< Jesaja 47 >

1 Daal af, en zit in het stof, gij jonkvrouw, dochter van Babel! zit op de aarde, er is geen troon meer, gij dochter der Chaldeen! want gij zult niet meer genaamd worden de tedere, noch de wellustige.
အိုဗာဗုလုန် သတို့သမီး ကညာ ၊ ဆင်း ၍ မြေမှုန့် ၌ထိုင် လော့။ အိုခါလဒဲ သတို့သမီး ၊ ရာဇ ပလ္လင်မ ရှိဘဲ မြေ ပေါ် မှာ ထိုင် လော့။ သင့် ကို နူးညံ့ သိမ်မွေ့ သောသူ ဟူ၍နောက် တဖန်မ ခေါ် ရ။
2 Neem de molen, en maal meel; ontdek uw vlechten, ontbloot de enkelen, ontdek de schenkelen, ga door de rivieren.
ကြိတ်ဆုံ ကို ယူ ၍ စပါး ကို ကြိတ် လော့။ မျက်နှာဖုံး ကို ဖွင့် လော့။ ရှည်သော အင်္ကျီ ကို ချွတ် လော့။ ပေါင် အဝတ်ကိုပင့် ၍ မြစ် ကို ကူး လော့။
3 Uw schaamte zal ontdekt worden, ook zal uw schande gezien worden; Ik zal wraak nemen, en Ik zal op u niet aanvallen als een mens.
သင် သည် အဝတ်အချည်းစည်း ရှိ၍ ၊ အရှက် ကွဲ ခြင်းကိုခံရမည်။ ငါသည် အပြစ်ဒဏ် ကိုပေး မည်။ အဘယ်သူ နှင့်မျှ မိဿဟာယ မ ဖွဲ့။
4 Onzes Verlossers Naam is HEERE der heirscharen, de Heilige Israels.
ငါ တို့ကို ရွေးနှုတ် သောသူကား၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၊ ဣသရေလ အမျိုး၏ သန့်ရှင်း သော ဘုရားတည်းဟူသောဘွဲ့ နာမရှိတော်မူ၏။
5 Zit stilzwijgende, en ga in de duisternis, gij dochter der Chaldeen! want gij zult niet meer genoemd worden koningin der koninkrijken.
အိုခါလဒဲ သတို့သမီး ၊ တိတ်ဆိတ် စွာ ထိုင် လော့။ မိုက် ရာသို့ သွား လော့။ သင့်ကို နိုင်ငံ တို့၏ အရှင် မ ဟူ၍နောက် တဖန် မ ခေါ် ရ။
6 Ik was op Mijn volk zeer toornig, Ik ontheiligde Mijn erve, en Ik gaf hen over in uw hand; doch gij beweest hun geen barmhartigheden, ja, zelfs over den oude maaktet gij uw juk zeer zwaar.
ငါသည် ငါ ၏လူ တို့ကို အမျက်ထွက် သောကြောင့်၊ ငါ ၏ အမွေ ကို ရှုတ်ချ ၍ သင့် လက် သို့ အပ် လိုက် ၏။ သင်သည် သနား သောစိတ် မ ရှိ။ အသက်ကြီး သူတို့ အပေါ် မှာ လေးသော ထမ်းဘိုး ကို တင် လေပြီ။
7 En gij zeidet: Ik zal koningin zijn in eeuwigheid; tot nog toe hebt gij deze dingen niet in uw hart genomen, gij hebt aan het einde daarvan niet gedacht.
သင် ကလည်း၊ ငါသည် အရှင်မ ၏အရာ၌ အစဉ်အမြဲ နေ မည်ဟု ထင် သောကြောင့်၊ ဤ အမှုအရာတို့ကို မ ဆင်ခြင်။ သင် ၌ နောက်ဆုံး ဖြစ်လတံ့သော အမှုကို မ အောက်မေ့။
8 Nu dan, hoor dit, gij weelderige! die zo zeker woont, die in haar hart zegt: Ik ben het, en niemand meer dan ik: ik zal geen weduwe zitten, noch de beroving van kinderen kennen.
ထိုကြောင့် ၊ ကာမဂုဏ် ၌ ပျော်မွေ့၍၊ သောက ကင်းလွတ်လျက်နေ သောသူ၊ ငါရှိ၏။ ငါ မှတပါး အဘယ်သူမျှမရှိ။ ငါသည် မုတ်ဆိုးမ ကဲ့သို့ထိုင်၍ မ နေ ရ။ သား ဆုံး ခြင်းကို ငါမ ခံရဟု အောက်မေ့ သောသူ၊ နားထောင် လော့။
9 Doch deze beide dingen zullen u in een ogenblik overkomen, op een dag, de beroving van kinderen en weduwschap; volkomenlijk zullen zij u overkomen, vanwege de veelheid uwer toverijen, vanwege de menigte uwer bezweringen.
