< Psalmen 122 >
1 Een bedevaartslied. Wat was ik verheugd, toen men zeide: "Wij trekken op naar Jahweh’s huis!"
၁သူတို့က``ထာဝရဘုရား၏အိမ်တော်သို့ ငါတို့သွားကြကုန်အံ့'' ဟုဆိုသောအခါ ငါသည်ရွှင်လန်းဝမ်းမြောက်ပါ၏။
2 En nu staan onze voeten Al binnen uw poorten, Jerusalem!
၂ယခုအခါငါတို့သည်ယေရုရှလင်မြို့ တံခါးအတွင်းရပ်လျက်ရှိနေကြပါ၏။
3 Jerusalem, als stad herbouwd, Met burgers, vast aaneen gesloten;
၃ယေရုရှလင်မြို့သည်တင့်တယ်လျောက်ပတ်စွာ ပြန်လည်တည်ဆောက်ထားသောမြို့ဖြစ်ပေ၏။
4 Waar de stammen naar opgaan, De stammen van Jahweh. Daar is het Israël een wet, De Naam van Jahweh te loven;
၄ဤမြို့သည်ဘုရားသခင်အမိန့်တော်ရှိသည့် အတိုင်း ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းရန် ဣသရေလအနွယ်တို့စုရုံးရာအရပ် ဖြစ်၏။
5 Daar staan de zetels voor het gericht, En het troongestoelte van Davids huis.
၅ဤမြို့သည်ဣသရေလဘုရင်တို့နန်းစိုက်၍ ပြည်သူတို့အားတရားစီရင်ရာဌာနဖြစ်၏။
6 Jerusalem, die u liefhebben, Wensen u vrede en heil;
၆``သင့်ကိုချစ်မြတ်နိုးသူတို့သည်ကောင်းစား ကြပါစေသော။ သင်၏မြို့ရိုးများအတွင်း၌ငြိမ်းချမ်းသာယာ မှုရှိ၍ သင်၏နန်းတော်များအတွင်း၌ဘေးမဲ့လုံခြုံမှု ရှိပါစေသော'' ဟု ယေရုရှလင်မြို့၏ငြိမ်းချမ်းသာယာရေးအတွက် ဆုတောင်းပတ္ထနာပြုကြလော့။
7 Vrede zij binnen uw muren, Heil binnen uw burchten!
၇
8 Om mijn broeders en vrienden Bid ik de vrede over u af;
၈ငါသည်ဆွေမျိုးများနှင့်မိတ်ဆွေများကို ထောက်ထား၍ယေရုရှလင်မြို့အား ``သင်၌ငြိမ်းချမ်းသာယာခြင်းရှိပါစေသော'' ဟု မြွက်ဆိုပါ၏။
9 Om het huis van Jahweh, onzen God, Wil ik smeken voor uw heil!
၉ငါတို့ဘုရားသခင်ထာဝရဘုရား၏ အိမ်တော်ကိုထောက်ထား၍ သင်၏စည်ပင်သာယာမှုအတွက် ဆုတောင်းပတ္ထနာပြုပါ၏။