens doende waren aan het werk, en de helft van hen hielden de spiesen, en de schilden, en de bogen, en de pantsiers; en de oversten waren achter het ganse huis van Juda.
၁၆ထိုအချိန်မှအစပြု၍ငါ၏လူစုတစ်ဝက် သည်အလုပ်လုပ်၍ကျန်တစ်ဝက်ကလှံ၊ ဒိုင်း လွှား၊ လေးတို့ကိုကိုင်ဆောင်ကာသံချပ်အင်္ကျီ များကိုဝတ်ဆင်ပြီးလျှင်ကင်းစောင့်ရကြ လေသည်။ ငါတို့၏ခေါင်းဆောင်များသည်မြို့ ရိုးပြန်လည်တည်ဆောက်လျက်နေသူယုဒ အမျိုးသားတို့အားထောက်ခံအားပေး ကြ၏။-
17 Die aan den muur bouwden, en die den last droegen, en die oplaadden, waren een ieder met zijn ene hand doende aan het werk, en de andere hield het geweer.
၁၇ဆောက်လုပ်ရေးပစ္စည်းများကိုသယ်ယူသူတို့ သည်ပင်လျှင်လက်တစ်ဖက်ဖြင့်သယ်ယူ၍ အခြားလက်တစ်ဖက်ဖြင့်လက်နက်ကိုစွဲ ကိုင်ထားကြ၏။-
18 En de bouwers hadden een iegelijk zijn zwaard aan zijn lenden gegord, en bouwden; maar die met de bazuin blies, was bij mij.
၁၈တည်ဆောက်သောသူအပေါင်းတို့သည်လည်း ခါးတွင်ဋ္ဌားကိုဆွဲလျက်တည်ဆောက်ကြ၏။ ဘေးအန္တရာယ်အချက်ပေးရန်တံပိုးခရာ မှုတ်ရမည့်သူသည်ငါ၏အနီးတွင်ရပ် လျက်နေ၏။-
19 En ik zeide tot de edelen, en tot de overheden, en tot het overige des volks: Het werk is groot en wijd; en wij zijn op den muur afgezonderd, de een ver van den ander;
၁၉ငါသည်ပြည်သူများ၊ သူတို့၏အုပ်ချုပ်ရေး မှူးများနှင့်ခေါင်းဆောင်များအား``ငါတို့၏ အလုပ်သည်ပြန့်ကျဲ၍နေသဖြင့်ငါတို့ သည်မြို့ရိုးပေါ်တွင်တစ်ဦးနှင့်တစ်ဦး အလှမ်းဝေးစွာအလုပ်လုပ်ရကြ၏။-
20 Ter plaatse, waar gij het geluid der bazuin zult horen, daarheen zult gij u tot ons verzamelen; onze God zal voor ons strijden.
၂၀ဘေးအန္တရာယ်အချက်ပေးတံပိုးခရာမှုတ် သံကိုကြားလျှင် သင်တို့သည်ငါ့ထံသို့လာ ရောက်စုရုံးကြလော့။ ငါတို့၏ဘုရားသခင် သည်ငါတို့ဘက်မှနေ၍တိုက်ခိုက်တော်မူ လိမ့်မည်'' ဟုမှာကြားထား၏။-
21 Alzo waren wij doende aan het werk; en de helft van hen hielden de spiesen, van het opgaan des dageraads tot het voortkomen der sterren toe.
၂၁သို့ဖြစ်၍နေ့စဉ်နေ့တိုင်းနေအရုဏ်တက်ချိန် မှညဥ့်အခါကြယ်ပေါ်ချိန်တိုင်အောင် ငါတို့ လူစုတစ်ဝက်သည်မြို့ရိုးကိုတည်ဆောက်၍ အခြားတစ်ဝက်ကလှံများကိုကိုင်ဆောင် ကာကင်းစောင့်ကြလေသည်။
22 Ook zeide ik te dier tijd tot het volk: Een iegelijk vernachte met zijn jongen binnen Jeruzalem, opdat zij ons des nachts ter wacht zijn, en des daags aan het werk.
၂၂ထိုအခါ၌ငါက``ငါတို့သည်ညဥ့်အခါ မြို့ကိုကင်းစောင့်၍နေ့အခါအလုပ်လုပ် နိုင်ကြစေရန် သင်တို့နှင့်သင်တို့အားကူညီ သူရှိသမျှတို့သည်ညဥ့်အခါယေရု ရှလင်မြို့တွင်အိပ်ရမည်'' ဟုတာဝန် ရှိသူတို့အားဆို၏။-
23 Voorts noch ik, noch mijn broederen, noch mijn jongelingen, noch de mannen van de wacht, die achter mij waren, wij trokken onze klederen niet uit; een iegelijk had zijn geweer en water.
၂၃ငါသည်ညဥ့်အခါ၌ငါ၏အဝတ်များကို မချွတ်။ ငါ၏အပေါင်းအဖော်များ၊အစေခံ များနှင့်ကိုယ်ရံများသည်လည်းသူတို့၏ အဝတ်များကိုမချွတ်ရကြ။ ငါတို့အားလုံး ပင်မိမိတို့၏လက်နက်များကိုအနီးတွင် ထားရှိရကြ၏။