သင်သည် ပြုစား သော အတတ်နှင့် နတ် ဝိဇ္ဇာ အတတ်များတို့ကို အလွန် ပြုစု သော်လည်း ၊ တနေ့ တခဏခြင်း တွင် သား ဆုံးခြင်းနှင့် လင် ဆုံးခြင်းတည်းဟူသောဘေးနှစ် ပါးတို့သည် သင် ၌ ရောက် လိမ့်မည်။ သင် ၏ အပေါ်၌ အကုန်အစင် သင့် ရောက်လိမ့်မည်။
10 Want gij hebt op uw boosheid vertrouwd; gij hebt gezegd: Niemand ziet mij; uw wijsheid en uw wetenschap heeft u afkerig gemaakt; en gij hebt in uw hart gezegd: Ik ben het, en niemand meer dan ik.
၁၀သင် သည် ကိုယ် ပြုသောအဓမ္မ အမှုကို ကိုးစား ပြီ။ ငါ့ ကို အဘယ်သူမျှမ မြင် ဟု ဆို ပြီ။ သင့် ဉာဏ် နှင့် သင့် ပညာ အတတ်သည်၊ သင် ၏စိတ် ကို မှောက်လှန် သည် ဖြစ်၍၊ သင်က ငါ ရှိ၏၊ ငါ မှတပါး အဘယ်သူမျှမရှိဟု အောက်မေ့ ပြီ။
11 Daarom zal er over u een kwaad komen, gij zult den dageraad daarvan niet weten; en een verderf zal er op u vallen, hetwelk gij niet zult kunnen verzoenen; want er zal snellijk een onstuimige verwoesting over u komen, dat gij het niet weten zult.
၁၁ထို့ကြောင့်၊ အဆုံး မ ထင် သော ဘေးဥပဒ် သည် သင် ၏အပေါ် မှာ ရောက် လိမ့်မည်။ သင်သည် မ ဖြေ နိုင် သော အပြစ်ဒဏ် နှင့်၎င်း၊ မ မြော်လင့် နိုင်အောင် ချက်ခြင်း ဖျက်ဆီး ခြင်းနှင့်၎င်း တွေ့ကြုံ ရလိမ့်မည်။
12 Sta nu met uw bezweringen, en met de veelheid uwer toverijen, waarin gij gearbeid hebt van uw jeugd af; of gij misschien voordeel kondet doen, of gij misschien u kondet sterken.
၁၂သင် သည် ငယ် သော အရွယ်မှစ၍ ၊ ကြိုးစား အားထုတ်သော နတ် ဝိဇ္ဇာအတတ်နှင့် ၊ ပြုစား သော အတတ်အမျိုးမျိုး တို့ကို အမှီပြု ၍ တည် နေလော့။ အကျိုး ကို ရကောင်းလျှင် ရ လိမ့်မည်။ နိုင်ကောင်းလျှင် နိုင် လိမ့်မည်။
13 Gij zijt moede geworden in de veelheid uwer raadslagen; laat nu opstaan, die den hemel waarnemen, die in de sterren kijken, die naar de nieuwe manen voorzeggen; en laat ze u verlossen van die dingen, die over u komen zullen.
၁၃သင် သည် များပြား သော တိုင်ပင် ခြင်းအားဖြင့် ပင်ပန်း လှပြီ။ မိုဃ်းကောင်းကင် ကို ကြည့်ရှု သောသူ၊ ကြယ် နက္ခတ်တို့ကို မှတ် သောသူ၊ သင် ၌ ဖြစ် လတံ့သော အမှုကို၊ လ ၏အခြင်းအရာအားဖြင့် ဟော တတ်သောသူတို့ သည် ထ ၍ သင့် ကို ယခု ကယ်တင် ကြစေ။
14 Ziet, zij zullen zijn als stoppelen, het vuur zal ze verbranden, zij zullen zichzelven niet kunnen rukken uit de macht der vlam; het zal geen kool zijn om bij te warmen, geen vuur om daarvoor neder te zitten.
၁၄သူတို့သည် အမှိုက် ကဲ့သို့ ဖြစ် ၍မီးရှို့ ခြင်းကိုခံရကြလိမ့်မည်။ မီး အရှိန် မှ မိမိ တို့ကို မကယ် မနှုတ်ရကြ။ နွေး စရာဘို့ မီး တခဲမျှ၊ လှုံ စရာဘို့ မီး အလျှင်းမျှ မ ကျန်ရစ်ရ။
15 Alzo zullen zij u zijn, met dewelke gij gearbeid hebt, uw handelaars van uw jeugd aan, elk zal zijns weegs dwalen, niemand zal u verlossen.
၁၅သင်နှင့် ဝိုင်းညီ၍ အမှုဆောင်ရွက်သောသူ၊ သင် ငယ် သော အရွယ်မှစ၍ သင် နှင့် ဖောက်ကား ရောင်းဝယ်သောသူတို့သည် သင် ၌ ထိုသို့ ဖြစ် ကြ၍၊ ကိုယ်စီ ကိုယ်စီမိမိနေရာ အရပ်သို့ လွှဲ သွားသဖြင့်၊ သင့် ကို ကယ်တင် သောသူတစုံတယောက်မျှ မ ရှိရ။

< Jesaja 47 >